အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Thursday, August 26, 2010

ဒေါက်တာ အရှင်စန္ဒနသာရ


ရှမ်းပြည်နယ် ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိစာသင်တိုက်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ဇယမေဒနီမဟာအောင်မြေကျောင်းတိုက် ကြီး၏ နာယကချုပ်ဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဦးစန္ဒနသာရ(ဓမ္မာစရိယ+၀ိနယဓရ၊B.A.(မြန်မာ)M.A.(သီရိလင်္ကာ)သည်..ယနေ ၂၀၁၀ခုနှစ်၊ သြဂတ်စ် (၂၆)ရက် နေ့၌ အိန္ဒိယနိုင်ငံ မဟာရရှတ်တရပြည်နယ် ဘုံဘေမြို့အနီး ပုနေမြို့ ပုနေတက္ကသိုလ်တွင် VIVAထိုင်ပြီးသွားပြီဖြစ်ပါ၍ Ph.D ဒေါက်တာဘွဲ့ကို ဆွတ်ခူးရရှိသွားပြီဖြစ်ပါသည်...ဆရာတော်သည် မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ရွာဇာတိဖြစ်သည်။ စကျင်ရွာမဟာသိမ်ဆရာတော် ဘဒ္ဒန္တတိဿသည် ဆရာတော်၏ ငယ်ဆရာဖြစ်သည်။ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ဇယမေဒနီဝါဆိုကျောင်း၌ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်နှင့် ၀ါဆိုဆရာတော်တို့အထံတွင် အထက်တန်းပိဋကတ်ကျမ်းစာများကို သင်ယူခဲ့ပါသည်...။
ဆရာတော်သည် စကျင်ရွာ မွေပုံကန်ရွာ နတ်ကြီးစဉ်ရွာ လင်ကုန်း ဝေါရွာတို့မှ ကလေးငယ်များအတွက် ၀တ်ရွတ်စဉ်စာအုပ်များ ရိုက်နှိပ်လှုဒါန်းခြင်း..သက်တော်လေးဆယ် ပြည့်စဉ်အခါက စပါယ်ပွင့်အမည်ရှိ စာအုပ်ကိုလည်းကောင်း၊ သက်တော်ခြောက်ဆယ်ပြည့်အထိမ်းအမှတ်အဖြစ် ဇွန်ပွင့်အမည်ရှိစာအုပ်ကို လည်းကောင်း၊ဘာသာရေးနှင့် သက်ဆိုင်သော အထိမ်းအမှတ်စာအုပ်များ၌ ဆောင်းပါးများကိုလည်းကောင်း ပြုစုရေးသားခဲ့ပါသည်... ဆရာတော်သည် An Analytical Study On The First Sermon Of The Buddha ဟူသော စာတမ်းဖြင့် ပုနေးတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကို ဆွတ်ခူး ရရှိခဲ့ပါသည်..။

No comments:

Post a Comment