အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Tuesday, July 20, 2010

အကျနာလှပါဘိ

သာသနာ့သမိုင်းတွင် ဒေ၀ဒတ်သည် သံဝေဂရဖွယ် အကောင်းဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်...။ ရင်နာဖွယ်လည်း ကောင်း၏..။။သနားစရာလည်း ကောင်း၏..။သူသည် ..သာသနာတော်နှင့် ပတ်သက်၍ ဆိုဆုံးမရာတွင် လူကြမ်း အဖြစ် စံထား၍ ဆိုဆုံးမခံရသူဖြစ်၏..။ အဓမ္မနည်းကို အသုံးပြုလာလျှင် ဒီကောင်က ဒေ၀ဒတ်ပဲ ဟူ၍ မကောင်း ဘက်မှ စံပြအဖြစ် တင်ပြခံရသူဖြစ်၏...။ိ
ဒေ၀ဒတ်သည် သာကီဝင်မင်းသားဖြစ်၏..။ မလ္လာမင်းတို၏ နယ်မြေ အနုပိယ သရက်ဥယျာဉ်၌ အခြားသော သာကီဝင်မင်းသားများ ဖြစ်ကြသော ဘဒ္ဒိယ၊အနုရုဒ္ဓ၊အာနန္ဒာ၊ဘဂု၊ကိမိလ၊ ဆတ္တာသည် ဥပါလိနှင့်အတူ စုစုပေါင်း ခုနှစ်ယောက်တို့ တစ်ပြိုင်နက် မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုကြသူများ ဖြစ်ကြ၏...။
ဒေ၀ဒတ်သည် သာကီဝင်မင်းသားဖြစ်သည် ဆိုကတည်းက သူ၏ အတိတ်ကံကို မှန်းဆ၍ ရ၏..။ သူ၏..အတိတ်ကံကား....နှယ်နှယ်ရရ အတိတ်ကံမဟုတ်..။ ဈာန်သမာပတ်နှင့် အဘိညာဉ်ကို ရစေနိုင်စွမ်းသော အတိတ်ကံဖြစ်၏..။
သို့ရာတွင် သူ၏...အတိတ်ကံသည်...စာမေးပွဲကာလ တစ်လျှောက်လုံး..စာမှန်မှန် မကျက်ဘဲ အာပူတိုက်ထား သော မေးခွန်းနှင့် ကွက်တိတိုး၍ ဖြေဆိုနိုင်ပြီး ပထမစွဲသော ကံမျိုးသာဖြစ်၏..စည်းစနစ်တကျ မှန်မှန်ကန်ကန် ကျေကျေညက်ညက် ကျက်မှတ်ပြီး၊ မေးခွန်းများ အားလုံးကို ဖြေဆိုနိုင်ပြီး ပထမစွဲသော ကံမျိုးမဟုတ်..။
ထိုကြောင့် ဒေ၀ဒတ်၏ ကံမျိုးကို စာပေဝေါဟာရဖြင့် ဆိုရလျှင် ပါရမီမမြောက်သော ကံမျိုးဟူ၍ ဆိုရ၏..။
အရပ်သုံး ဝေါဟာရဖြင့် ဆိုရလျှင် ကြက်ကန်း ဆန်အိုးတိုး ကံမျိုး ဖြစ်၏..။သို့ဖြစ်၍သာ ရှင်ဒေ၀ဒတ်သည် ရခဲသော လူ့ဘ၀ကို ရခြင်း၊ လူ့ဘ၀ ဆိုရာတွင်လည်း မြင့်မြတ်သော သာကီဝင်မင်းသားဘ၀ဖြစ်ခြင်း၊ ရခဲသော ရဟန်းဘ၀ကို ရခြင်း၊ ရဟန်းဘ၀ဆိုသော်လည်း ဈာန်သမာပတ်နှင့် အဘိညာဉ်ဖြစ်ခြင်း၊ ထိုမျှလောက် ထူးချွန်သူ ဖြစ်ပြီး မြတ်စွာဘုရားရှင်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရပါလျှက် သူ၏ ဘ၀သည် အကျ နာလှပါ၏...သံဝေဂရ ဖွယ် ကောင်းပေစွ...
(ဦးရွှေအောင်)

No comments:

Post a Comment