မြန်မာလူမျိုးများတွင် မြန်မာ့ဆေးရွက်ကြီးသုံးစွဲမှုသည်ရှေးယခင်ကတည်းကသုံးစွဲကြ
သည်။ မြန်မာနိုင်ငံမှထွက်သောဆေးရွက်ကြီးကို မြန်မာလူမျိုးများသည် ပါးစပ်ထဲထည့်၍ငုံ
ခြင်း၊ ဆေးလိပ်လိပ်၍ အငွေ့ရှုခြင်းများဖြင့် စဉ်ဆက်မပြတ် သုံးစွဲခဲ့ကြသည်။ ရှေးခေတ်မြန်
မာများသည် ဆေးရွက်ကြီးသုံးစွဲခြင်း၊ လက်ဖက်စားခြင်း၊ လက်ဖက်အကျရည်သောက်ခြင်း
ဖြင့်စကားစမည်းဝိုင်းများဖွဲ့၍ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်မှာ မြန်မာလူမျိုးများဓလေ့ပင်ဖြစ်
သည်။ ခေတ်၏သိသာစွာတိုးတက်လာမှုပေါ်မူတည်၍ ယခင်သုံးစွဲနေကြ မြန်မာ့ဆေးရွက်
ကြီးအပြင် ဗားဂျီးနီးယားဆေးရွက်ကြီး အမျိုးအစားကိုမြန်မာနိုင်ငံတွင် ချဲ့ထွင်စိုက်ပျိုးလာ
ပြီးယနေ့ခေတ်လူငယ်များသုံးစွဲနေသည့် စီးကရက်များထုတ်လုပ်ကြသည်။ တစ်ဖက်နိုင်ငံ
မှလည်း အဆင့်မြင့် စီးကရက်မျိုးစုံ တင်သွင်းလာခဲ့ကြ၍ မြန်မာ လူမျိုးများတွင် စီးကရက်
သောက်သုံးမှုပိုမိုများပြားခဲ့သည်။ စီးကရက် သောက်သုံးမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး
များဖြစ်သော WHO မှအသိပေးတားမြစ်ခြင်း၊ နိုင်ငံတိုင်းတွင် စီးကရက် သောက်သုံးမှုကို
ဆန့်ကျင်သောစာတမ်းများ၊ ရုပ်ပုံများဖြင့်သရုပ်ဖော်ပြခြင်း၊ ပညာပေးဟောပြောပွဲများ ပြု
လုပ်ခြင်းစသည်ဖြင့် တားမြစ်လာကြသည်။ ယခုအခါပြည်တွင်း၌ထုတ်လုပ်ရောင်းချသော
စီးကရက်များ၊ ပြည်ပမှတရားဝင်တင်သွင်းလာသော စီးကရက်များနှင့် နယ်စပ်ဒေသများ
မှ တရားမဝင်ယူဆောင်လာသော စီးကရက်များစသည်ဖြင့် မျိုးစုံတွေ့ရသည်။ ပြည်တွင်း
ဖြစ်ထုတ်လုပ်သောစီးကရက်များထက် တရားဝင်ရော တရားမဝင်နည်းနဲ့ပါနည်းလမ်းမျိုး
စုံ၊ တံဆိပ်မျိုးစုံဖြင့် အခွန်ဆောင်တာရော၊အခွန်မဆောင်တာပါပါဝင်သည့်နယ်စပ်ဒေသ
များမှဝင်ရောက်လာသော စည်းကမ်းမဲ့ စီးကရက်များသည် သုံးစွဲသူတို့၏ လူမှုစရိုက်ရုပ်
လက္ခဏာ အသက်အန္တရာယ်ကို ထိခိုက်ပျက်စီးစေသောကြောင့် ဝိုင်းဝန်းတားဆီး ဖျက်
သိမ်းသင့်ကြောင်း ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်
တွင်ဖော်ပြထားပါသည်။
Tuesday, September 15, 2009
Saturday, September 12, 2009
အဘိဓဇမဟာရဋ္ဌဂုရု တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တအရှင်ဝိစိတ္တသာရာဘိဝံသ ဘ၀ချမ်းသာရေးလမ်းစဉ်
၁။ နေ့စဉ်ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။
၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
၃။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့၊ သတိထားပါ။
၎။ သင့်ကို အကြောင်းပြုပြီး သူများစိတ်မဆင်းရဲပါစေနဲ့။
၅။ မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ၊ သေမှ ငိုမနေပါနဲ့။
၆။ သူများအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။
၇။ ဗြဟ္မစိုရ်တရားအမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။
၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
၉။ ကြီးသူကို ရိုသေပါ၊ ရွယ်တူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။
၁၀။ မစူးမစမ်းမဆင်ခြင်ပဲမပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။
၁၁။ နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။
၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
၁၃။ စကားပြောသောအခါ မျှမျှတတပြောဆိုပါ။
၁၄။ မိမိကိုယ်ကို နေ့စဉ်စစ်ဆေးနိုင်မှ ကြီးပွားနိုင်သည်။
၁၅။ မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
၁၆။ သူများကြီးပွားချမ်းသာတာကို မနာလိုမရှုစိမ့် မရှိပါစေနဲ့။
၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။
၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာလွန်၍ ကောင်းသည်။
၁၉။ မာနကိုနှိမ့်ချ၊ လူ၏ တန်ဖိုးကိုမြှင့်တင်ပါ။
၂၀။ အရာရာမှာ စေတနာသန့်သန့်နှင့် စိတ်ကောင်းတစ်ခုထားပါ။(မွန်မြတ်သော ၀ိပဿနာတရားကို အားထုတ်ဖြစ်အောင် ကြိုးစားပါ။)
Tuesday, September 1, 2009
အလိုနည်းခြင်း ရောင့်ရဲမှုရှိခြင်းသည်...ကိုယ့်အ
တွက်...လွန်စွာပင်ချမ်းသာ၏..လိုခြင်မှုများခြင်းကြောင့်
ကိုယ်မှာ ပူလောင်ရတယ်..ပင်ပန်းရတယ်..တစ်ခုရပြန်
တော့ နောက်တစ်ခုလိုခြင်တယ်.နောက်တစ်ခု ရပြန်
တော့ နောက်ထပ်အသစ်တစ်ခု လိုခြင်ပြန်တယ်..ဒီလို
နည်းနဲ့ မိမိရဲ့ အလိုဆန္ဒလောဘဟာ ကုန်သွားတယ်
လို့ ကို မရှိဘူး..လိုခြင်မှုအသစ်တွေသာ တိုးတိုးလာ
တယ်..မိမိမှာ ဆန္ဒပြည့်ဝတယ်လို့ကို မရှိဘူး..
မိမိရဲ့စိတ်ကလေးကို ကိုယ်တိုင်ဘဲ အသိလိမ္မာ
ဥာဏ်ပညာနဲ့ ထိန်းချုပ်နိုင်မှ ချမ်းသာသုခကိုရမယ်..
စိတ်သွားတိုင်း စိတ်အလိုဆန္ဒဖြစ်တိုင်း.အဆင်အခြင်
မရှိဘဲနဲ့ လုပ်ဆောင်နေမယ်ဆိုရင်..ဘ၀ဟာ ပူလောင်
မှုတွေ ဆင်းရဲခြင်းတွေနဲ့ မွန်းကြပ်နေအုံးမှာပါ..ကိုယ့်
ဘ၀ကိုယ် ချစ်ရင် ကိုယ့်ကိုယ်ကို ချစ်ရင်..ကိုယ့်စိတ်ကို
သတိလေးနဲ့ စောင့်ရှောက်နေထိုင်နိုင်ကြသော..
သူတော်ကောင်းများ ဖြစ်ကြပါစေ....

ကိုယ်ကျင့်သီလနှင့်ပြည့်စုံပြီး..မေတ္တာ ကရုဏာအား
ကောင်းသော သူတော်စင်နှင့် ဆုံတွေ့ရပါလို၏....ဟုတ်
တယ်လေ..ယနေ့ကာလတွင့်...ကိုယ်ကျင့်သီလနှင့် လွန်
စွာပြည့်စုံပြီး မေတ္တာ ကရုဏာအားကောင်းသော သူ
တော်ကောင်းတွေ ရှားပါးနေပေပြီ..ထိုသို့သော သူတော်
ကောင်း ပညာရှိနှင့် တွေ့ရလျှင်လည်း ထိုပုဂ္ဂိုလ်ကိုအ
ကြောင်းပြုပြီး..စိတ်ချမ်းသာရ..ကုသိုလ်တွေတိုးပွားလို့
မင်္ဂလာတွေရှိလို့..ပျော်စရာကောင်းလိုက်တာ...ကျက်
သရေတွေ ရှိလိုက်တာ...
သူတော်ကောင်းတွေကို အကြောင်းပြုပြီး ဘုရား
ကိုးကွယ်ရတယ် တရားကိုးကွယ်ရတယ်..သံဃာစစ်
သံဃာမှန်တွေကို ကိုးကွယ်ရတယ်..မသိသေးတဲ့..မ
ကြားနားရဘူးသေးတဲ့..တရားတွေကို ကြားနာရတယ်.
နေ့စဉ် နေ့စဉ် သူတော် သူမြတ်လောင်း အရှင်ကောင်း
ကြီးတွေကို ဖူးမြင်လိုက်ရတာနဲ့..သူတို့ရဲ့ အေးချမ်းတဲ့
မေတ္တာဓာတ်တွေက မိမိမှာ စီးဝင်လို့...အေးချမ်းလိုက်တာ
ဒါကြောင့်မို့...အားလုံးသောပုဂ္ဂိုလ်အပေါင်း..အရှင်
ကောင်းတို့သည်လည်...သူတော်ကောင်း သူမြတ်လောင်း
တို့နဲ့သာ ဆုံတွေ့ကြပါစေ...သူတော်ကောင်းသူမြတ်
လောင်းတို့နဲ့ ဆုံတွေ့ပြီး...ငြိမ်းချမ်းသာယာဝပြောသော
ဘ၀ကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ....

Monday, August 31, 2009
လူ၏စိတ်သည် အင်မတန်မှ ဆန်းကြယ်၏..မကောင်းတာ
ကို တက်တက်ကြွကြွလုပ်ပေမဲ့... ကောင်းတာကိုကျ ....
နှောင့်နှေးနေတတ်သည်..။ ကောင်းကျိုးကို လိုခြင်ပေမဲ့
ကောင်းသောအလုပ် ကောင်းသောအကျင့် ကျင့်ရမှာ
ကိုတော့ လွန်စွာ ပျင်းရိနေပေသည်..။ မိမိနှလုံးသား
ဝယ် ကိုယ့်ဘို့ကြည့် ရယူခြင်စိတ်ဖြစ်လေတိုင်း...
စိတ်သည် အညစ်အကြေးတင်၏..ထိုအညစ်
အကြေးသည်..မိမိအား မည်သောအခါမျှ ကောင်း
ကျိုးကို ယူလာမည်မဟုတ်ပေ...။ စိတ်ကို ဖြူစင်သန့်
ရှင်းနေအောင်ထားရပေမည်...အ၀တ်အစား ခန္ဓာ
ကို ညစ်ပတ်က တစ်ဘ၀သာ ဒုက္ခခံစားရပေမည်...။
စိတ်ညစ်ကြေးတင်နေက..စိတ်ညစ်ပတ်က..တစ်သံသ
ရာလုံး...အကျည်းတန် ဆင်းရဲခြင်းတို့ဖြင့်...နစ်မွန်း
နေပေမည်...။
ကိုယ့်ကိုယ်ကို သနားရင်...ကိုယ့်အကျိုးစီးပွားကို
လိုလားရင်..ကိုယ့်ကိုယ်ကို ချစ်ရင်..ကိုယ်တိုင်ဘဲ..
ကောင်းတာတွေလုပ်ပါ... ဟု ..မေတ္တာ စေတနာ အရင်း
ခံပြီး တိုက်တွန်းလိုက်ပါသတည်း...။

Sunday, August 30, 2009
ဝေးဝေးမသွားပါနဲ့လား..ဝေးဝေးသွားရင်..ရင်မှာတစ်မျိုးကြီး
ဟာနေလို့ပါ...စိတ်မှာလည်း..သူနဲ့ဝေးသွားရင်..ဂနာမငြိမ်ဘူး
ကွယ်...မျက်လုံးများမှာလည်း မျက်ရည်စတွေ..ခိုတွဲလို့..သူမရှိ
တော့တဲ့..နေ့ရက်တွေမှာ..အရာအားလုံးဟာခြောက်သွေ့သွား
သလိုဘဲ..သူရယ်..လာပါတော့လား...ခုများတော့..အရပ်မျက်
နှာတွေဟာလည်း ငါ့မျက်ဝန်းထဲမှာ..မှောင်မည်းလို့..နေပါပေါ့
တွေဝေမှုတွေဟာ..နာရီတိုင်းမှာ..ချိန်းခြောက်နေရဲ့...ပေါ့ပါး
ခြင်းမရှိတဲ့စိတ်မှာ..သူ့ကို..တမ်းတရင်း..နေ့ဟာလည်း နေ့နဲ့
မတူဘူး..ညဟာလည်း..ညနဲ့မတူပြန်တော့ဘူးကွယ်...
အတူလျှောက်ခဲ့ဘူးတဲ့ တက္ကသိုလ်လမ်းမကြီးဝယ်..
ခုတော့..ကိုယ်တစ်ယောက်တည်း..သံသယတွေ ခိုစီးရင်..
နားလည်ခြင်းမရှိတဲ့သူ့ကို..စိတ်ကောက်နေမိပေါ့ကွယ်...
သူ..ဆိုတာ တစ်ခြားမဟုတ်ပါဘူး...လူတိုင်း လူတိုင်းဆောင်
ထားရမယ့်..သတိကို..ပြောတာပါ..အိုကေ..လူတိုင်းလူတိုင်း..
သတိတရား...ကိုယ်စီထားနိုင်ကြပါစေ... သတိတရား..
လက်ကိုင်ထားပြီး..ကောင်းမြတ်သော အလိုဆန္ဒဟူသမျှ
ပြည့်ဝကြပါစေ...

Subscribe to:
Posts (Atom)