အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Wednesday, July 28, 2010

ဆင်တဲမှ အပြန် ..

ညလဲနက်ပြီမို့ အိပ်မလို့ပြင်ကာမှ..ကွန်ပျူတာဖွင့်ခြင်စိတ်ပေါက်တာနဲ့ ကွန်ပျူတာလေးကို ဖွင့်လိုက်တယ်.. ထုံးစံအတိုင်း ဘလောဂ်တွေဆီ လိုက်လယ်တယ်..လည်ရင်း လည်ရင်းနဲ့ ဆင်တဲကဖေး ရောက်သွားတယ်...(ဆင်တဲကဖေးက လဘက်ရည်လဲ အလကားတိုက်တယ်..ဟီး)..ရယ်စရာလေးတွေ ဖတ်ရလို့ တစ်ပါးတည်း အခန်းထဲမှာ ရယ်နေမိတယ်..ဟုတ်တယ်လေ..ဘယ်လိုဘဲဖြစ်ဖြစ် စာလေးဖတ်ပြီး စိတ်ကြည်နူးရလို့ ဆင်တဲကို ကျေးဇူးတင်နေမိတယ်..
ဆင်တဲကဖေး၏ စင်ကာပူမြေပေါ်မှအလွဲများ ဟာသထဲမှာ..စင်ကာပူမှာ မြန်မာမိန်းကလေးတစ်ယောက် ပြောပုံလေးက This is not your hot..This is my hot..တဲ့..ဒါ မင်းအပူ မဟုတ်ဘူး ..ငါ့အပူပေါ့တဲ့..နောက်ပြီးတော့လဲ...စင်ကာပူက စက်ရုံတစ်ခုမှာ မြန်မာလူမျိုးလေး ပြောပုံကလည်း..အင်း… now 2nd shift က i နဲ့  two malaysia guy လေ။ နောက် night shift က two china guy နဲ့  one malaysia guy လေတဲ့....သဘောကျလို့..ပါ ......
မှန်ပေသည်...သူတစ်ပါး စိတ်ဆိုး စိတ်ညစ်အောင် လုပ်တာထက်စာရင် ပျော်ရွှင်ကြည်နူးရအောင် ၀မ်းသာရအောင် လုပ်ပေးတာက ပိုကောင်းပါသည်..မိမိအပြုအမူကြောင့် သူတစ်ပါး စိတ်ကြည်နူးသွားရရင် ကိုယ်တိုင်လဲ ပီတိ ဖြစ်ရတယ်..သူတစ်ပါးလည်း ပျော်ရွှင်ရတယ်... ဘယ်လောက်ကောင်းလဲ...
အသင်ရော..ကျွန်ုပ်ရော..လောကကြီးကို ဘယ်လောက် ပျော်ရွှင်အောင် လုပ်ပေးပြီးပြီလဲ

No comments:

Post a Comment