အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Tuesday, September 7, 2010

I Don't need You Anymore


မနက်ခင်း အိပ်ရာထထခြင်း မျက်နှာသစ် သွားတိုက်ပြီး ဘုရားရှိခိုးတယ်..နောက်ပြီး ကော်ဖီတစ်ခွက် သောက်တယ် ..ကော်ဖီသောက်ရင်း အိန္ဒိယတိုင်းမ်သတင်းစာဖတ်ကြည့်မိတယ်..ဟိုလှန် ဒီလှန် လှန်ကြည့်ရင်း မန်ယူ ပရိသတ်တို့ရဲ့ အချစ်တော် မောင်ဝိန်းရွန်းနီ သတင်းဖတ်လိုက်ရတယ်..I Don't need You Anymoreတဲ့..မန်ယူအချစ်တော် ၀ိန်းရွန်းနီရဲ့ လူမှုရေးဖေါက်ပြန်တဲ့သတင်းပေါ့..ပြည်တန်ဆာမလေးနဲ့ ဖေါက်ပြန်တယ်ဆိုတဲ့အကြောင်း ဖတ်လိုက်ရတယ်...
မောင်ဝိန်းရွန်းနီရဲ့ လူမှုရေးဖေါက်ပြန်တာကို သီးမခံနိုင်တော့တဲ့ ဇနီးကိုလင်း (Collen) နှစ်ဆယ့်လေးနှစ်ရွယ်လေးဟာ သူ့မိဘထံကို ပြန်ပြေးသတဲ့..၀ိန်းရွန်းနီကလဲ မျက်ရည်ခံလေးထိုးပြီး ချစ်ဇနီးမဟေသီကို တောင်းပန်တယ်..သူမှားခဲ့တဲ့အကြောင်း..မကောင်းတဲ့မိန်းကလေး ဂျင်နီသွန်ပဆင်(Jenny Thompson)နဲ့ အတူအိပ်ခဲ့ဖူးကြောင်း ၀န်ခံသတဲ့...သားလေး ကိုင်(Kai)ကို ကိုယ်ဝန်လွယ်ထားခဲ့ရတဲ့အချိန်ကတဲ့ဗျာ...
ချစ်ဇနီးကိုလင်း(Collen)ကတော့ ပေါက်ကွဲပြီး..မမြင်ခြင်တော့ဘူး ထွက်သွား..ဘော့လုံးသာ ကစားနေတော့ဟု ကျိန်းသွားတဲ့အကြောင်းကို The Sunသတင်းစာက သူမပြောတဲ့အတိုင်း ဖေါ်ပြခဲ့ပါသတဲ့...အဲဒီသတင်းကို ယနေ့ထုတ် အိန္ဒိယတိုင်းမ်သတင်းစာကြီးက အများပြည်သူအတွက် ပြန်လည်ဖေါက်သည်ချပြန်လေရဲ့...

No comments:

Post a Comment