၁။ယစ်မသည်  ဥအတွက်အသေခံသည်။
၂။စာမရိသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ရဟန်းသည်  သီလအတွက် အသေခံသည်။
၎။သစ်ပင်အားနည်းလျှင် လေမုန်တိုင်း  တိုက်လှဲသည်။
၅။ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
၆။စိတ်သည်  တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ကာလကို လူမစားလျှင် လူကိုကာလ  စားသည်။
၈။သည်းခံခြင်း လက်နက်ဆောင်လျှင်  ဒေါသမီးမလောင်။
၉။တုတ်လက်နက်ဆောင်လျှင်  ခွေးဟောင်သည်။
၁၀။ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။်  ။
၁၁။ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။မြွေဆိုး  ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင်  ရန်လှောင်မိတတ်သည်။
၁၄။ရန်မလိုမှ ရန်ပြိုသည်။ရန်လို  ရန်ပိုတတ်လှသည်။
၁၅။သလေးနှံ အဆံမရှိခင် ထောင်သည်။  အဆံပြည့်လျှင်ညွတ်သည်။
၁၆။ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။  နွားစာငုတ်တိုနှင့်တူသည်။
၁၇။သူတစ်ပါးလှေကိုဖာနိုင်လျှက် မိမိလှေကို မဖာလျှင်  ရေနစ်တတ်သည်။
၁၈။ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍  အဆိုအမည်ခံရသည်။
၁၉။ရေကန်၌ မှော်ကိုဖယ်၍သောက်ရေခတ်ရသည်။
၂၀။မသူတော်၌  အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။
၂၁။တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့်  ချောက်သို့ကျလိမ့်မည်။
၂၂။သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့်  သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။တရားပွဲကား လူကျဲတဲ  ရပ်ရွာပျော်ပွဲတသဲသဲ။
၂၄။ရိုသေစွာ ခစားလျှင်မင်းခစားပင်  မင်းကိုနိုင်သည်။
 
 
No comments:
Post a Comment