အဖုံးတရားနှစ်ပါးတွင် တစ်ပါးသော အဖုံးမှာ သိစရာအာရုံပိုင်း၌ "ဖုံး"ခြင်းဖြစ်၏...။ထိုအဖုံးဖြင့် သိစရာအာရုံပိုင်း ကို ဖုံးလိုက်သောအခါ သိစရာအာရုံကို အမှန်အတိုင်းမမြင်တော့။ဖေါက်လွဲဖေါက်ပြန်မြင်ရအောင်ပင် ဖုံးခြင်းဖြစ်၏..။အာရုံပိုင်းဆိုင်ရာအဖုံးကို ဥေယျာဝရဏ ဟုဆို၏...။
နောက်အဖုံးတစ်ခုမှာ သိတတ်သောဥာဏ်ပိုင်း၌ ဖုံးခြင်းဖြစ်၏...။ထိုအဖုံးဖြင့် သိတတ်သောဥာဏ်ပိုင်းကို ဖုံးလိုက်သောအခါ သိတတ်သောဥာဏ်သည် သိစရာအာရုံကို အမှန်အတိုင်းမသိတော့။ဖေါက်လွဲဖေါက်ပြန်သိလေ တော့၏...။အမှန်အားဖြင့် သိတတ်သောဥာဏ်ကို အမှန်အတိုင်းမသိဘဲ ဖေါက်လွဲဖေါက်ပြန်သိအောင် သိတတ်သော ဥာဏ်ပိုင်း၌ ဖုံးခြင်းဖြစ်၏...။ပါဠိဝေါဟာရအားဖြင့် သိတတ်သောဥာဏ်ပိုင်း၌ ဖုံးသော အဖုံးတရားကို ဥာဏာဝရဏဟု ဆို၏...။
သိစရာအာရုံပိုင်း၌ ဖုံးထားခြင်းဟူသည်မှာ ဘိလူးကို နတ်မင်းဝတ်စုံးဖြင့် ဖုံးထားခြင်းသဘောမျိုးဖြစ်၏...။ထိုကဲ့သို့ ဖုံးထားပါက ဘိလူးကို ဘိလူးအဖြစ်မမြင်ရတော့ဘဲ နတ်မင်းအဖြစ်သာမြင်ရတော့၏....။ဤသဘောမျိုးကို သိစရာအာရုံပိုင်း၌ ဖုံးခြင်းဟူ၍ဆိုရ၏...။
တစ်ဖန် မြင်းကို မျက်မှန်စိမ်းတပ်ဆင်ပေးထားပါက အရာရာတိုင်းကို အစိမ်းရောင်အဖြစ်သာသိလေ၏...။ဤသဘောမျိုးကို သိစိတ်ပိုင်း၌ ဖုံးခြင်းဟူ၍ဆိုရ၏....။
(ဦးရွှေအောင်)
No comments:
Post a Comment