အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Thursday, August 26, 2010

ဒေါက်တာ အရှင်စန္ဒနသာရ


ရှမ်းပြည်နယ် ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိစာသင်တိုက်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ဇယမေဒနီမဟာအောင်မြေကျောင်းတိုက် ကြီး၏ နာယကချုပ်ဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဦးစန္ဒနသာရ(ဓမ္မာစရိယ+၀ိနယဓရ၊B.A.(မြန်မာ)M.A.(သီရိလင်္ကာ)သည်..ယနေ ၂၀၁၀ခုနှစ်၊ သြဂတ်စ် (၂၆)ရက် နေ့၌ အိန္ဒိယနိုင်ငံ မဟာရရှတ်တရပြည်နယ် ဘုံဘေမြို့အနီး ပုနေမြို့ ပုနေတက္ကသိုလ်တွင် VIVAထိုင်ပြီးသွားပြီဖြစ်ပါ၍ Ph.D ဒေါက်တာဘွဲ့ကို ဆွတ်ခူးရရှိသွားပြီဖြစ်ပါသည်...ဆရာတော်သည် မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ရွာဇာတိဖြစ်သည်။ စကျင်ရွာမဟာသိမ်ဆရာတော် ဘဒ္ဒန္တတိဿသည် ဆရာတော်၏ ငယ်ဆရာဖြစ်သည်။ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ဇယမေဒနီဝါဆိုကျောင်း၌ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်နှင့် ၀ါဆိုဆရာတော်တို့အထံတွင် အထက်တန်းပိဋကတ်ကျမ်းစာများကို သင်ယူခဲ့ပါသည်...။
ဆရာတော်သည် စကျင်ရွာ မွေပုံကန်ရွာ နတ်ကြီးစဉ်ရွာ လင်ကုန်း ဝေါရွာတို့မှ ကလေးငယ်များအတွက် ၀တ်ရွတ်စဉ်စာအုပ်များ ရိုက်နှိပ်လှုဒါန်းခြင်း..သက်တော်လေးဆယ် ပြည့်စဉ်အခါက စပါယ်ပွင့်အမည်ရှိ စာအုပ်ကိုလည်းကောင်း၊ သက်တော်ခြောက်ဆယ်ပြည့်အထိမ်းအမှတ်အဖြစ် ဇွန်ပွင့်အမည်ရှိစာအုပ်ကို လည်းကောင်း၊ဘာသာရေးနှင့် သက်ဆိုင်သော အထိမ်းအမှတ်စာအုပ်များ၌ ဆောင်းပါးများကိုလည်းကောင်း ပြုစုရေးသားခဲ့ပါသည်... ဆရာတော်သည် An Analytical Study On The First Sermon Of The Buddha ဟူသော စာတမ်းဖြင့် ပုနေးတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကို ဆွတ်ခူး ရရှိခဲ့ပါသည်..။

Sunday, August 22, 2010

ကုသိုလ်

စွန့်လွှတ်ရေးဆိုသည်မှာ လူချမ်းသာ၊နတ်ချမ်းသာတို့၌ တပ်မက်ခြင်းကို စွန့်လွှတ်ရ၏..။ရာထူး ဂုဏ်သိန် စည်းစိမ်ဥစ္စာတို့၌ တပ်မက်ခြင်းကို စွန့်လွှတ်၏...။ဓမ္မ၀ါဒထွန်းကားရေး၊လူအဖွဲ့အစည်းငြိမ်းချမ်းရေး တို့အတွက်ဆောင်ရွက်ရာ၌ မိမိအသက်၊မိမိဘ၀၌ပင် တပ်မက်ခြင်းကို စွန့်လွှတ်ရ၏..။အရာရာတိုင်း၌ တပ်မက်ခြင်းကို စွန့်လွတ်ရ၏...။
ရိုးရိုးကုသိုလ်ကို ရိုးရိုးလူသားတို့က တန်ဖိုးထား၏..။မြတ်နိုး၏..။ပါရမီကုသိုလ်ကို မြင့်မြတ်သောလူသား
တို့က တန်ဖိုးထား၏..။မြတ်နိုး၏..။ထို့ကြောင့် ဗုဒ္ဓ၀ါဒကို တကယ်ယုံကြည့်သူများဖြစ်ပါက ပါရမီကုသိုလ်
များဖြင့် ဘ၀ကို တည်ဆောက်သူများ ဖြစ်ထိုက်ပါ၏...။
ဗုဒ္ဓဒေသနာတော်အရ ဘ၀ဟူသည် ကြွေးပင်ဖြစ်၏..။ထပ်၍ ထပ်၍ ဘ၀ဖြစ်ခြင်းသည် ထပ်၍ထပ်၍ ကြွေးတင်း ခြင်းဖြစ်၏...။ထို့ကြောင့် ရယူရေးသည် ဘ၀ကို တည်ဆောက်ရာတွင် ရိုးရိုးကုသိုလ်သဘောဖြစ်၏..။ယင်းကို ၀ဋ္ဋနိဿိတ ကုသိုလ်ဟူ၍လည်း ဆို၏...။ စွန့်လွှတ်ရေးသည် ကြွေးဆပ်ခြင်းဖြစ်၍ ပါရမီကုသိုလ်သဘောဖြစ်၏..။ ယင်းကို ၀ိဝဋ္ဋနိဿိတကုသိုလ်ဟူ၍လည်း ဆိုရ၏..။သာမန်အားဖြင့် ရိုးရိုးကုသိုလ်သည် ရခြင်းဖြစ်၍ အပေါင်းသဘော ဆောင်၏..။ပါရမီကုသိုလ်သည် စွန့်လွှတ်ခြင်းဖြစ်၍ အနုတ်သဘောဖြစ်၏....။
သို့ရာတွင် သင်္ချာနည်းအရဆိုသော် ရိုးရိုးကုသိုလ်ရသည် ဆိုသော်လည်း ကြွေးတင်ခြင်းဖြစ်၍ အနုတ်စစ်စစ်ဖြစ်၏..။အရှုံးစစ်စစ်ဖြစ်၏...။ပါရမီကုသိုလ်သည် စွန့်လွှတ်သည်ဆိုသော်လည်း ကြွေးကျေခြင်းဖြစ်၍ အပေါင်းစစ်စစ်ဖြစ်၏....။အမြတ်စစ်စစ်ဖြစ်၏...။

(ဘ၀အကျဉ်းသားမှ )

Saturday, August 21, 2010

My Advice To You....


If you want to experience the many amazing benefits of meditation without all the hard work and years of dedication, brainwave entrainment is a great way to do that. I will tell you this now; Lifeflow meditation will give you the results faster than anything else I have tried. Since starting, I have discovered that this technique is the most advanced technology available right now. If you look in to it, you will discover the same facts.

I love helping people beat stress and feel true inner peace & happiness. So if you join Lifeflow meditation program, you can just look me up on the forum. My forum member name is "Peaceful Warrior". I would be more than happy to help you with anything you need about meditation.

Thank you for reading my story and I hope I have helped you find your way to experience true bliss and happiness through meditation. You can find a diamond technique now and then and not all meditation is hard work and takes the patience of a saint.

Your friend,
Ricky Smith

Dhamagiri

Dhamma


Sayagyi U Ba Khin, the distinguished Vipassana teacher, cherished a deep desire to have a Vipassana Center in India, in order to re-establish the Dhamma in the land of its birth, and to function as a base from which Dhamma could spread throughout the world. Shortly before he passed away he expressed this wish to an Indian meditator, who was the first student of S.N. Goenka to come to Sayagyi U Ba Khin's meditation center in Rangoon. The student returned to India full of Dhamma enthusiasm to realize Sayagyi's wish. Other meditators soon joined him in the effort to establish a centre, understanding the great benefits which would result. The search began for a site and in 1974 these efforts met with success with the purchase of a twenty-acre property outside of Igatpuri, a town on the Central railway, three hours from Mumbai.

Goenkaji had already come to India with Sayagyi's mission to pay back the debt that Myanmar owed to India and had started teaching Vipassana at temporary sites. He named the new centre as Dhamma Giri: Hill of Dhamma

Dhamma Giri was a windy and barren hilltop with a few old mango trees, and three or four bungalows in various states of disrepair. Much work was needed for this to become a world centre for the practice of Vipassana Meditation. The most essential work began first. Established meditators began to come to the centre to meditate in self courses. Some stayed for longer periods and gave Dhamma service taking care of the meditators, assisting in construction, planting gardens and doing other work to make Dhamma Giri a hill of peace.

Construction soon began to provide the facilities needed for large meditation courses. Dhamma Giri was opened in October 1976 for its first 10-day course for the general public. Since then, several courses have been held each year at the Academy, attended by thousands of people from every part of India and from every continent in the world.

The most remote and quiet portion of the centre was set aside to be used exclusively for meditation. Goenkaji named it the Shanti Pathar (Plateau of Peace). Construction began on the plateau in January 1978. In March of 1979, the central core of the pagoda building was inaugurated, consisting of a central mediation room for the Principal Teacher, surrounded by concentric rings of cells in which students could meditate individually. A year later, an adjacent meditation hall capable of holding 300 people was built.

Over the years the centre has grown and developed. In 1997 about 13500 adults and 2500 children attended courses at Dhamma Giri. The original hall has been expanded and six more rings of cells have been added to the cell complex. At present there are over 400 cells. In the early 1990's, at the upper level an outer ring of thirty-two cells was built. This then served as the base for a larger hollow pagoda, within which the original pagoda remains intact. This superb Burmese-style structure rises sixty feet ( eighteen meters) above the second level of cells.

The centre now has comfortable accommodation for more than 600 students, in addition to living quarters for the Dhamma workers ( volunteers), kitchen staff and a separate accommodation quarters for monks( bhikkhus) who come for the course. Apart from the continuous ten-day courses held throughout the year, other special courses for regular students are being held frequently. Dhamma Tapovana (long course centre adjacent to Dhammagiri) hosts longer courses (20, 30, 45 and 60 days) which allow more experienced meditators to practice at deeper levels.

Continuous gardening, landscaping and tree planting have transformed the site. Thousands of trees and shrubs have been planted. What began as a dry, barren and scrubby hill has now become a lush garden and flowering shrubs.

Named 'Vipassana International Academy' (VIA), the centre is today the principal world centre of Vipassana Meditation. This biggest and unique center provides a serene and sublime environment for a deep dip inside for the exploration of mind-body phenomenon which is sine quo non for liberation from all suffering.

အခန်းထက်က စာကလေးမိသားစု

တစ်နေ့လုံး အခန်းသန့်ရှင်းရေးလုပ်တယ်..တံခါးတွေရော နံရံတွေရော မျက်နှာကြက်တွေရော အကုန်သန့်ရှင်းရေး လုပ်တယ်..သန့်ရှင်းရေးလုပ်ပြီး ရေးချိုးတယ်..အတော်လေး ပင်ပန်းသွားတာမို့ ..ကုဋင်ပေါ်လှည်းလိုက်တယ်..စိတ်ထဲမှာ အခန်းလေးသန့်ရှင်းနေတာကို မြင်ပြီး ကြည်နူးမှု လေးဖြစ်တယ်.. .ပြတင်တံခါးက မှန်လေးတွေကလဲ ကြည်လို့ဆိုတော့ ..အရင်နေ့ကနဲ့မတူတာကို မြင်ပြီး စိတ်ချမ်းသာတယ်.. အခန်းဘက် တံခါးနားမှာ စာကလေးနှစ်ကောင် လာလာအော်နေတယ်.. စိတ်ထဲထူးဆန်းလိုက်တာ ဆိုပြီး တွေးနေတယ်..ဘာဖြစ်လို့ပါလိမ့်.. အရင်နေ့တွေက ဒီလို လာမအော်ပါဘူးဆိုပြီး တွေးပြီး မေ့မေ့ပျောက်ပျောက် နေလိုက်တယ်.. နောက်နေ့ကျမှ စာမလေးလို့ထင်ရတဲ့ စာကလေးက ကောက်ရိုးမျှင်လေးချီးပြီး အခန်းဘေးမှာ အော်နေတယ်..အင်း ..ငါ့တံခါးနားမှာ အသိုက်လုပ်ခြင်ပုံရတယ်လို့ စိတ်ထဲတွေးတယ်..တွေးတဲ့အတိုင်းဘဲ စာကလေးသုံးကောင် အခန်းရှင်းပြီးမှ..အသိုက် လာလုပ်ကြတယ်..အသိုက်လုပ်ခြင်လဲ လုပ်ကြပေါ့လို့ စိတ်ထဲမှာ ပေါ့ပေါ့လေးဘဲ တွေးထားမိတယ်..တစ်နေကုန် စာကလေးတွေ ကောက်ရိုလေးတွေ အမျှင်လေးတွေ ချီချီလာပြီး အသိုက်လုပ်နေ ကြတာ..စာကလေးတွေ တစ်မျှင်ခြင်းချီလာတာတွေးပြီး စိတ်ထဲ ရယ်ခြင်စိတ် ပေါ်မိတယ်..ဒီလိုတစ်မျှင်ခြင်းနဲ့ ပီးပါ့မလားဆိုပြီး ..မကြာပါဘူး ငါးရက်လောက်လဲ ကြာရော အခန်းဝက တံခါးအထက်နားမှာ စာသိုက်ရယ်လို့ ဖြစ်လာပါရော..အသိုက်ထဲကကနေ ထွက်သွားလိုက်ကြ ပြန်လာလိုက်ကြနဲ့ စာကလေးတွေကြည့်ပြီး ရင်ထဲ ကြည်နူးမိတယ်..အော် စာကလေးတို့မိသားစုများ ညီညွတ်လိုက်တာ.. တစ်ကောင်ချီလာတဲ့အစာကို တစ်ကောင်ကို ခွန့်ကျွေးပြီး ပျော်နေလိုက်ကြတာ..ဒို့လူသားတွေများ တစ်ချို့ဆို ဒီလို စာကလေးတွေလို ညီညီညွတ်ညွတ်နဲ့ မိသားစုအချင်း ၀ိုင်းကူပေါ်လောင်ဖက်မရဘူးလို့...တွေးရင်း.. စာကလေးတွေကိုကြည့်ပြီး မေတ္တာပို့မိလေတော့သည်...

Friday, August 20, 2010

ဒေါက်တာရာဟုလာသို့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ


ဇယမင်္ဂလာဗုဒ္ဓဝိဟာရကျောင်းတိုက်(စင်ကာပူ၊မလေးရှား၊ရန်ကုန်)ကျောင်းတိုက်သုံးတိုက်ကြီးတို့၏ နာယကဆရာတော် ဒေါက်တာရာဟုလာခေါ် ဥုးဝိစိတ္တအတိုင်ပင်ခံ(နာယကချုပ်) ဓမ္မာစရိယ၊B.A(Hons)M.A,M.A,Ph.D(Philo) သည် ပြီးခဲ့တဲ့ သောကြာနေ့ သြဂတ်စ် ၂၀ ၂၀၁၀မှာ အိန္ဒိယနိုင်ငံ မဟာရရှတ်တရပြည်နယ် ပုနေးမြို့ ပုနေးတက္ကသိုလ်မှ Vivaထိုင်ပြီးသွားပြီးဖြစ်၍ ဒေါက်တာဘွဲ့ (Ph.D)ဘွဲ့ကို အောင်မြင်စွာ ဆွတ်ခူးသွားပြီဖြစ်ပါသည်...
နောင်တော်ကြီး ဒေါက်တာရာဟုလာ သာသနာတော်ကို ဆတက်ထမ်းပို ကြိုးစားအားထုတ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည် ဘုရား..
အရှင်နာဂ၀ံသ(ပုနေး)

Tuesday, August 17, 2010

မိုက်တိုင်စန် မြန်မာနိုင်ငံတွင် သာသနာပြုမည်

ကမ္ဘာ့အဆိုးဆုံး ပုဂ္ဂိုလ်ဟု လူသိများခဲ့ ကြသည့် ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုက်တိုင်စန်သည် မြန်မာနိုင်ငံသို့ သာသနာပြုရန် သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

“ကျနော့်ရဲ့ လူသားချင်း စာနာ ထောက်ထားမှုကို ပြသဖို့အတွက် အမှန်တကယ် အကူအညီ လိုအပ်နေတဲ့သူတွေကို ကူညီ သွားမှာပါ။ ပြီးတော့ မြန်မာနိုင်ငံမှာ တဲလေး ထိုးပြီးနေချင်ပါတယ်” ဟု မိုက်တိုင်စန်က ပြောကြောင်း Express သတင်းစာတွင် ဖော်ပြထားသည်။

Mike-Tyson

မိုက်တိုင်စန်က မြန်မာပြည်တွင် တဲလေးထိုး၍ နေချင်သည်ဟု ဆိုသည်

“သံမဏိ မိုက်” ဟု ကျော်ကြား ခဲ့သည့် လက်ဝှေ့ ချန်ပီယံ ဟောင်းသည် ၎င်း၏ ဘဝတလျှောက် လုံးတွင် ပြဿနာများဖြင့် ရင်ဆိုင်ခဲ့ရသည်။

၁၉၉၂ ခုနှစ်တွင် အလှဘုရင်မ ဒက်စရီ ဝါရှင်တန်ကို မုဒိမ်းပြုကျင့် ခဲ့မှုဖြင့် တရားစွဲဆို ခံရသည်။ တရားခွင် အတွင်း ဂျူရီ လူကြီးများ၏ ၁၀ နာရီကြာ သုံးသပ်မှု အပြီးတွင် အပြစ်ရှိကြောင်း ထင်ရှား သဖြင့် မိုက်တိုင်စန်သည် ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံခဲ့ရသည်။

၁၉၉၇ ခုနှစ်၊ အီဗန်ဒါ ဟိုလီဖီးလ်နှင့် ယှဉ်ပြိုင် ထိုးသတ် ခဲ့ရာတွင် ဟိုလီဖီးလ်၏ ညာဘက် နားရွက်ကို ကိုက်ဖြတ်ခဲ့မှု ကြောင့်လည်း ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့သည်။

မိုက်တိုင်စန်သည် ၎င်း၏ လက်ဝှေ့သမား ဘဝအတွင်း ဝင်ငွေ ယူရို သန်းပေါင်း ၂၆၀ ကျော်ရရှိ ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ဒေဝါလီ ခံလိုက်ရသည်။

အသက် ၄၄ နှစ်အရွယ် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်းသည် ၎င်း၏ လုပ်ဆောင်ခဲ့မှုများ အတွက် အရှက်ရနေပြီ ဖြစ်ကြောင်း၊ ကောင်းမွန်သည့် အလုပ်များကိုသာ လုပ်ဆောင် သွားတော့မည် ဖြစ်ကြောင်း ပြောဆိုထား သည်ဟုလည်း သိရှိရသည်။

မိုက်တိုင်စန်က “ဘုရားသခင်ဆီမှာရော၊ တခြားဘာသာတွေမှာရော ကျနော့်နာမည် မပါရင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် လူ့ဂုဏ်သိက္ခာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ကျနော့်နာမည်ကို ကျန်ခဲ့စေချင်ပါတယ်”ဟု Express သတင်းစာတွင် ပြောဆိုထားသည်။

“ကျနော်ဟာ လူရွှင်တော်လို ဖြစ်နေတယ်။ ဟာသလို ဖြစ်နေတယ်။ ကျနော့်ရဲ့ ကလေးတွေဆီက လေးစားမှုကို ရအောင် ကောင်းရာကောင်းကြောင်းကို လုပ်ချင်ပါတယ်” ဟု မိုက်တိုင်ဆန်က ဆက်လက်ပြောဆိုထားသည်။

မိုက်တိုင်စန်က ၎င်း၏ တတိယဇနီးဖြစ်သူ ကီကီ သည် သူ့ကို လူကောင်းတယောက် ဖြစ်လာအောင် အဓိက ပြုပြင်ခဲ့သူ ဖြစ်ကြောင်း ပြောသည်။

“ကျနော် ကျန်းမာပျော်ရွှင်နေအောင်၊ တခြားသူတွေ ကျနော့်ကို ပိုပြီး ချစ်လာကြအောင် လုပ်ဆောင်တဲ့နေရာမှာ ကီကီ က စိတ်ရောကိုယ်ပါ နှစ်မြှုပ် ထားပါတယ်။ သူ့နေရာမှာသာ အခြားတဦးဆိုရင် သေသွားမှာ အသေအချာပါပဲ” ဟု မိုက်တိုင်စန်က ပြောဆိုထားသည်။

မိုက်တိုင်စန်ကို ၁၉၆၆ ဇွန်လ ၃၀ ရက်နေ့တွင် မွေးဖွားခဲ့ပြီး လက်ဝှေ့သမား ဘဝကို အသက် ၁၅ နှစ်အရွယ်တွင် စတင်ခဲ့သည်။ ကမ္ဘာ့လက်ဝှေ့ကောင်စီ (WBC)၊ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ် (WBA) နှင့် အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ် (IBF) တို့တွင် မိုက်တိုင်စန်သည် ကမ္ဘာ့အသက်ငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။ ပထမဆုံး ဟဲဗီးဝိတ် ချန်ပီယံဖြစ်ချိန်တွင် မိုက်တိုင်စန်သည် အသက် ၂၀ သာရှိသေးသည်။

{ဧရာဝတီမှ ကူးယူဖေါ်ပြသည်}

Friday, August 13, 2010

ရွေးကောက်ပွဲ နိုဝင်ဘာ ၇ ရက်

(မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၀၀ မိနစ်)
ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မှာဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်သည်။

မြန်မာ့အသံမှတဆင့် ကော်မရှင်က ယနေ့ နံနက်က ထုတ်လွှင့်သွားရာတွင် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမှာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကိုလည်း ယခုလ ၁၆ ရက်နေ့ကစကာ သြဂုတ်လကုန်ထိ တင်သွင်းရမည် ဖြစ်ကြောင်း ပါရှိသည်။

အဖုံး

အဖုံးတရားနှစ်ပါးတွင် တစ်ပါးသော အဖုံးမှာ သိစရာအာရုံပိုင်း၌ "ဖုံး"ခြင်းဖြစ်၏...။ထိုအဖုံးဖြင့် သိစရာအာရုံပိုင်း ကို ဖုံးလိုက်သောအခါ သိစရာအာရုံကို အမှန်အတိုင်းမမြင်တော့။ဖေါက်လွဲဖေါက်ပြန်မြင်ရအောင်ပင် ဖုံးခြင်းဖြစ်၏..။အာရုံပိုင်းဆိုင်ရာအဖုံးကို ဥေယျာဝရဏ ဟုဆို၏...။
နောက်အဖုံးတစ်ခုမှာ သိတတ်သောဥာဏ်ပိုင်း၌ ဖုံးခြင်းဖြစ်၏...။ထိုအဖုံးဖြင့် သိတတ်သောဥာဏ်ပိုင်းကို ဖုံးလိုက်သောအခါ သိတတ်သောဥာဏ်သည် သိစရာအာရုံကို အမှန်အတိုင်းမသိတော့။ဖေါက်လွဲဖေါက်ပြန်သိလေ တော့၏...။အမှန်အားဖြင့် သိတတ်သောဥာဏ်ကို အမှန်အတိုင်းမသိဘဲ ဖေါက်လွဲဖေါက်ပြန်သိအောင် သိတတ်သော ဥာဏ်ပိုင်း၌ ဖုံးခြင်းဖြစ်၏...။ပါဠိဝေါဟာရအားဖြင့် သိတတ်သောဥာဏ်ပိုင်း၌ ဖုံးသော အဖုံးတရားကို ဥာဏာဝရဏဟု ဆို၏...။
သိစရာအာရုံပိုင်း၌ ဖုံးထားခြင်းဟူသည်မှာ ဘိလူးကို နတ်မင်းဝတ်စုံးဖြင့် ဖုံးထားခြင်းသဘောမျိုးဖြစ်၏...။ထိုကဲ့သို့ ဖုံးထားပါက ဘိလူးကို ဘိလူးအဖြစ်မမြင်ရတော့ဘဲ နတ်မင်းအဖြစ်သာမြင်ရတော့၏....။ဤသဘောမျိုးကို သိစရာအာရုံပိုင်း၌ ဖုံးခြင်းဟူ၍ဆိုရ၏...။
တစ်ဖန် မြင်းကို မျက်မှန်စိမ်းတပ်ဆင်ပေးထားပါက အရာရာတိုင်းကို အစိမ်းရောင်အဖြစ်သာသိလေ၏...။ဤသဘောမျိုးကို သိစိတ်ပိုင်း၌ ဖုံးခြင်းဟူ၍ဆိုရ၏....။
(ဦးရွှေအောင်)

Monday, August 9, 2010

မြတ်ဘုရားသည် နတ်ဘုရားမဟုတ်

မြတ်စွာဘုရားသည် နတ်ဘုရားတစ်ဆူမဟုတ်ပါ။ဤကြီးကျယ်သော ဆရာသမားကို နတ်ဘုရားတစ်ဆူအဖြစ် တင်မြှောက်ခြင်းလည်း မရှိပါ.သူသည် သူတပည့်များအား မိမိတို့၏ ကယ်တင်ခြင်း(သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်း)အတွက် မိမိတို့ကိုယ်ကို အားကိုးရန် အလေးအနက် တိုက်တွန်းတော်မူသည်..။အဘယ်ကြောင့်ဆိုသော်...စိတ်ညစ်ညမ်းခြင်းနှင့် ဖြူစင်ခြင်းတို့သည် မိမိအပေါ်တွင်သာ မူတည်သောကြောင့်တည်း...
ကယ်တင်ခြင်း (သို့မဟုတ်) ထပ်ကာထပ်ကာ ဖြစ်နေသော မွေးဖွားခြင်းနှင့် သေခြင်း သံသရာမှလွတ်မြောက်ခြင်း အတွက် သူတစ်ပါးတို့အား အားထားမှီခိုရခြင်းသည် အနုတ်လက္ခဏာဖြစ်၏..။သို့သော်...မိမိကိုယ်ကို အားထားမှီခို ခြင်းသည် အပေါင်းလက္ခဏာဖြစ်၏...။
သူတစ်ပါးတို့အား အားထားမှီခိုခြင်းသည် မိမိ၏ ကြိုးပမ်းမှုများကို စွန့်လွတ်လိုက်ခြင်းပင်ဖြစ်၏..။သို့ဖြစ်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ဥာဏ်ပညာ၏ အစဖြစ်သည်ဟူသော စကားရပ်သည် ဗုဒ္ဓ္ဓဘာသာဝင်အဖို့ အဓိပ္ပါယ်မရှိခြေ..။အဘယ်ကြောင့်ဆိုသော်....ဘယ်နေရာ၌မဆို ကြောက်ရွံ့မှုဖြစ်ပေါ်လာပါက မိုက်မဲသူ၌သာ ဖြစ်ပေါ်၏..ဥာဏ်ပညာရှိသူ၌ မဖြစ်ပေါ်ခြေ...
(သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ...မှ)
ှိ

Sunday, August 8, 2010

ဝေဇယန္တာဆရာတော်ဥုးမဟောသဓပဏ္ဍိတ(၀ါရှင်တန်)



အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် ဝေဇယန္တာဆရာတော် ဥုးမဟောသဓပဏ္ဍိတ..မကျန်းမမာဖြစ်နေသည်မှာ ငါးလနီးနီးရှိပါပြီ......ကြင်ကြင်နာနာဖြင့် မကျန်းမာနေသူအား စောင့်ရှောက်ခြင်းသည်..နာမကျန်းဖြစ်နေသူအတွက် လွန်စွာမှ တန်းဘိုးဖြတ်မရနိုင်သောအရာဖြစ်ပေသည်....။ချိုသာ နူးညံ့သောအားပေးစကားကို ကြားရသဖြင့်..နာမကျန်းသူအတွက် အားဆေးဖြစ်ရသည်ကို ကိုယ်တိုင်တွေ့ကြုံဘူးကြပေမည်..ကိုယ်၏ စောင့်ရှောက်ခြင်း နုတ်၏စောင်မခြင်းဖြင့် လုနာကို သက်သာရာရစေသည်...ရောဂါနှိပ်စက်သဖြင့် အားငယ်နေရသော လူမမာအတွက်..ကျွန်ုပ်တို့ ကူညီသင့်ကြပေသည်...ထိုကဲသို့ ပြုလုပ်ခြင်းသည်...စိတ်ကောင်းရှိသော သူတို့မှသာ လုပ်နိုင်ပေသည်..
ယခုအခါ သီတဂူဆရာတော်သည်..အမေရိကန်ရောက်ခိုက် လေဖြတ်ရောဂါခံစားနေရသော ဝေဇယန္တာဆရာတော်ဥုးမဟောသဓပဏ္ဍိတ...(၀ါရှင်တန်)အား...ကြင်ကြင်နာနာဂရုစိုက်နေပုံမှာ..
မြင်ရသူတိုင်းအတွက် ကြည်နူးစရာဖြစ်ရပေသည်..

Friday, August 6, 2010

စာရေးချင်သူများအတွက် သတင်းစာ ရေးနည်း





(စာရေးမယ့် လူငယ်များသို့၊ ကျွန်တော့်စာတန်း ကျွန်တော့်အဟမ်းများ၊ မန္တလေး ကြီးပွားရေး၊ ၁၉၈၃ထုတ်မှ ကောက်နုတ်ဖော်ပြသည်။)

…. စာရေးဆရာလုပ်မယ့် လူငယ်တယောက်အဖို့ သတင်းစာမှာရေးတဲ့သားတဲ့ အလေ့အကျင့် ရမှုဟာလဲ အင်မတန်အဖိုးတန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာရေးနည်းက ပေးလိုက်တဲ့ စာရေးတဲ့ အတတ်ပညာကို တခြားကျောင်းများက သင်မပေးနိုင်လို့ပါ။

သတင်းစာမှာ သူဘာရေးချင်တာ ပါလိမ့် ဆိုပြီး စဉ်းစား ရှာဖွေနေရတဲ့ စာမျိုးတွေပါနေလို့ မဖြစ်ဘူး။ ပါယင်လဲ ညံ့တာပဲ။ လူတွေမှာ အချိန်မရှိဘူး။
သတင်းစာမှာ ရေးရတဲ့ အရေးအသားက (၁) တိုတိုတုတ်တုတ် ကျစ်ကျစ်လျစ်လျစ် ရှိရမယ်။ (၂) ရှင်းရှင်းလင်းလင်း ရှိရမယ်။ (၃) တိတိကျကျ ဖြစ်ရမယ်။ ဒီလိုရေးမှ သတင်းစာကောင်းရဲ့ အရေးအသား စည်းဝိုင်းထဲကို ဝင်နိုင်ပါတယ်။ ဒီလိုရေးတတ်ဖို့ စာရေးဆရာအတွက် အင်မတန်လိုပါတယ်။

တချို့ ဝတ္ထုရေးဆရာများ ရေးကြတဲ့အထဲမှာ စာတွေဖေါင်းပွပြီး ဘာကိုရေးနေမှန်းမသိတဲ့ အရေးအသားမျိုးတွေ ပါနေကြပါတယ်။ ဥပမာ မိန်းကလေးတယောက် မနက်စောစော နှင်းတွေဝေနေတဲ့အချိန် လမ်းလျှောက် ထွက်လာခဲ့တယ်ဆိုတဲ့ အကြောင်းကလေး ရေးချင်တာကို နှင်းရော မနက်ခင်းရော ဖွဲ့နေလိုက်တာ စာမျက်နှာ သုံးမျက်နှာနဲ့လဲမပြီးသေးဘူး။ သုံးထားလိုက်တဲ့ စကားလုံးတွေကလဲ မလိုတာရော လိုတာရော ရောထွေးလွန်းအားကြီးတယ်။ သူရေးချင်တာ ဘာပါလိမ့်မလဲလို့ စာအမြှပ်တွေကို ဖယ်ဖယ်ပြီး ရှာကြည့်ပေမယ့်လဲ တော်တော်နဲ့ မတွေ့ရဘူး။ စိတ်ပင်ပန်းလူပင်ပန်း အင်မတန်ဖြစ်ရတယ်။ စာရေးတဲ့အတတ်ဟာ စာဖတ်သူကို အနှစ်မရောက်ခင် အကာတွေကို အကြာကြီး ဖယ်နေရတဲ့ အာဟာရမျိုး ကျွေးတာလို မဖြစ်သင့်ဘူး။ လွယ်လွယ်ကူကူနဲ့ ထင်းကနဲ ရှင်းကနဲ သိစေမြင်စေသင့်တယ်။

သတင်းစာမှာ အဲဒီလို သူဘာရေးချင်တာပါလိမ့်ဆိုပြီး စဉ်းစားရှာဖွေနေရတဲ့ စာမျိုးတွေပါနေလို့ မဖြစ်ဘူး။ ပါယင်လဲ ညံ့တာပဲ။ လူတွေမှာ အချိန်မရှိဘူး။ ဒီဟာ ဘာသတင်းဆိုတာ မမြင်မှာ မသိမှာစိုးလို့ စာလုံး ကြီးကြီးနဲ့တောင် ဖေါ်ပြကြရသေးတယ် မဟုတ်လား။ သတင်းစာရေးနည်းကောင်းဟာ အကာမပါပဲ အနှစ်သက်သက် ထုတ်ရေးနည်းပါ။ စာရေးဆရာလုပ်ချင်တဲ့ လူငယ်များအဖို့ အခြေခံအနေနဲ့ ဒီအလေ့အကျင့်မျိုး လိုပါတယ်။

သတင်းစာမှာ စကားလုံးတွေ ပွပြီး ဝေ့လယ်လယ်ရေးလို့မရဘူး။ လိုတာထက် တလုံးပိုရေးယင် စာတလုံးအတွက် နေရာကုန်တယ်။ စာဖတ်တဲ့သူရဲ့ အသိအမြင်ကိုလဲ အဲဒီစာတလုံးနဲ့ ဖုံးစေတယ်။ စဉ်းစားနေရတဲ့အတွက် အချိန်ကုန်စေတယ်။

ကျွန်တော်တို့ ရေးတဲ့စာဟာ စိတ်ကူးယဉ်အားတဲ့ ကျောင်းနေနိုင်တဲ့ အပျိုပေါက် လူပျိုပေါက်ကလေးများအတွက်ချည်း မဟုတ်ပါဘူး။ စာမဖတ်နိုင်သေးတဲ့ လူများစုကြီးအတွက် အဓိကထား ရည်စူးပြီး ရေးရမှာ ဖြစ်ပါတယ်။
စာမှာ စကားလုံးတိကျမှုဟာ စာရေးပုံရေးနည်းအတွက်နဲ့ စာအရသာအတွက်သာ လိုတာမဟုတ်ဘူး။ စာအဓိပ္ပာယ်အတွက်လဲ သိပ်လိုပါတယ်။ စကားလုံးတွေ ပွပွယောင်းယောင်းနဲ့ လျှောက်ရေးနေယင် အားလုံး ဘိုသီဘတ်သီဖြစ်ကုန်တာပဲ။ ပြီးတော့ ရေးထားတဲ့ စကားလုံးတွေများနေတော့ အလုံးတိုင်းက အားမရှိနိုင်တော့ဘူး။ အားမပါတဲ့စာဟာ အတွေးမှာလည်း လေးနက်မှု ရော့တတ်တယ်။

အဲဒီစာမှာရေးတဲ့လူ ကိုယ်နှိုက်က ရေးစရာအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ထားရှိဖို့၊ ရှင်းရှင်းလင်းလင်း စဉ်းစားတွေးခေါ်ထားတာများ ရှိဖို့လိုတယ်။ နောက်တခု ကျနော် ပြောချင်တာက စာရေးချင်တဲ့ လူတယောက်ဟာ ရေးချင်စရာရှိမှ ရေးကောင်းတယ်၊ ဒီအကြောင်းအရာကို ငါရေးပြချင်လိုက်တာ၊ ရေးပြောချင်လိုက်တာ၊ သူများတွေ သိစေချင်လိုက်တာဆိုတာမျိုး ကိုယ့်စိတ်ထဲမှာ ထက်ထက်သန်သန် ရှိရပါမယ်၊ ရေးစရာတွေ ရှိနေရပါမယ်။ တကယ်ပြောချင်တာ သိစေချင်တာ ပြောစရာ ရေးစရာ အကြောင်းအရာလဲ ရှိတာမဟုတ်ပဲနဲ့ ဖျစ်ညှစ်ပြီးရေးရော။ ကိုယ့်မှာ တိတိကျကျ မရှိတော့ ရှင်းရှင်းလင်းလင်း စိတ်ထဲကနေ ဆွဲထုတ်ယူလာစရာ မရှိဘူး။ မရှိပဲနဲ့ လျှောက်ရေးနေတော့ စာတွေဟာ ဝိုင်းကြီးပတ်ပတ် ဖြစ်ကုန်ရော။ ဒီအထဲက စကားလုံး အဆန်းထွင်ချင်တာ၊ အဆန်းသုံးပြချင်ရတာ ဆိုတာတွေက ရှိနေတတ်သေးတော့ အဲဒီ စာရေးဆရာရဲ့စာဟာ ဖတ်ရတဲ့လူတွေ အင်မတန် စိတ်ဆင်းရဲစရာကောင်းတဲ့ စာမျိုးဖြစ်လာတတ်တယ်။

စာဆိုတာ အတွေးမရှင်းပဲနဲ့ အရေးမရှင်းနိုင်ဘူး။ ရေးမယ့်လူရဲ့ ရင်ထဲမှာ ခံစားမှုအပြည့်နဲ့ ရေးချင်တဲ့ ကိစ္စတခု ရှင်းရှင်းလင်းလင်း တိတိကျကျ ရှိနေမှ ရှင်းရှင်းလင်းလင်း ရေးချလို့ရနိုင်တယ်။ အကြောင်းအရာတခု လက်ဆုပ် လက်ကိုင်ရှိပြီးတဲ့အခါမှာ ဒီအကြောင်းအရာကို ဖေါ်ထုတ်တဲ့အခါ အထိုက်အလျောက်လှပအောင် တန်ဆာဆင်ပြီး ရေးတာမျိုးဖြစ်ရမှာပေါ့။ မိုးနှင်းဝေနေတဲ့ တမနက်ခင်းကလေးကို စာ ၃ မျက်နှာရေးတာမျိုးဆိုယင်တော့ ဘယ်မှာ ပြတ်သား ရှင်းလင်းတဲ့ သရုပ်ထင်အောင် ရေးလို့ဖွဲ့လို့ရတော့မှာလဲ။

စာရေးတယ်၊ ဖွဲ့တယ်၊ သီကုံးတယ်လို့ပြောနိုင်ပါတယ်။ ရေးပါ၊ ဖွဲ့ပါ၊ သီကုံးပါ။ ဒါပေမယ့် ရေးသင့်သလောက် သာရေး၊ ဖွဲ့သင့်သလောက်သာဖွဲ့၊ သီသင့်သလောက်သီပါ။ ကျစ်လျစ်သိပ်သည်းဖို့ ရှင်းလင်းတိကျဖို့ကိုတော့ မျက်ခြည် မပြတ်သင့်ပါ။

သတင်းစာဆရာဟာ အောက်ခြေလွတ်လို့ စိတ်ကူးယဉ်လို့ မရဘူး။ သူနေ့တိုင်း တွေ့ထိမြင်နေရတာက လူတွေရဲ့ တကယ့် အဖြစ်အပျက်တွေပဲ။
ကျွန်တော်တို့နိုင်ငံမှာ ဘုန်းကြီးကျောင်းများ ကောင်းမှုကြောင့် ယောက်ျားလေးမှန်ယင် သေစာရှင်စာတော့ သိကြတာပဲဆိုပေမယ့် စာဖတ်ချိန်မရှိလို့ မဖတ်ရတဲ့လူတွေ၊ စာအုပ်ဝယ်ဖတ်လောက်အောင် ပိုက်ဆံ မတတ်နိုင်တဲ့လူတွေက လယ်သမားနဲ့ အလုပ်သမားထဲမှာ အများကြီးရှိနေပါသေးတယ်။ ဒီလူတွေ စာဖတ်လာနိုင်ဖို့၊ ဖတ်ယင်လဲ ရှင်းရှင်းလင်းလင်း နားလည်နိုင်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့ ရေးတဲ့စာဟာ စိတ်ကူးယဉ်အားတဲ့ ကျောင်းနေနိုင်တဲ့ အပျိုပေါက် လူပျိုပေါက်ကလေးများအတွက်ချည်း မဟုတ်ပါဘူး။ စာမဖတ်နိုင်သေးတဲ့ လူများစုကြီးအတွက် အဓိကထားရည်စူးပြီး ရေးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်သမား လယ်သမားတွေဟာ အင်မတန်ပင်ပင်ပန်းပန်း အလုပ် လုပ်ပြီး ခေတ္တခဏကလေး အားလပ်တဲ့ အချိန်အတွင်း ရေနံဆီမီးခွက်လို အလင်းရောင်မျိုးနဲ့ ကြိုးစားပြီး ဖတ်ရမှာပါ။ ဒီတော့ တမင်ခက်အောင် ပညာပြတဲ့ စာမျိုးဟာ သူတို့အတွက် မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ ရေးသားမှုမှာ အနုပညာပါရမှာပေါ့။ ပညာတတ်အချင်းချင်း သမားဂုဏ်ပြတဲ့စာ၊ ဝင့်တဲ့စာ၊ ဟန်လုပ်တဲ့စာ၊ ပညာတံခွန်ထူတဲ့စာမျိုးတွေရေးပြီး စာနဲ့ပေနဲ့ အလှမ်းဝေးသေးတဲ့ အလုပ်သမား လယ်သမားတွေကို ဝေးသထက်ဝေးအောင်လဲ မလုပ်ဆောင်သင့်ပါဘူး။

သတင်းစာမှာရေးရတဲ့ အရေးအသားတွေက ကနေ့ လူတွေမှာ ဘာဖြစ်နေသလဲ၊ ဘာပြဿနာတွေနဲ့ ရင်ဆိုင်နေရသလဲ ဆိုတာတွေချည်းမို့ ဘဝနဲ့တသားတည်း ရှိလှပါတယ်။ သတင်းစာဆရာဟာ အောက်ခြေလွတ်လို့ စိတ်ကူးယဉ်လို့မရဘူး။ သူနေ့တိုင်း တွေ့ထိမြင်နေရတာက လူတွေရဲ့ တကယ့်အဖြစ်အပျက်တွေပဲ။ သတင်းစာကော်လံတွေက အကြောင်းအရာတွေဟာ အဲဒီအချိန်က လူ့ဘဝကို မှန်ထောင်ပြထားတာတွေပဲ များပါတယ်။ အဲဒါကို သတင်းစာသမားက ရှင်းရှင်းလင်းလင်း ဖေါ်ပြနေရတယ်။ ဒီခေတ်ဒီအချိန်ကလူတွေ ဘာဖြစ်နေတယ်၊ ဘယ်လိုတွေးတယ်၊ ဘယ်လိုမြင်တယ်ဆိုတာကို သူက ဆက်စပ်ပြနေရပါတယ်။ ဒါကြောင့် သတင်းစာအရေးအသားဟာ အခြေထားသင့်တဲ့ အရေးအသားပါပဲ။ အဲဒီအရေးအသားမျိုးကို ခွင့်သာသလောက်ယူပြီး လေ့ကျင့်သင့်ပါတယ်။ ထပ်ပြီးပြောရရင် စာရေးချင်တဲ့ လူငယ် လူရွယ်တွေဟာ ကျစ်ကျစ်လျစ်လျစ်နဲ့ တိတိကျကျ ရှင်းရှင်းလင်းလင်းရေးတဲ့ အရေးအသားမျိုးကို ပထမ စပြီး လေ့ကျင့်ပါလို့ ကျနော် ထပ်မံတိုက်တွန်းပါရစေ။

စာရေးဆရာလုပ်မယ့် လူငယ်ဟာ သတင်းစာဆရာကောင်း တယောက်လို ရေးတတ်ပြီဆိုပြီး ရပ်နေဖို့လဲ မဟုတ်ပါဘူး။ စာရေးတဲ့ အတတ်ပညာဆိုတာ ကုန်ဆုံးနိုင်တယ်လို့ မရှိတာကို အမြဲသတိပြုရပါမယ်။ စာရေးကောင်းလှပြီဆိုတဲ့ အဆင့်အတန်းရောက်တဲ့တိုင်အောင် တိုးတက်မှုဟာ ရပ်တယ်လို့ မရှိနိုင်တာမို့ မပြတ်ဆက်ပြီးကြိုးစားနေရမှာပဲ။….

(၁၉၆၈ မန္တလေး မြို့ တော်ခန်းမ စာဆိုတော်နေ့ စာတန်းဖတ်ပွဲတွင် ဖတ်ကြားသည်။)
(မဇ္စျိမမှ ကူးယူဖေါ်ပြသည်)

Thursday, August 5, 2010

Background Of Mr. S.N. Goenka



Mr. Goenka is a householder teacher of Vipassana meditation in the tradition of the late Sayagyi U Ba Khin of Burma (Myanmar).

Although Indian by descent, Mr. Goenka was born and raised in Burma. While living in Burma he had the good fortune to come into contact with U Ba Khin, and to learn the technique of Vipassana from him. After receiving training from his teacher for fourteen years, Mr. Goenka settled in India and began teaching Vipassana in 1969. In a country still sharply divided by differences of caste and religion, the courses offered by Mr. Goenka have attracted thousands of people from every part of society. In addition, many people from countries around the world have come to join courses in Vipassana meditation.

Mr. Goenka has taught tens of thousands of people in more than 300 courses in India and in other countries, East and West. In 1982 he began to appoint assistant teachers to help him to meet the growing demand for courses. Meditation centres have been established under his guidance in India, Canada, the United States, Australia, New Zealand, France, the United Kingdom, Japan, Sri Lanka, Thailand, Burma, Nepal and other countries.

The technique which S.N.Goenka teaches represents a tradition that is traced back to the Buddha. The Buddha never taught a sectarian religion; he taught Dhamma - the way to liberation - which is universal. In the same tradition, Mr. Goenka's approach is totally non-sectarian. For this reason, his teaching has a profound appeal to people of all backgrounds, of every religion and no religion, and from every part of the world.

Friday, July 30, 2010

ဝေဘူဆရာတော် တရား


သီလဆောက်တည်ပြီးလျှင် ပြည့်စုံအောင်ဖြည့်ကြ။ ဖြည့်လို့ ပြည့်စုံပြီဆိုလျှင် မိမိစိတ်အလို တောင့်တတဲ့အတိုင်း
ပြီးမယ်..။ယခုလဲ ချမ်းသာမယ်၊ နောင်လဲ ချမ်းသာမယ်..။ ပစ္စပ္ပန်ချမ်းသာ..သံသရာချမ်းသာ နှစ်ဖြာကို ပေးစွမ်း
နိုင်တာဟာ ဘုရားရှင့် အဆုံးအမတော်ကလွဲလို့..တခြားမရှိဘူး..။ ဘုရားရှင်ဆုံးအမဆိုတာ ပိဋကသုံးပုံဘဲ..။
ပိဋကသုံးပုံဆိုတာ အလွန်ကျယ်ဝန်းတယ်..။ပိဋကသုံးပုံကို အဆီထုတ်ပါဆိုလျှင် ဗောဓိပက္ခိယတရားသုံးဆယ်
ခုနှစ်ပါး ရတယ်..။ဗောဓိပက္ခိယတရားသုံးဆယ့်ခုနှစ်ပါးကို အဆီထုတ်လျှင် သိက္ခာသုံးပါးရတယ်..။
သိက္ခာသုံးပါးဆိုတာ အဓိသီလ၊အဓိစိတ္တ၊အဓိပညာပါဘဲ..။ သိက္ခာသုံးပါးကို အဆီထုတ်လျှင် ဧကောဓမ္မော .တရားတစ်ခုရတယ်..။ရုပ်ပေါ်နာမ်ပေါ်မှာနေပြီး ယခုလို ဆောင်ထားတော့ ကာယကံသောင်းကျန်းမှု၊၀စီကံ
သောင်းကျန်းမှုမရှိဘူး..အဲဒါ အဓီသီလလို့ခေါ်တယ်..။ အဓိသီလ အားကောင်းလျှင် စိတ်တွေသောင်းကျန်းမှု
မရှိဘဲ ငြိမ်ဝပ်ပိပြားပြီး တည်နေတော့တယ်..အဲဒါ အဓိစိတ္တခေါ်တယ်..။အဓိစိတ္တ(သမာဓိ)အားကောင်းလို့
အချိန်ကြာလျှင် ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာမှ ဖန်တီးလို့ မဖြစ်ဘူး။ လျှပ်တပြက်အတွင်း ကုဋေတစ်သိန်း ဖြစ်ပြီး ပျက်နေတယ်..။ရုပ်ကို နာမ်က သိနေလျှင် ဖြစ်ပျက်ကို သိတော့တာဘဲ..။ဖြစ်ပျက်ကို သိတာ အဓိပညာလို့ ခေါ်တယ်..။
အများနားလည်အောင် ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာ ထင်ရှားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှာဖျားနှာဝမှာ
ထွက်လေ ၀င်လေနှစ်ရပ်ဟာ အမြဲတိုက်ဝင် တိုက်ထွက်နေတယ်..။ နှာဖျားနှာဝမှာ ကာယပသာဒအကြည်က
အထိခံ၊ ထွက်လေ၀င်လေဖြစ်တဲ့ လေနှစ်ရပ် ၀ါယောဖောဌဗ္ဗက ထိတယ်၊ထိုအထိခံနဲ့ ထိတာကရုပ်၊ သိတာက
နာမ်ဆိုတော့၊ ဒကာကြီးတို့..ဒကာမကြီးတို့ သူများမမေးနဲ့၊ ကိုယ်နှာဝကို ဥာဏ်နဲ့ စောင့်ကြည့်၊၊ ၀င်တော့ထိ ၀င်မယ်၊ ထွက်တော့လဲ ထိထွက်မယ်၊ထိတာကိုသိလျှင်၊ သိနေလျှင် လောဘ ဒေါသ မောဟဖြစ်ခွင့်မရလို့ လောဘမီး ဒေါသမီး မောဟမီးငြိမ်းတယ်၊ ငြိမ်းတော့အေးတယ်..။
မထိခင်ကလဲ သိလို့မဖြစ်ဘူး၊ ထိပြီးပြန်တော့လဲ သိလို့မဖြစ်ဘူး။ ထိတုန်းကိုသာ သိလို့ဖြစ်တယ်၊ အဲဒါကို ပစ္စုပ္ပန် တည့်တည့်လို့ဆိုတယ်..အဲသလို တထိထဲ ထိနေတာကို တဆက်ထဲ သိနေအောင် ဆောင်ကြဗျာ..တစ်ရက် ၂၄ နာရီ တစပ်လောက်ရလျှင် အလွန်သိသာပါတယ်။ အဲဒီလို ထိတာကို မသိမှတ်နိုင်ရင် လျှပ်တပြက်အတွင်းတွင် ဘဲ ကုဋေတစ်သိန်း အကြွေးတင်သွားရောဗျာ..။ထိတာကို သိနေလျှင် ရုပ်နဲ့နာမ်သာ ရှိပါကလားလို့ သိလိမ့်မယ်..။ရုပ်နာမ်မှတပါး ငါ၊သူတပါး၊ယောက်ျား၊မိန်းမ မရှိဘူးဆိုတာ ဘုရားရှင်၏ တရားတော် အမှန်ပါလား လို့ ကိုယ့်ဟာကို သိလိမ့်မယ်။ သူများကို မေးနေဘို့မလိုဘူး၊ နှာဖျားနှာဝမှာ လေထိတာကို သိနေလျင်၊ ထိုအချိန် မှာ အတ္တဆိုတဲ့ကိုယ် မရှိဘူး။
ထိုသိနေတဲ့ အချိန်မှာ ဥာဏ်အမြင်စင်ကြယ်တယ်၊ သမ္မာဒိဌိဖြစ်တယ်၊ ထိတာကို သိနေတဲ့ အချိန်မှာ ရုပ်နာမ် မှတပါး ဘာမျှမရှိပါလားလို့ သိတာကို နာမ်ရုပ်ကို ပိုင်းခြားပြီး သိလို့ ...နာမရူပပရိစ္ဆေဒ..လို့ခေါ်တယ်..။
တထိထဲထိ၊ တသိထဲသိ နေလျှင် အတ္တစင်၍ ဥာဏ်အမြင်စင်ကြယ်တဲ့ အကျိုးရတယ်..။ ဒါဟာ တဒင်္ဂပဟာန်၊
ခဏအချိန်ကလေးမှာ ရတဲ့အကျိုး၊နဲတယ်လို့ မမှတ်ကြနဲ့၊ ကမ္မဌာန်းထိုင်ရတာများ ဘာမှလဲ မတွေ့ပေါင်၊ ဘာမှ လဲ မရပေါင်..လို့များ မမှတ်လိုက်ကြပါနဲ့..မြင်မြတ်တဲ့ဘ၀..၊ ဘုရားသာသနာနဲ့ ကြုံကြိုက်တဲ့အခါမှာ ဒီလို အကျိုး ထူးများ ရနိုင်တယ်၊စားဘို့သောက်ဘို့ အသာထားပြီး အထူးကြိုးစားကြ...ို

Thursday, July 29, 2010

ဓမ္မရည်မှန်းချက်ကို အကောင်အထည်ဖေါ်ခြင်း(ဦးဂိုအင်ကာ)


ဗုဒ္ဓမြတ်စွာဘုရားလက်ထက်တော်အခါက ဒါရုစီရအမည်ရှိသော ပရိဗိုဇ်တဦးသည် ဤနေရာ ပတ်ဝန်းကျင်၌ တရား အားထုတ်နေစဉ်၊သမ္မာသမ္ဗုဒ္ဓတစ်ပါး ပွင့်တော်မူသည်ကို ကြားသိရပါသည်..။ သဗ္ဗညုတရွှေညာဏ်တော်ကို ရရှိသည့် ပုဂ္ဂိုလ်အား ဖူးတွေ့လိုသော စိတ်ဆန္ဒ၊ သံသရာမှ ကျွတ်လွတ်မှုလမ်းစဉ်ကို သိလိုသော စိတ်ဆန္ဒ၊ ပြင်းပြ ခိုင်မာစွာဖြစ်ပေါ်လာသည့်အတွက် ဒါရုစိရသည် သာဝတ္တိပြည်သို့ရောက်အောင် မိုင်ပေါင်းတစ်ထောင်ကျော် ခရီးကို လမ်းလျှောက်၍ သွားခဲ့ပါသည်..။ ဗုဒ္ဓမြတ်စွာဘုရားနှင့် တွေ့ရှိခါ အကျွတ်တရားကို ရရှိပြီး ရဟန္တာဖြစ်ခဲ့ပါသည်..။
ဤအရပ်မှ နောက်ဖြစ်ရပ်တစ်ခုကတော့၊ပုဏ္ဏအမည်ရှိသော ကုန်သည်တစ်ဦးသည် သာဝတ္တိပြည်သို့ အလုပ်ကိစ္စ ဖြင့် သွားရောက်ခဲ့ရာမှာ ဗုဒ္ဓမြတ်စွာဘုရားနှင့် တွေ့ရှိခဲ့ပါသည်..။ ကုသိုလ်ကံကောင်းလှသည့်အတွက် ၀ိပဿနာ တရား ကျင့်စဉ်အားထုတ်နည်းကို ကျင့်ကြံအားထုတ်ခဲ့ရာ တရားလမ်းပေါ်မှာလျှင် မြန်စွာတိုးတက်ခဲ့ပါသည်..။
ကုန်ကူးလုပ်ငန်းဖြင့် ဆက်လက်အသက်မွေး ၀မ်းကြောင်းပြုနေစဉ် စိတ်ဆန္ဒဖြစ်ပေါ်လာတာကတော့ ဤအံ့သြဘွယ် ကောင်းလှသော..ဒုက္ခအပေါင်းမှ လွတ်မြောက်စေသော၊ သံသရာမှ လွတ်မြောက်စေသော၊ တရား ကမ္မဌာန်းနည်း နိဿယကို ငါ၏ ဇာတိမြို့ရွာ၌ မည်သူမျှ မသိကြပါဘူး။ ငါ၏ အရပ်သူ အရပ်သားများ ဤတရားကမ္မဌာန်းကို တတ်သိ အားထုတ်ကြလျှင် သူတို့လည်း ငါကဲ့သို့ အကျိုးကျေးဇူး ခံစားရပါလိမ့်မည်..။

ဓမ္မရည်မှန်းချက်ကို အကောင်အထည်ဖေါ်ခြင်း (ဦးဂိုအင်ကာ)



(၂၀၀၆-ခုနှစ် မတ်လ ၁၉-ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ မဟာစေတီတော်ကြီး၏ လိုဏ်ဂူတော်
အောက်တွင် ပထမဦးဆုံးအကြိမ် တစ်ရက် တရားစခန်းကို ကျင်းပခဲ့စဉ် ၀ိပဿနာယောဂီပေါင်း
၅၀၀၀-ခန့် စုပေါင်း တက်ရောက်ခဲ့ကြပါသည်. တရားစခန်းကို ဆရာကြီး ဦးဂိုအင်ကာနှင့်မာတာကြီး
တို့ တက်ရောက်၍ တရားပြသခဲ့ပါသည်..။ အောက်ပါ စာပိုဒ်များမှာ တရားစခန်းအပြီးတွင် ယောဂီများ
အား ဆရာကြီး ဟောကြားခဲ့သော တရားဒေသနာမှ ထုတ်နုတ်ချက်ဖြစ်ပါသည်...)
ကျွန်ုပ်သည် ဤသို့များပြားလှစွာသော ၀ိပဿနာ မိသားစု အစုအဝေးကြီးကို တွေ့ရသည့်အတွက်
အလွန်တရာမျှ စိတ်ချမ်းမြေ့ရပါသည်။ အနာဂတ်တွင် ဤမဟာလိုဏ်ဂူကြီးအတွင်း၌ လူပေါင်း
ထောင်ပေါင်းများစွာ အတူတကွ တရားအားထုတ်ကြပါလိမ့်မည်..။ဤအနာဂါတ်ကို ကျွန်ုပ်၏ ရှေ့၌
ရိပ်ခနဲမြင်တွေ့ရပါသည်..။ ဗုဒ္ဓမြတ်စွာဘုရားက "သမဂ္ဂါနံ တပေါ သုခေါ" -အတူတကွ စုပေါင်း
တရားအားထုတ်ခြင်းသည် စိတ်ချမ်းသာမှုကို ဖြစ်စေပါသည်ဟု ဟောကြားထားခဲ့ပါသည်...
ဤကမ္ဘာလုံးဆိုင်ရာ မဟာစေတီတော်ကြီးထံသို့ လာရောက်သည့်အခါတိုင်း အကျွန်ုပ်သည် စိတ်
ပျော်ရွှင် ချမ်းမြေ့ရပါသည်..။ဤမြေသည် တရားအားထုတ်ဖို့အတွက်သာဖြစ်ပါသည်..။ဓမ္မသား
တစ်ဦးက ဤတန်ဖိုးမဖြတ်နိုင်သော မြေကို လှုစဉ်အခါက၊ ဤမြေသည် ကမ္မဌာန်းမြေ ဖြစ်တယ်
ဆိုတာကို ကျွန်ုပ်စိတ်ထဲ၌ အသေအချာ အပြည့်အ၀ မဖြစ်ပေါ်ခဲ့ပါ...။
သို့သော် ဤနေရာသို့ ရောက်လာသည့်အခါတိုင်း ဤဖြူစင်သော မြေကွက်သည် ကမ္မဌာန်းအား
ထုတ်ရန် နေရာဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုသည် ပိုမိုကြီးထွားလာခဲ့ပါသည်..ဤအရပ်အနီး၌
သူတော်စင်များစွာတရားအားထုတ်ခဲ့ကြဘူးပါသည်..။ ဤနေရပ်သည် ကျွန်ုပ်တို့ အားလုံးကို စွဲ
ဆောင်ခဲ့ပါသည်..။ ဤနေရပ်၏ စွဲဆောင်မှုအားသည် ကြီးမားလှပါသည်...။

dhamma giri - 10 days silent meditation



the pagoda of dhamma giri
the pagoda of dhamma giri
surrounded by hundreds of meditation cells to do serious work in silence
From Mumbai I continued to a little town called Igatpuri. Exactly in time to start the 10-days Vipassana meditation course I have had already registered for when I was in Bolivia.
In Igatpuri you find Dhamma-Giri - the seat of the Int. Vipassana Research Institute and biggest Vipassana-meditation center in the world.
Vipassana is a non-sectarian and non-religious meditation-technique discovered by Buddha. The technique was long lost in India but well preserved over generations in Burma, from where it got reintroduced to India by S.N. Goenka at the beginning of the 70's. This 10-day courses are donation-based and run by volunteers. Centers are spread all over the world today...
Inspired by my brother, who started to practice when he was in India about 3 years ago, I did a course in Switzerland already a year before. So I knew that it will be hard work - and it was. 9 out of 10 days without speaking, meditating the whole day long and not eating in the evening - a challenging task for everybody.
I struggled quite a bit, specially in the beginning, but it was a very important and valueable time for me again! Rewarding in so many aspects... And also very special because it happened over christmas - no celebration, just meditation...

May all beings be happy!

www.dhamma.org
the big dhamma-gong
the big dhamma-gong
waking us up at 4:00 am every morning - time to meditate!



Wednesday, July 28, 2010

ဆင်တဲမှ အပြန် ..

ညလဲနက်ပြီမို့ အိပ်မလို့ပြင်ကာမှ..ကွန်ပျူတာဖွင့်ခြင်စိတ်ပေါက်တာနဲ့ ကွန်ပျူတာလေးကို ဖွင့်လိုက်တယ်.. ထုံးစံအတိုင်း ဘလောဂ်တွေဆီ လိုက်လယ်တယ်..လည်ရင်း လည်ရင်းနဲ့ ဆင်တဲကဖေး ရောက်သွားတယ်...(ဆင်တဲကဖေးက လဘက်ရည်လဲ အလကားတိုက်တယ်..ဟီး)..ရယ်စရာလေးတွေ ဖတ်ရလို့ တစ်ပါးတည်း အခန်းထဲမှာ ရယ်နေမိတယ်..ဟုတ်တယ်လေ..ဘယ်လိုဘဲဖြစ်ဖြစ် စာလေးဖတ်ပြီး စိတ်ကြည်နူးရလို့ ဆင်တဲကို ကျေးဇူးတင်နေမိတယ်..
ဆင်တဲကဖေး၏ စင်ကာပူမြေပေါ်မှအလွဲများ ဟာသထဲမှာ..စင်ကာပူမှာ မြန်မာမိန်းကလေးတစ်ယောက် ပြောပုံလေးက This is not your hot..This is my hot..တဲ့..ဒါ မင်းအပူ မဟုတ်ဘူး ..ငါ့အပူပေါ့တဲ့..နောက်ပြီးတော့လဲ...စင်ကာပူက စက်ရုံတစ်ခုမှာ မြန်မာလူမျိုးလေး ပြောပုံကလည်း..အင်း… now 2nd shift က i နဲ့  two malaysia guy လေ။ နောက် night shift က two china guy နဲ့  one malaysia guy လေတဲ့....သဘောကျလို့..ပါ ......
မှန်ပေသည်...သူတစ်ပါး စိတ်ဆိုး စိတ်ညစ်အောင် လုပ်တာထက်စာရင် ပျော်ရွှင်ကြည်နူးရအောင် ၀မ်းသာရအောင် လုပ်ပေးတာက ပိုကောင်းပါသည်..မိမိအပြုအမူကြောင့် သူတစ်ပါး စိတ်ကြည်နူးသွားရရင် ကိုယ်တိုင်လဲ ပီတိ ဖြစ်ရတယ်..သူတစ်ပါးလည်း ပျော်ရွှင်ရတယ်... ဘယ်လောက်ကောင်းလဲ...
အသင်ရော..ကျွန်ုပ်ရော..လောကကြီးကို ဘယ်လောက် ပျော်ရွှင်အောင် လုပ်ပေးပြီးပြီလဲ