အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Wednesday, July 14, 2010

ပါရမီ

လူမှန်သမျှ အလုပ်ကို တစ်ခုမဟုတ် တစ်ခုကို လုပ်နေကြရ၏..။ ထိုသို့ လုပ်ကြရာ၌ ရည်ရွယ်ချက်သည် ရှိ၏..။ထိုရည်ရွယ်ချက်ကို လိုက်၍ ပါရမီသဘောနှင့် ပါရမီမဟုတ်သော သဘောသည် ကွဲပြားသွား၏..။ ငါ့အတွက်..သက်သက်ဟူ၍ ရည်ရွယ်လျှင် ပါရမီမဟုတ်တော့..။ လောကအတွက် ၊ သူတစ်ပါးအတွက်ဟူ၍ ဆိုသည်နှင့် တစ်ပြိုင်နက် မိမိအတွက် တဂ်မက်ခြင်း လောဘကို အလိုလို ပယ်စွန့်ပြီးသား ဖြစ်၏...။ ယင်းကိုပင်..နေက္ခမ္မပါရမီဟူ၍ ဆိုရ၏။ နေက္ခမ္မပါရမီသဘော သက်ဝင်လာလျှင် သာယာဖွယ်ဟူသမျှကို စွန့်နိုင်၏..။ကြံ့ကြံ့ခံနိုင်၏၊ ရဲရင့်လာ၏၊
ထိုအခါ ခန္တီပါရမီသဘော ၀င်လာ၏..။ ခန္တီပါရမီသဘောဝင်လာလျှင် မည်သည့်ဘေးရန်ကိုမျှ မကြောက်တော့။ မြှောက်၍လည်း မမြောက်၊ ခြောက်၍လည်း မကြောက်၊ မိမိကျရာ တာဝန်အတိုင်း တရားသဖြင့် ဆောင်ရွက်သွားမည်သာ ဖြစ်၏။ရရှိလာမည့် အကျိုးကျေးဇူးကိုလည်း မကြည့်၊ ကျရောက်မည့် ပြစ်ဒဏ်ကိုလည်းမကြည့်၊ တရားသဖြင့်ဖြစ်ရေးကိုသာ ကြည့်၏...။ ဤသည်မှာ ဥပေက္ခာပါရမီသဘောဖြစ်၏...။
တပ်မက်စရာကောင်းသော ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာများကို စွန့်လွတ်နိုင်သော နေက္ခမ္မပါရမီ၊ ကြောက်စရာကောင်းသော ဘေးရန်အန္တရာယ် အသွယ်သွယ်တို့ကို မကြောက်မရွံ့ ရဲရဲဝံ့ဝံ့နှင့် ကြံ့ကြံ့ခံနိုင်သော ခန္တီပါရမီတို့ ဖြစ်ထွန်းပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် အကောင်းအဆိုး နှစ်မျိုးလုံးကို လျစ်လျှူရူနိုင်သော ဥပေက္ခာပါရမီသည် မလွဲမသွေ ပေါ်ပေါက်လာရမည်ဖြစ်၏...။
ထိုပါရမီသုံးမျိုး ပေါ်ထွန်းလာသည်နှင့်တစ်ပြိုင်နက် ကျန်သော ပါရမီများ လွယ်လင့်တကူ ပြည့်စုံလာလေ၏..။ ထိုကဲ့သို့ ပါရမီများ ပြည့်စုံလာခြင်းကိုပင် အရိယာမျိုးစေ့ စိုက်ပျိုးသည်မည်၏...
(ဦးရွှေအောင်၏..ဓမ္မပဒ)

No comments:

Post a Comment