အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Friday, July 23, 2010

သီတဂူဆရာတော်နှင့် နယူးယောက်သုံးပါးကျောင်း ဆရာတော်

နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခသည် စာရေးသူ၏ ငယ်ဆရာဖြစ်သလို.. ဆရာတူ တပည့်လည်း ဖြစ်ပါသည်..မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ် ဇယမေဒနီဝါဆိုဆရာတော်ဘုရားကြီးသည် နယူးယောက် သုံးပါးကျောင်းဆရာတော်၏ ငယ်ဆရာဖြစ်သလို စာရေးသူ၏ ငယ်ဆရာ ဥပဇ္ဈာယ်လည်း ဖြစ်ပါသည်...မြန်မာပြည် မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ် ၀ါဆိုကျောင်းတွင် နေစဉ်က နယူးယောက် သုံးပါးကျောင်းဆရာတော်ထံ သြ၀ါဒတွေကို နာယူပြီး ဘ၀ကို စခဲ့ရပါသည်..
နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခသည် အရွယ်နှင့်မမျှအောင် နုပျိုသလို လောကကြီးကိုလည်း ပေါ့ပေါ့ပါးပါးလေးနဲ့ ဖြတ်သန်းပါသည်..ယနေ့ချိန်ထိ ဆရာတော်သည် ..ဟိတ်ဟန်မာနမရှိဘဲ...စာရေးသူတို့ကို အွန်လိုင်းမှာတွေ့တိုင်း နောက်ပြောင် ပြောဆို သြ၀ါဒ ပေးတတ်ပါ သည်... တစ်ခါတစ်ရံ မိမိမှာ အမှားပြောမိ၍ သုံးပါးကျောင်းဆရာတော်ကို ကြောက်ရွံ့ ရိုသေပေမဲ့.. ဆရာတော်သည် အပြစ်မယူဘဲ မိမိအား ငယ်စဉ်ကလိုပင် ကျီစယ်နောက်ပြောင်နေလေ့ရှိပါသည်...
ယနေ့ချိန်တွင် နောင်တော်ကြီး အရှင်ပါမောက္ခသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် သာသနာပြု သီတင်းသုံးနေပါသည်..
သီတဂူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော်သည် အမေရိကန်နိုင်ငံ နယူးယောက် ကြွလာခိုက် အရှင်ပါမောက္ခသည် တပည့်ကောင်းပီသစွာ သီတဂူဆရာတော်၏ ၀တ်ကြီးဝတ်ငယ်များကို ကိုရင်ငယ်ပမာ ပြုစုပေးပါသည်..
ဤဆောင်းပါးဖြင့် နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခအား ဦးခိုက်လျှက်...
အရှင်နာဂ..

No comments:

Post a Comment