အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Friday, August 6, 2010

စာရေးချင်သူများအတွက် သတင်းစာ ရေးနည်း





(စာရေးမယ့် လူငယ်များသို့၊ ကျွန်တော့်စာတန်း ကျွန်တော့်အဟမ်းများ၊ မန္တလေး ကြီးပွားရေး၊ ၁၉၈၃ထုတ်မှ ကောက်နုတ်ဖော်ပြသည်။)

…. စာရေးဆရာလုပ်မယ့် လူငယ်တယောက်အဖို့ သတင်းစာမှာရေးတဲ့သားတဲ့ အလေ့အကျင့် ရမှုဟာလဲ အင်မတန်အဖိုးတန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာရေးနည်းက ပေးလိုက်တဲ့ စာရေးတဲ့ အတတ်ပညာကို တခြားကျောင်းများက သင်မပေးနိုင်လို့ပါ။

သတင်းစာမှာ သူဘာရေးချင်တာ ပါလိမ့် ဆိုပြီး စဉ်းစား ရှာဖွေနေရတဲ့ စာမျိုးတွေပါနေလို့ မဖြစ်ဘူး။ ပါယင်လဲ ညံ့တာပဲ။ လူတွေမှာ အချိန်မရှိဘူး။
သတင်းစာမှာ ရေးရတဲ့ အရေးအသားက (၁) တိုတိုတုတ်တုတ် ကျစ်ကျစ်လျစ်လျစ် ရှိရမယ်။ (၂) ရှင်းရှင်းလင်းလင်း ရှိရမယ်။ (၃) တိတိကျကျ ဖြစ်ရမယ်။ ဒီလိုရေးမှ သတင်းစာကောင်းရဲ့ အရေးအသား စည်းဝိုင်းထဲကို ဝင်နိုင်ပါတယ်။ ဒီလိုရေးတတ်ဖို့ စာရေးဆရာအတွက် အင်မတန်လိုပါတယ်။

တချို့ ဝတ္ထုရေးဆရာများ ရေးကြတဲ့အထဲမှာ စာတွေဖေါင်းပွပြီး ဘာကိုရေးနေမှန်းမသိတဲ့ အရေးအသားမျိုးတွေ ပါနေကြပါတယ်။ ဥပမာ မိန်းကလေးတယောက် မနက်စောစော နှင်းတွေဝေနေတဲ့အချိန် လမ်းလျှောက် ထွက်လာခဲ့တယ်ဆိုတဲ့ အကြောင်းကလေး ရေးချင်တာကို နှင်းရော မနက်ခင်းရော ဖွဲ့နေလိုက်တာ စာမျက်နှာ သုံးမျက်နှာနဲ့လဲမပြီးသေးဘူး။ သုံးထားလိုက်တဲ့ စကားလုံးတွေကလဲ မလိုတာရော လိုတာရော ရောထွေးလွန်းအားကြီးတယ်။ သူရေးချင်တာ ဘာပါလိမ့်မလဲလို့ စာအမြှပ်တွေကို ဖယ်ဖယ်ပြီး ရှာကြည့်ပေမယ့်လဲ တော်တော်နဲ့ မတွေ့ရဘူး။ စိတ်ပင်ပန်းလူပင်ပန်း အင်မတန်ဖြစ်ရတယ်။ စာရေးတဲ့အတတ်ဟာ စာဖတ်သူကို အနှစ်မရောက်ခင် အကာတွေကို အကြာကြီး ဖယ်နေရတဲ့ အာဟာရမျိုး ကျွေးတာလို မဖြစ်သင့်ဘူး။ လွယ်လွယ်ကူကူနဲ့ ထင်းကနဲ ရှင်းကနဲ သိစေမြင်စေသင့်တယ်။

သတင်းစာမှာ အဲဒီလို သူဘာရေးချင်တာပါလိမ့်ဆိုပြီး စဉ်းစားရှာဖွေနေရတဲ့ စာမျိုးတွေပါနေလို့ မဖြစ်ဘူး။ ပါယင်လဲ ညံ့တာပဲ။ လူတွေမှာ အချိန်မရှိဘူး။ ဒီဟာ ဘာသတင်းဆိုတာ မမြင်မှာ မသိမှာစိုးလို့ စာလုံး ကြီးကြီးနဲ့တောင် ဖေါ်ပြကြရသေးတယ် မဟုတ်လား။ သတင်းစာရေးနည်းကောင်းဟာ အကာမပါပဲ အနှစ်သက်သက် ထုတ်ရေးနည်းပါ။ စာရေးဆရာလုပ်ချင်တဲ့ လူငယ်များအဖို့ အခြေခံအနေနဲ့ ဒီအလေ့အကျင့်မျိုး လိုပါတယ်။

သတင်းစာမှာ စကားလုံးတွေ ပွပြီး ဝေ့လယ်လယ်ရေးလို့မရဘူး။ လိုတာထက် တလုံးပိုရေးယင် စာတလုံးအတွက် နေရာကုန်တယ်။ စာဖတ်တဲ့သူရဲ့ အသိအမြင်ကိုလဲ အဲဒီစာတလုံးနဲ့ ဖုံးစေတယ်။ စဉ်းစားနေရတဲ့အတွက် အချိန်ကုန်စေတယ်။

ကျွန်တော်တို့ ရေးတဲ့စာဟာ စိတ်ကူးယဉ်အားတဲ့ ကျောင်းနေနိုင်တဲ့ အပျိုပေါက် လူပျိုပေါက်ကလေးများအတွက်ချည်း မဟုတ်ပါဘူး။ စာမဖတ်နိုင်သေးတဲ့ လူများစုကြီးအတွက် အဓိကထား ရည်စူးပြီး ရေးရမှာ ဖြစ်ပါတယ်။
စာမှာ စကားလုံးတိကျမှုဟာ စာရေးပုံရေးနည်းအတွက်နဲ့ စာအရသာအတွက်သာ လိုတာမဟုတ်ဘူး။ စာအဓိပ္ပာယ်အတွက်လဲ သိပ်လိုပါတယ်။ စကားလုံးတွေ ပွပွယောင်းယောင်းနဲ့ လျှောက်ရေးနေယင် အားလုံး ဘိုသီဘတ်သီဖြစ်ကုန်တာပဲ။ ပြီးတော့ ရေးထားတဲ့ စကားလုံးတွေများနေတော့ အလုံးတိုင်းက အားမရှိနိုင်တော့ဘူး။ အားမပါတဲ့စာဟာ အတွေးမှာလည်း လေးနက်မှု ရော့တတ်တယ်။

အဲဒီစာမှာရေးတဲ့လူ ကိုယ်နှိုက်က ရေးစရာအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ထားရှိဖို့၊ ရှင်းရှင်းလင်းလင်း စဉ်းစားတွေးခေါ်ထားတာများ ရှိဖို့လိုတယ်။ နောက်တခု ကျနော် ပြောချင်တာက စာရေးချင်တဲ့ လူတယောက်ဟာ ရေးချင်စရာရှိမှ ရေးကောင်းတယ်၊ ဒီအကြောင်းအရာကို ငါရေးပြချင်လိုက်တာ၊ ရေးပြောချင်လိုက်တာ၊ သူများတွေ သိစေချင်လိုက်တာဆိုတာမျိုး ကိုယ့်စိတ်ထဲမှာ ထက်ထက်သန်သန် ရှိရပါမယ်၊ ရေးစရာတွေ ရှိနေရပါမယ်။ တကယ်ပြောချင်တာ သိစေချင်တာ ပြောစရာ ရေးစရာ အကြောင်းအရာလဲ ရှိတာမဟုတ်ပဲနဲ့ ဖျစ်ညှစ်ပြီးရေးရော။ ကိုယ့်မှာ တိတိကျကျ မရှိတော့ ရှင်းရှင်းလင်းလင်း စိတ်ထဲကနေ ဆွဲထုတ်ယူလာစရာ မရှိဘူး။ မရှိပဲနဲ့ လျှောက်ရေးနေတော့ စာတွေဟာ ဝိုင်းကြီးပတ်ပတ် ဖြစ်ကုန်ရော။ ဒီအထဲက စကားလုံး အဆန်းထွင်ချင်တာ၊ အဆန်းသုံးပြချင်ရတာ ဆိုတာတွေက ရှိနေတတ်သေးတော့ အဲဒီ စာရေးဆရာရဲ့စာဟာ ဖတ်ရတဲ့လူတွေ အင်မတန် စိတ်ဆင်းရဲစရာကောင်းတဲ့ စာမျိုးဖြစ်လာတတ်တယ်။

စာဆိုတာ အတွေးမရှင်းပဲနဲ့ အရေးမရှင်းနိုင်ဘူး။ ရေးမယ့်လူရဲ့ ရင်ထဲမှာ ခံစားမှုအပြည့်နဲ့ ရေးချင်တဲ့ ကိစ္စတခု ရှင်းရှင်းလင်းလင်း တိတိကျကျ ရှိနေမှ ရှင်းရှင်းလင်းလင်း ရေးချလို့ရနိုင်တယ်။ အကြောင်းအရာတခု လက်ဆုပ် လက်ကိုင်ရှိပြီးတဲ့အခါမှာ ဒီအကြောင်းအရာကို ဖေါ်ထုတ်တဲ့အခါ အထိုက်အလျောက်လှပအောင် တန်ဆာဆင်ပြီး ရေးတာမျိုးဖြစ်ရမှာပေါ့။ မိုးနှင်းဝေနေတဲ့ တမနက်ခင်းကလေးကို စာ ၃ မျက်နှာရေးတာမျိုးဆိုယင်တော့ ဘယ်မှာ ပြတ်သား ရှင်းလင်းတဲ့ သရုပ်ထင်အောင် ရေးလို့ဖွဲ့လို့ရတော့မှာလဲ။

စာရေးတယ်၊ ဖွဲ့တယ်၊ သီကုံးတယ်လို့ပြောနိုင်ပါတယ်။ ရေးပါ၊ ဖွဲ့ပါ၊ သီကုံးပါ။ ဒါပေမယ့် ရေးသင့်သလောက် သာရေး၊ ဖွဲ့သင့်သလောက်သာဖွဲ့၊ သီသင့်သလောက်သီပါ။ ကျစ်လျစ်သိပ်သည်းဖို့ ရှင်းလင်းတိကျဖို့ကိုတော့ မျက်ခြည် မပြတ်သင့်ပါ။

သတင်းစာဆရာဟာ အောက်ခြေလွတ်လို့ စိတ်ကူးယဉ်လို့ မရဘူး။ သူနေ့တိုင်း တွေ့ထိမြင်နေရတာက လူတွေရဲ့ တကယ့် အဖြစ်အပျက်တွေပဲ။
ကျွန်တော်တို့နိုင်ငံမှာ ဘုန်းကြီးကျောင်းများ ကောင်းမှုကြောင့် ယောက်ျားလေးမှန်ယင် သေစာရှင်စာတော့ သိကြတာပဲဆိုပေမယ့် စာဖတ်ချိန်မရှိလို့ မဖတ်ရတဲ့လူတွေ၊ စာအုပ်ဝယ်ဖတ်လောက်အောင် ပိုက်ဆံ မတတ်နိုင်တဲ့လူတွေက လယ်သမားနဲ့ အလုပ်သမားထဲမှာ အများကြီးရှိနေပါသေးတယ်။ ဒီလူတွေ စာဖတ်လာနိုင်ဖို့၊ ဖတ်ယင်လဲ ရှင်းရှင်းလင်းလင်း နားလည်နိုင်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့ ရေးတဲ့စာဟာ စိတ်ကူးယဉ်အားတဲ့ ကျောင်းနေနိုင်တဲ့ အပျိုပေါက် လူပျိုပေါက်ကလေးများအတွက်ချည်း မဟုတ်ပါဘူး။ စာမဖတ်နိုင်သေးတဲ့ လူများစုကြီးအတွက် အဓိကထားရည်စူးပြီး ရေးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်သမား လယ်သမားတွေဟာ အင်မတန်ပင်ပင်ပန်းပန်း အလုပ် လုပ်ပြီး ခေတ္တခဏကလေး အားလပ်တဲ့ အချိန်အတွင်း ရေနံဆီမီးခွက်လို အလင်းရောင်မျိုးနဲ့ ကြိုးစားပြီး ဖတ်ရမှာပါ။ ဒီတော့ တမင်ခက်အောင် ပညာပြတဲ့ စာမျိုးဟာ သူတို့အတွက် မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ ရေးသားမှုမှာ အနုပညာပါရမှာပေါ့။ ပညာတတ်အချင်းချင်း သမားဂုဏ်ပြတဲ့စာ၊ ဝင့်တဲ့စာ၊ ဟန်လုပ်တဲ့စာ၊ ပညာတံခွန်ထူတဲ့စာမျိုးတွေရေးပြီး စာနဲ့ပေနဲ့ အလှမ်းဝေးသေးတဲ့ အလုပ်သမား လယ်သမားတွေကို ဝေးသထက်ဝေးအောင်လဲ မလုပ်ဆောင်သင့်ပါဘူး။

သတင်းစာမှာရေးရတဲ့ အရေးအသားတွေက ကနေ့ လူတွေမှာ ဘာဖြစ်နေသလဲ၊ ဘာပြဿနာတွေနဲ့ ရင်ဆိုင်နေရသလဲ ဆိုတာတွေချည်းမို့ ဘဝနဲ့တသားတည်း ရှိလှပါတယ်။ သတင်းစာဆရာဟာ အောက်ခြေလွတ်လို့ စိတ်ကူးယဉ်လို့မရဘူး။ သူနေ့တိုင်း တွေ့ထိမြင်နေရတာက လူတွေရဲ့ တကယ့်အဖြစ်အပျက်တွေပဲ။ သတင်းစာကော်လံတွေက အကြောင်းအရာတွေဟာ အဲဒီအချိန်က လူ့ဘဝကို မှန်ထောင်ပြထားတာတွေပဲ များပါတယ်။ အဲဒါကို သတင်းစာသမားက ရှင်းရှင်းလင်းလင်း ဖေါ်ပြနေရတယ်။ ဒီခေတ်ဒီအချိန်ကလူတွေ ဘာဖြစ်နေတယ်၊ ဘယ်လိုတွေးတယ်၊ ဘယ်လိုမြင်တယ်ဆိုတာကို သူက ဆက်စပ်ပြနေရပါတယ်။ ဒါကြောင့် သတင်းစာအရေးအသားဟာ အခြေထားသင့်တဲ့ အရေးအသားပါပဲ။ အဲဒီအရေးအသားမျိုးကို ခွင့်သာသလောက်ယူပြီး လေ့ကျင့်သင့်ပါတယ်။ ထပ်ပြီးပြောရရင် စာရေးချင်တဲ့ လူငယ် လူရွယ်တွေဟာ ကျစ်ကျစ်လျစ်လျစ်နဲ့ တိတိကျကျ ရှင်းရှင်းလင်းလင်းရေးတဲ့ အရေးအသားမျိုးကို ပထမ စပြီး လေ့ကျင့်ပါလို့ ကျနော် ထပ်မံတိုက်တွန်းပါရစေ။

စာရေးဆရာလုပ်မယ့် လူငယ်ဟာ သတင်းစာဆရာကောင်း တယောက်လို ရေးတတ်ပြီဆိုပြီး ရပ်နေဖို့လဲ မဟုတ်ပါဘူး။ စာရေးတဲ့ အတတ်ပညာဆိုတာ ကုန်ဆုံးနိုင်တယ်လို့ မရှိတာကို အမြဲသတိပြုရပါမယ်။ စာရေးကောင်းလှပြီဆိုတဲ့ အဆင့်အတန်းရောက်တဲ့တိုင်အောင် တိုးတက်မှုဟာ ရပ်တယ်လို့ မရှိနိုင်တာမို့ မပြတ်ဆက်ပြီးကြိုးစားနေရမှာပဲ။….

(၁၉၆၈ မန္တလေး မြို့ တော်ခန်းမ စာဆိုတော်နေ့ စာတန်းဖတ်ပွဲတွင် ဖတ်ကြားသည်။)
(မဇ္စျိမမှ ကူးယူဖေါ်ပြသည်)

Thursday, August 5, 2010

Background Of Mr. S.N. Goenka



Mr. Goenka is a householder teacher of Vipassana meditation in the tradition of the late Sayagyi U Ba Khin of Burma (Myanmar).

Although Indian by descent, Mr. Goenka was born and raised in Burma. While living in Burma he had the good fortune to come into contact with U Ba Khin, and to learn the technique of Vipassana from him. After receiving training from his teacher for fourteen years, Mr. Goenka settled in India and began teaching Vipassana in 1969. In a country still sharply divided by differences of caste and religion, the courses offered by Mr. Goenka have attracted thousands of people from every part of society. In addition, many people from countries around the world have come to join courses in Vipassana meditation.

Mr. Goenka has taught tens of thousands of people in more than 300 courses in India and in other countries, East and West. In 1982 he began to appoint assistant teachers to help him to meet the growing demand for courses. Meditation centres have been established under his guidance in India, Canada, the United States, Australia, New Zealand, France, the United Kingdom, Japan, Sri Lanka, Thailand, Burma, Nepal and other countries.

The technique which S.N.Goenka teaches represents a tradition that is traced back to the Buddha. The Buddha never taught a sectarian religion; he taught Dhamma - the way to liberation - which is universal. In the same tradition, Mr. Goenka's approach is totally non-sectarian. For this reason, his teaching has a profound appeal to people of all backgrounds, of every religion and no religion, and from every part of the world.

Friday, July 30, 2010

ဝေဘူဆရာတော် တရား


သီလဆောက်တည်ပြီးလျှင် ပြည့်စုံအောင်ဖြည့်ကြ။ ဖြည့်လို့ ပြည့်စုံပြီဆိုလျှင် မိမိစိတ်အလို တောင့်တတဲ့အတိုင်း
ပြီးမယ်..။ယခုလဲ ချမ်းသာမယ်၊ နောင်လဲ ချမ်းသာမယ်..။ ပစ္စပ္ပန်ချမ်းသာ..သံသရာချမ်းသာ နှစ်ဖြာကို ပေးစွမ်း
နိုင်တာဟာ ဘုရားရှင့် အဆုံးအမတော်ကလွဲလို့..တခြားမရှိဘူး..။ ဘုရားရှင်ဆုံးအမဆိုတာ ပိဋကသုံးပုံဘဲ..။
ပိဋကသုံးပုံဆိုတာ အလွန်ကျယ်ဝန်းတယ်..။ပိဋကသုံးပုံကို အဆီထုတ်ပါဆိုလျှင် ဗောဓိပက္ခိယတရားသုံးဆယ်
ခုနှစ်ပါး ရတယ်..။ဗောဓိပက္ခိယတရားသုံးဆယ့်ခုနှစ်ပါးကို အဆီထုတ်လျှင် သိက္ခာသုံးပါးရတယ်..။
သိက္ခာသုံးပါးဆိုတာ အဓိသီလ၊အဓိစိတ္တ၊အဓိပညာပါဘဲ..။ သိက္ခာသုံးပါးကို အဆီထုတ်လျှင် ဧကောဓမ္မော .တရားတစ်ခုရတယ်..။ရုပ်ပေါ်နာမ်ပေါ်မှာနေပြီး ယခုလို ဆောင်ထားတော့ ကာယကံသောင်းကျန်းမှု၊၀စီကံ
သောင်းကျန်းမှုမရှိဘူး..အဲဒါ အဓီသီလလို့ခေါ်တယ်..။ အဓိသီလ အားကောင်းလျှင် စိတ်တွေသောင်းကျန်းမှု
မရှိဘဲ ငြိမ်ဝပ်ပိပြားပြီး တည်နေတော့တယ်..အဲဒါ အဓိစိတ္တခေါ်တယ်..။အဓိစိတ္တ(သမာဓိ)အားကောင်းလို့
အချိန်ကြာလျှင် ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာမှ ဖန်တီးလို့ မဖြစ်ဘူး။ လျှပ်တပြက်အတွင်း ကုဋေတစ်သိန်း ဖြစ်ပြီး ပျက်နေတယ်..။ရုပ်ကို နာမ်က သိနေလျှင် ဖြစ်ပျက်ကို သိတော့တာဘဲ..။ဖြစ်ပျက်ကို သိတာ အဓိပညာလို့ ခေါ်တယ်..။
အများနားလည်အောင် ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာ ထင်ရှားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှာဖျားနှာဝမှာ
ထွက်လေ ၀င်လေနှစ်ရပ်ဟာ အမြဲတိုက်ဝင် တိုက်ထွက်နေတယ်..။ နှာဖျားနှာဝမှာ ကာယပသာဒအကြည်က
အထိခံ၊ ထွက်လေ၀င်လေဖြစ်တဲ့ လေနှစ်ရပ် ၀ါယောဖောဌဗ္ဗက ထိတယ်၊ထိုအထိခံနဲ့ ထိတာကရုပ်၊ သိတာက
နာမ်ဆိုတော့၊ ဒကာကြီးတို့..ဒကာမကြီးတို့ သူများမမေးနဲ့၊ ကိုယ်နှာဝကို ဥာဏ်နဲ့ စောင့်ကြည့်၊၊ ၀င်တော့ထိ ၀င်မယ်၊ ထွက်တော့လဲ ထိထွက်မယ်၊ထိတာကိုသိလျှင်၊ သိနေလျှင် လောဘ ဒေါသ မောဟဖြစ်ခွင့်မရလို့ လောဘမီး ဒေါသမီး မောဟမီးငြိမ်းတယ်၊ ငြိမ်းတော့အေးတယ်..။
မထိခင်ကလဲ သိလို့မဖြစ်ဘူး၊ ထိပြီးပြန်တော့လဲ သိလို့မဖြစ်ဘူး။ ထိတုန်းကိုသာ သိလို့ဖြစ်တယ်၊ အဲဒါကို ပစ္စုပ္ပန် တည့်တည့်လို့ဆိုတယ်..အဲသလို တထိထဲ ထိနေတာကို တဆက်ထဲ သိနေအောင် ဆောင်ကြဗျာ..တစ်ရက် ၂၄ နာရီ တစပ်လောက်ရလျှင် အလွန်သိသာပါတယ်။ အဲဒီလို ထိတာကို မသိမှတ်နိုင်ရင် လျှပ်တပြက်အတွင်းတွင် ဘဲ ကုဋေတစ်သိန်း အကြွေးတင်သွားရောဗျာ..။ထိတာကို သိနေလျှင် ရုပ်နဲ့နာမ်သာ ရှိပါကလားလို့ သိလိမ့်မယ်..။ရုပ်နာမ်မှတပါး ငါ၊သူတပါး၊ယောက်ျား၊မိန်းမ မရှိဘူးဆိုတာ ဘုရားရှင်၏ တရားတော် အမှန်ပါလား လို့ ကိုယ့်ဟာကို သိလိမ့်မယ်။ သူများကို မေးနေဘို့မလိုဘူး၊ နှာဖျားနှာဝမှာ လေထိတာကို သိနေလျင်၊ ထိုအချိန် မှာ အတ္တဆိုတဲ့ကိုယ် မရှိဘူး။
ထိုသိနေတဲ့ အချိန်မှာ ဥာဏ်အမြင်စင်ကြယ်တယ်၊ သမ္မာဒိဌိဖြစ်တယ်၊ ထိတာကို သိနေတဲ့ အချိန်မှာ ရုပ်နာမ် မှတပါး ဘာမျှမရှိပါလားလို့ သိတာကို နာမ်ရုပ်ကို ပိုင်းခြားပြီး သိလို့ ...နာမရူပပရိစ္ဆေဒ..လို့ခေါ်တယ်..။
တထိထဲထိ၊ တသိထဲသိ နေလျှင် အတ္တစင်၍ ဥာဏ်အမြင်စင်ကြယ်တဲ့ အကျိုးရတယ်..။ ဒါဟာ တဒင်္ဂပဟာန်၊
ခဏအချိန်ကလေးမှာ ရတဲ့အကျိုး၊နဲတယ်လို့ မမှတ်ကြနဲ့၊ ကမ္မဌာန်းထိုင်ရတာများ ဘာမှလဲ မတွေ့ပေါင်၊ ဘာမှ လဲ မရပေါင်..လို့များ မမှတ်လိုက်ကြပါနဲ့..မြင်မြတ်တဲ့ဘ၀..၊ ဘုရားသာသနာနဲ့ ကြုံကြိုက်တဲ့အခါမှာ ဒီလို အကျိုး ထူးများ ရနိုင်တယ်၊စားဘို့သောက်ဘို့ အသာထားပြီး အထူးကြိုးစားကြ...ို

Thursday, July 29, 2010

ဓမ္မရည်မှန်းချက်ကို အကောင်အထည်ဖေါ်ခြင်း(ဦးဂိုအင်ကာ)


ဗုဒ္ဓမြတ်စွာဘုရားလက်ထက်တော်အခါက ဒါရုစီရအမည်ရှိသော ပရိဗိုဇ်တဦးသည် ဤနေရာ ပတ်ဝန်းကျင်၌ တရား အားထုတ်နေစဉ်၊သမ္မာသမ္ဗုဒ္ဓတစ်ပါး ပွင့်တော်မူသည်ကို ကြားသိရပါသည်..။ သဗ္ဗညုတရွှေညာဏ်တော်ကို ရရှိသည့် ပုဂ္ဂိုလ်အား ဖူးတွေ့လိုသော စိတ်ဆန္ဒ၊ သံသရာမှ ကျွတ်လွတ်မှုလမ်းစဉ်ကို သိလိုသော စိတ်ဆန္ဒ၊ ပြင်းပြ ခိုင်မာစွာဖြစ်ပေါ်လာသည့်အတွက် ဒါရုစိရသည် သာဝတ္တိပြည်သို့ရောက်အောင် မိုင်ပေါင်းတစ်ထောင်ကျော် ခရီးကို လမ်းလျှောက်၍ သွားခဲ့ပါသည်..။ ဗုဒ္ဓမြတ်စွာဘုရားနှင့် တွေ့ရှိခါ အကျွတ်တရားကို ရရှိပြီး ရဟန္တာဖြစ်ခဲ့ပါသည်..။
ဤအရပ်မှ နောက်ဖြစ်ရပ်တစ်ခုကတော့၊ပုဏ္ဏအမည်ရှိသော ကုန်သည်တစ်ဦးသည် သာဝတ္တိပြည်သို့ အလုပ်ကိစ္စ ဖြင့် သွားရောက်ခဲ့ရာမှာ ဗုဒ္ဓမြတ်စွာဘုရားနှင့် တွေ့ရှိခဲ့ပါသည်..။ ကုသိုလ်ကံကောင်းလှသည့်အတွက် ၀ိပဿနာ တရား ကျင့်စဉ်အားထုတ်နည်းကို ကျင့်ကြံအားထုတ်ခဲ့ရာ တရားလမ်းပေါ်မှာလျှင် မြန်စွာတိုးတက်ခဲ့ပါသည်..။
ကုန်ကူးလုပ်ငန်းဖြင့် ဆက်လက်အသက်မွေး ၀မ်းကြောင်းပြုနေစဉ် စိတ်ဆန္ဒဖြစ်ပေါ်လာတာကတော့ ဤအံ့သြဘွယ် ကောင်းလှသော..ဒုက္ခအပေါင်းမှ လွတ်မြောက်စေသော၊ သံသရာမှ လွတ်မြောက်စေသော၊ တရား ကမ္မဌာန်းနည်း နိဿယကို ငါ၏ ဇာတိမြို့ရွာ၌ မည်သူမျှ မသိကြပါဘူး။ ငါ၏ အရပ်သူ အရပ်သားများ ဤတရားကမ္မဌာန်းကို တတ်သိ အားထုတ်ကြလျှင် သူတို့လည်း ငါကဲ့သို့ အကျိုးကျေးဇူး ခံစားရပါလိမ့်မည်..။

ဓမ္မရည်မှန်းချက်ကို အကောင်အထည်ဖေါ်ခြင်း (ဦးဂိုအင်ကာ)



(၂၀၀၆-ခုနှစ် မတ်လ ၁၉-ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ မဟာစေတီတော်ကြီး၏ လိုဏ်ဂူတော်
အောက်တွင် ပထမဦးဆုံးအကြိမ် တစ်ရက် တရားစခန်းကို ကျင်းပခဲ့စဉ် ၀ိပဿနာယောဂီပေါင်း
၅၀၀၀-ခန့် စုပေါင်း တက်ရောက်ခဲ့ကြပါသည်. တရားစခန်းကို ဆရာကြီး ဦးဂိုအင်ကာနှင့်မာတာကြီး
တို့ တက်ရောက်၍ တရားပြသခဲ့ပါသည်..။ အောက်ပါ စာပိုဒ်များမှာ တရားစခန်းအပြီးတွင် ယောဂီများ
အား ဆရာကြီး ဟောကြားခဲ့သော တရားဒေသနာမှ ထုတ်နုတ်ချက်ဖြစ်ပါသည်...)
ကျွန်ုပ်သည် ဤသို့များပြားလှစွာသော ၀ိပဿနာ မိသားစု အစုအဝေးကြီးကို တွေ့ရသည့်အတွက်
အလွန်တရာမျှ စိတ်ချမ်းမြေ့ရပါသည်။ အနာဂတ်တွင် ဤမဟာလိုဏ်ဂူကြီးအတွင်း၌ လူပေါင်း
ထောင်ပေါင်းများစွာ အတူတကွ တရားအားထုတ်ကြပါလိမ့်မည်..။ဤအနာဂါတ်ကို ကျွန်ုပ်၏ ရှေ့၌
ရိပ်ခနဲမြင်တွေ့ရပါသည်..။ ဗုဒ္ဓမြတ်စွာဘုရားက "သမဂ္ဂါနံ တပေါ သုခေါ" -အတူတကွ စုပေါင်း
တရားအားထုတ်ခြင်းသည် စိတ်ချမ်းသာမှုကို ဖြစ်စေပါသည်ဟု ဟောကြားထားခဲ့ပါသည်...
ဤကမ္ဘာလုံးဆိုင်ရာ မဟာစေတီတော်ကြီးထံသို့ လာရောက်သည့်အခါတိုင်း အကျွန်ုပ်သည် စိတ်
ပျော်ရွှင် ချမ်းမြေ့ရပါသည်..။ဤမြေသည် တရားအားထုတ်ဖို့အတွက်သာဖြစ်ပါသည်..။ဓမ္မသား
တစ်ဦးက ဤတန်ဖိုးမဖြတ်နိုင်သော မြေကို လှုစဉ်အခါက၊ ဤမြေသည် ကမ္မဌာန်းမြေ ဖြစ်တယ်
ဆိုတာကို ကျွန်ုပ်စိတ်ထဲ၌ အသေအချာ အပြည့်အ၀ မဖြစ်ပေါ်ခဲ့ပါ...။
သို့သော် ဤနေရာသို့ ရောက်လာသည့်အခါတိုင်း ဤဖြူစင်သော မြေကွက်သည် ကမ္မဌာန်းအား
ထုတ်ရန် နေရာဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုသည် ပိုမိုကြီးထွားလာခဲ့ပါသည်..ဤအရပ်အနီး၌
သူတော်စင်များစွာတရားအားထုတ်ခဲ့ကြဘူးပါသည်..။ ဤနေရပ်သည် ကျွန်ုပ်တို့ အားလုံးကို စွဲ
ဆောင်ခဲ့ပါသည်..။ ဤနေရပ်၏ စွဲဆောင်မှုအားသည် ကြီးမားလှပါသည်...။

dhamma giri - 10 days silent meditation



the pagoda of dhamma giri
the pagoda of dhamma giri
surrounded by hundreds of meditation cells to do serious work in silence
From Mumbai I continued to a little town called Igatpuri. Exactly in time to start the 10-days Vipassana meditation course I have had already registered for when I was in Bolivia.
In Igatpuri you find Dhamma-Giri - the seat of the Int. Vipassana Research Institute and biggest Vipassana-meditation center in the world.
Vipassana is a non-sectarian and non-religious meditation-technique discovered by Buddha. The technique was long lost in India but well preserved over generations in Burma, from where it got reintroduced to India by S.N. Goenka at the beginning of the 70's. This 10-day courses are donation-based and run by volunteers. Centers are spread all over the world today...
Inspired by my brother, who started to practice when he was in India about 3 years ago, I did a course in Switzerland already a year before. So I knew that it will be hard work - and it was. 9 out of 10 days without speaking, meditating the whole day long and not eating in the evening - a challenging task for everybody.
I struggled quite a bit, specially in the beginning, but it was a very important and valueable time for me again! Rewarding in so many aspects... And also very special because it happened over christmas - no celebration, just meditation...

May all beings be happy!

www.dhamma.org
the big dhamma-gong
the big dhamma-gong
waking us up at 4:00 am every morning - time to meditate!



Wednesday, July 28, 2010

ဆင်တဲမှ အပြန် ..

ညလဲနက်ပြီမို့ အိပ်မလို့ပြင်ကာမှ..ကွန်ပျူတာဖွင့်ခြင်စိတ်ပေါက်တာနဲ့ ကွန်ပျူတာလေးကို ဖွင့်လိုက်တယ်.. ထုံးစံအတိုင်း ဘလောဂ်တွေဆီ လိုက်လယ်တယ်..လည်ရင်း လည်ရင်းနဲ့ ဆင်တဲကဖေး ရောက်သွားတယ်...(ဆင်တဲကဖေးက လဘက်ရည်လဲ အလကားတိုက်တယ်..ဟီး)..ရယ်စရာလေးတွေ ဖတ်ရလို့ တစ်ပါးတည်း အခန်းထဲမှာ ရယ်နေမိတယ်..ဟုတ်တယ်လေ..ဘယ်လိုဘဲဖြစ်ဖြစ် စာလေးဖတ်ပြီး စိတ်ကြည်နူးရလို့ ဆင်တဲကို ကျေးဇူးတင်နေမိတယ်..
ဆင်တဲကဖေး၏ စင်ကာပူမြေပေါ်မှအလွဲများ ဟာသထဲမှာ..စင်ကာပူမှာ မြန်မာမိန်းကလေးတစ်ယောက် ပြောပုံလေးက This is not your hot..This is my hot..တဲ့..ဒါ မင်းအပူ မဟုတ်ဘူး ..ငါ့အပူပေါ့တဲ့..နောက်ပြီးတော့လဲ...စင်ကာပူက စက်ရုံတစ်ခုမှာ မြန်မာလူမျိုးလေး ပြောပုံကလည်း..အင်း… now 2nd shift က i နဲ့  two malaysia guy လေ။ နောက် night shift က two china guy နဲ့  one malaysia guy လေတဲ့....သဘောကျလို့..ပါ ......
မှန်ပေသည်...သူတစ်ပါး စိတ်ဆိုး စိတ်ညစ်အောင် လုပ်တာထက်စာရင် ပျော်ရွှင်ကြည်နူးရအောင် ၀မ်းသာရအောင် လုပ်ပေးတာက ပိုကောင်းပါသည်..မိမိအပြုအမူကြောင့် သူတစ်ပါး စိတ်ကြည်နူးသွားရရင် ကိုယ်တိုင်လဲ ပီတိ ဖြစ်ရတယ်..သူတစ်ပါးလည်း ပျော်ရွှင်ရတယ်... ဘယ်လောက်ကောင်းလဲ...
အသင်ရော..ကျွန်ုပ်ရော..လောကကြီးကို ဘယ်လောက် ပျော်ရွှင်အောင် လုပ်ပေးပြီးပြီလဲ

ဝါသနာပါတာလေးလုပ်ရင်း

အထုံဝါသနာကို စွန့်လွတ်နိုင်ခဲ၏..လူအမျိုးမျိုး ရှိသလိုလို ၀ါသနာအမျိုးမျိုး စရိုက်အမျိုးမျိုးရှိပေသည်.. စာဖတ်ဝါသနာပါသူ..ရုပ်ရှင်ကြည့်ဝါသနာပါသူ.ဟင်းချက်ဝါသနာပါသူ..သစ်ပင်စိုက်ဝါသနာပါသူ. ပိုကာဒေါင်းတာဝါသနာပါသူ..ခရီးသွားဝါသနာပါသူ..တစ်ချိုကျအ၀တ်အစားဖက်ရှင်ကျကျဝတ်ရတာ ၀ါသနာပါတယ်..ဤသို့ ၀ါသနာ..၀ါသနာဟူ၍ အမျိုး စုံလင်လှပေသည်..
မိမိဝါသနာပါတာလေးကို လုပ်နေရတော့ စိတ်ထဲမှာ လန်းလို့ ရွှင်လို့..စိုင်းထီးဆိုင်ဆိုသလို မောတော့ မောတာပေါ့..ဒါပေမဲ့ ..မမောပါဘူး...ဆိုသလဲဘဲ ၀ါသနာပါတာလေး လုပ်နေရတော့ စိတ်ထဲ ပင်ပန်းနေ ပေမဲ့..ပင်ပန်းတယ်လို့ မထင်ရဘူး..၀ါသနာပါတာကို...လုပ်နေတာ..အပြစ်ရယ်လို့ ပြောတာလဲ မဟုတ်ဘူး..၀ါသနာဟူသည် တစ်ချို့ကျပြန်တော့လည်း အသက်အရွယ်အလိုက် ၀ါသနာပြောင်းသည် ထင်ပါသည်..ငယ်ငယ်က shopingထွက်ရတာ ၀ါသနာပါပေမဲ့ အသက်အရွယ်လေး အတန် အသင့် ရောက်လာ တော့ သစ်ပင်စိုက်တာ ၀ါသနာပါလေသည်...ဘယ်လိုဘဲ ၀ါသနာပါပါ.. ကိုယ်ဝါသနာပါတာလေးတွေကို လုပ်ရင်း ကုသိုလ်စိတ်ဖြစ်အောင် မွေးမြူတတ်ဘို့လိုပါသည်..မိမိစိတ်လေးကို အလိုမလိုက်ဘဲ ကောင်းမွန်သော လမ်းကြောင်းပေါ်သို့ ရောက်အောင် မိမိကိုယ်တိုင်သာ ပို့ဆောင်ရပေမည်..သို့မှသာ မိမိစိတ်ငြိမ်းချမ်းရာ အစစ်သည် စစ်မှန်သော ငြိမ်းချမ်းမှုဖြစ်ပေမည်...

TalkIt

မနက်ခင်း အားနေတာနဲ့မို့ ကွန်ပျူတာလေး ဖွင့်ပြီး ထိုင်ကြည့်နေလိုက်တယ်..ဘာရယ်လို့ မဟုတ်ပေမဲ့..ကွန်ပျူတာထဲမှာ ရှိတဲ့..Talk It softwear အကူအညီလေးနဲ့ စာဖတ်ကြည့်အုံးမယ်ဆိုပြီး စမ်းဖွင့်မိတယ်..အမယ်..မဆိုးဘူးဗျ..အဲဒီ Talk It ထဲမှာ မိမိဖတ်ခြင်တဲ့ စာလေးရိုက်ထည့်..ရိုက်ပြီးရင် Talk Itဆိုတာလေး နှိပ်လိုက်..ဒီsoftwearလေးက အသံလေး ထွက်ပြီး ဖတ်ပေးတယ်..အရင်တွေ့ဘူးနေတာက words လေးတွေလောက် အသံထွက်ပေးတယ်..ဒါလေးကတော့ ၀ါကျလေးရောဖတ်ပြီး အသံထွက်ပေးတယ်ဆိုတော့ သဘောကျတယ်..တစ်ခါတည်း Reading skillရော listening skillရော ရသွားတယ်..နောက်ပြီး ဘောက်လေးထဲ ထည့်ရိုက်ရတော့ writting skillရော ရသွားတယ်..ကိုယ်သိတာလေးကို ပြောပြတာပါ..ဒီထက် ကောင်းတာလဲ ရှိခြင်ရှိနိုင်ပါတယ်..စမ်းသုံးကြည့်လေ..TalkItကို... သုံးကြည့်ခြင်တယ်ဆိုရင် ဒီဆိုက်http://talk-it.en.malavida.com/လေးမှာ ၀င်ဒေါင်းလိုက်...

Tuesday, July 27, 2010

သန္တိ

ညနေ လေနုအေးသည်...အခန်းစီးကို ကြည်စယ်လှုပ်ခဲ့နေ၏..ယိမ်းယိမ်းလေး နွဲ့နေသော ခံစီးပုဝါလေးနဲ့
အတူ စိတ်သည်..လွင့်ပျန့်သွားလေသည်..နေ့ခင်းမှာလည်း စာတွေ့ကြည့်ဖြစ်ပါသည်..အတော်ကြာ
သည်အထိ တစ်ထိုင်တည်း ကြည့်မိသည်...မျက်စိညောင်းလာသဖြင့် ကုလားထိုင်မှာ ထကာ..
သူငယ်ချင်းများ အခန်းဘက်ရှိရာသို့..ကြည့်မိသည်...
ဗီယက်နမ်ဘုန်းတော်ကြီးတစ်ပါး ဘုရား ရှိခိုးသံကြားရသဖြင့် ရင်ထဲ ကြည်နူးရပါသည်..ကိန်းဝပ်နေသော
ရင်ထဲက လိုခြင်မှုလောဘများ..မခံစားနိုင်သော အနိဌာရုံဒေါသဖြစ်စရာများ..နှလုံးသားအပူလှိုင်းများဖြင့်
တင်းမာနေသော စိတ်ကို အေးချမ်းစေအောင် ဘုရားတရားတော်များကို လိုက်နာခြင်းဖြင့် ဘ၀ကို ငြိမ်းချမ်း
အောင် လုပ်နိုင်ပေသည်...စစ်မှန်သော ငြိမ်းချမ်းမှုသည် ရင်ထဲတွင် ရှိပြီးသား...ထိုရှိပြီးသားကို ကိုယ်တိုင်
ဖေါ်ထုတ် စားသုံးနိုင်သော သူတော်ကောင်းများ ဖြစ်ကြဘို့သာ လိုပေသည်.....

ရှိခိုးပါသည်

မေတ္တာ ကရုဏာရှင် အလှူတော်

အကြောင်းအမျိုးကြောင့် ဆင်းရဲဒုက္ခ ရောက်နေသူများကို မေတ္တာ ဖြင့် စောင့်ရှောက်ခြင်း ကရုဏာဖြင့် ယုယခြင်း။ ပြည့်စုံသူတို့အား မုဒိတာပွားခြင်းတို့ သည် မြင့်မြတ်သော သူတော်သူမြတ်များ၏ လမ်းစဉ် ကျင့်စဉ် ဖြစ်သည်။
သူတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူတပည့်ဒကာ ဒကာမတို့သည် တစ်နေ့ တစ်နပ်စာ အစာအာဟာရ အလှူကြီးတစ်ခု ပြုလုပ်မည်ဖြစ်ပါသည်၊ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း သီတဂူသာသနာပြုအဖွဲ့မှ ကြေငြာထားပါသည်။

အလှူဌာန----- အင်စိန်ထောင်
အလှူခံ-------- အင်စိန်ထောင်သား (၈၀၀၀ ) ရှစ်ထောင်ကျော်။
နေ့ရက်------- ၁၃၇၂၊ ၀ါခေါင်လဆန်း (၁၁) ရက် (၂၁-၈-၂၀၁၀ စနေနေ့)။


သီတဂူ သာသနာပြုအဖွဲ့သို့ ဆက်သွယ်နိုင်ပါသည်။

ဖုန်း--၀၁-၅၈၁၇၇၇။ ၅၈၁၉၉၉.....ဒီပို့စ်လေးကို သီတဂူစတားဆိုက်ကနေ ဖတ်ရတော့ ၀မ်းလဲသာမိတယ်..သူတော်ကောင်းကြီးတွေရဲ့ စိတ်နေစိတ်ထားကို လေးလဲ လေးစားမိတယ်..မြင်မြတ်သူတိုရဲ့ နှလုံးသားသည် မြင့်မြတ်သော စိတ်နေစိတ်ထားအပြည့်အ၀ ရှိနေပေသည်..မြင့်မြတ်သော အပြုအမှု မြင့်မြတ်သော လုပ်ဆောင်ချက်တို့သည် အတ္တအရေခွံ ခွါထားသော ပုဂ္ဂိုလ်တို့၌သာတွေ့မြင်ရပေသည်..သူလိုလူ သူလို ပုဂ္ဂိုလ်မျိုးကို အားကျကြည်ညိုအားကျမိပါ၏...မိမိမလုပ်ဆောင်နိုင်သောလည်း ပုဂ္ဂိုလ်မြတ်ကြီးတို့၏ လုပ်ဆောင်ချက်ကို မုဒိတာကုသိုလ်ယူမိပါသည်...
သူတစ်ထူးတို့ရဲ့ လိုအပ်နေသော အရာကို ဖြည့်ဆောင်ပေးတတ်သော သူတော်ကောင်းကြီးတို့အတွက် သူတို့မှာ လည်း အရာရာ ပြည့်ဝနေသည်မှာ အမှန်ပင်..
သူတစ်ပါး အကျိုးစီးပွားကို လိုလားတတ်သော မေတ္တာ..သူတစ်ထူး ဒုက္ခရောက်နေတာမြင်တော့ သနားတတ်သော ကရုဏာနှလုံးသားနှင့် ပြည့်စုံသော သီတဂူဆရာတော်အား ရှိခိုးဦးချလိုက်ပါသည်..သူလိုလူ ..သူလိုဆရာတော်မျိုး ..အမိမြန်မာပြည်၌ များများထွန်းကား ပေါ်ပေါက်ပါစေဟု လေးနက်စွာ ဆုတောင်းမိပေသည်...

ကျေနပ်ပါတယ်

မိုးလေးကလဲ ဖွဲဖွဲလေး..ရွာလိုက်..ရပ်လိုက်နဲ့...တောင်လေကလဲ ဖြူးဖြူးလေး..တိုက်နေတယ်..
မနက်မိုးလင်းလို့.. အိပ်ရာထထခြင်း အားလုံးကို မေတ္တာပို့လိုက်တယ်..တကယ် တစ်လောက
လုံးမှာရှိတဲ့ အနန္တသတ္တ၀ါတွေ ကျန်းမာ ချမ်းသာ လိုရာဆန္ဒပြည့်ဝပါစေ..ဒီနေ့ နေ့လည်စာ
ဆွမ်းအတွက် ဘာချက်ရမှန်းကို မသိ..ဘီရိုလေးထဲ တံခါးဖွင့် ကြည့်လိုက်တော့ ကြက်ဥတော့
ရှိသေးတယ်...
ဘယ်လိုချက်ရမလဲ..ကြော်စားရမလား..ခရမ်းချဉ်သီးနဲ့ လုံးချက်လိုက်ရမလား...စဉ်းစားနေတယ်..
အင်း..ဆီကလဲ ရှိပါသေးတယ်...မီးဖိုချောင်ကလဲ လူရှင်းတယ်..ဗီယက်နမ် မဟာယာန
ဘုန်းကြီးတွေ အိပ်တုန်းထင်ပါ့.. စဉ်းစား လိုက်ပါ အုံးမယ်လေ ဆိုပြီး အခန်းထဲ ၀င်ပြီး
ကွန်ပျုတာလေးဖွင့်ကြည့်လိုက်တယ်..မိမိရေးနေတဲ့Thesisလေးကို ပြန်ကြည့်တယ်..
ဆရာမကြီးပြင်ပေးထားတဲ့အချက်တွေထောက်ပြထားတဲ့အချက်တွေရှိသေးတယ်..ဘယ်လိုပြင်ရမလဲ..
ဘယ်မှာထောက်ပြစရာတွေ ရှိသေးလဲ..အဆက်အစပ် အချိတ် အဆက် တွေ မိရဲ့လားဆိုပြီးပေါ့..
အင်း...စာသင်ရတဲ့ ဒုက္ခက မကျွတ်သေးဘူး...သူများတွေလို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးလေး
နေရတာ တစ်ခါတစ်လေအားကျပါရဲ့.(ဘယ်သူမှ စာသင်ခိုင်းနေတာတော့ မဟုတ်ပါဘူး ...ဟဲဟဲ)
.ဘာဘဲဖြစ်ဖြစ် လက်ရှိရပ်တည်နေရတဲ့ ကိုယ့်အဖြစ်လေးကို တွေးရင် ရင်ထဲကျေနပ်ပါတယ်...

Monday, July 26, 2010

မဆိုးနဲ့နော်

မဆိုးနဲ့နော်..သူ..ဆိုးရင်...ဒီက ဘယ်လိုလုပ်မလဲလို့..မနေတတ်ဘူး..ရင်ထဲမှာ... ၀မ်းနည်းတာတွေ.. စိတ်ဆင်း ရဲစရာတွေ..စိတ်ထဲ ကြာကြာသိမ်းမထားတတ်ဘူး..၀မ်းနည်းစရာတွေ ..စိတ်ဆင်းရဲစရာတွေ ရင်မှာအပြည့် သိမ်းထားရင်..ဒီစိတ်ကလေးက သနားစရာလေး ဖြစ်မှာပေါ့..စိတ်လေးမှာလဲ ခံစားတတ်တာပေါ့.. စိတ်ထဲခံစားရမှတော့ ..ဘယ်လို ကောင်းမလဲလို့..
ဤကား..မိမိကိုယ်ကို မိမိ စိတ်ကလေး..ကို သတိဖြင့် ထိမ်းကျောင်းရင်း ကလေးငယ်လေးပမာ ချော့မော့ ပြောပြ သတိပေးနေရလေသည်..မှန်လှပေသည်...
စိတ်ဆိုသည်မှာ..အပျော်အပါးတွေ ကြိုက်တတ်သမို့...ထိုအပျော်အပါးနောက်ကို..အကန့်အသတ်မရှိ လွှတ်ထား လေက.. သွားခြင်ရာကို သွားပြီး နောက်ဆုံး ပူပန်မှုတွေ ၀မ်းနည်းမှုတွေနဲ့ အဆုံးသတ်ရပေလိမ့်မည်...၀မ်းသာမှု ဖြစ်ရလည်း ထို ၀မ်းသာပျော်ရွှင်ကြည်နူးမှုသည် သတိလက်လွတ်ခြေက နောက်ဆုံးရင်ခွင်သည်.. ၀မ်းနည်း မှု ပူဆွေးမှုတို့ဖြင့် အဆုံးသတ်ရပေသည်...
ထိုကြောင့်..မိမိစိတ်ကလေးကို မိမိ..မဆိုးနဲ့နော်..သူ..ဟု သတိလေးမွေးကာ ထိမ်းကျောင်းရပေမည်...

ငယ်ငယ်က ၀ါဆိုလပြည့်

ဝါဆိုလပြည့်လေ..၀ါဆိုလပြည့်မှာ အမှတ်တရလေးတွေ စဉ်းစားမိတယ်..ယနေ့ ကြီးလာမှ ပြည့်တဲ့ ၀ါဆို လပြည့်နဲ့..ငယ်ငယ်က ၀ါဆိုလပြည့် ဘာများ ကွာသလဲလို့ စဉ်းစားမိတယ်..ငယ်ငယ်က ၀ါဆိုလပြည့်က အရမ်း ရင်ခုန်တယ်..စိတ်လှုပ်ရှားတယ်...ရင်မောခဲ့ဘူးတယ်..ဒီလို ၀ါဆိုလပြည့်မျိုးမှာ..သူပေါ်လာမှာကို မျှော်မိပေမဲ့.. တွေ့ရ မြင်ရ ကြားရမှာလဲ ရင်ထဲ တစ်မျိုးကြောက်တယ်..သူ မပေါ်လာရင်လဲ စိတ်ထဲ နောက်ကျလိုက်တာ ဆိုပြီး ကျွဲမီးတိုမိတယ်..
ဟုတ်တယ်လေ...သူက ဘ၀အတွက် အရေးအကြီးဆုံးမို့လား..သူလာမှဖြစ်မှာ..သူမလာလို့မဖြစ်ဘူး..ညည အတော်နဲ့ အိပ်မရဘူး..သူ့ကို တွေးမိတိုင်း ပျော်ရွင်သလိုလဲ ခံစားရတယ်..၀မ်းနည်တာတွေလဲ ခံစား ရတယ်..သူအကြောင်း...သူငယ်ချင်းတွေနဲ့လဲ ပြောတယ်..သူငယ်ချင်းတွေကလဲ ..သူ့ကို လေးစားကြ မြတ်နိုး ကြတယ်...ကိုယ့်လို့ဘဲ သူငယ်ချင်းတွေက သူ့ကို မျှော်ကြတယ်...ဒါပေမဲ့...သူငယ်ချင်းတွေလဲ သူ့ကို ရင်ဆိုင်ရမှာ..ကြောက်ကြတယ်...သူနဲ့ ပတ်သက်ရင် အားလုံးက ရင်ခုန်တယ်..သူ မလာဘူးဆိုရင် ဖုန်းလေး ဆက်ဆက်ပြီး စုံစမ်းကြရတာလဲ ငယ်ငယ်က ၀ါဆိုလပြည့်ရဲ့ ခံစားမှုလေးပေါ့..
သူနဲ့တွေ့ပြီးရင် ..သူ့အကြောင်းသိပြီးရင် ..သူငယ်ချင်းတွေ တစ်စု လဘက်ရည်ဆိုင်မှာ ထိုင်ကြမယ်.. ပျော်ပျော်ပါးပါးကြီး နွဲကြမယ်..ပြောပြောပြီး ရင်ခုန်ကြရတာ အမောပေါ့...တစ်ချို့ဆို ရွာက အမေကိုတောင် သွားပြောမတဲ့...အမေပျော်ရအောင်...စိတ်ချမ်းသာရအောင်လို့ပေါ့..ကိုယ်က ..အမေတော့ ..သွားမတွေ့ပါဘူး.. (ရွာသွားစရာ ကားခမရှိလို့) သူနဲ့ ပတ်သက်ပြီး ..အမေ၀မ်းသာရအောင်..စာရေးပေးမယ်...အမေကလဲ ..သူ့ဆီကအကြောင်း ..သိရရင် စာလေးတော့ ရေးအုံးလို့..နွေရာသီ ရွာပြန်တုံးက အမေက မှာလိုက်တယ်..အင်း ..သူရယ်..မောလိုက်တာ..သူ့ဆီက..၀မ်းသာစရာလေး ကြားရပါစေလို့ဘဲ ဆုချွေရတော့မှာပေါ့.. သူ..... သိပ်သိပ်လွှမ်းမိုးတာဘဲ...
အင်း...ခုလိုတွေ ဆိုနေလို့...တစ်မျိုးမထင်ပါနဲ့...ငယ်ငယ်က အစိုးရစာမေးပွဲ ဂေဇက်က ဒီရက် ၀ါဆိုလပြည့် နားမှာထွက်တာလေ..အဲဒီဂေဇက်ကို ပြောတာပါ...အဲဒါကို ပြောတာပါ....ဟီ..ဟိ

မွန်မြတ်သော သတိ

လူတို့၏ စိတ်များသည် မကောင်းမှု၌ပင် မွေ့လျှော်မှုများ၏..သူတစ်ပါးကို မနာလိုခြင်း..သူတစ်ပါးပျက်စီးမှာကို တွေးတောခြင်း..ကိုယ့်ထက်သာ မနာလိုမှု ဖြစ်ခြင်းတို့ဖြင့် စိတ်ကို အညစ်အကြေးတင်ကြစေ လေသည်. .ဖြူစင်သော စိတ်သည် မည်းညစ်သောအကုသိုလ်ကြောင့် ယုတ်မာဆိုးသွမ်းရသည်...
နောက်ဆုံးဝယ် ထိုစိတ် သွားရာ ကို လိုက်မိလေသဖြင့် ..ကိုယ်၏ပင်ပန်းခြင်း..စိတ်၏ ပင်ပန်းခြင်း ..ကိုယ်စိတ်နှစ်ပါး၏ ပင်ပန်းခြင်းတို့ဖြင့်.. ကိုယ့်နှလုံးသားကို ကိုယ်တိုင်ပင် ပူလောင်အောင် လုပ်ရာရောက်ပေ သည်..တစ်ခြား တရားခံကို ရှာခြင်းဖြင့် ငြိမ်းချမ်းသော ဘ၀ကို မရရှိနိုင်ပေ...ဘယ်သူမပြု မိမိအမှုပင် မဟုတ်ရပါလား..
ရေကြောင့်ဖြစ်သော နွံကို ရေဖြင့် စင်ကြယ်အောင် ဆေးရသလို စိတ်ကိုလည်း မပြတ်သော သတိဖြင့် စောင့်ရှောက်ရပေမည်...မကောင်းရာကို တွေးတောနေသော စိတ်ကို ကောင်းရာသို့ရောက်အောင် မိမိ စိတ်ကလေးကို မွန်မြတ်သော သတိဖြင့် ဆုံးမရမည်..ဒေါသဖြစ်နေသော စိတ်ကို ဒေါသဖြစ်နေမှန်းသိပြီး မွန်မြတ်သော သတိလေးဖြင့် ထိမ်းကျောင်းပြီး မေတ္တာတရား ပွားများအောင် ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် ဆုံးမပေမှ...ငြိမ်းချမ်းသော ဘ၀ကို ရရှိကြပေလိမ့်မည်...

Friday, July 23, 2010

သုံးပါးကျောင်းဆရာတော်၏ ဒါန


နယူးယောက် သုံးပါးကျောင်း ဆရာတော်သည် ဒါနဇ္ဈာသယ လွန်စွာအားကြီးတော်မူသည်..အမေရိကန်တွင် နေသော်ငြားလည်း မိမိ ငယ်ဆရာများကို မမေ့..ဆရာသမားကျေးဇူးကို လွန်စွာမှပင် သိတတ်သော ဆရာတော် တစ်ပါးဖြစ်လေသည်..မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ် ငယ်ဆရာ ၀ါဆိုဆရာတော်ဘုရားကြီးနှင့် မတ္တရာသူဌေး ဆရာတော်တို့အား အခါအခွင့်သင့်တိုင်း လှူလေ့ရှိသည်..
အမေရိကန်ကနေ လူကြုံကောင်းတိုင်း ဆေးဝါးပစ္စည်းများ န၀ကမ္မငွေကြေးများကို လှူကြုံဖြင့် နှစ်စဉ်နှစ်တိုင်း လှူလေ့ရှိပါသည်.. ကတညုတ ကတဝေဒီဂုဏ်နှင့် လွန်စွာမှ ပြည့်စုံသော ဆရာသမားတစ်ဦး ဖြစ်ပေသည်..ယခုလည်း မြန်မာပြည်သို့ ခေတ္တခဏ ပြန်လာခိုက်...နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသော ကျိုက်လတ် ပုဗ္ဗာရုံကျောင်းကို ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်က ပြုပြင်လှူဒါန်းလေသည်..
ထိုကျောင်းတော်ကြီး ပြုပြင်တည်ဆောက်ရန်အတွက် နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခ က မိဘနှစ်ပါးနှင့် သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီးကို အမှုးထားပြီး မြန်မာငွေကျပ် သိန်းနှစ်ဆယ်ကို ၀ါဆိုဆရာတော် ရှေ့မှောက်၌ လှူဒါန်းသွားပါသည်....
နယူးယောက် သုံးပါးကျောင်းဆရာတော် ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ သာသနာပြုနိုင်ပါစေကြောင်း ဆုမွန်းကောင်းတောင်းလိုက်ပါတယ်ဘုရား

သုံးပါးကျောင်းဆရာတော်နှင့် မိမိ


နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခ သည် မြန်မာပြည်တွင် နေစဉ်က မန္တလေး မဟာဝိသုဒ္ဓါရုံတိုက် မတ္တရာသူဌေးတန်းကျောင်းတွင် သီတင်းသုံးခဲ့ပါ သည်..မဟာဝိသုဒ္ဓါရုံတိုက်သစ်တွင် နေစဉ်ကပင် မိမိသည် သုံးပါးကျောင်းဆရာတော်အား ရင်ထဲတွင် အမှတ် ထင်ထင် ရှိခဲ့ပါသည်..တိုက်တာအရေး တပည့်တွေအရေးတွေနဲ့ မအားတဲ့ကြားက မိမိတို့ဝါဆိုကျောင်းနှင့် ရတနာပုံရွှေနှင်းဆီနှင်းကျောင်းကြားရှိ ခုံတန်းလျှားလေးပေါ်တွင် ညနေတိုင်း ကြွကြွလာပြီး လူငယ်များနှင့် တရင်းတနှီး ဆက်ဆံပြောဆိုလေ့ရှိသည်ကို မိမိရင်ထဲတွင် ယနေ့တိုင် အမှတ်တရ ရှိခဲ့ပါသည်..
မိမိငယ်စဉ်ကတည်းက နယူးယောက် သုံးပါးကျောင်း ဆရာတော်သည် ဘန်ကောက်သို့ ကြွလိုက် မြန်မာပြည် ပြန်လာလိုက်ဖြင့် ဆရာတော်၏ အတွေ့အကြုံများကို ကြားရတိုင်း စာရေးသူ မိမိသည် အံ့သြအားကျ ကြည်ညိုခဲ့ရပါသည်...
ယနေ့ချိန်တွင် ဆရာတော်သည် နယူးယောက်တွင် သာသနာပြုနေသလို မိမိသည်လည်း ကံတရား လေနှင်ရာ ပျံသန်းနေရပါသည်..ဆရာတော်နှင့် မိမိသည် လူခြင်း မတွေ့ရပေမဲ့ အွန်လိုင်းပေါ်မှာတော့ ဆရာတော့် တရား များကို နေ့စဉ်လို နာနေရပါသည်...မိမိကား ဆရာတော်၏ လေလှိုင်းပေါ်မှ တရားတော်များကို နာယူရင်း ...

သီတဂူဆရာတော်နှင့် နယူးယောက်သုံးပါးကျောင်း ဆရာတော်

နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခသည် စာရေးသူ၏ ငယ်ဆရာဖြစ်သလို.. ဆရာတူ တပည့်လည်း ဖြစ်ပါသည်..မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ် ဇယမေဒနီဝါဆိုဆရာတော်ဘုရားကြီးသည် နယူးယောက် သုံးပါးကျောင်းဆရာတော်၏ ငယ်ဆရာဖြစ်သလို စာရေးသူ၏ ငယ်ဆရာ ဥပဇ္ဈာယ်လည်း ဖြစ်ပါသည်...မြန်မာပြည် မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ် ၀ါဆိုကျောင်းတွင် နေစဉ်က နယူးယောက် သုံးပါးကျောင်းဆရာတော်ထံ သြ၀ါဒတွေကို နာယူပြီး ဘ၀ကို စခဲ့ရပါသည်..
နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခသည် အရွယ်နှင့်မမျှအောင် နုပျိုသလို လောကကြီးကိုလည်း ပေါ့ပေါ့ပါးပါးလေးနဲ့ ဖြတ်သန်းပါသည်..ယနေ့ချိန်ထိ ဆရာတော်သည် ..ဟိတ်ဟန်မာနမရှိဘဲ...စာရေးသူတို့ကို အွန်လိုင်းမှာတွေ့တိုင်း နောက်ပြောင် ပြောဆို သြ၀ါဒ ပေးတတ်ပါ သည်... တစ်ခါတစ်ရံ မိမိမှာ အမှားပြောမိ၍ သုံးပါးကျောင်းဆရာတော်ကို ကြောက်ရွံ့ ရိုသေပေမဲ့.. ဆရာတော်သည် အပြစ်မယူဘဲ မိမိအား ငယ်စဉ်ကလိုပင် ကျီစယ်နောက်ပြောင်နေလေ့ရှိပါသည်...
ယနေ့ချိန်တွင် နောင်တော်ကြီး အရှင်ပါမောက္ခသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် သာသနာပြု သီတင်းသုံးနေပါသည်..
သီတဂူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော်သည် အမေရိကန်နိုင်ငံ နယူးယောက် ကြွလာခိုက် အရှင်ပါမောက္ခသည် တပည့်ကောင်းပီသစွာ သီတဂူဆရာတော်၏ ၀တ်ကြီးဝတ်ငယ်များကို ကိုရင်ငယ်ပမာ ပြုစုပေးပါသည်..
ဤဆောင်းပါးဖြင့် နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခအား ဦးခိုက်လျှက်...
အရှင်နာဂ..