အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Thursday, September 17, 2009

သူများအတင်းမပြောနဲ့

သားသား နဲ့ မီးမီးရေ..


မေမေ ပြော ဆို နေတဲ့ အကြောင်းအရာတွေ ၊ ပြစ်မှားကံတွေ အကြောင်း ။ သူတစ်ပါး အပေါ် အပြစ်တင် စိတ် မမွေး ဘို့အကြောင်း တွေ ရယ် အခုနောက် ဆုံးပြော ခဲ့ တာ က အတင်းမပြော နဲ့ ဆို တာရယ် ထိရောက်ခဲ့ ပါပြီနော်။

ပြစ်မှားတယ်၊ကဲ့ရဲ့တယ်၊ ဝေဖန်တယ်၊ အတင်းပြောတယ် ဆိုတာ တွေဟာ စကားလုံးတွေ အမျိုး မျိုး တပ်ပေမဲ့ တကယ့် သဘောတရားကတော့ သူတစ်ပါးရဲ့ ပျော့ ကွက်၊ အားနည်း ချက် ကို ကိုယ် က အမြင့် သူ့ကို အနိမ့်ထားပြီး ဖော်ပြတာ၊ တွေးတောတာ ၊ စိတ်ကူးတာ၊ပြောဆိုတာ ကို ခေါ်ပါတယ် ကလေးရေ..။

(နိဗ္ဗာန်လိုချင် သူများအတင်းမပြောနဲ့။ ချမ်းသာလိုချင် သူများအတင်းမပြော နဲ့ )ဆို တဲ့ ဆုံးမ စကားဟာ ကျေးဇူးတော် ရှင် ထွဋ်ခေါင် ဆရာတော်ဘုရားကြီး မိန့်မှာခဲ့တဲ့ စကားပါ ကလေးတို့ရေ..။

မေမေတို့ရဲ့ ကျေးဇူးတော် ရှင် မြတ် စွာ ဘုရား က ရာဟုလော ဝါဒသုတ္တန် မှာ ဟောကြားခဲ့တာပါမြန်မာ လို ပြောရရင် (သူတစ်ပါးရဲ့ မကောင်းကြောင်းကဲ့ ရဲ့ ရှုတ် ချ စကားကို ရှေ့ မှာ လည်း မပြောရဘူး ၊နောက် ကွယ် မှာ လည်း မပြောရဘူးတဲ့..။)ဆုံးမ မယ် ဆိုတဲ့စိတ် နဲ့ ပြောဆို မယ် ဆိုရင် လည်း စဉ်းစား ပြီး ကုသိုလ် လား ၊ အကုသိုလ် လား ဆိုတာ ချိန်ဆပြီး ပြောရမယ် တဲ့..။

ကိုယ် ပြောတဲ့ စကား ဟာ အပူဓာတ် အရှိန် နဲ့ပြောတာလား၊ အအေးဓာတ်နဲ့လားဆိုတာ ခွဲခြားနေရမယ်။ဥပမာ ပေးရရင် သံလိုက် အိမ် မြှောင်လိုပဲနော် ။ အပူဓာတ် ဆို (အစုန်လမ်း၊) အအေးဓာတ် ဆိုရင်( အဆန်လမ်း )ဖြစ်ပါတယ်..။

မေမေ ကျေးဇူးတော်ရှင် ပိုင်းလော့ ဆရာတော် ကျောင်းမှာ တရားစခန်းဝင် တဲ့ အခါ လမ်း သုံးလမ်း ကို ဆရာတော် ဘုရားက သင်ကြားပေးခဲ့ပါတယ်။
၁။ အစုန်လမ်း
၂။ အဆန်လမ်း
၃။ နိဗ္ဗာန်လမ်း ဆို ပြီး ရှိပါ တယ် ကလေးတု့ရေ..။
အကုသိုလ် ဓာတ်များရင် အစုန်လမ်း ( အပါယ် လေးဘုံကိုစုန်ဆင်းရပါလိမ့်မယ်၊)
ကုသိုလ် ဓာတ်များရင်တော့ အဆန်လမ်း (လူ့ဘုံ၊ နတ် ပြည် ၆ထပ်၊ ဗြဟ္မာ ၂၀ဆို တဲ့ သုဂတိ ဘုံ ကို ဆန် ပါလိမ့်မယ်။)

နိဗ္ဗာန် လမ်း ကတော့ သုဂတိ ဘုံမှာ စံစားရမဲ့ ဒုက္ခ သစ္စာ၊ ဒုဂ္ဂတိ ဘုံမှာ ခံ စားရ မဲ့ ဒုက္ခ သစ္စာ ဤ ဒုက္ခ သစ္စာ တရား၂ပါး တို့ကို မခံစား ရစေတဲ့ လွတ် မြောက် နေတဲ့ ဝိမုတ္တိ သုခ ၊ အငြိမ်း ဓာတ် နိဗ္ဗန် ချမ်းသာ ရ မဲ့ ဝိပဿနာ တရားတို့ကို သင်ကြားပေးခဲ့ တာ ဖြစ်ပါတယ်..။
ကလေးတို့ကို မေမေ က အစုန်လမ်း ဖြစ် တဲ့ သံသရာ့ ချောက် ထဲ မကျရအောင် အရင် သင် နေတာ ဖြစ်ပါတယ် ကလေးရေ..။

တကယ်ကျင့်အားသန် တဲ့ ရဟန်း တွေ ၊ပုဂ္ဂိုလ် တွေဟာ အမြင် တစ်ချက်၊ အကြည့်တစ်ကွက် နဲ့ ဝေဖန် ဆုံးဖြတ်ရ ခက် လှပါ တယ် ကွယ် ။ စကားပြောနေရင်းနဲ့ ကို ပေါ်လာတဲ့ အာ ရုံ၊ ခန္ဓာ ငါးပါးတို့ကို လျင် မြန် သော ဉာဏ် ဖြင့် တဏှာ အစပ် ကို ဖြတ် နိုင် တတ်ကြတာ ကို မေ့ မထားပါနဲ့ ကလေးရေ။

ကလေးတို့ ပြစ်မှားမိမှာ စိုးလို့ပါကွယ်..။ အထင် သေးစကားဆိုမိကြရင် ကလေးတို့ ကျင့်ကြံ အားထုတ် ဆဲ တရား ဟာ မတိုးတက် တော့တဲ့ အပြင် အစုန်လမ်းကို ဆင်းစေနိုင် လို့ပါပဲ..။

မေမေ ကျေးဇူးတော်ရှင် အရှင် ဆန္ဒာဓိက ဟော ကြားတဲ့ တရားတစ် ပုဒ် ထဲ မှာ ဆရာတော် ဘုရား ပြန် ပြော ပြတာ မှတ် ထားဘူးတယ်။ ဆရာတော် ဘုရားတို့ ကားနဲ့ ခရီးထွက် ရင်းကားထဲက ကက် ဆက် နဲ့ တရားတော်တွေနာ ယူကြပါတယ်။ အဲ ဒီ တုံးကတရားနာ ယူခဲ့ တဲ့တရားတော် ဟာ ကျေးဇူးတော်ရှင် ဓမ္မ ဒူတအရှင် ဆေကိန္ဒ ဆရာတော် ဘုရားရဲ့ တရား ဖွင့်ထားတာ ပါ..။

အဲဒီတရားတော် ထဲမှာ..။ ( ဘုန်းကြီးတို့က ပုထုဇဉ်ပဲ ရှိသေးတယ် )ဆိုတဲ့စကားလုံးပါသွားတာ ပေါ့လေ..။ဒါကို ကြားလိုက် တဲ့ကားပေါ်မှာ အတူစီးနင်းလိုက်ပါလာတဲ့ လူပုဂ္ဂိုလ် တစ် ဦးက ချက်ချင်းဝေဖန် ပြစ်မှား လိုက် တယ်..( ဟင် သည် လောက် ပညာ တွေသင် တရားတွေ ဟော နေပြီးပုထု ဇဉ် ပဲ ရှိသေးတာလား)ပေါ့လေ..။

ဆရာတော် အရှင် ဆန္ဒာ ဓိက က ဒကာ ကြီး သည် လို မဆိုနဲ့..အကြောင်း အပြည့် အစုံ မသိပဲ လျှပ် တပြက် မစွပ် စွဲသင့် ကြောင်းပြော ဆို ဆုံးမ ပါတယ်၊ နောင် တော် ကြီး ဓမ္မ ဒူတ သည် စကားကို ဆို တာ ဘုရားဆုပန် ထားလို့လည်း ဖြစ် နိုင် ပါတယ်တဲ့။ကိုယ်မှမသိနိုင်တာ အကုသိုလ် မဖြစ်စေနဲ့တဲ့ ပြော ဆိုခဲ့ရပါတယ် တဲ့ကလေးရေ..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးက လူ တစ်ယောက် ကို ဝေ ဖန်တော့ မယ် ဆိုရင်
ကာလကြာရှည်စွာ အတူနေထိုင်ဘူးရမယ်၊ နောက် ပြီး ထို သူအကြောင်း။စိတ် ဓာတ် နဲ့ လုပ်ရပ်ကို ထဲထဲဝင် ဝင် စိတ် ဝင် စား မှု ရှိေ နရမယ်၊ ပြီးတော့ ဝေဖန် ပိုင်းခြားနိုင်တဲ့ အရည် အသွေးကိုယ့် မှာ ရှိ နေ မှသာ ပြောပါ လို့ ဆုံးမ တော် မူပါတယ် ကလေးရေ..။

အပြု သဘော နဲ့ ပြော ရင် တောင် သမ္ပဇဉ် တရားလေးပါးနဲ့ ကိုက် ညီမှသာ ပြောဆို ပါလို့ မှာ ကြားပါတယ်။ သမ္ပဇဉ် တရားလေးပါးကို တော့ နောက် တစ်ပုဒ် ထပ်ရေးပါမယ် ကွယ်..။၊ ပြစ် မှား ကံ တွေ ဟာ ကြောက်စရာကောင်းလောက် အောင် အစုန်လမ်းကို ပို့ ပေးစေတတ်လို့ပါကလေးတို့ရေ.။

ကျေးဇူးတော်ရှင် သီတဂူ ဆရာတော်ဘုရားကြီးက ဝေနေယျ တွေ အကုသိုလ် မဖြစ်ကြရလေအောင် အတိ အလင်းပဲ ၊ ဆရာတော် ဘုရားရေးသားတဲ့ စာအုပ် နောက် ဖုံးမှာ..( ကျွန်ပ်သည် ဘုရားဆုပန်ထားသော သာ မာန် ရဟန်းမျှသာ ဖြစ်ပါသည်) လို့ေ ဖါ် ပြထားပါတယ် ကလေးတို့ရေ..။
ကလေးတို့ရေ.. အတင်းစကားတွေရှေုာင် ကျဉ် ပြီးအလင်းစကားများသာ ပြောဆိုကြပါစို့ရဲ့..။


No comments:

Post a Comment