အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Friday, July 16, 2010

အမျှဝေ

မိမိရသော ကုသိုလ်အဖို့ကို သူတစ်ပါးအား အမျှဝေသောအခါ မိမိမှာ ကုသိုလ်အရ နည်းမသွားပေဘူးလားဟု စဉ်းစားဖွယ်ရှိ၏...။ ကုသိုလ်ဆိုသည်မှာ စိတ်စေတနာသာ လိုရင်းဖြစ်၏...။ မိမိပြုသော ဒါနကုသိုလ်အတွက် စိတ် စေတနာကောင်း ဖြစ်ပြီးလေပြီ...။
မိမိမှာ ဒါနကုသိုလ်ဖြစ်သလို သူတစ်ပါးအားလည်း ဖြစ်စေလိုသောအခါ ရွှေပေါ်မြတင်သကဲ့သို့ မူလဒါန ကုသိုလ် အပေါ်တွင် ပတ္တိဒါန ကုသိုလ်ထပ်၍ တင်ရာရောက်သွားလေး၏..။ထိုကြောင့်အမျှဝေသည့်အတွက် ကုသိုလ်အရ နည်းမသွားသည့်အပြင် ပို၍ပင် ကုသိုလ်ရပါသေးသည်..။
မီးခြစ်အကုန်ခံ၍ ပထမ ဆီမီးထွန်းပြီးနောက် ထိုဆီမီးမှ အဆင့်ဆင့်မီးကူးပေးရာ၌ မူလမီးမှာ အရောင်မမှိန်သည့် ပြင် နောက်မီးတွေ၏ အကူအညီကြောင့် သာ၍ အားရှိသကဲ့သို့တည်း...
(ကိုယ့်ကျင့်အဘိဓမ္မာ)

No comments:

Post a Comment