အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Tuesday, September 15, 2009

အိတ်ဆောင်တိပိဋက

အိတ်ဆောင်တိပိဋက ဆိုတာ...

img_0189.jpg

ဓမ္မကို လေ့လာသင်ယူနေသူများ နှင့် သာသနာပြုဆရာတော်များအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ကာ Alpha ကွန်ပျုတာ ၊ မန္တလေးမှ ထုတ်လုပ်တဲ့ အိတ်ဆောင်တိပိဋကသည် ပိဋက သုံးပုံ ဆဋ္ဌမူ မူလ ၊ အဋ္ဌကထာ ၊ ဋီကာ ၊အည ကျမ်းအားလုံး မူရင်း စာအုပ်စာမျက်နှာအတိုင်း၊ တိပိဋက ပါဠိမြန်မာအဘိဓာန်၁၉တွဲ ၂၁အုပ် ၊ ပါဋိပဒကျမ်းညွန်း ၃၊ ဦးဟုတ်စိန် အဘိဓာန်၊ ဓာတ်အဘိဓာန် စသည်တို့ကို လွယ်ကူစွာ ရှာဖွေ ခြင်း ပါဋိတော်ရှိ စာလုံးအားလုံး ( ၁သန်းခန့် ) ကို မူရင်းပုဒ် ၂၅၀၀၀၀ ခန့် ဖြင့် အဓိပ္ပါယ်ဖော်ခြင်း တို့ကို ဇော်ဂျီဖောင့်ကို အသုံးပြု၍ ပြုလုပ်နိုင်ပါသည်။

ဆဋ္ဌသံဃာယနာတင် ပုံနှိပ်မူပါဠိစာအုပ် ၁၅၉ အုပ်အား မူရင်းစာမျက်နှာအလိုက် မြန်မာပါဋိ roman pali
တို့ဖြင့် လိုအပ်ရာ စာမျက်နှာ ကို ဖတ်ရှုလေ့လာ နိုင်ပါသည်။
ဝိနယ၊ သုတ္တန္တ၊ အဘိဓမ္မ ဟူသော ပိဋကအားဖြင့် (၃)ပုံ၊ ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ၊ အင်္ဂုတ္တရ၊ ခုဒ္ဒက ဟူသော နိကာယ်အားဖြင့် (၅)ရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် (၈၄၀၀၀)၊ များမြောင်လှသည့် ပိဋကတ် ပါဠိတော်နှင့် ယင်း၏ ၃-ဆမျှရှိသော အဖွင့် အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု ယောဇနာ စသည့် ကျမ်းဂန်အရပ်ရပ်ရှိ ပုဒ်ပါဌ်များကို မြန်မာအက္ခရာ၊ ရိုမင်အက္ခရာ (Roman Letter) များဖြင့် အလွယ်တကူ ရှာဖွေနိုင်သည်။ ထို့ပြင် ပါဠိဝေါဟာရပုဒ်များ အားလုံး ပါဝင်ပြီး မြန်မာ ရဟန်းတော်များ ရေးသားပြုစုထားသည့် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ကြီး ဦးဟုတ်စိန်-၏ ပါဠိ-မြန်မာ အဘိဓာန် စသည့် အဘိဓာန်များ ပါဝင်သည့် စက်ဖြစ်သည်။

screen14.jpg

ရှာဖွေလိုသောစာလုံးအား မြန်မာ roman စာလုံးဖြင့် အဘိဓာန်များတွင် ရှာဖွေနိုင်သည်။ တွေ့ရှိချက်များကို တိပိဋက ပါဠိမြန်မာ အဘိဓာန်၊ ဦးဟုတ်စိန် အဘိဓာန် နှင့် ဓာတ် English တို့ကိုဖော်ပြပေးပြီး တိပိ အဘိဓာန် အတွင်းရှိ စာအုပ်နှင့် စာမျက်နှာကို ဖော်ပြပေးမည် ဖြစ်သည်။ ရှာဖွေသည့်စာလုံးဖြစ်စတင်သည့် သုတ် ခေါင်းစဉ် များကို ရှာဖွေပြီး တွေ့ရှိသည့် ဂါထာ၊ သုတ္တံ တို၏ တည်နေရာ စာအုပ်အားလည်းကောင်း၊ စာမျက်နှာအား လည်းကောင်း တိကျစွာညွန်းပြပြီး ဆဋ္ဌမူ စာမျက်နှာအတိုင်း တွေ့ရှိသည့် မူလ၊ အဋ္ဌကထာ၊ ဋီကာ တို့တွင် ဖတ်ရှု နိုင်ပါသည်။ ဖတ်ရှုနေစဉ်တွင် တွေ့ရှိသော ဝေါဟာရအားလုံးအား ရွေးချယ်၍ အဘိဓာန်တွင် ဆက်လက်ရှာဖွေနိုင်မည်ဖြစ်ပြီး စာလုံးတွဲများအား အလိုအလျောက် ခွဲခြား ပြသခြင်း ဖြတ်တောက်ပြသခြင်းများကိုလည်း ပြုလုပ်ပေးမည်ဖြစ်သည်။

ရှာဖွေလိုသည့် စာလုံးအား ပါဠိတော်အတွင်း မတူညီစွာတည်ရှိနေသော စာလုံး ၁သန်းခန့်မှ ရွေးချယ်ပြီး စာအုပ် ၁၅၉အုပ်အတွင်းတွင် မည်သည့် ကျမ်း၊ မည်သည့်စာမျက်နှာတွင် ပါရှိသည်ကို ရှာဖွေ ညွန်းပြပေးပြီး ထိုစာမျက်နှာအတွင်း မည်သို့ပါရှိသည်ကို သိရှိရန် ဖော်ပြ ပေးမည်ဖြစ်သည်။ တစ်နေရာထက် ပိုမိုတွေ့ရှိပါကလည်း ဆက်လက် ကြည့်ရှုနိုင်ရန် စီမံ ထားပါသည်။ စာလုံးမတွေ့ရှိပါက ရှိသည့်စာလုံးများမှ အနီးစပ်ဆုံး ရွေးချယ်နိုင်ရန် ဖော်ပြ ပေးမှာ ဖြစ်ပါသည်။ ဖတ်ရှုနေစဉ် မြန်မာ roman စာလုံးကို ပြောင်းလဲ နိုင်မည် ဖြစ်သည်။ ဖတ်နေသည့် စာမျက်နှာရှိ စာလုံးအားလုံးကို အဘိဓာန်တွင် ဆက်လက် ရှာဖွေနိုင်မည်။

screen40.jpg

အခြားလုပ်ဆောင်နိုင်မှုများ အနေဖြင့် Mp3 နှင့် အခြား အသံဖိုင်များကို ဖွင့်နိုင်ခြင်း အသံသွင်းနိုင်ခြင်း ( တရာတော်များ နာယူနိုင် ပါမည်။)ကိုပြုလုပ်နိုင်မည် ဖြစ်ပြီး Mp4 avi နှင့် အခြားရှုပ်ရှင်ဖိုင်များအားလည်းကြည့် ရှုနိုင်ပါမည်။ (တရား vcd များformat ပြောင်း နာယူနိုင်ပါမည်။ ) Microsoft Office 2003,2007 ၏ word ,excel powerpoint များကို ဖတ်ရှုခြင်း တည်ဆောက်ခြင်း များပြုလုပ်နိုင်ပါမည်။ PDF ဖိုင်များကို ဖတ်ရှု နိုင်ပါမည်။ လိပ်စာများမှတ်သားခြင်း၊ ရှာဖွေနိုင်ခြင်း၊လုပ်ဆောင်ရန်များကို ပြက္ခဒိန်တွင် မှတ်တမ်းတင် သတိပေးစေခြင်း၊ Wi-Fi ရရှိသည်နေရာတွင် internet အသုံးပြုနိုင်ခြင်း၊ pocket PC အနေဖြင့် ဇော်ဂျီဖောင့်နှင့် ဇော်ဂျီကီးဘုတ်ကို အသုံးပြုကာ အချက်အလက်များ ကို ကူးယူနိုင်ခြင်း၊ အခြား ဂဏန်းတွက်စက် ၊ ဂိမ်း စသည်တို့ နှင့် လိုအပ် သည်များကို ထပ်မံ ထည့်သွင်း သုံးစွဲနိုင်သည့် windows mobile 6.1 OS ကို သုံးစွဲထားပါသည်။ USB 2.0 ကိုအသုံးပြု၍ PC (windows/Mac..) တို့ နှင်ချိတ်ဆက်သုံးစွဲနိုင်ပါသည်။

အသုံးပြုသူတို့အား မေတ္တာလက်ဆောင်အားဖြင့် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး ၏ အခြေပြုပဋ္ဌာန်းတရားတော် အသံဖိုင် ၁၉နာရီနှင့် pdf စာအုပ်ဖတ်ရှုရန်ထည့်သွင်းပေးထားပါသည်။ ၄င်းအပြင့် မြန်မာ-အင်္ဂလိပ် အင်္ဂလိပ်မြန်မာ online Dictianory ဖြစ်သော ornagai Dictianory ကိုလည်းထည့်သွင်းထားပါသည်။

Data Sheet of Pocket PC Tipitaka


Font – Zawgyi

Processor - ARM9 400MHz
Memory -128M
Storage SD -4GB

Display - LCD 2.8"
touch Screen ( 320-240) 65535 color

I/O - USB 2 ( mini)

Battery - 900mAh

Network - 802.11b WiFi

Dimensions - 97-62-17 mm

weight : 96g

Other - Build in Speaker,Mic - earphone jack



Special Words

Wi-Fi : any "wireless local area network (WLAN) products that are based on the Institute of Electrical and Electronics Engineers' (IEEE) 802.11 standards."

OS : An operating system (commonly abbreviated as either OS or O/S) is an interface between hardware and user. An OS is responsible for the management and coordination of activities and the sharing of the resources of the computer.

USB 2.0 : The USB 2.0 specification was released in April 2000 and was standardized by the USB-IF at the end of 2001. Hewlett-Packard, Intel, Lucent Technologies (now Alcatel-Lucent following its merger with Alcatel in 2006), Microsoft, NEC, and Philips jointly led the initiative to develop a higher data transfer rate than the 1.0 specification (480 Mbit/s vs 12 Mbit/s).
လောကအလှhttp://www.lawka-ahla.com/news.php?item.827 မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment