အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Wednesday, July 14, 2010

သင် ဘယ်လိုလူစားလဲ

လူသည် တိရိစ္ဆာန်လိုလည်း နေ၍ရ၏..။ဗြဟ္မာလိုလည်း နေလိုရ၏...။ ဗြဟ္မာယောင်ဆောင်၍ တိရိစ္ဆာန်လိုလည်း နေလို့ရ၏။မိမိကြိုက်သလို နေလို့ရ၏...။တိရိစ္ဆာန်လိုနေလျှင် မိမိကိုယ်ကျိုး တစ်ခုတည်းကိုသာ ကြည့်တတ်သဖြင့် အကုသိုလ်ပွား၏..။ ဗြဟ္မာလိုနေလျှင် ဗြဟ္မစိုရ်အမြင်ဖြင့် လောကအကျိုးကို သယ်ပိုးတတ်သောကြောင့် ကုသိုလ်ပွား၏..။ဗြဟ္မာယောင်ဆောင်၍ တိရိစ္ဆာန်လိုနေလျှင်ကား ဒေ၀ဒတ်အလောင်း ဆင်သတ်မုဆိုးနှယ် ၀န်လေးသောအမူကို ပြုရာရောက်၏..။
တိရိစ္ဆာန်လို နေသူနှင့် ဗြဟ္မာလိုနေသူတို့ကား ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဖြောင့်မတ်သူများဖြစ်၍ သိသာသဖြင့် ရှောင်ရလွယ်၏..။ပေါင်းရလွယ်၏..။ ဗြဟ္မာယောင်ဆောင်၍ တိရိစ္ဆာန်လို နေသူကား မဖြောင့်မတ်သူများဖြစ်၍ မသိသာသဖြင့် လောကအတွက် အန္တရာယ်များ၏...။ အပြောကတစ်မျိုး၊ အလုပ်ကတစ်မျိုး၊ သို့မဟုတ်..အသွင်သဏ္ဍာန်က တစ်မျိုး၊အကျင့်စရိုက်က တစ်မျိုးလုပ်တတ်သူများသည် ဗြဟ္မာ ယောင်ဆောင်၍ တိရိစ္ဆာန်လို နေသူများ စားရင်း၌ ပါဝင်ပေသည်....
(ဦးရွှေအောင်)

No comments:

Post a Comment