အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Thursday, September 17, 2009

ဆုံးမစာများ






=ကိုယ်လိုချင်တာ တကယ်ဟုတ်မဟုတ် သေသေချာချာ
=စစ်ဆေးကြည့်ပါဦး မစစ်ဆေးဘဲနဲ့ ကိုယ်လိုချင်တာ ဒါပါပဲလို ထင်ပြီး
=လုပ်ကြ၊ ကိုင်ကြနဲ့ အောင်မြင်တယ် ရလာတယ် ဆိုပါတော့၊
=အဲဒီအချိန်ကျမှ ကိုယ်လိုချင်နေတာက ဒါမဟုတ်သေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊
=အစက ကိုယ်လိုချင်တယ်ထင်လို့ အဲဒါရဖို့
=လုပ်လိုက်ရတဲ့အလုပ်အား၊ ကုန်သွားတဲ့အချိန် စသည်ဖြင့်ပေါ့လေ၊
=အရင်းအနှီးကအများကြီး။ ဘ၀ထဲကအချိန်တွေ ဖဲပေးလိုက်သလိုချည်းပဲနော်။

=ငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိရှိတယ်၊
=မငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိမရှိဘူး၊
=စိတ်ကိုငြိမ်းချမ်းအောင်နေ့စဉ်လုပ်မှ၊ ဘာဖြစ်လို့နေ့စဉ်လုပ်ရသလဲဆိုတော့
=စိတ်မငြိမ်းချမ်းစရာတွေ အမျိုးမျိုးမြင်ရတယ်၊ ကြားရတယ်၊
=အဲဒီလိုမငြိမ်းချမ်းစရာတွေ အများရှိနေလိုပါပဲ၊
=စိတ်ဆိုတာ အရှိန်ရနေရင် ရတဲ့ဘက်ကိုသွားတယ်၊
=ငြိမ်းချမ်းတဲ့ အရှိန်ရနေရင် ငြိမ်းချမ်းတဲ့ဘက်ကိုသွားတယ်၊
=မငြိမ်းချမ်းတဲ့ အရှိန်ရနေရင်လည်းပဲ မငြိမ်းချမ်းတဲ့ ဘက်ကိုပဲသွားတယ်။
=ဒါဟာသဘာဝပါ၊ ဘာမှမထူးဆန်းပါဘူး၊
=ဒါကြောင့် ငြိမ်းချမ်းတဲ့အရှိန်ရနေအောင် အလေ့အကျင့်များများလုပ်ပါ၊
=အလေ့အကျင့်ကအရေးအကြီးဆုံးပါပဲ...........

=သိလာလေလေ - လောဘဖြစ်လာလေလေ၊
=သိလာလေလေ- ဒေါသဖြစ်လာလေလေ၊
=ပိုင်ဆိုင်ခွင့်ရတာ များလေလေ- မာနဖြစ်လာလေလေ၊
= ဒါကြောင့်..စိတ်ဟူသည် အမှိုက်ထည့်သည့် ပုံးအသစ် ကလေး၊
=ကိလေသာတွေသည် အမှိုက်မျိုးစုံပါလားဟု နှစ်လုံးသွင်းတက်လေလျှင်......

=အဆိုးတွေကို ထိုင်တွေးပြီး စိတ်ဓါတ်ကျနေရင်
=စိတ်ဓါတ်အင်အားတွေကုန်မယ်။ ခန္ဓာကိုယ်အင်အားတွေကုန်မယ်။
=မလုပ်ချင် မကိုင်ချင်ဖြစ်ပြီး ညှိုးနွမ်းနေမယ်။
=အဲဒီလို စိတ်ဓါတ်ကျနေတဲ့သူနဲ့တွေ့ရရင်
=တခြားလူတွေကိုပါ စိတ်ဓါတ်ကျတက်တယ်။ တက်နိုင်သလောက်
=အကောင်းဘက်ကနေကြည့်ပြီးတော့ လုပ်နိုင်သလောက်လုပ်နေရင်
=ကိုယ့်အတွက်လည်း အကျိုးရှိတယ်။
=သူများအတွက်လည်းအကျိုးရှိတယ်။

=လူဆိုတာ ပြင်ပမှာ ကိုးကွယ်ရာ အားထားရာရှာလေ့ရှိတယ်။
=ဗုဒ္ဓဘာသာတရားမှာ ဘုရားက မိမိကိုယ်ကိုပဲအားကိုးတယ်၊
=ပြင်ပဘယ်သူ့ ကိုမှအားမကိုးဘူး။ အဲဒီတော့ အင်မတန်စိတ်ဓါတ်ခိုင်မာရင့်ကျက်တဲ့
=သူမှာသာလျှင် အဲဒီလို စိတ်ဓါတ်မျိုး ထားလို့ရတယ်။
=အဲဒီအလုပ်ကို လုပ်လို့ရတယ်။ စိတ်ဓါတ်ပျော့ညံ့တဲ့သူဟာ
=ကိုယ့်ကိုယ်ကို အားမကိုးချင်ဘူး၊ အားကိုးရာရှာနေတယ်၊။

=မမေ့ကောင်းတဲ့သုံးမျိုးကို ဘုရားရှင် သက်တော်ထင်ရှား ရှိတုန်းက ဟောခဲ့ပါတယ်။
=ပထမတစ်မျိုးက သရဏဂုဏ်သုံးပါးလို့ခေါ်တဲ့ ဘုရားအပေါ်၊ တရားအပေါ်။ သံဃာအပေါ်
=ဒါတွေကို မမေ့ကောင်းဘူးတဲ့၊ ဘယ်လောက်ဘဲ ဒုက္ခတွေ ကြုံနေပါစေ၊
=ဘယ်လောက်ပဲ စည်းစိမ်တွေတိုးနေနေ၊
=ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ် မမေ့ရဘူးတဲ့၊

=ကျောက်ခဲကို နေရာတိုင်းမှာ တွေ့ရတယ်၊ ပတ္တမြားလည်းကျောက်ခဲပဲ၊
=ဒါပေမယ့် နေရာတိုင်းမရှိဘူး၊ ဒါကြောင့် ပတ္တမြားဟာ ရှားပါးပစ္စည်း ဒုလ္လဘလို့ သုံးရင်ရတယ်။
= ဒါပေမယ့် ပတ္တမြားဟာ ဒီနားမထွက်ရင် ဟိုနားကထွက်တယ်၊ ပြဒါးဓါတ်ရှိတဲ့နေရာမှာ ထွက်မှာပဲ၊
=ဘုရားဆိုတာကျတော့ ကျင့်တိုင်း မပွင့်ဘူးဗျ၊ သုညကမ္ဘာဆိုတာ ဘုရားတစ်ဆူမှမပွင့်ဘူးတဲ့
=ကမ္ဘာကိုခေါ်တာ၊ လူ၊ တိရစ္ဆာန်၊ နတ်၊ ဗြဟ္မာတွေ ရှိချင်ရှိမယ်၊ ဘုရားတော့မပွင့်ဘူး၊

=သူတပါး ကောင်းစားနေသည်။ ချီးမြှင့်မြှောက်စားခံနေရသည်၊
=အားလုံးက ချစ်ခင်လိုလားနေကြသည် စသည်တို့ အပေါ်၌
=တကယ့် ကြည်ကြည်နူးနူးနှင့် နှစ်သိမ့် ကျေနပ်နေဖို့ဆိုတာက မလွယ်ကူလှပါ။
=ထိုသို့သော စိတ်မျိုးထားနိုင်ပြီးဆိုလျှင် ကိုယ့်မှာ အမှန်တကယ် မုဒိတာဖြစ်နေပေပြီ၊

=လူတွေမှာ ကောင်းအောင်လုပ်နိုင်တဲ့ အရည်အချင်းတွေ အများကြီးရှိတယ် ။ ကိုယ်ဟာကိုယ်
=မယုံနိုင်လောက်အောင် ကောင်းတာတွေလုပ်နိုင်တယ်၊ ဘာဖြစ်လို့မလုပ်တာလဲဆိုတော့
=တကယ်ကောင်းအောင် လုပ်မယ်လို့ မရည်ရွယ်လို့ပါ။

=နေ့စဉ်နဲ့ အမျှဖွင့်လှစ်ထားတဲ့ အာရုံတံခါးတွေကတစ်ဆင့်
=စိတ်ဓါတ်မငြိမ်းချမ်းစေတဲ့အကြောင်းတွေ ၀င်လာမစဲ တသဲသဲပါပဲ၊
=မငြိမ်းချမ်းတဲ့ အကြောင်းတွေကို ကာကွယ်နိုင်ဖို့၊
=မငြိမ်းချမ်းတဲ့စိတ်ဖြစ်မသွားဖို့
=ကိုယ့်စိတ်ကိုငြိမ်းချမ်းအောင်လုပ်ထားဖို့လိုပါတယ်။
=ငြိမ်းချမ်းတဲ့စိတ်ဖြစ်ဖို့အတွက်သတိပဌာန် ၀ိပဿနာတရားကို
=အသက်ထက်ဆုံးအားထုတ်ရင်းနေထိုင်သွားမှသာလျှင်.................

No comments:

Post a Comment