အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Tuesday, July 27, 2010

ရှိခိုးပါသည်

မေတ္တာ ကရုဏာရှင် အလှူတော်

အကြောင်းအမျိုးကြောင့် ဆင်းရဲဒုက္ခ ရောက်နေသူများကို မေတ္တာ ဖြင့် စောင့်ရှောက်ခြင်း ကရုဏာဖြင့် ယုယခြင်း။ ပြည့်စုံသူတို့အား မုဒိတာပွားခြင်းတို့ သည် မြင့်မြတ်သော သူတော်သူမြတ်များ၏ လမ်းစဉ် ကျင့်စဉ် ဖြစ်သည်။
သူတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူတပည့်ဒကာ ဒကာမတို့သည် တစ်နေ့ တစ်နပ်စာ အစာအာဟာရ အလှူကြီးတစ်ခု ပြုလုပ်မည်ဖြစ်ပါသည်၊ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း သီတဂူသာသနာပြုအဖွဲ့မှ ကြေငြာထားပါသည်။

အလှူဌာန----- အင်စိန်ထောင်
အလှူခံ-------- အင်စိန်ထောင်သား (၈၀၀၀ ) ရှစ်ထောင်ကျော်။
နေ့ရက်------- ၁၃၇၂၊ ၀ါခေါင်လဆန်း (၁၁) ရက် (၂၁-၈-၂၀၁၀ စနေနေ့)။


သီတဂူ သာသနာပြုအဖွဲ့သို့ ဆက်သွယ်နိုင်ပါသည်။

ဖုန်း--၀၁-၅၈၁၇၇၇။ ၅၈၁၉၉၉.....ဒီပို့စ်လေးကို သီတဂူစတားဆိုက်ကနေ ဖတ်ရတော့ ၀မ်းလဲသာမိတယ်..သူတော်ကောင်းကြီးတွေရဲ့ စိတ်နေစိတ်ထားကို လေးလဲ လေးစားမိတယ်..မြင်မြတ်သူတိုရဲ့ နှလုံးသားသည် မြင့်မြတ်သော စိတ်နေစိတ်ထားအပြည့်အ၀ ရှိနေပေသည်..မြင့်မြတ်သော အပြုအမှု မြင့်မြတ်သော လုပ်ဆောင်ချက်တို့သည် အတ္တအရေခွံ ခွါထားသော ပုဂ္ဂိုလ်တို့၌သာတွေ့မြင်ရပေသည်..သူလိုလူ သူလို ပုဂ္ဂိုလ်မျိုးကို အားကျကြည်ညိုအားကျမိပါ၏...မိမိမလုပ်ဆောင်နိုင်သောလည်း ပုဂ္ဂိုလ်မြတ်ကြီးတို့၏ လုပ်ဆောင်ချက်ကို မုဒိတာကုသိုလ်ယူမိပါသည်...
သူတစ်ထူးတို့ရဲ့ လိုအပ်နေသော အရာကို ဖြည့်ဆောင်ပေးတတ်သော သူတော်ကောင်းကြီးတို့အတွက် သူတို့မှာ လည်း အရာရာ ပြည့်ဝနေသည်မှာ အမှန်ပင်..
သူတစ်ပါး အကျိုးစီးပွားကို လိုလားတတ်သော မေတ္တာ..သူတစ်ထူး ဒုက္ခရောက်နေတာမြင်တော့ သနားတတ်သော ကရုဏာနှလုံးသားနှင့် ပြည့်စုံသော သီတဂူဆရာတော်အား ရှိခိုးဦးချလိုက်ပါသည်..သူလိုလူ ..သူလိုဆရာတော်မျိုး ..အမိမြန်မာပြည်၌ များများထွန်းကား ပေါ်ပေါက်ပါစေဟု လေးနက်စွာ ဆုတောင်းမိပေသည်...

No comments:

Post a Comment