အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Thursday, September 17, 2009

သူများအတင်းမပြောနဲ့

သားသား နဲ့ မီးမီးရေ..


မေမေ ပြော ဆို နေတဲ့ အကြောင်းအရာတွေ ၊ ပြစ်မှားကံတွေ အကြောင်း ။ သူတစ်ပါး အပေါ် အပြစ်တင် စိတ် မမွေး ဘို့အကြောင်း တွေ ရယ် အခုနောက် ဆုံးပြော ခဲ့ တာ က အတင်းမပြော နဲ့ ဆို တာရယ် ထိရောက်ခဲ့ ပါပြီနော်။

ပြစ်မှားတယ်၊ကဲ့ရဲ့တယ်၊ ဝေဖန်တယ်၊ အတင်းပြောတယ် ဆိုတာ တွေဟာ စကားလုံးတွေ အမျိုး မျိုး တပ်ပေမဲ့ တကယ့် သဘောတရားကတော့ သူတစ်ပါးရဲ့ ပျော့ ကွက်၊ အားနည်း ချက် ကို ကိုယ် က အမြင့် သူ့ကို အနိမ့်ထားပြီး ဖော်ပြတာ၊ တွေးတောတာ ၊ စိတ်ကူးတာ၊ပြောဆိုတာ ကို ခေါ်ပါတယ် ကလေးရေ..။

(နိဗ္ဗာန်လိုချင် သူများအတင်းမပြောနဲ့။ ချမ်းသာလိုချင် သူများအတင်းမပြော နဲ့ )ဆို တဲ့ ဆုံးမ စကားဟာ ကျေးဇူးတော် ရှင် ထွဋ်ခေါင် ဆရာတော်ဘုရားကြီး မိန့်မှာခဲ့တဲ့ စကားပါ ကလေးတို့ရေ..။

မေမေတို့ရဲ့ ကျေးဇူးတော် ရှင် မြတ် စွာ ဘုရား က ရာဟုလော ဝါဒသုတ္တန် မှာ ဟောကြားခဲ့တာပါမြန်မာ လို ပြောရရင် (သူတစ်ပါးရဲ့ မကောင်းကြောင်းကဲ့ ရဲ့ ရှုတ် ချ စကားကို ရှေ့ မှာ လည်း မပြောရဘူး ၊နောက် ကွယ် မှာ လည်း မပြောရဘူးတဲ့..။)ဆုံးမ မယ် ဆိုတဲ့စိတ် နဲ့ ပြောဆို မယ် ဆိုရင် လည်း စဉ်းစား ပြီး ကုသိုလ် လား ၊ အကုသိုလ် လား ဆိုတာ ချိန်ဆပြီး ပြောရမယ် တဲ့..။

ကိုယ် ပြောတဲ့ စကား ဟာ အပူဓာတ် အရှိန် နဲ့ပြောတာလား၊ အအေးဓာတ်နဲ့လားဆိုတာ ခွဲခြားနေရမယ်။ဥပမာ ပေးရရင် သံလိုက် အိမ် မြှောင်လိုပဲနော် ။ အပူဓာတ် ဆို (အစုန်လမ်း၊) အအေးဓာတ် ဆိုရင်( အဆန်လမ်း )ဖြစ်ပါတယ်..။

မေမေ ကျေးဇူးတော်ရှင် ပိုင်းလော့ ဆရာတော် ကျောင်းမှာ တရားစခန်းဝင် တဲ့ အခါ လမ်း သုံးလမ်း ကို ဆရာတော် ဘုရားက သင်ကြားပေးခဲ့ပါတယ်။
၁။ အစုန်လမ်း
၂။ အဆန်လမ်း
၃။ နိဗ္ဗာန်လမ်း ဆို ပြီး ရှိပါ တယ် ကလေးတု့ရေ..။
အကုသိုလ် ဓာတ်များရင် အစုန်လမ်း ( အပါယ် လေးဘုံကိုစုန်ဆင်းရပါလိမ့်မယ်၊)
ကုသိုလ် ဓာတ်များရင်တော့ အဆန်လမ်း (လူ့ဘုံ၊ နတ် ပြည် ၆ထပ်၊ ဗြဟ္မာ ၂၀ဆို တဲ့ သုဂတိ ဘုံ ကို ဆန် ပါလိမ့်မယ်။)

နိဗ္ဗာန် လမ်း ကတော့ သုဂတိ ဘုံမှာ စံစားရမဲ့ ဒုက္ခ သစ္စာ၊ ဒုဂ္ဂတိ ဘုံမှာ ခံ စားရ မဲ့ ဒုက္ခ သစ္စာ ဤ ဒုက္ခ သစ္စာ တရား၂ပါး တို့ကို မခံစား ရစေတဲ့ လွတ် မြောက် နေတဲ့ ဝိမုတ္တိ သုခ ၊ အငြိမ်း ဓာတ် နိဗ္ဗန် ချမ်းသာ ရ မဲ့ ဝိပဿနာ တရားတို့ကို သင်ကြားပေးခဲ့ တာ ဖြစ်ပါတယ်..။
ကလေးတို့ကို မေမေ က အစုန်လမ်း ဖြစ် တဲ့ သံသရာ့ ချောက် ထဲ မကျရအောင် အရင် သင် နေတာ ဖြစ်ပါတယ် ကလေးရေ..။

တကယ်ကျင့်အားသန် တဲ့ ရဟန်း တွေ ၊ပုဂ္ဂိုလ် တွေဟာ အမြင် တစ်ချက်၊ အကြည့်တစ်ကွက် နဲ့ ဝေဖန် ဆုံးဖြတ်ရ ခက် လှပါ တယ် ကွယ် ။ စကားပြောနေရင်းနဲ့ ကို ပေါ်လာတဲ့ အာ ရုံ၊ ခန္ဓာ ငါးပါးတို့ကို လျင် မြန် သော ဉာဏ် ဖြင့် တဏှာ အစပ် ကို ဖြတ် နိုင် တတ်ကြတာ ကို မေ့ မထားပါနဲ့ ကလေးရေ။

ကလေးတို့ ပြစ်မှားမိမှာ စိုးလို့ပါကွယ်..။ အထင် သေးစကားဆိုမိကြရင် ကလေးတို့ ကျင့်ကြံ အားထုတ် ဆဲ တရား ဟာ မတိုးတက် တော့တဲ့ အပြင် အစုန်လမ်းကို ဆင်းစေနိုင် လို့ပါပဲ..။

မေမေ ကျေးဇူးတော်ရှင် အရှင် ဆန္ဒာဓိက ဟော ကြားတဲ့ တရားတစ် ပုဒ် ထဲ မှာ ဆရာတော် ဘုရား ပြန် ပြော ပြတာ မှတ် ထားဘူးတယ်။ ဆရာတော် ဘုရားတို့ ကားနဲ့ ခရီးထွက် ရင်းကားထဲက ကက် ဆက် နဲ့ တရားတော်တွေနာ ယူကြပါတယ်။ အဲ ဒီ တုံးကတရားနာ ယူခဲ့ တဲ့တရားတော် ဟာ ကျေးဇူးတော်ရှင် ဓမ္မ ဒူတအရှင် ဆေကိန္ဒ ဆရာတော် ဘုရားရဲ့ တရား ဖွင့်ထားတာ ပါ..။

အဲဒီတရားတော် ထဲမှာ..။ ( ဘုန်းကြီးတို့က ပုထုဇဉ်ပဲ ရှိသေးတယ် )ဆိုတဲ့စကားလုံးပါသွားတာ ပေါ့လေ..။ဒါကို ကြားလိုက် တဲ့ကားပေါ်မှာ အတူစီးနင်းလိုက်ပါလာတဲ့ လူပုဂ္ဂိုလ် တစ် ဦးက ချက်ချင်းဝေဖန် ပြစ်မှား လိုက် တယ်..( ဟင် သည် လောက် ပညာ တွေသင် တရားတွေ ဟော နေပြီးပုထု ဇဉ် ပဲ ရှိသေးတာလား)ပေါ့လေ..။

ဆရာတော် အရှင် ဆန္ဒာ ဓိက က ဒကာ ကြီး သည် လို မဆိုနဲ့..အကြောင်း အပြည့် အစုံ မသိပဲ လျှပ် တပြက် မစွပ် စွဲသင့် ကြောင်းပြော ဆို ဆုံးမ ပါတယ်၊ နောင် တော် ကြီး ဓမ္မ ဒူတ သည် စကားကို ဆို တာ ဘုရားဆုပန် ထားလို့လည်း ဖြစ် နိုင် ပါတယ်တဲ့။ကိုယ်မှမသိနိုင်တာ အကုသိုလ် မဖြစ်စေနဲ့တဲ့ ပြော ဆိုခဲ့ရပါတယ် တဲ့ကလေးရေ..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးက လူ တစ်ယောက် ကို ဝေ ဖန်တော့ မယ် ဆိုရင်
ကာလကြာရှည်စွာ အတူနေထိုင်ဘူးရမယ်၊ နောက် ပြီး ထို သူအကြောင်း။စိတ် ဓာတ် နဲ့ လုပ်ရပ်ကို ထဲထဲဝင် ဝင် စိတ် ဝင် စား မှု ရှိေ နရမယ်၊ ပြီးတော့ ဝေဖန် ပိုင်းခြားနိုင်တဲ့ အရည် အသွေးကိုယ့် မှာ ရှိ နေ မှသာ ပြောပါ လို့ ဆုံးမ တော် မူပါတယ် ကလေးရေ..။

အပြု သဘော နဲ့ ပြော ရင် တောင် သမ္ပဇဉ် တရားလေးပါးနဲ့ ကိုက် ညီမှသာ ပြောဆို ပါလို့ မှာ ကြားပါတယ်။ သမ္ပဇဉ် တရားလေးပါးကို တော့ နောက် တစ်ပုဒ် ထပ်ရေးပါမယ် ကွယ်..။၊ ပြစ် မှား ကံ တွေ ဟာ ကြောက်စရာကောင်းလောက် အောင် အစုန်လမ်းကို ပို့ ပေးစေတတ်လို့ပါကလေးတို့ရေ.။

ကျေးဇူးတော်ရှင် သီတဂူ ဆရာတော်ဘုရားကြီးက ဝေနေယျ တွေ အကုသိုလ် မဖြစ်ကြရလေအောင် အတိ အလင်းပဲ ၊ ဆရာတော် ဘုရားရေးသားတဲ့ စာအုပ် နောက် ဖုံးမှာ..( ကျွန်ပ်သည် ဘုရားဆုပန်ထားသော သာ မာန် ရဟန်းမျှသာ ဖြစ်ပါသည်) လို့ေ ဖါ် ပြထားပါတယ် ကလေးတို့ရေ..။
ကလေးတို့ရေ.. အတင်းစကားတွေရှေုာင် ကျဉ် ပြီးအလင်းစကားများသာ ပြောဆိုကြပါစို့ရဲ့..။


တစ်ကိုယ်ရေသုံး ကွန်ပျူတာများ Virus တိုက်ခိုက်

ကွန်ပျူတာသုံးစွဲသူများအနေနဲ့ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ အရေးကြီးတဲ့ data များအတွက် စက်များရဲ့ User account မှာ password ပေးထားကြပြီး အဲဒီ password များနဲ့ ကွန်ပျူတာထဲက data များအသုံးပြုလို့ မရအောင် Virus များ တိုက်ခိုက်လျက်ရှိပါတယ်။ ဒါ့အပြင် Folder များမှာ Show လုပ်လို့မရနိုင်တဲ့ Virus အသစ် တစ်မျိုးလည်း တိုက်ခိုက်လျက်ရှိပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့စက်မှာ Autorun ပါဝင်တာကြောင့်လည်း Virus များဟာ Click မနှိပ်ပေမယ့်လည်း အလိုအလျောက် ကူးစက်လွယ်ပါတယ်။ အဲဒီပြဿနာ တွေကတော့ worm လို့ခေါ်တဲ့ software ၀င်ရောက် တိုက်ခိုက်တာကြောင့် ဖြစ်ပါတယ်။ Virus problem တွေကို ဖြေရှင်းဖို့အတွက် နည်းလည်းတွေကတော့ အဆင်သင့်ရှိပြီးသားပါ။ ကိုယ့်ရဲ့စက်မှာ ဒီလို ပြဿနာတွေကြုံတိုင်း ဒီနည်းလမ်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။ကွန်ပျူတာမှာ Autorun စနစ်ကိုပိတ်မယ်ဆိုရင်-(၁) Start > Run ကို Click တစ်ချက်နှိပ်ပါ။(၂) gpedit.msc လို့ရိုက်ပြီး OK ပေါ်မှာ Click တစ်ချက်နှိပ်လိုက်ပါ။

(၃) ထိုအခါ Group Policy Dialog box ပေါ်လာပြီး အောက်ဆုံးမှာရှိတဲ့ Administrator Templates မှာ Click တစ်ချက်နှိပ်ပါ။ ပြီးတော့ သူ့ရဲ့ဘေးမှာပေါ်လာတဲ့ System ဆိုတဲ့စာပေါ်မှာ Double Click နှိပ်လိုက် ပါ။
(၄) ပြီးတော့ Turn off Autoplay ဆိုတဲ့ စာပေါ်မှာ Double Click နှိပ်ပြီး ပေါ်လာတဲ့ အကွက်ထဲက Enabled ဆိုတာကို ရွေးပြီး Turn off Autoplay on: မှာ All drives ကိုရွေးပြီး OK နဲ့ ပြန်ထွက်လိုက်ပါ။
ခြားနားချက်


အကောင်းမြင်သူနဲ့ အဆိုးမြင်သူတို့ဟာ မေးခွန်း(၃)ခုကို ငြင်းခုန်နေကြတယ်။ မေးခွန်းတွေက-

(၁) မျှော်လင့်ချက်ဆိုတာ ဘာလဲ?

အဆိုးမြင်သူ
မျှော်လင့်ချက်ဆိုတာ မိုးကုတ်စက်ဝိုင်းဖြစ်တယ်။ မြင်ပေမယ့် အရောက်မသွားနိုင်ခဲ့ဘူး။

အကောင်းမြင်သူ
မျှော်လင့်ချက်ဆိုတာ လမ်းပြကြယ်ဖြစ်တယ်။ အရှေ့မှာ အလင်းတန်းရှိကြောင်း လူတွေကို လမ်းညွှန်နေတယ်။

(၂) လေဆိုတာ ဘာလဲ?

အဆိုးမြင်သူ
လှိုင်းတွေပိုခက်ထန်အောင် ကူညီသူ.. ကိုယ့်ကိုပင်လယ်အောက် နစ်မြှုပ်ပစ်နိုင်တယ်။

အကောင်းမြင်သူ
ရွက်တိုင်ရဲ့ကူဖော်လောင်ဖက်.. အောင်မြင်တဲ့ကမ်းကို ကပ်ဖို့ ကူညီသူဖြစ်တယ်။

(၃) ဘဝဆိုတာ ပန်းပွင့်လား?

အဆိုးမြင်သူ
ပန်းပွင့်ဖြစ်တော့ ဘာထူးလဲ! ပွင့်ပြီး ကြွေသွားတာပဲ မဟုတ်လား!

အကောင်းမြင်သူ
ဟင့်အင်း.. ပွင့်ပြီး ချိုမြိန်တဲ့အသီးတွေ ချန်ထားခဲ့နိုင်တယ်။

နှစ်ဦးသား အငြင်းအခုန်ဖြစ်နေဆဲမှာ ရုတ်တရက် ကောင်းကင်ပေါ်က အသံတစ်သံလွှင့်လာပြီး သူတို့ကို မေးခွန်း (၃)ခု မေးခဲ့ပြန်တယ်။ မေးခွန်းတွေက-

(၁) ရှေ့တည့်တည့်သွားရင် ဘာဖြစ်နိုင်မလဲ?

အဆိုးမြင်သူ... ချောက်နက်ကမ်းပါးတွေ တွေ့နိုင်တယ်။
အကောင်းမြင်သူ.... ပန်းပေါင်းစုံဖူးပွင့်တာ တွေ့နိုင်တယ်။

(၂) မိုးဦးရာသီ ကောင်းသလား?

အဆိုးမြင်သူ... မကောင်းပါ။ မြက်ရိုင်းများ ပိုမိုရှင်သန်နိုင်ပါတယ်။
အကောင်းမြင်သူ.... ကောင်းပါတယ်။ ပန်းတွေ ပိုလှပဖူးပွင့်နိုင်ကြတယ်။

(၃) တကယ်လို့ သင့်ကို မြေရိုင်းတစ်ခင်းပေးခဲ့ရင် သင်ဘာလုပ်မလဲ?

အဆိုးမြင်သူ..... သင်္ချိုင်းဆောက်မယ်။
အကောင်းမြင်သူ.... သစ်စိမ်းပင်တွေ အပြည့်စိုက်မယ်။

အဲဒီလို သူတစ်ခွန်း ငါတစ်ခွန်းနဲ့ ငြင်းခုန်ခဲ့ကြပြီး ကောင်းကင်ပေါ်က မေးခွန်းထုတ်သူဟာ ဘုရားသခင်မှန်း သူတို့မသိခဲ့ကြဘူး။ သူတို့ဖြေဆိုတဲ့အတိုင်း ဘုရားသခင်က သူတို့ကို ဆုလာဒ်တွေပေးခဲ့ကြတယ်။

အကောင်းမြင်သူကို ရဲစွမ်းသတ္တိပေးပြီး အဆိုးမြင်သူကို မျက်ရည်တွေပေးခဲ့တယ်။
သင်ရော! ရဲစွမ်းသတ္တိကို ရချင်သလား? မျက်ရည်ကိုပဲ ယူချင်သလား?

မူရင်း--- 乐观者与悲观者差别 (အကောင်းမြင်သူနှင့် အဆိုးမြင်သူတို့၏ ခြားနားချက်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Wednesday, September 16, 2009

ဦးပဉ္ဇင်းကျော်ဟိန်း ပဲခူးတွင် တရားမဟောရ



နာမည်ကျော် ရုပ်ရှင် အနုပညာရှင် ဦးကျော် ဟိန်း သည် ဦးကိတ္တိသာရ ဘွဲ့အမည်ဖြင့် သာသနာ့ ဘောင်သို့ ဝင်ရောက်ပြီး နောက် တရားဟော ပြောမှုများ ပြုလုပ်နေရာ မကြာသေး ခင်က ပိတ်ပင် ခံထားရ ကြောင်း သိရသည်။

ဦးကိတ္တိသာရသည် ပဲခူးမြို့ရှိ ဦးကိတ္ထိပရဟိတ ကျောင်းတိုက်၌ သီတင်းသုံး၍ တရားဟော ပြောနေခြင်းကို ပဲခူးမြို့ သံဃမဟာနယက အဖွဲ့ မှ တားမြစ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူတဦးက ပြောသည်။

ပဲခူးမြို့ခံ ဆရာတော် တပါးကလည်း “သူက တရားဟောတာ မဟုတ်ဘူး၊ စိတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးတယ် ပြောတယ်၊ သူအဲဒီလို လုပ်တာနဲ့ ပတ်သတ်ပြီး ဆရာတော်ကြီးတွေက မကြိုက်ဘူး”ဟု မိန့်သည်။

ဦးကိတ္တိသာရ အနေဖြင့် တရားဟောပြောရာတွင် အဘိဓမ္မာ၊ ဝိနည်း တို့နှင့် ပတ်သတ်သည့် အကြောင်းအရာ တခုမှ ပါဝင်ခြင်းမရှိဘဲ ၎င်းရုပ်ရှင် သရုပ်ဆောင် သက်တမ်း တလျှောက် လုပ်ဆောင်ခဲ့သော အတွေ့အကြုံ များကိုသာ ပြောကြားခြင်း ဖြစ်သည်ဟု ပဲခူးမြို့ရှိ တရားပွဲ သွားရောက်ခဲ့သူ တဦးက ပြောသည်။

“သူဟောနေတာတွေက ဘုရားအဆို အဆုံးအမတွေ တခုမှမပါဘူး၊ လူပြိန်းတော့ ကြိုက်တာ ပေါ့နော်၊ နားလည်တဲ့ သူတွေက မကြိုက်ဘူး၊ သူပါတဲ့ပွဲဆို နာမည်ကြီး ဆရာတော်တွေက ငြင်းကြတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ဦးပဉ္ဇင်း ဦးကိတ္တိသာရ လူဝတ်လဲသည်ဟူသော သတင်းများထွက်ပေါ်ခဲ့ သော ကြောင့် ဦးပဉ္ဇင်းကြီးအား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ဖူးသည်။

ဦးပဉ္ဇင်းကြီး ဦးကိတ္တိသာရက “ဦးပဉ္ဇင်းကြီးက ထားဝယ်မှာ တရားဆွေးနွေး ခဲ့တယ်၊ အခုပဲ ပြန်ရောက်တယ်၊ ပြီတော့ မနက်ဖြန် မအူပင် ကျုံနတ်တောရွာ ဆိုတဲ့ရွာမှာ သွားဆွေးနွေးမယ်၊ ဦးပဉ္ဖင်း ဆွေးနွေး တာကတော့ ဗုဒ္ဓဘာသာ ဘုရားရှိခိုး အခြေခံ၊ ကလေးတွေက ဘုရားရှိခိုးတဲ့ အခါမှာ ရပ်ပြစ် (၈)ပါးဆိုတာ ဘာလဲ။ ဗျသန တရား (၅) ပါး ဆိုတာ ဘာလဲ၊ အဲဒါတွေ ဆွေးနွေးပါတယ်၊ ကလေးတွေ ဦးစားပေးပါတယ်”ဟု ပြောဆိုခဲ့သည်။

ထိုအချိန်ကတည်းကပင် ၎င်း ဦးပဉ္ဇင်းကျော်ဟိန်း၏ ရဟန်းဘောင်ဝင်၍ တရားပွဲများပြုလုပ်နေခြင်းနှင့် ပတ်သက် ၍ ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သည်။

ထိုကဲ့သို့တရားပွဲများတွင် တရားနာကြားခြင်းထက် ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်းကို မမြင်ဘူး၍လာရောက် ကြည့်ရှုသူများရှိ ကြောင်းလည်း သိရသည်။

ဦးကိတ္တိသာရ ဘွဲ့အမည်ရ ဦးကျော်ဟိန်းသည် ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက် ခရီးစဉ်ဟုအမည်ပေးကာ၂၀၀၇ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ခဲ့သေးသည်။

ဦးကျော်ဟိန်းသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်က စတင်၍ အနုပညာလောကကို ကျောခိုင်းကာ သာသနာ့ ဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အထွေထွေ ဗဟုသုတဘာသာ

၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။

အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။

အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။

အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။

အမေး။ မဟာ ဗန္ဓုလသည် မည်သည့်စစ်ပွဲတွင် ကျဆုံးခဲ့သနည်း။
အဖြေ။ သူ၏ နောက်ဆုံးစစ်ပွဲတွင် ဖြစ်သည်။

အမေး။ မင်းတုန်းမင်း၏ ငယ်နာမည်ကို သိပါသလား။
အဖြေ။ လုံးဝမသိကြောင်း ဝန်ခံပါသည်။

==============================

၂) အောက်ပါတို့ကို အသေးစိတ်ရှင်းပြပါ။

အမေး။ လူ နှင့် ခွေး၏ ဆက်စပ်ပုံကို ဖြေပါ။
အဖြေ။ လူသည် သေမျိုး၊ ခွေးသည်လည်း သေမျိုး
သေမျိုးခြင်းအတူတူဖြစ်သည်။ ထို့ကြောင့်…
လူသည် သေမျိုး = ခွေးသည် သေမျိုး
ညီမျှခြင်းနှစ်ဘက်စလုံးမှ `သေမျိုး´ များကို ချေလိုက်သောအခါ
လူ = ခွေး

အမေး။ `ကျွဲပါးစောင်းတီး´ စကားပုံကို ရှင်းပြပါ။
အဖြေ။ ကျွဲ၏ ပါးစောင်းအား သွားတီးခြင်းဖြစ်ပါသည်။ အင်မတန်မှ အန္တရာယ်များမည့် အလုပ်ဟု ယူဆရပါသည်။

အမေး။ ထမင်းစားသော တူကို မည်သူတီထွင်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။
အဖြေ။ တရုတ်လူမျိုးများဟု ထင်ပါသည်။ သို့သော် ထိုသူကို တော်တော်လေး အမြင်ကပ်ပါသည်။ သူ့ဘာသာ လက်နဲ့အလွယ်တကူ စားလို့ရနေတာကို တုတ်ချောင်းနှစ်ချောင်းဖြင့် ညှပ်ပြီး မခက်ခက်အောင်လုပ်ပြီး စားရသည်မှာ သိပ်အဓိပ္ပာယ် မရှိဟု ထင်မိပါသည်။ တူ၏ အခြားမကောင်းသောအချက်မှာ ဟင်းချိုသောက်၍ မရခြင်းဖြစ်သည်။

==============================

၃) အောက်ပါတို့ကို ဘာသာပြန်ပါ။

အမေး။ How do you do?
အဖြေ။ ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျာ။

အမေး။ Long time no see.
အဖြေ။ အရှည်ကြီးက အချိန်မမြင်ဘူးဟ။

အမေး။ Fine for smoking
အဖြေ။ ဆေးလိပ်သောက်လို့ အဆင်ပြေပါတယ်။

အမေး။ We need to check the time table.
အဖြေ။ ကျုပ်တို့ နာရီစားပွဲနဲ့ ကျားထိုးရဦးမယ်ဗျ။

အမေး။ Free Burma.
အဖြေ။ မြန်မာပြည်ကြီးကို အလကားယူသွားဗျာ (ပိုက်ဆံပေးဖို့မလို)

အမေး။ Save the forest.
အဖြေ။ တောအုပ်ကြီးကို သိမ်းထားစမ်းပါ။

အမေး။ Free Alcohol Zone
အဖြေ။ အရက်အလားကား ရသော နေရာဖြစ်သည်။

အမေး။ Wash Basin
အဖြေ။ ရေဇလုံကို ဆေးပါ။

အမေး။ So far so good
အဖြေ။ ဝေးလေ ကောင်းလေ။

၁-နှစ်သမီးအရွယ်လေး အမြွှာပူး ကိုယ်ဝန်ဆောင်


တရုတ်နိုင်ငံတွင် ၊ Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် ကောင်မလေးက အမြွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားကြောင်း သိရပါတယ် ။ တစ်နှစ်သမီးလေးက ကိုယ်ဝန်လွယ်ထားတယ်ဆိုတဲ့ အကြောင်းကိုသိလိုက်ရတဲ့အချိန်မှာတော့ တရုတ်နိုင်ငံက ဆေးဖက်ဆိုင်ရာ လောက မှာ တော်တော်အံ့သြတုန်လုပ်သွားကြပါတယ် ။ Mengru Kang ရဲ့ဗိုက်ဟာ ဘာဖြစ်မှန်းမသိ တဖြည်းဖြည်းကြီးလာတော့ ဆေးရုံခေါ်သွား ပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ ဆရာဝန်က ထူးဆန်းစွာနဲ့ သူမကိုယ်ဝန်ရှိတယ် ဆိုတာသိလိုက်ရတာပါ ။

လွယ်ထားရဲ့ကိုယ်ဝန်ကလည်း ယောက်ျားလေး အမြွှာပူးဖြစ်နေပါတယ် ။ သူမကို ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ နောက်ထပ်မျိုးအောင်လာတဲ့ သူ့မိဘနှစ်ပါးရဲ့ သန္ဓေသားဟာ သူမရဲ့ဝမ်းထဲဝင်ပြီး ကြီးလာတာဖြစ်တယ် လို့ဆရာဝန်ကပြောပါတယ် ။ ဒါဟာ အလွန့်အလွန်ဖြစ်ခဲတဲ့ဖြစ်ရပ်လို့ ဆိုပါတယ် ။ လူအယောက် ၅သိန်း မှာမှတစ်ယောက်တောင်ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်တယ် ။ သန္ဓေသားတစ်ခု အတွင်း သန္ဓေသားရောက်ရှိခြင်း ဖြစ်စဉ်လို့ဆိုပါတယ် ။ တစ်ခါတစ်ရန်မှာတော့ ခြေ သို့မဟုတ် လက် သုံးချောင်း ဆိုသလိုမျိုး အပိုကိုယ်အင်္ဂါများ(extra body parts, such as three legs or arms) ဖြစ်သွား တတ်ကြတယ်လို့ဆိုပါတယ် ။

သူမ မွေးဖွားမယ့်အချိန်ကြရင်တော့ နာကျင်စွာနဲ့ခွဲမွေးရပါလိမ့်မယ်လို့ ဆက်လက်ပြောကြားသွားပါတယ်။ ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာဖြစ်ပါတယ် ။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားကဆက်လက်ကြီးထွားနေလို့ဘဲဖြစ်ပါတယ် ။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို ၊ အခုဆိုရင် သူမကလဲ ဝမ်းထဲက သူ့မရဲ့ အမြွှာမောင်လေးနှစ်ယောက်ကို ခွဲထုတ်ဖို့စောင့်နေတယ်လို့ဆိုပါတယ် ။

စကြာဝဠာကြီး အတွင်း အားလုံးကို ကြံဖန် ဖန်ဆင်းနေသော အလ္လာဟ် ရှင်ကြီးက ၊ တစ်နှစ်အရွယ် ကလေးမလေးကို အပျင်းပြေ ကျီစားလိုက်ခြင်း ဖြစ်မည်ဟု တရုတ် မူဆလင် စစ်စစ်များက အမှန်အကန် ယုံကြည် ယူဆ နေကြောင်းလည်း သိရပါတယ် ။
ယခုဖြစ်စဉ်သည် သိပ္ပံပညာ မထွန်းကားမီ သို့မဟုတ် သိပ္ပံပညာမထွန်းကားသေးသော အရပ်ဒေသတွင်ဖြစ်ခဲ့မည် ၊ ထို့ပြင် မူဆလင်ဘာသာထွန်းကားသော ပတ်ဝန်းကျင်တွင်လည်း ဖြစ်ခဲ့မည်ဆိုပါက ဤ သူငယ်မသည် ရှာရီယာမဟာကျက်သရေဆောင်ဥပဒေတော်ကြီးအရ တရားမဝင်ကိုယ်ဝန်ဆောင်မှု ကျက်သရေယုတ်သော ကလေးမွေးဖွားမှုဖြင့် အလ္လာဟ်အရှင်မင်းကြီး ကိုယ်စား တပည့်သားမြေးများက သေဒဏ်စီရင်ဖွယ်ရာရှိသည်ဟု စီနီယာအလ္လဟ်က သဘောထားမှတ်ချက်ပေးလိုက်ကြောင်းသိရပါသည် ။

Tuesday, September 15, 2009

အကျဉ်းချုပ်တရားအားထုတ်နည်း

တရားအားထုတ်တယ်ဆိုတာ အစပထမတော့ သမာဓိထူထောင်တဲ့အနေနဲ့  ပင်တိုင်ကမ္မဋ္ဌာန်းဖြစ်တဲ့ နှာသီးဖျားမှာပဲ ၀င်လေတိုးထိတာသိ၊ ထွက်လေတိုးထိတာသိ၊ အဲဒီနှစ်ချက်၊ ရှေ့ နောက်နှစ်ရပ် အမှတ်ဆက်စပ်အောင် မှတ်ရမယ်။ ဒါ အကျဉ်းချုပ်ပဲ။

ယောနိသော မနသိကာရ

တရားထိုင်နေတဲ့ ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ အားလုံး ခန္ဓာဥာဏ်စိုက်ပြီးတော့ လျောင်း ထိုင် ရပ် သွား လေးပါးသော ဣရိယာပုတ်တိုင်းမှာ ယောနိသော မနသိကာရ ( အသင့်အတင့် နှလုံးသွင်း ) ထားပြီး ရှုမှတ်နိုင်ရတယ်။ အမှတ်ဆက်နိုင်ရတယ်။ ရှေ့ နောက်နှစ်ရပ် အမှတ်ဆက်အောင် ကြိုစားပြီးတော့ မှတ်ကြရမယ်။

နိဗ္ဗာန်လိုချင်ရင် အဖော်မခင်ရ

တရားအားထုတ်နေတဲ့ ယောဂီတစ်ယောက်ဟာ စကားပြော နည်းရတယ်။ စကားပြောရင် တရားလျော့တတ်တယ်။ ဥာဏ်မတက်နိုင်တော့ဘူး၊ တချို့ ယောဂီတွေ အသက် ( ၅၀၊ ၆၀၊ ၇၀ ) တွေဆိုတော့ အချိန်က နှောင်းနေပြီ၊ အချိန်ကနည်းသွားပြီ၊ ဒီတော့ ကိုယ့်တရားကိုသာ တွင်ကျယ်မှု ရှိအောင် ကြိုးစားမှတ်ကြပါ။ နိဗ္ဗာန်လိုချင်ရင် အဖော်မခင်ရဘူး။

အိတ်ဆောင်တိပိဋက

အိတ်ဆောင်တိပိဋက ဆိုတာ...

img_0189.jpg

ဓမ္မကို လေ့လာသင်ယူနေသူများ နှင့် သာသနာပြုဆရာတော်များအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ကာ Alpha ကွန်ပျုတာ ၊ မန္တလေးမှ ထုတ်လုပ်တဲ့ အိတ်ဆောင်တိပိဋကသည် ပိဋက သုံးပုံ ဆဋ္ဌမူ မူလ ၊ အဋ္ဌကထာ ၊ ဋီကာ ၊အည ကျမ်းအားလုံး မူရင်း စာအုပ်စာမျက်နှာအတိုင်း၊ တိပိဋက ပါဠိမြန်မာအဘိဓာန်၁၉တွဲ ၂၁အုပ် ၊ ပါဋိပဒကျမ်းညွန်း ၃၊ ဦးဟုတ်စိန် အဘိဓာန်၊ ဓာတ်အဘိဓာန် စသည်တို့ကို လွယ်ကူစွာ ရှာဖွေ ခြင်း ပါဋိတော်ရှိ စာလုံးအားလုံး ( ၁သန်းခန့် ) ကို မူရင်းပုဒ် ၂၅၀၀၀၀ ခန့် ဖြင့် အဓိပ္ပါယ်ဖော်ခြင်း တို့ကို ဇော်ဂျီဖောင့်ကို အသုံးပြု၍ ပြုလုပ်နိုင်ပါသည်။

ဆဋ္ဌသံဃာယနာတင် ပုံနှိပ်မူပါဠိစာအုပ် ၁၅၉ အုပ်အား မူရင်းစာမျက်နှာအလိုက် မြန်မာပါဋိ roman pali
တို့ဖြင့် လိုအပ်ရာ စာမျက်နှာ ကို ဖတ်ရှုလေ့လာ နိုင်ပါသည်။
ဝိနယ၊ သုတ္တန္တ၊ အဘိဓမ္မ ဟူသော ပိဋကအားဖြင့် (၃)ပုံ၊ ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ၊ အင်္ဂုတ္တရ၊ ခုဒ္ဒက ဟူသော နိကာယ်အားဖြင့် (၅)ရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် (၈၄၀၀၀)၊ များမြောင်လှသည့် ပိဋကတ် ပါဠိတော်နှင့် ယင်း၏ ၃-ဆမျှရှိသော အဖွင့် အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု ယောဇနာ စသည့် ကျမ်းဂန်အရပ်ရပ်ရှိ ပုဒ်ပါဌ်များကို မြန်မာအက္ခရာ၊ ရိုမင်အက္ခရာ (Roman Letter) များဖြင့် အလွယ်တကူ ရှာဖွေနိုင်သည်။ ထို့ပြင် ပါဠိဝေါဟာရပုဒ်များ အားလုံး ပါဝင်ပြီး မြန်မာ ရဟန်းတော်များ ရေးသားပြုစုထားသည့် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ကြီး ဦးဟုတ်စိန်-၏ ပါဠိ-မြန်မာ အဘိဓာန် စသည့် အဘိဓာန်များ ပါဝင်သည့် စက်ဖြစ်သည်။

screen14.jpg

ရှာဖွေလိုသောစာလုံးအား မြန်မာ roman စာလုံးဖြင့် အဘိဓာန်များတွင် ရှာဖွေနိုင်သည်။ တွေ့ရှိချက်များကို တိပိဋက ပါဠိမြန်မာ အဘိဓာန်၊ ဦးဟုတ်စိန် အဘိဓာန် နှင့် ဓာတ် English တို့ကိုဖော်ပြပေးပြီး တိပိ အဘိဓာန် အတွင်းရှိ စာအုပ်နှင့် စာမျက်နှာကို ဖော်ပြပေးမည် ဖြစ်သည်။ ရှာဖွေသည့်စာလုံးဖြစ်စတင်သည့် သုတ် ခေါင်းစဉ် များကို ရှာဖွေပြီး တွေ့ရှိသည့် ဂါထာ၊ သုတ္တံ တို၏ တည်နေရာ စာအုပ်အားလည်းကောင်း၊ စာမျက်နှာအား လည်းကောင်း တိကျစွာညွန်းပြပြီး ဆဋ္ဌမူ စာမျက်နှာအတိုင်း တွေ့ရှိသည့် မူလ၊ အဋ္ဌကထာ၊ ဋီကာ တို့တွင် ဖတ်ရှု နိုင်ပါသည်။ ဖတ်ရှုနေစဉ်တွင် တွေ့ရှိသော ဝေါဟာရအားလုံးအား ရွေးချယ်၍ အဘိဓာန်တွင် ဆက်လက်ရှာဖွေနိုင်မည်ဖြစ်ပြီး စာလုံးတွဲများအား အလိုအလျောက် ခွဲခြား ပြသခြင်း ဖြတ်တောက်ပြသခြင်းများကိုလည်း ပြုလုပ်ပေးမည်ဖြစ်သည်။

ရှာဖွေလိုသည့် စာလုံးအား ပါဠိတော်အတွင်း မတူညီစွာတည်ရှိနေသော စာလုံး ၁သန်းခန့်မှ ရွေးချယ်ပြီး စာအုပ် ၁၅၉အုပ်အတွင်းတွင် မည်သည့် ကျမ်း၊ မည်သည့်စာမျက်နှာတွင် ပါရှိသည်ကို ရှာဖွေ ညွန်းပြပေးပြီး ထိုစာမျက်နှာအတွင်း မည်သို့ပါရှိသည်ကို သိရှိရန် ဖော်ပြ ပေးမည်ဖြစ်သည်။ တစ်နေရာထက် ပိုမိုတွေ့ရှိပါကလည်း ဆက်လက် ကြည့်ရှုနိုင်ရန် စီမံ ထားပါသည်။ စာလုံးမတွေ့ရှိပါက ရှိသည့်စာလုံးများမှ အနီးစပ်ဆုံး ရွေးချယ်နိုင်ရန် ဖော်ပြ ပေးမှာ ဖြစ်ပါသည်။ ဖတ်ရှုနေစဉ် မြန်မာ roman စာလုံးကို ပြောင်းလဲ နိုင်မည် ဖြစ်သည်။ ဖတ်နေသည့် စာမျက်နှာရှိ စာလုံးအားလုံးကို အဘိဓာန်တွင် ဆက်လက် ရှာဖွေနိုင်မည်။

screen40.jpg

အခြားလုပ်ဆောင်နိုင်မှုများ အနေဖြင့် Mp3 နှင့် အခြား အသံဖိုင်များကို ဖွင့်နိုင်ခြင်း အသံသွင်းနိုင်ခြင်း ( တရာတော်များ နာယူနိုင် ပါမည်။)ကိုပြုလုပ်နိုင်မည် ဖြစ်ပြီး Mp4 avi နှင့် အခြားရှုပ်ရှင်ဖိုင်များအားလည်းကြည့် ရှုနိုင်ပါမည်။ (တရား vcd များformat ပြောင်း နာယူနိုင်ပါမည်။ ) Microsoft Office 2003,2007 ၏ word ,excel powerpoint များကို ဖတ်ရှုခြင်း တည်ဆောက်ခြင်း များပြုလုပ်နိုင်ပါမည်။ PDF ဖိုင်များကို ဖတ်ရှု နိုင်ပါမည်။ လိပ်စာများမှတ်သားခြင်း၊ ရှာဖွေနိုင်ခြင်း၊လုပ်ဆောင်ရန်များကို ပြက္ခဒိန်တွင် မှတ်တမ်းတင် သတိပေးစေခြင်း၊ Wi-Fi ရရှိသည်နေရာတွင် internet အသုံးပြုနိုင်ခြင်း၊ pocket PC အနေဖြင့် ဇော်ဂျီဖောင့်နှင့် ဇော်ဂျီကီးဘုတ်ကို အသုံးပြုကာ အချက်အလက်များ ကို ကူးယူနိုင်ခြင်း၊ အခြား ဂဏန်းတွက်စက် ၊ ဂိမ်း စသည်တို့ နှင့် လိုအပ် သည်များကို ထပ်မံ ထည့်သွင်း သုံးစွဲနိုင်သည့် windows mobile 6.1 OS ကို သုံးစွဲထားပါသည်။ USB 2.0 ကိုအသုံးပြု၍ PC (windows/Mac..) တို့ နှင်ချိတ်ဆက်သုံးစွဲနိုင်ပါသည်။

အသုံးပြုသူတို့အား မေတ္တာလက်ဆောင်အားဖြင့် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး ၏ အခြေပြုပဋ္ဌာန်းတရားတော် အသံဖိုင် ၁၉နာရီနှင့် pdf စာအုပ်ဖတ်ရှုရန်ထည့်သွင်းပေးထားပါသည်။ ၄င်းအပြင့် မြန်မာ-အင်္ဂလိပ် အင်္ဂလိပ်မြန်မာ online Dictianory ဖြစ်သော ornagai Dictianory ကိုလည်းထည့်သွင်းထားပါသည်။

Data Sheet of Pocket PC Tipitaka


Font – Zawgyi

Processor - ARM9 400MHz
Memory -128M
Storage SD -4GB

Display - LCD 2.8"
touch Screen ( 320-240) 65535 color

I/O - USB 2 ( mini)

Battery - 900mAh

Network - 802.11b WiFi

Dimensions - 97-62-17 mm

weight : 96g

Other - Build in Speaker,Mic - earphone jack



Special Words

Wi-Fi : any "wireless local area network (WLAN) products that are based on the Institute of Electrical and Electronics Engineers' (IEEE) 802.11 standards."

OS : An operating system (commonly abbreviated as either OS or O/S) is an interface between hardware and user. An OS is responsible for the management and coordination of activities and the sharing of the resources of the computer.

USB 2.0 : The USB 2.0 specification was released in April 2000 and was standardized by the USB-IF at the end of 2001. Hewlett-Packard, Intel, Lucent Technologies (now Alcatel-Lucent following its merger with Alcatel in 2006), Microsoft, NEC, and Philips jointly led the initiative to develop a higher data transfer rate than the 1.0 specification (480 Mbit/s vs 12 Mbit/s).
လောကအလှhttp://www.lawka-ahla.com/news.php?item.827 မှကူးယူဖော်ပြပါသည်။

ရုပ်လက္ခဏာ မျိုးရိုးဗီဇ အသက်အန္တရာယ် ထိခိုက်နေသည့် ပြည်တွင်းပြည်ပထုတ် စီးကရက်များ သုံးစွဲရန် မသင့်

မြန်မာလူမျိုးများတွင် မြန်မာ့ဆေးရွက်ကြီးသုံးစွဲမှုသည်ရှေးယခင်ကတည်းကသုံးစွဲကြ

သည်။ မြန်မာနိုင်ငံမှထွက်သောဆေးရွက်ကြီးကို မြန်မာလူမျိုးများသည် ပါးစပ်ထဲထည့်၍ငုံ

ခြင်း၊ ဆေးလိပ်လိပ်၍ အငွေ့ရှုခြင်းများဖြင့် စဉ်ဆက်မပြတ် သုံးစွဲခဲ့ကြသည်။ ရှေးခေတ်မြန်

မာများသည် ဆေးရွက်ကြီးသုံးစွဲခြင်း၊ လက်ဖက်စားခြင်း၊ လက်ဖက်အကျရည်သောက်ခြင်း

ဖြင့်စကားစမည်းဝိုင်းများဖွဲ့၍ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်မှာ မြန်မာလူမျိုးများဓလေ့ပင်ဖြစ်

သည်။ ခေတ်၏သိသာစွာတိုးတက်လာမှုပေါ်မူတည်၍ ယခင်သုံးစွဲနေကြ မြန်မာ့ဆေးရွက်

ကြီးအပြင် ဗားဂျီးနီးယားဆေးရွက်ကြီး အမျိုးအစားကိုမြန်မာနိုင်ငံတွင် ချဲ့ထွင်စိုက်ပျိုးလာ

ပြီးယနေ့ခေတ်လူငယ်များသုံးစွဲနေသည့် စီးကရက်များထုတ်လုပ်ကြသည်။ တစ်ဖက်နိုင်ငံ

မှလည်း အဆင့်မြင့် စီးကရက်မျိုးစုံ တင်သွင်းလာခဲ့ကြ၍ မြန်မာ လူမျိုးများတွင် စီးကရက်

သောက်သုံးမှုပိုမိုများပြားခဲ့သည်။ စီးကရက် သောက်သုံးမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး

များဖြစ်သော WHO မှအသိပေးတားမြစ်ခြင်း၊ နိုင်ငံတိုင်းတွင် စီးကရက် သောက်သုံးမှုကို

ဆန့်ကျင်သောစာတမ်းများ၊ ရုပ်ပုံများဖြင့်သရုပ်ဖော်ပြခြင်း၊ ပညာပေးဟောပြောပွဲများ ပြု

လုပ်ခြင်းစသည်ဖြင့် တားမြစ်လာကြသည်။ ယခုအခါပြည်တွင်း၌ထုတ်လုပ်ရောင်းချသော

စီးကရက်များ၊ ပြည်ပမှတရားဝင်တင်သွင်းလာသော စီးကရက်များနှင့် နယ်စပ်ဒေသများ

မှ တရားမဝင်ယူဆောင်လာသော စီးကရက်များစသည်ဖြင့် မျိုးစုံတွေ့ရသည်။ ပြည်တွင်း

ဖြစ်ထုတ်လုပ်သောစီးကရက်များထက် တရားဝင်ရော တရားမဝင်နည်းနဲ့ပါနည်းလမ်းမျိုး

စုံ၊ တံဆိပ်မျိုးစုံဖြင့် အခွန်ဆောင်တာရော၊အခွန်မဆောင်တာပါပါဝင်သည့်နယ်စပ်ဒေသ

များမှဝင်ရောက်လာသော စည်းကမ်းမဲ့ စီးကရက်များသည် သုံးစွဲသူတို့၏ လူမှုစရိုက်ရုပ်

လက္ခဏာ အသက်အန္တရာယ်ကို ထိခိုက်ပျက်စီးစေသောကြောင့် ဝိုင်းဝန်းတားဆီး ဖျက်

သိမ်းသင့်ကြောင်း ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်

တွင်ဖော်ပြထားပါသည်။

Saturday, September 12, 2009

အဘိဓဇမဟာရဋ္ဌဂုရု တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တအရှင်ဝိစိတ္တသာရာဘိဝံသ ဘ၀ချမ်းသာရေးလမ်းစဉ်



၁။ နေ့စဉ်ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။
၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
၃။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့၊ သတိထားပါ။
၎။ သင့်ကို အကြောင်းပြုပြီး သူများစိတ်မဆင်းရဲပါစေနဲ့။
၅။ မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ၊ သေမှ ငိုမနေပါနဲ့။
၆။ သူများအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။
၇။ ဗြဟ္မစိုရ်တရားအမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။
၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
၉။ ကြီးသူကို ရိုသေပါ၊ ရွယ်တူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။
၁၀။ မစူးမစမ်းမဆင်ခြင်ပဲမပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။
၁၁။ နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။
၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
၁၃။ စကားပြောသောအခါ မျှမျှတတပြောဆိုပါ။
၁၄။ မိမိကိုယ်ကို နေ့စဉ်စစ်ဆေးနိုင်မှ ကြီးပွားနိုင်သည်။
၁၅။ မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
၁၆။ သူများကြီးပွားချမ်းသာတာကို မနာလိုမရှုစိမ့် မရှိပါစေနဲ့။
၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။
၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာလွန်၍ ကောင်းသည်။
၁၉။ မာနကိုနှိမ့်ချ၊ လူ၏ တန်ဖိုးကိုမြှင့်တင်ပါ။
၂၀။ အရာရာမှာ စေတနာသန့်သန့်နှင့် စိတ်ကောင်းတစ်ခုထားပါ။(မွန်မြတ်သော ၀ိပဿနာတရားကို အားထုတ်ဖြစ်အောင် ကြိုးစားပါ။)

Tuesday, September 1, 2009

အလိုနည်းခြင်း ရောင့်ရဲမှုရှိခြင်းသည်...ကိုယ့်အ
တွက်...လွန်စွာပင်ချမ်းသာ၏..လိုခြင်မှုများခြင်းကြောင့်
ကိုယ်မှာ ပူလောင်ရတယ်..ပင်ပန်းရတယ်..တစ်ခုရပြန်
တော့ နောက်တစ်ခုလိုခြင်တယ်.နောက်တစ်ခု ရပြန်
တော့ နောက်ထပ်အသစ်တစ်ခု လိုခြင်ပြန်တယ်..ဒီလို
နည်းနဲ့ မိမိရဲ့ အလိုဆန္ဒလောဘဟာ ကုန်သွားတယ်
လို့ ကို မရှိဘူး..လိုခြင်မှုအသစ်တွေသာ တိုးတိုးလာ
တယ်..မိမိမှာ ဆန္ဒပြည့်ဝတယ်လို့ကို မရှိဘူး..
မိမိရဲ့စိတ်ကလေးကို ကိုယ်တိုင်ဘဲ အသိလိမ္မာ
ဥာဏ်ပညာနဲ့ ထိန်းချုပ်နိုင်မှ ချမ်းသာသုခကိုရမယ်..
စိတ်သွားတိုင်း စိတ်အလိုဆန္ဒဖြစ်တိုင်း.အဆင်အခြင်
မရှိဘဲနဲ့ လုပ်ဆောင်နေမယ်ဆိုရင်..ဘ၀ဟာ ပူလောင်
မှုတွေ ဆင်းရဲခြင်းတွေနဲ့ မွန်းကြပ်နေအုံးမှာပါ..ကိုယ့်
ဘ၀ကိုယ် ချစ်ရင် ကိုယ့်ကိုယ်ကို ချစ်ရင်..ကိုယ့်စိတ်ကို
သတိလေးနဲ့ စောင့်ရှောက်နေထိုင်နိုင်ကြသော..
သူတော်ကောင်းများ ဖြစ်ကြပါစေ....
ကိုယ်ကျင့်သီလနှင့်ပြည့်စုံပြီး..မေတ္တာ ကရုဏာအား
ကောင်းသော သူတော်စင်နှင့် ဆုံတွေ့ရပါလို၏....ဟုတ်
တယ်လေ..ယနေ့ကာလတွင့်...ကိုယ်ကျင့်သီလနှင့် လွန်
စွာပြည့်စုံပြီး မေတ္တာ ကရုဏာအားကောင်းသော သူ
တော်ကောင်းတွေ ရှားပါးနေပေပြီ..ထိုသို့သော သူတော်
ကောင်း ပညာရှိနှင့် တွေ့ရလျှင်လည်း ထိုပုဂ္ဂိုလ်ကိုအ
ကြောင်းပြုပြီး..စိတ်ချမ်းသာရ..ကုသိုလ်တွေတိုးပွားလို့
မင်္ဂလာတွေရှိလို့..ပျော်စရာကောင်းလိုက်တာ...ကျက်
သရေတွေ ရှိလိုက်တာ...
သူတော်ကောင်းတွေကို အကြောင်းပြုပြီး ဘုရား
ကိုးကွယ်ရတယ် တရားကိုးကွယ်ရတယ်..သံဃာစစ်
သံဃာမှန်တွေကို ကိုးကွယ်ရတယ်..မသိသေးတဲ့..မ
ကြားနားရဘူးသေးတဲ့..တရားတွေကို ကြားနာရတယ်.
နေ့စဉ် နေ့စဉ် သူတော် သူမြတ်လောင်း အရှင်ကောင်း
ကြီးတွေကို ဖူးမြင်လိုက်ရတာနဲ့..သူတို့ရဲ့ အေးချမ်းတဲ့
မေတ္တာဓာတ်တွေက မိမိမှာ စီးဝင်လို့...အေးချမ်းလိုက်တာ
ဒါကြောင့်မို့...အားလုံးသောပုဂ္ဂိုလ်အပေါင်း..အရှင်
ကောင်းတို့သည်လည်...သူတော်ကောင်း သူမြတ်လောင်း
တို့နဲ့သာ ဆုံတွေ့ကြပါစေ...သူတော်ကောင်းသူမြတ်
လောင်းတို့နဲ့ ဆုံတွေ့ပြီး...ငြိမ်းချမ်းသာယာဝပြောသော
ဘ၀ကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ....