အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Monday, August 9, 2010

မြတ်ဘုရားသည် နတ်ဘုရားမဟုတ်

မြတ်စွာဘုရားသည် နတ်ဘုရားတစ်ဆူမဟုတ်ပါ။ဤကြီးကျယ်သော ဆရာသမားကို နတ်ဘုရားတစ်ဆူအဖြစ် တင်မြှောက်ခြင်းလည်း မရှိပါ.သူသည် သူတပည့်များအား မိမိတို့၏ ကယ်တင်ခြင်း(သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်း)အတွက် မိမိတို့ကိုယ်ကို အားကိုးရန် အလေးအနက် တိုက်တွန်းတော်မူသည်..။အဘယ်ကြောင့်ဆိုသော်...စိတ်ညစ်ညမ်းခြင်းနှင့် ဖြူစင်ခြင်းတို့သည် မိမိအပေါ်တွင်သာ မူတည်သောကြောင့်တည်း...
ကယ်တင်ခြင်း (သို့မဟုတ်) ထပ်ကာထပ်ကာ ဖြစ်နေသော မွေးဖွားခြင်းနှင့် သေခြင်း သံသရာမှလွတ်မြောက်ခြင်း အတွက် သူတစ်ပါးတို့အား အားထားမှီခိုရခြင်းသည် အနုတ်လက္ခဏာဖြစ်၏..။သို့သော်...မိမိကိုယ်ကို အားထားမှီခို ခြင်းသည် အပေါင်းလက္ခဏာဖြစ်၏...။
သူတစ်ပါးတို့အား အားထားမှီခိုခြင်းသည် မိမိ၏ ကြိုးပမ်းမှုများကို စွန့်လွတ်လိုက်ခြင်းပင်ဖြစ်၏..။သို့ဖြစ်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ဥာဏ်ပညာ၏ အစဖြစ်သည်ဟူသော စကားရပ်သည် ဗုဒ္ဓ္ဓဘာသာဝင်အဖို့ အဓိပ္ပါယ်မရှိခြေ..။အဘယ်ကြောင့်ဆိုသော်....ဘယ်နေရာ၌မဆို ကြောက်ရွံ့မှုဖြစ်ပေါ်လာပါက မိုက်မဲသူ၌သာ ဖြစ်ပေါ်၏..ဥာဏ်ပညာရှိသူ၌ မဖြစ်ပေါ်ခြေ...
(သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ...မှ)
ှိ

No comments:

Post a Comment