အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Friday, September 10, 2010

တံငါပျိုနဲ့ ငါးမန်းမ


ပြင်သစ်မဂ္ဂဇင်းမှာ ဖေါ်ပြထားတဲ့ တံငါသမားနဲ့ ငါးမန်းမလေးတို့ရဲ့
သံယောဇဉ်လွန်ဆွဲပွဲလေးကို အင်တာနက်မှာ .ဖတ်လိုက်ရတယ်..
သြစတေးလီးယားတောင်ပိုင်းက ပရော်ဖက်ရှင်နယ် တံငါသည်လေး အာနိုးလ်ပွိုင်တာဟာ
ပင်လယ်ပြင်ကို ငါးဖမ်းထွက်ခဲ့လေသည်..မိုးလေသာသာနဲ့မို့..ကမ်းစပ်နဲ့ အတော်ဝေးရာ
ပင်လယ်ပြင်ဘက်ကို ထွက်ခဲ့တယ်..ဖြစ်ခြင်တော့ ...
သူ့ငါးဖမ်းပိုက်ကြီးထဲမှာ..ငါးမန်းဖြူမကြီး မိသတဲ့..
တံငါသည်လေး အာနိုးဟာ သနားတာနဲ့မို့..ငါမန်းဖြူမကြီးကို
မသတ်ဘဲ ပင်လယ်ပြင်ထဲကို ပြန်လွှတ်လိုက်လေသည်..
ခုတော့ တံငါသည်လေး အာနိုးလ်ဟာ ပြင်သစ်မဂ္ဂဇင်းကြီးကို ဖေါက်သည်ချသတဲ့..
"ကျနော် ပင်လယ်ပြင်မှာ ပြဿနာတက်နေတာ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကတည်းက စခဲ့တာပါ"..
"ငါးမန်းဖြူမကြီးက ကျနော်ကို ပင်လယ်ပြင်မှာ တစ်ယောက်တည်း မထားဘူး"
"ကျနော် ပင်လယ်ပြင်မှာ သွားလေရာတိုင်းကို သူက နောက်ကနေ လိုက်နေတာ"
"ငါးတွေကိုလည်း ခြောက်ထုတ်နေတယ်ဗျာ"
"သူကတော့ ကျနော်ကို အန္တရာယ်ကင်းစေခြင်လိုနဲ့တူပါတယ်.."
"ကျနော်က တံငါသမားလေ"ဟု ညည်းတွားကာ ပြင်သစ်မဂ္ဂဇင်းကို ပြောပြလေသည်..။
"ခုတော့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့ကလည်း ကာကွယ်နေတာမို့.. ၁၇ပေ..ရှည်တဲ့ အဲဒီငါးမန်ဖြူကြီးကို သတ်ဘို့ဆိုတာလဲ မလွယ်တော့ဘူး"
"ခုတော့ ကျနော်နဲ့ စင်ဒီ(ငါးမန်းမနာမည်)ကြားမှာ ချစ်ခြင်းတွေ တည်ဆောက်ပြီးနေပြီ.."
တစ်ခါက ပင်လယ်ပြင်မှာ ကျနော်ဘုတ်ကို ရပ်လိုက်တော့ သူစင်ဒီ ကျနော်ထံကို လာတယ်..။
"သူ့ကျောကုန်းကို လှန်ပြီး ၀မ်းဗိုက်ကြီးနဲ့ ကျနော်ကို ပွတ်သီးပွတ်သတ်လုပ်တယ်.."
"လည်ပင်းတွေနဲ့..ရောဗျာ.."
"သူမရဲ့ မျက်စိတွေနဲ့..ကျနော်ကို လှည့်လှည့်ကြည့်ပြီ..တအီအီအော်တယ်.."
သူရဲ့ ဆူးတောင်ကို အထက်အောက် ရွေ့ပြီး..ရေတွေကို တဗြုန်းဗြုန်းနဲ့ ပျော်ပျော်ကြီး ရိုက်ပုတ်နေတော့တာဘဲဗျာ..ဟု ပြင်သစ်မဂ္ဂဇင်းကို ပြောပြလေသည်...

မှတ်ချက်..Unbelievableဟူသော ဆောင်းပါးကို သင့်လျှော်သလို ဘာသာပြန်ပါသည်..

ဦးလေးပု..သို့မဟုတ် နီနို


ဒီနေ့ မလေးရှားက သူငယ်ချင်းတစ်ယောက်ဆီက မေးလ်လာလို့ ဖတ်ကြည့်မိလိုက်တယ်..
ဘာရယ်မဟုတ်ပါဘူး.. ကမ္ဘာ့အရပ်အတိုဆုံး လူသားဆိုတာလေးကို ပို့လိုက်တာပါ..
သူပို့လိုက်တော့လဲ ဖတ်ရတာပေါ့..ဆိုပြီး ဖတ်ကြည့်မိလိုက်တော့..
အပုလေး အမည်က နီနိုတဲ့(NiNo)တဲ့..အသက်ကလေးက (၂၈)တဲ့ ..အရွယ်ကောင်းလေးပေါ့..အရှည်က(၂၇)လက်မနဲ့ (၇၀)စင်တီမီတာ ရှိသတဲ့..ကိုယ်အလေးချိန်က(၁၀)ကီလိုရှိပြီး ကိုလံဘီယာနိုင်ငံသားဖြစ်ပါသတဲ့...
ကိုနီနိုဘ၀တစ်လျှောက်လုံး ကျန်းမာချမ်းသာစွာနဲ့ လိုရာဆန္ဒတွေပြည့်ပါစေ..လိုဘဲ ရင်ထဲကနေဆုတောင်းမေတ္တာပို့ပေးနေမိတယ်

Wednesday, September 8, 2010

မုန်တိုင်းတွေတိုက်ခတ်နေလဲ အိပ်နေမှာပဲ..


ဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပေါ့..အတ္တလန်တစ် ပင်လယ်ကမ်းရိုးတမ်းမှာ Align Centerမြေပိုင်ရှင်လယ်သမားတစ်ဦးရှိသည်..။
သူဟာ အမြဲတမ်း သူရင်ငှား လယ်သမားအလိုရှိကြောင်းပြောသည်..။
လူအများစုကလည်း အတ္တလန်တစ် ပင်လယ်ကမ်းရိုးတမ်းက လယ်ယာမြေတွေမှာ အလုပ်လုပ်ဘို့ ၀န်လေးကြသည်..အင်တင်တင်ဖြစ်ကြသည်..။
ဘာဖြစ်လို့လဲဆိုတော့..အတ္တလန်တစ်ပင်လယ်ကို ဖြတ်ပြီး သဲကြီးမဲကြီးတိုက်ခတ်တတ်တဲ့လေမုန်တိုင်းက ကြောက်စရာကြီး..။
လေမုန်းတိုင်းကျလာပြီဆိုရင် လူနေအိမ်တွေရော ကောက်ပဲသီးနှံပင်တွေပါ ပျက်စီးကုန်တာဘဲ..။
ဒါကြောင့်မို့ လယ်သမားကြီးဟာ သူရင်းငှား လယ်အလုပ်သမားကို မရရှာပေဘူး..
သူရရှာတာကတော့ သူ့လယ်မှာ မလုပ်နိုင်ပါဘူးဆိုတဲ့ ငြင်းဆိုချက်တွေပါဘဲ..။
နောက်ဆုံးတော့ အရပ်ပုပု ပိန်ပိန်ပါးပါး အသက်အလယ်အလတ်တန်းလောက်ရှိတဲ့ လူတစ်ယောက် လယ်သမားကြီးဆီမှာ အလုပ်လုပ်ဘို့ ရောက်ချလာပါလေရော..။
"မင်းက သူရင်းငှားတစ်ယောက် အလုပ်သမားကောင်း တစ်ယောက် ဖြစ်ပါ့မလား.."
လယ်သမားကြီးက ထိုလူ့ကိုကြည့်ပြီး မေးလိုက်သည်..
သူရင်းငှား အလုပ်သမားကလဲ
"ဟုတ်ကဲ့..ကျနော်လား..ကျနော်က လေတိုက်ရင်တောင် ကောင်းကောင်းအိပ်နိုင်တဲ့လူဗျ"ဟု ပြန်ဖြေလိုက်လေသည်..။
လယ်သမားကြီးဟာ ထိုအလုပ်သမား သူရင်းငှား ပြောစကြားကြောင့် တွေတွေဝေေ၀ ကြောင်အမ်းအမ်းဖြစ်သွားပေမဲ့..လယ်ယာလုပ်ငန်းအတွက် အကူအညီလိုနေတာမို့ ထိုသူကို ငှားလိုက်တယ်..သူရင်းငှားခန့်လိုက်တယ်..။
လယ်ကူလီ အလုပ်သမားလေးဟာ အလုပ်လဲခန့်လိုက်ရော လယ်ယာလုပ်ငန်းကို ကြိုးကြိုးစားစား လုပ်ပေးရှာတယ်..မနက်မိုးလင်းကနေ ညမိုးချုပ်ထိပေါ့..
လယ်သမားကြီိးလည်း သူရင်းငှား လယ်ကူလီ အလုပ်သမားလေး အလုပ်ကြိုးစားတာကို မြင်ရတော့
သဘောကျ ပီတိဖြစ်နေရတယ်..
ဒီလိုနဲ့ တစ်နေ့မှာ..ကမ်းလွန်ပင်လယ်ပြင်ကနေ..ပြင်ထန်းစွာ လေမုန်တိုင်း တိုက်လေသည်..။အိပ်ရာကနေခုန်ထပြီး လယ်သမားကြီးဟာ မီးအိမ်လေးဆွဲကာ
လယ်ကူလီ အလုပ်သမား သူရင်းငှားလေး အိပ်တဲ့နေရာဆီ ပြေးသွားလေသည်..။
လယ်ကူလီ အလုပ်သမား သူရင်းငှားလေး အိပ်နေတာ မြင်ရတော့..
လယ်သမားကြီးဟာ တုန်လှုပ်ခြောက်ခြားသွားတယ်..
"ဟေ့ကောင်..ထ..ထ..."
"မုန်တိုင်းလာနေပြီကွ"ဟု
စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလေသည်..။
လယ်ကူလီ အလုပ်သမားလေးဟာ အိပ်ရာပေါ် လူးကာ လှိမ့်ကာနဲ့..
" ကျနော်ကတော့..မုန်တိုင်းတွေတိုက်လဲ ..အိပ်ရမှာဘဲ"ဟု အော်ပြောလေသည်..။
လယ်သမားကြီးဟာ ထိုစကားသံကိုကြားတော့..ဒေါသတွေ အလိပ်လိုက် အလိပ်လိုက် ထွက်လာပြီး...အဲဒီနေရာမှာတင် မီးရှို့သတ်ပစ်ဘို့ စိတ်ကူးပေါက်သွားလေသည်..။
ဒါပေမဲ့ မုန်တိုင်းက ပြင်းထန်စွာ တိုက်နေတော့ ..လုပ်စရာရှိတာတွေ လောလောဆယ်
လုပ်အုံးမှလို့ စိတ်ကူးပေါက်ပြီး အိမ်ပြင်ကို ပြေးထွက်သွားသောအခါ..
လယ်သမားကြီး အံ့သြသွားလေသည်..
နွားစာမြက်ခြောက်တွေကိုလည်း မိုးရေခံ တာပေါ်လင်စတွေနဲ့ ဖုံးထားတယ်..
နွားတွေကိုလည်း နွားတင်းကုပ်မှာ သေသေခြာခြာ ချည်နှောင်ထားတယ်..
ကြက်တွေကိုလည်း ကြက်လှောင်အိမ်မှာ သေခြာလှောင်ထားတယ်..
တံခါးတွေကိုလည်း သေသေခြာခြာ မင်းတုပ်ချ ကန့်လန့်ထိုးထားတယ်..တံခါးပေါက်တွေကိုလည်း သေသေခြာခြာ ဖုံးကာထားလို့..မုန်တိုင်းတိုက်လို့ လွင့်မြောသွားနိုင်တဲ့
ပစ္စည်းတွေကိုလည်း သေသေခြာခြာ ချည်နှောင်ထားတယ်..
မုန်တိုင်းတိုက်လို့ ဘာပစ္စည်း ပစ္စယမှ လွင့်မြောပျက်စီးသွားတာမရှိ....
ခုတော့ လယ်သမားကြီး သဘောပေါက်ပါပြီ..
လယ်ကူလီ အလုပ်သမားလေးပြောတဲ့..မုန်တိုင်းကျလည်း အိပ်နေမှာဘဲဆိုတဲ့ စကားကို ကြားရောင်ရင်း..လယ်ရှင်အလုပ်သမားကြီးလည်း ..
မုန်တိုင်းကျလည်း ငါလဲအိပ်မှာဘဲဟု နုတ်မှ တိုးတိုးရွတ်ဆိုရင်း..
အိပ်ရာသို့ ပြန်ဝင်ကာသွားလေသည်..

မှတ်ချက်..သူငယ်ချင်းတစ်ယောက်မေးလ်ဖြင့်ပေးပို့သော.. Can You Sleep while the wind blows?ဟူသော ဆောင်းပါးကို ဘာသာပြန်ပါသည်... အရှင်နာဂ(ပုနေး)

Tuesday, September 7, 2010

I Don't need You Anymore


မနက်ခင်း အိပ်ရာထထခြင်း မျက်နှာသစ် သွားတိုက်ပြီး ဘုရားရှိခိုးတယ်..နောက်ပြီး ကော်ဖီတစ်ခွက် သောက်တယ် ..ကော်ဖီသောက်ရင်း အိန္ဒိယတိုင်းမ်သတင်းစာဖတ်ကြည့်မိတယ်..ဟိုလှန် ဒီလှန် လှန်ကြည့်ရင်း မန်ယူ ပရိသတ်တို့ရဲ့ အချစ်တော် မောင်ဝိန်းရွန်းနီ သတင်းဖတ်လိုက်ရတယ်..I Don't need You Anymoreတဲ့..မန်ယူအချစ်တော် ၀ိန်းရွန်းနီရဲ့ လူမှုရေးဖေါက်ပြန်တဲ့သတင်းပေါ့..ပြည်တန်ဆာမလေးနဲ့ ဖေါက်ပြန်တယ်ဆိုတဲ့အကြောင်း ဖတ်လိုက်ရတယ်...
မောင်ဝိန်းရွန်းနီရဲ့ လူမှုရေးဖေါက်ပြန်တာကို သီးမခံနိုင်တော့တဲ့ ဇနီးကိုလင်း (Collen) နှစ်ဆယ့်လေးနှစ်ရွယ်လေးဟာ သူ့မိဘထံကို ပြန်ပြေးသတဲ့..၀ိန်းရွန်းနီကလဲ မျက်ရည်ခံလေးထိုးပြီး ချစ်ဇနီးမဟေသီကို တောင်းပန်တယ်..သူမှားခဲ့တဲ့အကြောင်း..မကောင်းတဲ့မိန်းကလေး ဂျင်နီသွန်ပဆင်(Jenny Thompson)နဲ့ အတူအိပ်ခဲ့ဖူးကြောင်း ၀န်ခံသတဲ့...သားလေး ကိုင်(Kai)ကို ကိုယ်ဝန်လွယ်ထားခဲ့ရတဲ့အချိန်ကတဲ့ဗျာ...
ချစ်ဇနီးကိုလင်း(Collen)ကတော့ ပေါက်ကွဲပြီး..မမြင်ခြင်တော့ဘူး ထွက်သွား..ဘော့လုံးသာ ကစားနေတော့ဟု ကျိန်းသွားတဲ့အကြောင်းကို The Sunသတင်းစာက သူမပြောတဲ့အတိုင်း ဖေါ်ပြခဲ့ပါသတဲ့...အဲဒီသတင်းကို ယနေ့ထုတ် အိန္ဒိယတိုင်းမ်သတင်းစာကြီးက အများပြည်သူအတွက် ပြန်လည်ဖေါက်သည်ချပြန်လေရဲ့...

စာရေးသူတို့၏ စကျင်ရွာတောင်တန်း



မန္တလေးမြို့မြောက်ဘက် မိုင်သုံးဆယ်ကျော်လောက်လောက်မှာ တည်ရှိပါတယ်..Marbleကျောက်များ ထွက်သောတောင်တွေရှိသောကြောင့်..ထိုရွာကို စကျင်ရွာလို့ခေါ်ပါတယ်..ဘာကြောင့် စကျင်ရွာလို့ ခေါ်တာ အတိအကျ မသိပေမဲ့ Marble ကျောက်တွေကတော့ တကယ်အဲဒီရွာမှာ ထွက်ပါတယ်..အဲဒီကျောက်တွေနဲ့ဘဲ ဘုရားဆင်းတုတော်တွေမျိုးစုံနဲ့ တရုပ်ကွမ်ရင်မယ်တော်ပုံတွေ ထုကြပါတယ်..မန္တလေးဘုရားကြီး ကျောက်ဆစ် တန်း နဲ့ ရန်ကုန်ရွှေတိဂုံဘုရားနားက ကျောက်ဆင်းတုတော်တွေဟာ စကျင်ရွာက ထွက်ရှိတဲ့ ကျောက်တွေနဲ့ ထုဆစ်ပြီး ရောင်းဝယ်နေကြတာ ဖြစ်ပါတယ်..
အမရပူရက ပုထိုးတော်ကြီးဘုရားတို့ မန္တလေးတောင်ခြေနားက ကျောက်တော်ကြီးဘုရားတို့ဆိုတာ စကျင်ရွာ ကနေ သယ်ယူပင့်ဆောင်သွားတာလေ..အဲဒါတွေက ဟိုအရင် ဘကြီးတော်လက်ထက်နဲ့ မင်းတုန်းဘုရင် လက်ထက်တုန်း ကပေါ့..ခုခေတ်မှာလဲ..ပြင်ဦးလွင်မှာတည်ထားတဲ့ နာမည်ကြီးနေတဲ့ ဘုရားနဲ့ ရန်ကုန် မင်းဓမ္မကုန်းမှာတည်ရှိတဲ့ ကျောက်ဆင်းတုတော်ကြီးတွေဟာ စကျင်ရွာက သယ်ယူ ပင့်ဆောင်ပူဇော်ခဲ့ကြတာ ဖြစ်ပါတယ်..ဒါက အများသိဘုရားတွေကို ပြောပြတာပါ..ချုံပြောရရင် ကျောက်ဆင်းတုဘုရား တော်တော်များများ ကတော့ စကျင်ရွာကထွက်တာပါ..
ခုလိုပြောပြနေရတာကလဲ စာရေးသူကိုယ်တိုင်က စကျင်ရွာသားဖြစ်လို့လေ...ကိုယ့်ရွာလေးကို အလွမ်းပြေ အနေနဲ့ ရေးပြရတာပါ..ဒီဓာတ်ပုံလေးတွေကတော့ စာရေးသူတို့ရဲ့ စကျင်ရွာတောင်တန်းကြီးလေ.. ၀ါဆိုဝါခေါင် ဆို စာရေးသူတို့ရဲ့ စကျင်ရွာလေးကိုရော စကျင်တောင်တန်းတွေကိုရော မြစ်ရေတွေက အပန်းဖြေလာ ကြတယ်လေ..ခုလို ရေကြီးခါကြရင် ...စကျင်တောင်တွေနဲ့ စကျင်ရွာလေးကို ပိုပိုပြီးသတိရတယ်..

Sunday, September 5, 2010

The Bad Part....



Okay, here is the part I messed up in. Like I said, I did a "little research" and decided to try out this brainwave entrainnment meditation thing.

Well I did not do enough research as i should have. I jumped in with both feet and ended up spending a few hundred dollars at different online meditation websites. I regretted most of my purchases as soon as I tried the products. If you are going to try this. DON'T make the same costly mistakes as me.

I then decided to fully research brainwave entrainment and discovered that there was tons of scammy products that said they incorporated the brainwave entrainment meditation technique but did nothing of the sort.

It would have been great to have someone to point me in the right direction at this point.