အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Sunday, October 24, 2010

တွေးခေါ်မြှော်မြင်မှုနဲ့ ခံစားချက်


စိတ်နဲ့နှလုံးသားဟာ တစ်ခြားစီနေတယ်..တစ်ခုနှင့်တစ်ခု
သဘောထား ကွဲလွဲမှုရှိတယ်လို့ ကျွန်ုပ် အကြံပေးတယ်လို့ မဆိုလိုပါဘူး...။
ကျွန်ုပ်တို့ရဲ့ အသိဥာဏ်တွေ ၊ ကျွန်ုပ်တို့ရဲ့ ခံစားချက်တွေ တကယ်ကို
အတွင်းကျကျ ရစ်ပတ်နေတယ်လို့..ဆန့်ကျင်ဘက်အနေနဲ့ ပြောတာပါ...။
တွေးခေါ်မြှော်မြင်မှုဆိုတာ ကျွန်ုပ်တို့ ခံစားနေတာတွေကို
ဂုဏ်တက်စေရုံ ခံညားစေရုံသာမက..
အဲဒီအတွေးအခေါ်ကပဲ သေခြာအောင် ကူညီပါတယ်...
ခံစားချက်ရှိနေသူ..အဲဒီခံစားချက်မှာ
ကျွန်ုပ်တို့အတွက် လုပ်ပိုင်ခွင့်ရှိတာတွေကို
နောက်ဆုံးမှာ ဝေဖန်တယ်..တရားစီရင်တယ်..
စိတ်ထဲမှာရှိနေတာတွေက...
ကိုယ်ပိုင်ကျေနပ်မှု ..ကိုယ့်ကိုယ်ကို ယုံကြည်မှု..
ကျွန်ုပ်တို့ဟာ ဘာလဲဆိုတာကို သိတဲ့ ...
ကောင်းတဲ့စိတ်နဲ့တူတဲ့ ခံစားချက်မျိုးဖြစ်ပါတယ်...။
ဒါဟာ ကျွန်ုပ်တို့နဲ့ ပတ်သက်ပြီး ခံစားချက်ဖြစ်ပါတယ်...။
ကောင်းကောင်းနေထိုင်ရဘို့အတွက် ..
ကျွန်ုပ်တို့မှာ ရှိတဲ့ ခံစားချက်တွေ...
အလွန်အရေးပါတဲ့ တစ်ချို့အရာတွေကို..ကျွန်ုပ်တို့ဘ၀မှာ လိုခြင်သလောက်
ကျွန်ုပ်တို့ ရနေတယ်ဆိုတဲ့ ခံစားချက်တွေ..
ဒါတွေအားလုံးဟာ ကျွန်ုပ်တို့နဲ့ ပတ်သက်တဲ့ ခံစားချက်တွေဖြစ်ပါတယ်...။
ကိုယ်ပိုင်အတွေ့အကြုံကနေ..
ကိုယ့်ကိုယ်ကို ဘယ်လိုအားပေးရမယ်..
ဘယ်လို တက်ကြွနေအောင် လုပ်ရမယ်..
ဘယ်လို ပျော်ရွှင်အောင်လုပ်ရမယ်ဆိုတာကို
ကျွန်ုပ်တို့အားလုံး သိကြပါတယ်...။
ပျော်ရွှင်နေတဲ့အခါ...သင့်လျှော်တဲ့အတွေးအခေါ်တွေနဲ့..
တစ်စုံတစ်ဦးကို ပျော်ရွှင်အောင် ဖျောင်းဖျပေးမယ် ..
..ကိုယ့်ကိုယ်ကို ...ဒါမှမဟုတ်..သူတစ်ပါးကို..
ပျော်ရွင်ကြည်နူးအောင် လုပ်ပေးနေတဲ့အခါ...
အတွေးအခေါ် ideaအသစ်တွေ ပေါ်ပေါက်လာတတ်ပါတယ်...။
ဝန်ခံချက်..S.Cannavo ရေးသားသော
Reasoning and feeling ဟူသော ဆောင်းပါး၏
တစ်စိတ်
တစ်ဒေသကို ဘာသာပြန်ဆိုပါသည်...
အရှင်နာဂ(ပုနေး)


Wednesday, October 13, 2010

မိန်းကလေးများ၏ ကိုယ်ကျင့်တရား


န၀ရတရိ(Navaratri)ပွဲတော်ရောက်ရင် ကြည့်စရာ ပျော်ပွဲရွင်ပွဲတွေက အများကြီး...
ဘုရားကျောင်းတိုင်းနှင့် အထွတ်အမြတ်ထားသောနေရာအားလုံးမှာ
ဝတ်ကောင်းစားလှတွေ ၀တ်ဆင်ထားတဲ့ (Durga)အမည်ရတဲ့
လူဝင်းစားတွေရဲ့ ရုပ်ပုံအားလုံးကို အလှဆင်ပေးထားကြတယ်...
"Jai Abbae Gauri"ဆိုတဲ့ သီချင်းကလဲ..ပဲတင့်ထပ်နေတာပဲ..
ဒီသီချင်းလေးကို ကြားတော့...
မိန်းမိလိင်ရဲ့ ပါဝါတွေ...ဖန်ဆင်းတာတွေ..
ဖျက်ဆီးတာတွေ..ကာကွယ်တာတွေ...
ဒါတွေအားလုံး ကျွန်ုပ်ပြန်သတိရတယ်....
ဒီပွဲတော်အတွင်းမှာ...Durga Uttsavအမည်ရတဲ့ နတ်မယ်တော်လေးရဲ့
ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရုပ်တုလေးတွေကလဲ..ကြည်ညိုစရာပါပဲ...
ကိုးရက်တိုင်တိုင် ကျင်းပတဲ့ ဒီပွဲတော်ရဲ အဓိကideaကတော့
shaktiရဲ့ မိန်းကလေးများရဲ့ ကိုယ်ကျင့်တရားဆိုတာမှ
ဆင်းသက်လာတာပါ..
နတ်မိမယ် နတ်မယ်တော်လေးရဲ့ ပုံစံအမျိုးမျိုးနဲ့ ဆင်ယင်ထားတာတွေကလဲ
သိပ်ပြီး သဘောကျစရာကောင်းတယ်..
သူမဟာ shakti ရဲ့ တန်ခိုးပါဝါတွေကို ထင်ရှားအောင် ပြပေးတာပါပဲ..
ပွဲတော်ကျင်းပတဲ့ကိုးရက်အတွင်း
မိန်းကလေးတွေရော ယောက်ျားလေးတွေပါ
garbaကနေတာကို မြင်ကြရတယ်...
မိန်းကလေးများ၏ ကိုယ်ကျင့်တရားမှာ ပါဝင်တဲ့
ထင်ရှားတဲ့ ပုံသဏ္ဍာန်ကတော့ shivaရဲ့ ကြင်ယာတော်အဖြစ်ပါပဲ...
ဒါကြောင့်မို့ ဒီလိုပုံသဏ္ဍာန် ..ဒီလိုမြင်းကွင်းနှစ်ခုကို..
Shiva-Shaktiလို့ ခေါ်ပါတယ်...။
ယောင်္ကျားလေးရော ..မိန်းကလေးပါ ပါဝင်တဲ့ ဒီအယူအဆ ဒီသဘောထားဟာ
Shiva-shaktiတို့ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းပါပဲ...။
Shiva-shaktiတို့ဟာ Ardhanarishwaraတို့ကို ကိုယ်းစားပြုပါတယ်..
Shaktiရဲ့ ကွဲပြားတဲ့ အမြင်နှစ်ခုကတော့ ပထမဆုံး ဖန်ဆင်းခြင်းပါပဲ..
နောက်ပီး..ကြင်နာမှုနဲ့ ..ကာကွယ်သူတွေကို ချစ်ခြင်းပါပဲ...
ဒုတီယအချက်ကတော့..ဖျက်စီးနိုင်စွမ်းရှိတဲ့ ပါဝါတွေရှိတယ်..
Shaktiရဲ့ ဒေါသဖြစ်နေတဲ့ပုံကတော့...Durgaပဲဖြစ်တယ်...
Durgaဆိုတာက..လှတယ်..နောက်ပြီး..ရွှေဝါရောင်အသားအရေလေးနဲ့ပေါ့..
သူ့မှာ..လက်မောင်းဆယ်ခုရှိတယ်...
သူရဲ့စီးတော်ယာဉ်က ကျားဖြစ်ပြီ...
အဲဒီDurgaက မကောင်းဆိုးဝါး ကျွဲကြီးကို သတ်ဖြတ်နေပုံကို
ရုပ်ပုံဆွဲလေ့ရှိကြတယ်...
ဝန်ခံချက်...Sumit Dhanraj ရေးသားသော The Female Principleဟူသော
ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုသည်...
အရှင်နာဂ(ပုနေး)

ငြင်းခုံမှု


ဒီအချက်ကတော့ မြင်လွယ်ပါတယ်..
တွေးခေါ်မျှော်မြင်မှုမှာ အပြောလေးတစ်ခုနဲ့ ထောက်ခံပြီး..
အကြောင်းတရားတွေ ဝေငှမှု ပါဝင်နေပါတယ်...
ယုတ္တိဗေဒပညာရှင် ..တက္ကဗေဒပညာရှင်တွေက
သူတို့အဆုံးမှာ ထောက်ခံထားတဲ့ အဆိုတွေ
အကြောင်းပြချက်တွေကို..အကြောင်းတရားလို့ခေါ်ပါတယ်...
အဲဒီအဆို အဲဒီအကြောင်းပြချက်တွေကို
ငြင်းခုံမှုလို့ခေါ်တဲ့ အဆုံးမှာ ပေါင်းကြည့်လိုက်ပါ...
ကျွန်ုပ်တို့ကိုယ်တိုင်လည်း ဒီဗန်းစကားနောက်ကို လိုက်နေကြတယ်...
ဒီ(manatees)နဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့ ငြင်းခုံမှုတွေဟာ..
အောက်ဖေါ်ပြပါ လမ်းစဉ်အတိုင်း ...အတိုးချုံးကြည့်ရအောင်...
(အဆိုပြုချက်) သို့မဟုတ် (သုံးသပ်ချက်)
Manateesဟာ နို့တိုက်သတ္တ၀ါဖြစ်တယ်...။
(အကြောင်းပြချက်)
Manateesဟာ သူတို့ရဲ့ အငယ်ဆုံးလေကို နို့တိုက်ပေးတယ်...
နောက်ပီး...နို့တိုက်သတ္တ၀ါသာလျှင် ဒီလိုအရာမျိုးကို လုပ်ကြတယ်...
ကျွန်ုပ်တို့ဟာ ဒီနေရာမှာ စကားများ ရန်ဖြစ်ဘို့ ထုတ်ဖေါ်ပြောဆိုထားတဲ့
ဒီငြင်းခုံမှုကို ကျွန်ုပ်တို့ မကြာခဏ နေ့စဉ်လုပ်တဲ့အတိုင်း အသုံးမပြုပါဘူး...
ဒါပေမဲ့.. ကျွန်ုပ်တို့ ဒေါသဖြစ်စရာကောင်းတဲ့ ဒီကွဲလွဲမှုမျိုးတောင်မှ
တွေးခေါ်မျှော်မြင်မှု သဲလွန်စ အရိပ်အယောင်တွေ ရှိနေပါတယ်...
ဒါပေမဲ့ ဒီလိုကိစ္စမျိုးမှာ...
ကျွန်ုပ်တို့ ငြင်းခုံမှုနဲ့ ပတ်သက်ပြီး မှတ်ယူထားမယ် ဆိုတာကလွဲလို့
တစ်ခြားဘာမှမရှိပါဘူး..အဲဒါကိုပဲ စဉ်းစားနေကြတယ်...
ဒီလိုပြောဆိုလိုက်တော့...
ကျွန်ုပ်ရဲ့ မိန်းမက ဒီလိုငြင်းခုံမှုနဲ့ ပတ်သက်ပြီး
ဘယ်လို သတိပေးခဲ့တယ်ဆိုတာကို အမှတ်ရတော့
ကျွန်ုပ်ဟာ ရှက်စိတ်တွေဖြန်းပြီး မျက်နှာကြီး နီလာတယ်...
တစ်ခါတစ်ရံ ကျွန်ုပ်ဟာ မိန်းမနှင့် သဘောထားမတူတာတွေ
ဖြစ်လာတဲ့အခါ..
ဒီမိန်းမကို ဘယ်တော့မှ မယုံကြည်တော့ဘူးဆိုတဲ့ စိတ်တွေ တစ်ခါတစ်ရံ
ဖြစ်လာတတ်ပါတယ်..
ဒါသည်ပင်လျှင် အကြောင်းတရားပဲလေ...
ဝန်ခံချက်...S.Cannavo,(Ph.D)ရေးသားသော Think To Win စာအုပ်မှ
Arguments ဟူသော ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်....
အရှင်နာဂ(ပုနေး)


Saturday, October 9, 2010

ကိုယ်ပိုင်သဘာဝကို ထုတ်ယူခြင်း

န၀ရတရိ(Navaratri)..သူဟာ..လေးကန်ထိုင်းမှိုင်းမှုတွေ..
မာနတွေ..ရှက်စိတ်တွေ..၀မ်းနည်းစိတ်တွေ...လိုခြင်မှုတွေ..အလိုမကျမှုတွေ..
ဒီလိုစိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေအတွက်..ချီးကျူးခံရတယ်...
ကျွန်ုပ်တို့ဟာ လောကဓာတ်ကြီးကို ဆုံးဖြတ်ပေးသော ကမ္ဘာဦးအစ အရည်အသွေးသုံးမျိုးကို
မက်မက်မောမော ၀မ်းမြောက်ဝမ်းသာ ခံယူထားပါတယ်...
န၀ရတရိရဲ့ အစ သုံးရက်မှာ....
စိတ်ဓာတ်ကျမှုတွေ..စိတ်ပျက်အားငယ်မှုတွေ..
ကြောက်ရွံ့မှုတွေ..စိတ်မငြိမ်မသက်ဖြစ်မှုတွေ..ဖြစ်တယ်..
ဒုတီယသုံးရက်မှာ...ဒေါသဖြစ်တာတွေ..ပျာယာခတ်နေတာတွေ..ဖြစ်တယ်...
နောက်ဆုံးသုံးရက်မှာတော့....တည်ငြိမ်မှု...ငြိမ်းချမ်းမှု...စွမ်းအားတွေ...ဖြစ်တယ်...။
ကျွန်ုပ်တို့ဟာ ..အစသုံးရက်ကနေပြီး...နောက်ဆုံးသုံးရက်ရောက်လာတဲ့အခါ...
အောင်မြင်မှုတွေဖြစ်ပေါ်လာတယ်...
ကျွန်ုပ်တို့ဟာ ကိုယ်ပိုင်ဆိုးသွမ်းမှုတွေ..လိုခြင်မှုတွေ...အလိုမကျမှုတွေ...
ပျင်းရိမှုတွေ...ဒါတွေကို အောင်မြင်မယ်ဆိုရင်....
ဒါဟာ ကြည်ညိုလေးစားစရာပါပဲ...
ပတ်ဝန်းကျင်နဲ့လဲ...လိုက်ဖက်အဆင်ပြေမှုရှိပါတယ်...။
ပျင်းစရာကောင်းပြီး..ထူထဲတဲ့အသားအရေရှိတဲ့..စာနာစိတ်မဲ့တူသူကို
“ကျွဲကြီး” လို့ ကျွန်ုပ်တို့ဟာ ပြောဆိုကြပါတယ်...
ဝန်ခံချက်....Sri Sri Ravi Shankar ရေးသားသော Dip into Your Own Nature ဟူသော
ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည်...
အရှင်နာဂ(ပုနေး)


Wednesday, October 6, 2010

ကံတရားအယူအဆနှင့် လူမှုရေး အကျိုးအမြတ်ရှိသော လုပ်ဆောင်ချက်များ


ကမ္ဘာကြီးနဲ့ ပတ်သက်နေတာတွေက မလွဲမသွေ ကြားနေရေးထက် ပိုများပါတယ်..Align Centerအဲဒီကြားနေရေးတွေက အန္တရာယ်ပိုများပါတယ်..
ကိုယ့်ကျင့်တရားဆိုင်ရာ အပြုအမှုတွေက
ကယ်တင်ခြင်းတွေ ကွန်းခိုရာတွေအတွက် အဟန့်အတား အနှောင့်အယှက် ဖြစ်နေပါတယ်..
ကောင်းကျိုးအစုအပုံတွေ ခံစားနေရကတည်းပေါ့...
ဒါကြောင့် ကံတရားတွေ ပြန်လည်မွေးဖွားခြင်း စက်ဝန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်..
စစ်မှန်သော ဗုဒ္ဓဘာသာဝင်ဆိုတာ နှောင်ကြိုးတွေ..
နောက်ပြီး သံယောဇဉ်တွေအားလုံး ပယ်ခွါနိုင်သူဖြစ်ရပါမယ်..
ကြံ့လိုမျိုး တစ်ယောက်တည်း နေနိုင်ရမယ်..လှည့်လည်နိုင်ရမယ်..
ကံတရား အယူအဆ ကံတရားသဘောတရားဟာ
များပြားလှတဲ့ အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးတွေထဲမှာ ပျံ့နှံ့နေဟန်ရှိပါတယ်...
ပရော်ဖက်ဆာ K.N ဂျယတိလက်ကေ(Prof. K.N.Jayatilleka)ပြောတဲ့အတိုင်း
ဗုဒ္ဓဘာသာဝင်တွေ လက်ခံထားတဲ့ ကံတရားဟာ..ဝေဒတရားတွေ ဟိန္ဒူတွေ ဂျိန်းတွေ...
နောက်ပြီး..အာဇီဝကတွေ..သူတို့တစ်တွေ လက်ခံထားတဲ့ ကံတရားနဲ့
မတူကွဲပြားမှုရှိတယ်ဆိုတာကို နားလည်ဘို့ အဓိက လိုအပ်ပါတယ်...
ဒီလိုနားလည်မှုမရှိရင် အဲဒီမှာ ကျွန်ုပ်တို့ဟာ ရှုပ်ထွေးသွားနိုင်တယ်..
ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင် နားလည်မှုလွဲမှားနေတာတွေဟာ
ဗုဒ္ဓဘာသာဝင်တွေရဲ့ လက်ခံထားတဲ့တရားအဖြစ် တင်ပြကြတယ်...
တစ်စုံတစ်ဦးဟာ စပီရို(Spiro)ရဲ့ အမြင်ကို လက်ခံတယ်ဆိုရင်..
အဲဒီသူဟာ ဗုဒ္ဓဘာသာဝင်လို့ ကောက်ချက်ချရလိမ့်မယ်..
မြတ်စွာဘုရားရှင်က နိဗ္ဗေဒိကပရိယာယသုတ်မှာ ကံတရားနှင့် ပတ်သက်ပြီး
ဟောကြားတော်မူထားပါတယ်..
စေတနာသည် ကံ...ဒါကြောင့်မို့... ခန္ဓာကိုယ်နှင့် လုပ်ဆောင်တဲ့ အမှုအရာတွေ
နုတ်ကလေးနဲ့ ပြောဆိုတဲ့ အပြောတွေ..
စိတ်ကလေးနဲ့ ကြံတဲ့အကြံတွေ....ဒါတွေအားလုံးကို ကံလို့ ဟောတော်မူပါတယ်...။
စူဠကမ္မ၀ိဘင်္ဂသုတ်တော်မှာလည်း မြတ်စွာဘုရားရှင်က
တောဒေယျလူငယ်လေးကို ဟောကြားတော်မူထားပါတယ်....
သတ္တ၀ါတွေဟာ သူတို့ကိုယ်ပိုင်ကံတရားသည်ပင်လျှင်
သူတို့ပိုင်ဆိုင်သော ပစ္စည်းဥစ္စာဖြစ်တယ်...
ကံတရားရဲ့ အမွေစား အမွေခံဖြစ်တယ်..
ဖြစ်တတ်ပျက်တတ် ပြုပြင်တတ်သော ပတ်ဝန်းကျင်အခြေအနေအတိုင်း
သူတို့ရဲ့ ဆက်ဆံရေးအတိုင်း..သူတို့ရဲ ကွန်းခိုရာ ခိုလှုံရာအတိုင်း
ကံတရားရှိကြပါတယ်...။
ဒီကံတရားကြောင့်ပဲ..သတ္တ၀ါတွေဟာ အနိမ့်အမြင့် တစ်နည်းအားဖြင့်
ချမ်းသာ ဆင်းရဲ...ကွဲသွားကြပါတယ်..

ဝန်ခံချက်...Dr..Dharmasena Hettiarachchiရေးသားသော The concept of Karma and Socio-Economic Activitiesဟူသော ဆောင်းပါ၏ တစ်စိတ်တစ်ဒေသကို ဘာသာပြန်ပါသည်... အရှင်နာဂ(ပုနေး)








Tuesday, October 5, 2010

ကျွန်ုပ်တို့အားလုံးမှာ အကြောင်းတရားရှိသည်...ဒါပေမဲ့

မေး..ကျောင်းသား...လော့ဂျစ် ယုတ္တိဗေဒဟာ
အသုံးဝင်တယ်ဆိုတာကို...သက်သေပြပေးပါဆရာ...
ဖြေ..။EPICTETUS..ဟုတ်ပြီ..ဒါပေမဲ့.. လော့ဂျစ် ယုတ္တိဗေဒကို အသုံးမပြုပဲ
ငါ ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို ပထမဦးဆုံး ငါ့ကို ပြောပြပါ..

အကြောင်းတရား တွေးခေါ်ဆင်ခြင်မှုသည် ကျွန်ုပ်တို့အားလုံးနှင့်
ရင်းနှီးကျွမ်းဝင်သော အရာဖြစ်ပါသည်...
အဲဒီအကြောင်းတရားဟာ ဘ၀အစမှာ ကောက်ကာငင်ကာ ဖြစ်သည်..
ဘ၀အစဆိုတာကလည်း ဘာကြောင့် ကျွန်ုပ်တို့ ယုံကြည်ရသလဲလို့..
တစ်စုံတစ်ယောက်က မေးလာတဲ့အခါ...
ပတ်ဝန်းကျင်အပေါ် နားလည်ပေးမှု စတင်ကြိုးစားတဲ့အခါပေါ့..
အဲဒီနောက် စဉ်းစားဖို့ ကျွန်ုပ်တို့စွမ်းရည်တွေ
အလျှင်အမြန် တိုးပွားလာတယ်..
ကျွန်ုပ်တို့ရဲ အခြေအနေတွေ တစ်ခုပြီး တစ်ခု ထပ်ခါထပ်ခါ
လေ့ကျင့်မှုစွမ်းရည်အတိုင်းပေါ့...ပိုးတိုးတက်ကောင်းမွန်လာတယ်..။
စာသင်ကျောင်းတွေမှာ အကြောင်းတရား ဆင်ခြင်မှု လမ်းကြောင်း
မပေးတာကလည်း အံ့သြစရာမရှိပါဘူး..
ဒီနေရာတွေကလည်း အစောကြီးကတည်းက ကျွန်ုပ်တို့ လာခဲ့ကြပြီလေ..။
အရွယ်ရောက်ပြီးသူ အနေနဲ့...
ကျွန်ုပ်တို့ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို သတိမထားဘဲ ကျွန်ုပ်တို့ စဉ်းစားကြည့်ကြစို့...
ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ဆင်ခြင်တုံတရား အသိဥာဏ်တရားဟာ အဓိကအားဖြင့် ပုံမှန်ပဲ...
အထိုက်အလျှောက် စနစ်တကျမရှိတတ်ဘူး ..ဖြစ်ကတတ်ဆန်းပဲ..
ဒါဆို ဘယ်လိုလုပ်အောင်မြင်သလဲဆို..လက်ဖျားခါသွားစေရမယ်...
ဒါဟာ အထူးစပါယ်ရှယ်လမ်းစဉ်ရှိမှ အောင်မြင်မယ်...။
အနိုင်ယူမည့်အစား ယုံကြည်ခံရမှု နှစ်သက်သဘောကျခံရမှုက သင့်ကို အောင်မြင်စေပါလိမ့်မည်...
ဝန်ခံချက်...S. Cannavo..ရေးသားသော We all reason-but howဟူသော
ဆောင်းပါး တစ်စိတ်တစ်ဒေသကိုဘာသာပြန်ဆိုသည်...
အရှင်နာဂ(ပုနေး)





Saturday, October 2, 2010

လမ်းစဉ်


God၏ တရားဥပဒေသည် အဆုံးအစမရှိသလို..မပြောင်းလဲနိုင်ပါဘူး။
တရားဥပဒေနှင့် ဘုရားသခင်သည် ခွဲခြား၍ မရနိုင်ပါဘူး..။
တရားဥပဒေဆိုတာ မရှိမဖြစ်အခြေအနေတစ်ခုဖြစ်ပါတယ်...။
မြတ်စွာဘုရားရှင်ဟာ God ကို မယုံဘူး
ကိုယ်ကျင့်တရားဥပဒေကိုသာ ရိုးသားစွာယုံတယ်.. ဆိုတဲ့...
အကြီးမားဆုံး အရှုပ်အထွေး..တစ်ခုဖြစ်လာခဲ့တယ်...။
နိဗ္ဗာန်ဆိုတဲ့စကားလုံးကို နားလည်မှုနဲ့ပတ်သက်ပြီး..
ရှုပ်ထွေးမှုတွေဖြစ်လာခဲ့ရတယ်...
နိဗ္ဗာန်ဆိုတာ..တကယ် သေခြာပေါက် ကွယ်ပျောက် တိမ်ကော မသွားပါဘူး...။
ကျွန်ုပ်နားလည်သလောက်ပြောရရင်...
နိဗ္ဗာန်မှာ ကျွန်ုပ်တို့အတွက် ကြောက်စရာ စိုးရိမ်စရာလည်း မရှိသလို..
အကျင့်ပျက် ဖေါက်ပြန် ချစားမှုတွေလည်းမရှိပါဘူး...။
အဲဒီလို အကျင့်တွေအားလုံး နိဗ္ဗာန်မှာ မျိုးတုန်းပျောက်ကွယ်သွားတယ်...
နိဗ္ဗာန်ဆိုတာ သချုင်္ိင်းကုန်း အုတ်ဂူတို့ရဲ့ အမည်းရောင်
ငြိမ်းချမ်းနယ်မြေနဲ့လည်း မတူပါဘူး....
နိဗ္ဗာန်ဟာ သက်ရှိ ငြိမ်းချမ်းနယ်မြေ သက်ရှိပျော်ရွှင်ရာလို့လည်း ဆိုနိုင်ပါတယ်...။
မြတ်ဗုဒ္ဓဂေါတမဟာ ဖန်ဆင်းရှင်အနိမ့်စားလေးကိုတောင်မှ
တန်းတူရည်တူ ဆက်ဆံဖို့
ကမ္ဘာကြီးကို သင်ကြားပြသခဲ့ပါတယ်...။
သူဟာ ကမ္ဘာမြေမှာ တွားသွားနေတဲ့ အရာအားလုံးရဲ့ ဘ၀တွေကို
သူ့ဘ၀ တန်းကြေးထားသလို အားလုံးကို တန်ကြေထားပါတယ်..သဘောထားပါတယ်...
လူသားတွေဟာ သာမန်ဖန်ဆင်းတည်ထောင် လုပ်ကိုင်တဲ့နေရာမှာ
ဆရာတစ်ဆူ ဘုရားတစ်ဆူပါပဲလို့..
ပြောဆိုဖို့ စိတ်ကြီးဝင်တဲ့ ယူဆချက်တွေ လက်ခံမှုတွေရှိနေပါတယ်...
အဲဒါနဲ့ပြောင်းပြန်ပင်..ဘ၀ရဲ့ အကြီးအမားဆုံးအရာတွေနဲ့ ပြည့်စုံပြီးတဲ့နောက်..
သူတို့ဟာ အနိမ့်ကျဆုံး တိရိစ္ဆာန်နိုင်ငံတော်ရဲ့ အုပ်ထိမ်းသူတွေဖြစ်ပါတယ်...
ပညာရှိသူတွေဟာ သူတို့ကိုယ်ပိုင်ဘ၀မှာ အမှန်တရားတွေနဲ့ပဲ နေထိုင်ကြပါတယ်...။
ကျွန်ုပ်ဟာ အာရှအလင်းရောင်စာအုပ်ထဲမှာပါတဲ့ ကောက်နုတ်ချက်စာသားကို
ချာတိတ်ဘ၀တုန်းက ဖတ်ခဲ့တယ်....။

ဝန်ခံချက်...M K Gandhi ရေးသားသော The Way Of The Buddha ဟူသော ဆောင်းပါး၏
တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည်...
အရှင်နာဂ(ပူနေး)

Wednesday, September 29, 2010

မေတ္တာတရားကို အခြေခံမဏ္ဍိုင်ပြုတဲ့ တော်လှန်ရေး

မေး....(ကျောင်းသား)
ကျွန်ုပ်တို့ဘ၀တွေမှာ ဘာသာတရားအပေါ် ယုံကြည်မှုရဲ့
အဓိက အရေးပါဆုံးက ဘာပါလဲ...
အတိုင်းအတာသုံးမျိုးကိုတော့ မသိနိုင်ပါဘူး...
စိတ်လှုပ်ရှားမှုရယ်..ခန္ဓာကိုယ်ကြီးနဲ့ စိတ်ရယ်..ကျန်းမာရေးနှင့်ညီညွတ်တဲ့ ပတ်ဝန်ကျင်း ..
အဲဒီသုံးမျိုးပေါ့...
ယနေ့ ကျွန်ုပ်တို့ဟာ စိတ်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်..။
အထူးသဖြင့် လူငယ်တွေပေါ့....
သူတို့ဟာ ရှုပ်ထွေးမှုတွေ ဖိအားတွေနဲ့ များစွာရင်ဆိုင်နေရပါတယ်...။
မေး.....(ပါလီမန်အဖွဲ့ဝင်)
ဖိအားတွေကို ဘယ်လိုရှောင်တိမ်းပြီး
စိတ်ဓာတ်ကျမှုတွေ စိတ်ပျက်အားငယ်မှုတွေကို
ဘယ်လိုတားဆီးကာကွယ်ရမလဲ..
ကလေး လူငယ် ချာတိတ်များမှာ စိတ်အားထက်သန်တက်ကြွမှုတွေနှင့်
ခွန်အားတွေများစွာရှိပါတယ်..။
သင်ဟာ တရားထိုင်ခြင်း သို့မဟုတ် ၀င်လေထွက်လေ သိမှတ်နေခြင်းဖြင့်
စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကိုရနိုင်ပါတယ်...။
သင့်ရဲ့ နှလုံးသားကို ပျော်ရွှင်မှုတွေနဲ့ ဖြည့်ထားပါ...။
ဒီတရားထိုင်ခြင်း ၀င်လေထွက်လေ သိမှတ်နေခြင်းဟာ
အကျင့်စာရိတ္တပျက်နေတာတွေ အရက်စွဲနေတာတွေ
ပညာရေးတစ်ပိုင်းတစ်စနဲ့ ထွက်လာတာတွေ လျော့ခြပေးဘို့အတွက် ကူညီပေးပါတယ်...
စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုဟာ ကျောင်းသားတွေအတွက် တိုးတက်ဖို့ ကူညီပေးပါတယ်...။
ပုံမှန်တရားထိုင်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကို ရယူနိုင်ပါတယ်..။
သိပ္ပံပညာနှင့် ဘာသာရေးဟာ အတူတကွလာပါတယ်..
သို့ပေမဲ့..ယနေ့သိပ္ပံပညာဟာ ဘ၀အရည်အသွေးတွေတိုးတက်စေဖို့
ဘာသာရေးစည်းမျည်းစည်းကမ်းတွေကို အသိအမှတ်ပြုနေရပါပြီ...။
မေး...အိုလံပစ်ရွေတံဆိပ်ဆုရှင် ဘဒါယူဂန်(Badar-Uugan)
အားကစားသမားတွေအတွက် ဘာသာရေးထံမှ ဘယ်လိုများ အကျိုးကျေးဇူးရနိုင်မလဲ...။
မင်းလို အားကစားသမားတွေအတွက် ခွန်အားတွေ အနားယူမှုတွေ
သတိတွေ ..အရမ်းကို လိုအပ်ပါတယ်...။
ဝင်လေ ထွက်လေ ဒိုင်နမစ်ဟာ သင်ရဲ့ ဇီဝတွင်းဖြစ်ပျက်မှုကို အကျိုးသက်ရောက်စေပါတယ်..။
သင့်ရဲ့စိတ်ကို အာရုံစိုက်လိုက်ခြင်းဟာလည်း သင့်ကို သတိတွေတိုးတက်အောင် ကူညီပါတယ်...
ဘာသာရေးယုံကြည်မှုဟာ သင့်ကို ပြောင်းလဲမှုဖြစ်အောင် လုပ်ပေးပါလိမ့်မယ်..
နောက်ပြီး..သင်ဟာ..သဘာဝတရားတွေနဲ့ စည်းချက် ရစ်သမ်ညီမျှစွာ နေထိုင်နိုင်ပါလိမ့်မယ်..။
(ကျောင်းဆရာ).....
စကားကြမ်းကြမ်းတမ်းတမ်း ပြောဆိုတဲ့သူတွေကို မသိခြင်းဟာ
အခက်အခဲလို့ သိရတယ်..သူတို့ဟာ ဆန့်ကျင်ပြီး စိတ်ခံစားချက်ကို ပွင့်လင်းစွာ ဖေါ်ထုတ်ကြပါတယ်..။
တစ်စုံတစ်ဦးက ဆန့်ကျင်ဘက် ပြောလာမည်ဆိုလျှင်..
အဲဒီပုဂ္ဂိုလ်ကို ပြန်မပြောပါနှင့်...။
နှင်းဆီပန်းမှာ ဆူးရှိတယ်ပဲ သဘောထား နားလည်ပေးလိုက်ပါ...။
ဘ၀ဆိုတာလဲ ပြဿနာပေါင်းများစွာရှိပါတယ်...။
ပြဿနာတွေကို ကျော်လွှားအောင်မြင်နိုင်ဖို့ ခွန်အားတွေရှိရမယ်..။
အတွင်းစွမ်းအားတွေကို ဖေါ်ထုတ်ပြီး..
ပြဿနာတွေ အခက်အခဲတွေကို အခွင့်အရေးတစ်ခုအဖြစ် သဘောထားပါ..။
ကျွန်ုပ်တို့မှာ ခွဲဝေထားတဲ့ စိတ်ပိုင်းဆိုင်ရာ အသိပညာတွေ
ဘာသာရေး ယုံကြည်မှုတွေ များလာလေ..
ကျွန်ုပ်တို့ကိုယ်မှာလည်း ပျော်ရွှင်ကြည်နူးမှုတွေ ပိုပျံ့နှံလာလေပါဘဲ...။
သင်ဟာ ဒေါသဖြစ်နေတဲ့သူနဲ့ သီးခံပြီး ဆက်ဆံလိုက်တဲ့အခါ..
ငြိမ်းချမ်းတဲ့အကျိုးတရားတွေ သင့်မှာဖြစ်လာပါလိမ့်မယ်...။
သင်ရဲ့ရည်ရွယ်ချက် သင့်ရဲ့စေတနာက
မတူကွဲပြားတဲ့ အကျိုးကျေးဇူးတွေကို ဆောင်ကျဉ်းလာပါလိမ့်မယ်..။
(ကျောင်းသား).....
တရားထိုင်နေတုန်း တကယ်အစစ်အမှန် ချမ်းသာကို ခံစားရပါတယ်..
အဲဒီခံစားမှုလေး အမြဲတည်နေအောင် ဘယ်လိုသေခြာအောင် လုပ်ရမလဲ...
ဆက်ပြီး တရားထိုင်ပါ...။တရားထိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို တွန်းအားပေးပါ...။
သစ်ပင်လေးကို အတော်ကြီးမားလာတဲ့အထိ ရေးလောင်းပေးသလိုပေါ့...။
ကမ္ဘာအနှံ့စီးပွားရေးကိုပြောဆိုတဲ့အခါ...
ကျွန်ုပ်တို့ရှိသင့်တာ လုပ်သင့်တာကတော့..ကမ္ဘာအနှံ့ပညာ အသိပညာရှိရမယ်...။
ကျွန်ုဟာ ခေတ်မှီတက္ကသိုလ်ကြီးတစ်ခုကို မွန်ဂိုလီးယားမှာ တည်ထောင်ခြင်တယ်..။
မွန်ဂိုလီးယားမှာ ရှေးဟောင်းယဉ်ကျေးမှုတွေကနေ အသိပညာတွေ ရရှိနိုင်တယ်....။
ရိုးရာအစဉ်အလာတွေကို ရှယ်ယာလုပ်နိုင်တယ်...
အရှေ့နဲ့ အနောက်ရဲ့ အကောင်းဆုံ အကျိုးကျေးဇူးတွေကို ရနိုင်ပါတယ်...။
ဝန်ခံချက်...Sri Sri Rabi Shankar ရေးသားသော..Revolution Based on Loveဟူသော
ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည်...
အရှင်နာဂ(ပူနေး)










Thursday, September 23, 2010

ထုံးတမ်းစဉ်လာ(၂)


အဲဒီနောက် သင်ဟာ ဘာသာရေးယုံကြည်မှုတွေကို လုပ်ဆောင်ကောင်းလုပ်ဆောင်လိမ့်မယ်..
ရုပ်လွန်ပညာရဲ့ အနက်အနဲကို လေ့လာလိုက်စားကောင်း လိုက်စားမယ်...။
တစ်ချို့ထုံးတမ်းစဉ်လာဓလေ့တွေကို ငြင်းဆိုဖို့ ယုတ္တိ အကြောင်းမရှိပါဘူး..။
ဘာကြောင့်လဲဆိုတော့..ကျွန်ုပ်တို့ဟာ အဲဒီရိုးရာဓလေ့ကို နားမလည်လို့ဖြစ်ပါတယ်..။
ထုံးတမ်းစဉ်လာတိုင်းဟာ အတွေးအခေါ်တွေ အတွေ့အကြုံတွေနဲ့
အများကြီး ပတ်သက်နေပါတယ်..။
ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပြည့်စုံတဲ့လူတွေ တိုးမြင့်အောင်
စိတ်ဓာတ်တွေကို မြင့်မားအောင် လုပ်ပေးရပါမယ်..။
အချမနမ်(achamanam)လို့ခေါ်တဲ့ ရေသုံးစက်ကို သောက်ခြင်းဟာ
လူတွေရဲ့ ခံနိုင်ရည်ကို မြင့်မားအောင် လုပ်ပေးတဲ့သဘောပါ..။
ဘုရားရှိခိုး ဆုတွေတောင်းသူတွေ
ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိတွေ့ လှုပ်ရမ်းခြင်းဟာ
ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေကို အသက်သွင်းတာပဲဖြစ်ပါတယ်...။
ဒီလိုနေရာမျိုးမှာ လုပ်ငန်းစဉ်တွေကရော အာရုံကြောတွေကပါ...မပြီးနိုင်ပါဘူး..။
ယောဂကျင့်စဉ်လိုမျိုး ထိုင်နေခြင်းဟာ စွမ်းအားရေလျဉ်တွေ လွယ်ကူစွာ စီးဆင်းစေဖို့
ကျောရိုးကို ထောင်မတ်ထားခြင်းဖြစ်ပါတယ်..
ဖြူစင်မှုရဲ့ သင်္ကေတဖြစ်သော ဘာသာရေးပွဲတော်အတွင်း
သစ်သီး သစ်ရွက်တွေ ပန်းတွေ လှုဒါန်းခြင်းတွေလဲ
ထိုနည်းတူပါပဲ..မိမိရဲ့ စွမ်းအားရေလျဉ်တွေ စီးဆင်းစေဖို့ဖြစ်ပါတယ်....
ဘာသာရေးထုံးတမ်စဉ်လာများဟာ ငုတ်နေတဲ့ အဓိပ္ပါယ်တွေ ရည်ရွယ်ချက်တွေရှိကြပါတယ်...။
ဝန်ခံချက်....Murali A Raghavan ရေးသားသော Rituals As Learning Toolsဟူသော ဆောင်းပါး၏ တစ်စိတ်တစ်ပိုင်းကို ဘာသာပြန်ဆိုသည် အရှင်နာဂ(ပူနေး)
Align Center




Wednesday, September 22, 2010

ရိုးရာထုံးတမ်းစဉ်လာ


တယ်လီဗီးရှင်း ရောင်းဝယ်တဲ့ လူတစ်ယောက်ဟာ
ရှုပ်ထွေးပြီး သိပ္ပံနည်းကျ တယ်လီဗီရှင်းတစ်ခုဖြစ်အောင်
မလုပ်တတ်သလို..သင့်ကိုလည်း အဲဒီနည်းလမ်းမပြောနိုင်ပါဘူ်း
သူက သင့်ကို ညွန်ကြားစာစောင်နှင့် remote ကို သင့်လက်ထဲမှာ ပေးပါလိမ့်မယ်...
အဲဒီစာကို ဖတ်ပြီး...
သိပ္ပံဗဟုသုတမရှိတဲ့လူတစ်ယောက်တောင်မှ..
တီဗွီ၏ ရုပ်ပုံတွေ အသံတွေ အလင်းအမှောင်တွေ ကာလာတွေကို
သင်ဟာ လုပ်နိုင် ညှိပေးနိုင်ပါတယ်...
ခလုပ်ကိုနှိပ်ပြီး တီဗွီ ချာနယ်တွေကို ဖွင့်နိုင်ပါတယ်....။
သင့်ရဲ့ အိမ်တံခါးဝကို သိပ္ပံပညာက ယူလာပေးတဲ့ အသုံးချသိပံ္ပ အသုံးချနည်းပညာဖြစ်ပါတယ်...
အသုံးချသိပံ္ပ အသုံးချနည်းပညာဆိုတာ
သိပံ္ပပညာရဲ့ အပြင်ဖေါ်ပြချက်ဖြစ်ပါတယ်...
အထက်ပါ ဖေါ်ပြချက်ဟာ ဘာသာရေးယုံကြည်မှုနှင့် ဘာသာအယူဝါဒတိုရဲ့ကြားက
ဆက်နွယ်နေမှုဖြစ်ပါတယ်...။
ဘာသာရေးဆိုတာ စိတ်ပိုင်းဆိုင်ရာ အပြင်ပန်းဖေါ်ပြချက်ဖြစ်ပါတယ်..။
သူတို့ဟာ အချိန်တွေပြောင်းလဲသွားစေနိုင်တယ်...။
ဘာသာတရားအသီးသီးမှာ နောက်လိုက်နောက်ပါ တပည့်များရဲ့
ကိုယ်ပိုင် မဲဆန္ဒနယ်ဖြစ်ပါတယ်...။
သိပံ္ပပညာလိုပဲ စိတ်ပိုင်းဆိုင်ရာရည်မှန်းချက် ပန်းတိုင်ကတော့..
ပြဿနာတွေကို မှေးမှိန်ပျောက်ကွယ်သွားအောင် ကူညီတယ်..
နောက်ပြီး ကျွန်ုပ်တို့ ဘ၀ရဲ့ အရည်အသွေးတွေကို
တိုးတက်အောင် အကူအညီပေးမှုဖြစ်ပါတယ်...။
သိပံ္ပပညာဟာ တစ်ခုခြင်း တစ်ခုခြင်း သဘာဝလွန် ပြဿနာတွေကို
ကိုင်တွယ်ဖြေရှင်းနေရစဉ်..
ဘာသာအယူဝါဒတွေကတော့ ပြဿနာရဲ့ အရင်းအမြစ်တွေကို ရှာဖွေတိုက်ခိုက်နေပါတယ်..။
ပြဿနာ အရင်းအမြစ်အားလုံးဟာ
မသိခြင်းမောဟထဲမှာ မြုပ်ဝင်နေပါတယ်..
ဘ၀ရဲ့ အစစ်အမှန် ရည်ရွယ်ချက်နဲ့..
အစစ်အမှန်တရားတွေကို လက်ခံနိုင်တဲ့ အရည်အသွေးကို မသိမှုပေါ့....။
သိပံ္ပပညာကို ကျွန်ုပ်တို့ဘ၀မှာ အသုံးချနေစဉ်...
ရှေးရိုးထုံးတမ်းစဉ်လာဓလေ့တွေကို..
“အဲဒီဓလေ့တွေဟာ ဘယ်လိုများ လုပ်ဆောင်သလဲ” စသည်
မေးခွန်းများ မမေးပဲ လုပ်ဆောင်နေကြပါတယ်...။
ဘာကြောင့်လဲဆိုတော့...
“ဘယ်လိုလဲ” “ဘယ်လိုဖြစ်လို့လဲ” မေးတတ်တဲ့သူကို
အားလုံးက သတိထားနေကြလို့ဖြစ်ပါတယ်...
အသုံးချသိပံ္ပ သို့မဟုတ် နည်းပညာတွေဟာ
အသုံးဝင်တဲ့ ကိရိယာတန်ဆာပလာတွေနဲ့
အချိန်မရွေး အမြဲတမ်း တည်ဆောက်နေချိန်မှာ
ရိုးရာဓလေ့ထုံးတမ်းစဉ်လာများဟာလည်း လက်တွဲသွားနေပါတယ်...။
ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများနဲ့ ညွန်ကြားထားတဲ့ ဘာသာရေးတွေကို မြင်နိုင်ပါတယ်..။
ဘာသာရေးတွေဟာ ယုံကြည်မှုတွေနဲ့ လိုက်ဖက်အောင် လုပ်ထားတယ်...။
လူတွေရဲ့ အကျိုးစီးပွားအတွက် အသုံးပြုဘို့အတွက်
လွယ်ကူတဲ့ခြေလှမ်းတွေကို အကူအညီရယူထားပါတယ်..။
သင်ဟာ လေ့လာဘို့ စိတ်ကညွတ်နေတယ်ဆိုရင်
သိပ္ပံပညာနဲ့ပတ်သက်ပြီး လေ့လာပါ..
သိပ္ပံပညာနဲ့ ပတ်သက်ပြီး..အယူအဆတွေ ပုံသေးနည်းတွေကို နားလည်လာမယ်..
အရာဝတ္ထုတွေဟာ ဘယ်လို အလုပ်လုပ်နေတာဆိုတာနဲ့
ပတ်သက်ပြီး နားလည်လာမယ်..။
အမှန်တရားကို ရှာဖွေဖို့..အမှန်တရားအတွက် စွန့်စားဖို့..
သင့်မှာ အရေးကြီးတဲ့ စိတ်တွေရှိပါတယ်..
ဝန်ခံချက်...Murali A Raghavan ရေးသားသော Rituals As Learning Toolsဟူသော ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည်... အရှင်နာဂ(ပူနေး)













Tuesday, September 21, 2010

ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရသလား?


သင့်ဘ၀လမ်းခရီးမှာ သင်ဟာ မျက်နှာသာပေးခံရမှုတွေနဲ့ တွေ့ကြုံရသလို
မျက်နှာလွဲခံရမှုတွေနဲ့လဲ တွေ့ကြုံရမှာ အသေအခြာပါဘဲ..
အခြေအနေတွေ အချိန်အခါတွေရဲ့..မျက်နှာသာအပေးခံရမှု
ထောက်ခံမှုတွေနဲ့ စတင်တွေ့ကြုံသောအခါ..
ပမာဏအနည်းငယ်မျှ လမ်းကြောင်းပေါ်မှာ အောင်မြင်ပါလိမ့်မယ်..။
ဒါပေမဲ့..အခက်ခဲတွေနဲ့ စတင်ရင်ဆိုင်ရပြီဆိုရင်..
ကြီးမားသော အမြန်နှုံးနဲ့ လျှောက်လမ်းရမဲ့ လမ်းစဉ် သင်္ကေတကို ယူရပါတော့မယ်..။
“သူက..တစ်ဦးတည်း”
“သူက..ဘယ်သူကို ..ချစ်တာလဲ”
“သူကရော..သူ့ကို ..ချစ်ဖို့ ကြိုးစားရဲ့လား”
ကျင်ကျင်နာနာ နူးနူးညံ့ညံ့နဲ့ မျက်နှာသာပေးခြင်းဟာ ရတနာဖြစ်ပါတယ်..။
မူမမှန်တဲ့ အကြောင်းပြချက်တွေနဲ့ သူတို့ကို သူက ခဏတစ်ဖြုတ် မိုးရွာလိုက်တာလား..။
သူဟာ ကံကောင်းသူဖြစ်ပါတယ်..
ဘာဖြစ်လို့လဲဆိုတော့..သူ့ကို အမြဲတမ်း ဒုက္ခရောက်အောင်လုပ်လေ့ရှိတဲ့
ဆွေမျိုးတွေနဲ့ ဆက်ဆံနေရလိုပေါ့...။
မီးရာ(Meera)..သူမဟာ ခရစ်သျှနာအပေါ်မှာထားတဲ့
ကြီးမားသောသံယောဇဉ်တွေ အလေးအနက်ထားမှုတွေဟာ
အဖြေမဟုတ်သလို သူမအတွက်လည်း အဖြေမဟုတ်ပါဘူး..
သူမကို ချုပ်ခြယ်တဲ့ဆွေမျိုး ..ပြဿနာရှာတဲ့ ဆွေမျိုးတွေမရှိပါဘူး..
အလားတူပဲ..ခေါင်းမာတဲ့ ဘုရင် ဟိရန်ညာကရှိပု(Hiranyakashipu)အတွက်လည်း
အသေးအဖွဲ ပြဿနာလေးတွေကလွဲရင်..တစ်ခြား ပြဿနာမရှိပါဘူး..။
သူဟာ ဟရိ(Hari)အပေါ်မှာ ကြီးမားတဲ့သံယောဇဉ်..
ကြီးမားတဲ့အလေးအနက်ထားမှု ခိုင်ခိုင်မာမာမရှိပါဘူး..။
ပြဿနာရှာသူတွေဆိုတာ..
သီးခံမှုတွေနဲ့ တည်ဆောက်ထားတာမဟုတ်သလို..
ငြိမ်းချမ်းရေးကိုလည်း မနောနဲ့ပဲ အာရုံခံကြည့်တယ်..လက်တွေမပါဘူး..။
ပြဿနာတွေ အဟန့်အတား အနှောင့်အယှက်တွေ ကျွန်ုပ်တို့
လမ်းကြောင်းပေါ် ရောက်လာတဲ့အခါ..
ဘုရားသခင်က သဘာဝတည်ငြိမ်အေးချမ်းမှုတွေကို
ကျွန်ုပ်တို့အား အမြန်တည်ထောင်ပေးခြင်တယ်..လို့ စိတ်ထဲမှာ ဖြစ်ခြင်လဲ ဖြစ်လိမ့်မယ်..။
တစ်နည်းပြောရရင်...
ပျော်ရွင်မှုတွေ..သက်တောင့်သက်သာရှိမှုတွေ..
ကျွန်ုပ်တို့ လမ်းစဉ်ပေါ်မှာ ရောက်ရှိလာရင်...
ဘုရားသခင်က ကျွန်ုပ်တို့ရဲ့အားနည်းချက်တွေကို သိတယ်..
ကျွန်ုပ်တို့ဟာ ပျော်ရွင်မှုတွေကို အလေးအနက်ထားတယ်..ဆိုတာကို ဘုရားသခင် သိတယ်..
အခက်အခဲတွေ အဟန့်အတား အနှောင့်အယှက်တွေနှင့်
ရင်ဆိုင်လာရတဲ့အခါ..
အဲဒီအခြေအနေတွေကို ကျော်လွှားနိုင်အောင်ကြိုးစားပါ..
မိမိရဲ့ တည်ငြိမ်မှုသဘာဝကို ရအောင်လုပ်ပါ...။
မျက်နှာသာပေးခံရတဲ့အခြေအနေတွေ အလေးပေးခံရမှုတွေ
ဖေါင်းပွမှုမဖြစ်ပါစေနဲ့..
ကောင်းကျိုးမပြုနိုင်တဲ့ အခြေအနေတွေကို နှလုံးသားမှာ မထားပါနဲ့..။
ပျော်ရွင်မှုရော ၀မ်းနည်းကြေကွဲရမှုတွေရော ဒီနှစ်ခုလုံးဟာ
အမြဲတမ်း ဖြစ်ပျက်နေတယ်လေ..
စည်းစိမ်ဥစ္စာတွေ ..အဆောက်အဦးတွေ..တန်ခိုးအာဏာတွေ..ဒါတွေအားလုံးဟာ
ဘ၀နောက်ဆုံးခရီးမှာ မလိုက်ပါနိုင်ပါဘူး..
သေဆုံးပြီးတဲ့နောက် လိုက်ပါမယ့်အရာကတော့..ပင်ကိုယ် မွေးရာပါ သဘာဝပါဘဲ..။
ဒါကြောင့်မို့ သင့်ရဲ့ သဘာဝတရားတွေ..တိုးတက်နေအောင် အမြဲတမ်းကြိုးစားပါ..။
ဗဟုသုတ နေမင်းကြီးဟာ သင့်ဘ၀မိုးကုတ်စက်ဝိုင်းမှာ ပေါ်ထွန်းနေပါတယ်..
ကမ္ဘာကြီးရဲ့ သံသယအမှောင်ထဲမှာ ခြေဦးတည်ရာကိုသွားနေတဲ့
ဒီမကောင်းဆိုးဝါးဆိုးစိတ်(မကောင်းတဲ့စိတ်)ဟာ အမှန်တရားတွေကို ဖျက်ဆီးတယ်..။
လောဘ ဒေါသနဲ့တူတဲ့ ဒီရောဂါ ဝေဒနာတွေဟာလည်း ကွယ်ပျောက်ပါလိမ့်မယ်..
သင့်ဘ၀လမ်းဟာ အပြည့်အ၀ အလင်းရောင် ရှိပါတယ်..
ကောင်းချီးတွေနဲ့ ပြည့်နေပါတယ်..
လူသားတစ်ယောက်အနေနဲ့..သင်ဟာ..စစ်မှန်သော စိတ်ကျေနပ်မှုတွေကို
ရှာဖွေတွေ့ရှိပါလိမ့်မယ်...။
ဝန်ခံချက်...Asaram Bapuရေးသားသော Facing Problems? Goodဟူသော
ဆောင်းပါး၏ တစ်စိတ်
တစ်ဒေသကို ဘာသာပြန်ပါသည်..
အရှင်နာဂ(ပူနေး)








Monday, September 20, 2010

ချစ်ခြင်းမေတ္တာနှင့် သဘောထား


ကျွန်ုပ်တို့ဟာ လူတွေကို ဆန့်ကျင်ဘက်အနေဖြင့် တုန်ပြန်မိသောအခါ
ခန္ဓ္ဓာကိုယ်တစ်ခုလုံးလည်း ဆန့်ကျင်ဘက် ဦးတည်ရာကို လှုပ်ရှားမိပါတယ်..
စိတ်လှုပ်ရှားမှုတွေ ခံစားနေရပြီးတော့..
အတွေးအခေါ်တွေ..ခံစားမှုတွေအားလုံးဟာ
အာရုံကြောတွေ ကိုယ်ခံအားတွေနဲ့ ဆက်သွယ်နေပါတယ်..
ဒါကြောင့်မို့ ဘ၀မှာ ဖြစ်လာတဲ့ အခြေအနေအားလုံးကို
ဂရုစိုက်ပြီး တုန့်ပြန်ဖို့လိုအပ်ပါတယ်...
အမေရိကန်စာနယ်ဇင်းသမားတစ်ယောက်ဖြစ်တဲ့
နော်မန်ကူးစင်(Norman Cousins)
အလွန်နေမကောင်းဖြစ်စဉ်
သူ့ဆရာဝန်က အခြေအနေမကောင်းမှန်းသိတဲ့အခါ..
သူ့ကို စွန့်ခွါသွားခဲ့ပါတယ်...
ရက်အနည်းငယ်ကြာတော့..လူနာထံကို ပြန်သွားတယ်..
နောက်ပြီးဆန့်ကျင်တဲ့ စိတ်ခံစားမှုတွေဟာ ခန္ဓာကိုယ်အတွက်
ဆန့်ကျင်ဘက် အကျိုးဆက်ဖြစ်စေတယ်..
အပြုသဘောဆောင် အကောင်းမြင်မှုတွေဟာ ခန္ဓာကိုယ်ကို
အပြုသဘောအကျိုးသက်ရောက်စေတယ်လို့
လူနာနဲ့ ၀မ်းကွဲညီကိုတော်သူကို စည်းရုံးပြောဆိုတယ်..
ထို့နောက် ဟာသရုပ်ရှင်းကား အစစ်အမှန်တွေကို ငှားပြီး
ပုံမှန်စတင်ကြည့်ခိုင်းတယ်...
အဲဒီနောက်မှာတော့
အိပ်ဆေးအကူအညီမပါဘဲ လူနာအိပ်နိုင်လာတယ်ဆိုတာကို
ဆရာဝန်က သတိထားမိတယ်..
ပြင်းထန်စွာ နာကျင်မှုတွေဟာလည်း လျော့ကျသွားတယ်..
အကိုက်အခဲပျောက်ဆေးပေါ်မှီနေရတာလည်း နည်းသွားတယ်
နောက်ဆုံးတော့ သူဟာ ပြန်လည် နေကောင်းလာပါတယ်..လို့
ဗြိတိသျ ဆေးဂျာနယ်မှာ သူ့အတွေ့အကြုံကို ရေးသားထားပါတယ်..။
အာတ် မတ်သီးယတ် (Art Mathias)ဟာ အမျှင်လေးတွေအပါအ၀င်
အစားအသောက်အတော်များများနဲ့
မတည့်ပါဘူး..
သူဟာ ၀ါနဲ့လုပ်ထားတဲ့ ချည်ထည်လေးတွေကို ၀တ်ဆင်တယ်..
အဲဒီအ၀တ်အစားတွေဟာ ဈေးကြီးတယ်..
သူ့အခြေအနေဟာလည်း မကောင်းဘူး..
ဒါကိုသိတော့ ဆရာဝန်ဟာ သူ့ကို စွန့်ခွါသွားတယ်...။
တစ်နေ့မှာ သူဟာ ခွင့်လွတ်မှုနဲ့ပတ်သက်ပြီး နားထောင်ရတယ်..
သူ့ကို နာကျင်အောင် လုပ်တဲ့သူတွေကို ခွင့်လွတ်ဖို့ ဆုံးဖြတ်လိုက်တယ်..။
အဲဒီနောက်မှာတော့ သူဟာ မတည့်တဲ့အစားအစာတွေအပါအ၀င်
အစားအစာ အတော်များများကို စားနိုင်လာတယ်..
အသားအရေတွေဟာလည်း ကောင်းလာတယ်..ဆိုတာကို ရုတ်တရက် သိလိုက်တယ်..။
ဒီလိုအံ့သြရလောက်အောင် အနာရောဂါတွေ ပျောက်ကင်းခြင်းနောက်ကွယ်မှာ
သူ့အတွေးအခေါ်တွေ အဓိက ပြောင်းလဲလိုက်တာလည်းပါတယ်..
သူ့ကို နာကျင်အောင်လုပ်တဲ့သူတွေကို ခွင့်လွတ်တယ်..
ခါးသီးမှုတွေ..အငြိုးအတေးထားမှုတွေကို..ဖျောက်ပစ်တယ်..
သူတို့အတွက် ဆုတောင်းပေးတယ်..
ညီကိုနှစ်ယောက်နဲ့ မတ်သီးယက်တို့အတွက် ကျန်းမာရေးတွေ ပြန်လည် ကောင်းမွန်လာတာ..
နာကျင်မှုတွေ ပျောက်သွားရတာဟာ သဘောထား ပြောင်းလိုက်လို့ဖြစ်ပါတယ်...။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ၂၀၀၂ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်..
ဆရာဝန်နှင့် လာတိုင်ပင်သော လူနာသုံးယောက်တွင် တစ်ယောက်သည်
ဒေါသတွေ စိတ်ဓာတ်ကျဆင်းမှုတွေ စိတ်အားငယ်မှုတွေကြောင့်
ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာကျန်းမာရေး
ချွတ်ယွင်းနေသူတွေဖြစ်ပါတယ်..
ထပ်ချဲ့ပြီး ပြောရရင်..ကျွန်ုပ်တို့အများစုဟာ
စိတ်မကျေနပ်မှုတွေ စိတ်ပျက်အားငယ်မှုတွေနဲ့ ဆင်းရဲနေပါတယ်..။
ကျွန်ုပ်တို့ရဲ့ သဘောထားတွေကို ပြောင်းလဲနိုင်မယ်ဆိုရင်
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဖေါက်ပြန်မှုတွေကို ရှောင်ကြည်နိုင်ပါလိမ့်မယ်..။
အရေးကြီးဆုံးကတော့..
စိတ်ပျက်ခြင်း စိတ်ထိခိုက်ခြင်းတွေနှင့် ပတ်သက်ပြီး အပြုသဘောလမ်းစဉ်တွေကို လေ့လာရပါမယ်..။
သမတကြီး အေဘရာဟင်လင်ကွန်းက သူ့သားရဲ့ ဆရာထံကို
စာတစ်စောင် ရေးခဲ့ပါတယ်..
“ဘယ်လိုအောင်မြင်နိုင်တယ်ဆိုတာကို သင်ပေးပါ”
“ဒါပေမဲ့..ကျရှုံးမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာကိုလဲ သင်ပေးပါ”
ဆိုပြီး စာတစ်စောင်ရေးပေးခဲ့ပါတယ်..
ကျွန်ုပ်တို့ဟာ ကျန်းမာရေးမကောင်းတာတွေနဲ့ ပတ်သက်ပြီးအကုန်မသိနိုင်ပါဘူး..
ဒါပေမဲ့ မကြာသေးခင်က လေ့လာမှုအရ..
ကျန်းမာရေးဖေါက်ပြန်နေတဲ့ လူနာ(၈၂)ရာခိုင်းနုံးဟာ
စိတ်လှုပ်ရှားကြောင့်ဖြစ်ရတာလို့..သိရပါတယ်..
ကျရှုံးမှုတွေ..စိတ်ပျက်အားငယ်မှုတွေကို ပြန်လည်တုန့်ပြန်ဘို့..
သေခြာပါတယ်..
ပြန်လည်တုန့်ပြန်မှုတွေဟာ..ခါးသီးတာတွေ ပယ်မယ်..
ဒေါသတွေကို ချုပ်တီးမယ်..
မကျေမချမ်းနိုင်ဖြစ်မှုတွေကို ကျေအေးမယ်ဆိုရင်..
ကောင်းတဲ့အားထုတ်မှုတွေဖြစ်ပါတယ်..
ဦးနှောက်နှင့် အာရုံကြောပါရဂူတွေက..neuronဟာ
ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်..
ချစ်ခြင်းမေတ္တာအတွက် ဘုရားသခင်က အဲဒီဦးနှောက်ကို ဖန်ဆင်းပေးပါတယ်..။
ကျွန်ုပ်တို့ခန္ဓာကိုယ်ကြီးဟာ အဆင်ပြေသလိုလည်ပတ်နေပါတယ်...
မျှော်လင့်ချက်တွေ ယုံကြည့်မှုတွေဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲ
အပြုသဘောဆောင်တဲ့ စွမ်းအားတွေကို ထုတ်လုပ်ပေးပါလိမ့်မည်....။
ဝန်ခံချက်..Rev K Vaudevan ရေးသားသော Neurons, Love, Attitude ဟူသော ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်... အရှင်နာဂ(ပူနေး)









Saturday, September 18, 2010

ဗုဒ္ဓဘာသာနှင့် ဂေဟဗေဒ(၂)


သင်ကိုယ်တိုင်ဟာလည်း အနောက်တိုင်းကမ္ဘာရဲ့ ယုံကြည်မှုနှင့်
ဒုက္ခ၏ အကြီးမားဆုံးသော အရင်းအမြစ်ကို ချစ်ခင်မြတ်နိုးသူဖြစ်ခြင်ဖြစ်ပါလိမ့်မယ်..
ကမ္ဘာကြီးနှင့် ကျွန်ုပ်တို့ဟာ ကွဲပြားနေပါတယ်...
ဆင်းရဲခြင်းတရားဟာ ရေနစ်နေသူကို လည်ပင်းညှစ်သတ်နေသလိုမျိုး
ကျွန်ုပ်တို့အထံမှာ တွယ်ကပ်နေပါတယ်..
အမှန်တရားကိုသိဘို့အတွက်
မောကတရားကနေ မိမိကိုယ်ကိုမိမိ
နိုးကြားနေအောင် သတိရှိအောင် လုပ်နေရပါမယ်..
ကမ္ဘာကြီးကို ပြောင်းလဲရင်
ပြောင်းလဲခြင်းတရားကဘဲ ကျွန်ုပ်တို့ကို စတင်လုပ်ဆောင်ပါလိမ့်မယ်..
ပြောင်းလဲခြင်းဆိုတာကလဲ စစ်မှန်သော မြတ်စွာဘုရားရှင်ကို
ရှာဖွေတွေ့ရှိခြင်းဖြစ်ပါတယ်..
တစ်ဦးခြင်းအဓိကကျမှုနှင့် တစ်ဦးခြင်း အလိုဆန္ဒတွေဟာ
စက်မှုထွန်းကားနေသော ကမ္ဘာ့အရိပ်ထဲမှာ
ဆက်လက်ကြီးထွားနေပါတယ်...
ကျွန်ုပ်တို့ဟာ လူတွေကို သူတို့ရဲ့အခွင့်အရေးအတွက် ဘယ်လိုငြင်းမလဲ..
နောက်ပြီး ကျွန်ုပ်တို့ဟာ မရေမတွက်နိုင်သော လိုခြင်မှုတွေကို ဘယ်လို လွန်မြောက်အောင်
လုပ်ပေးနိုင်မလဲ..ဆိုပြီး မစ္စတာ တင်မာမန်က မေးခွန်းနှစ်ခုထုတ်ပါတယ်..။
ဒါဟာ စိန်ခေါ်မှုတွေနှင့် ရင်ဆိုင်နေရသော လက်ရှိဗုဒ္ဓဘာသာမြင်ကွင်းရဲ့
အဓိကအချက်ပဲဖြစ်ပါတယ်..။
ဒါဟာ ပတ်ဝန်းကျင်ဆိုင်ရာ အတွေးအခေါ်တွေ..လုပ်ဆောင်မှုတွေအတွက် သမားရိုးကျမဟုတ်တဲ့ အခြေခံပဲဖြစ်ပါတယ်...
ဒီနေ့ ဗုဒ္ဓဘာသာဝင်တွေ အတွက် ပထ၀ီနိုင်ငံရေးပညာနှင့်ပတ်သက်တွေ လုပ်ဆောင်မှုတွေ..
လူ့ကျင့်ဝတ်သိက္ခာတွေ ဖယ်ရှားနေတယ်လို့ ပြောဆိုနေတာကို မစ္စတာတင်မာမန်က ငြင်းဆိုသွားပါတယ်..
ကျွန်ုပ်တို့ရဲ ရန်လိုတတ်တဲ့ ယဉ်ကျေးမှုတွေကိုလဲ နောက်ဆုတ်ပေးပါတယ်..
တရားထိုင်ခြင်းအလုပ်ဟာ အကြမ်းမဖက်တဲ့ အတွေးအခေါ်ပဲဖြစ်ပါတယ်..
ဘုန်းတော်ကြီး ဒလိုင်းလားမားက ငြိမ်းချမ်းရေးနိုဗယ်ဆု လက်ခံပွဲမှာ ပြောသွားတာကတော့...
“ကျွန်ုပ်တို့ဟာ ပထ၀ီတစ်ခုတည်းကို တိုးတက်အောင် လုပ်ရုံသာမကဘူး..
တစ်ကမ္ဘာလုံးရဲ့ တာဝန်တွေကို တိုးတက်အောင်ရမယ်”
“ဂြိုဟ်တွေ နက္ခတ်တာရာတွေ ဖြေရှင်းပေးတဲ့ မတူညီတဲ့
ထုတ်ပြန်ချက်တွေကိုလည်း လေးစားပါတယ်”
“ကျွန်ုပ်တို့အသီးသီးမှာ ငြိမ်းချမ်းရေးတွေစရင်
လူအဖွဲ့အစည်းမှာလည်း ငြိမ်းချမ်းမှု ရှိလာမှာပါ”
အဲဒီငြိမ်းချမ်းရေးတွေကို အိမ်နီးနားခြင်း အဖွဲ့အစည်းတွေ
အိမ်နီးနားခြင်း နိုင်ငံတွေ စသည်ကို ခွဲဝေပေးနိုင်မှာ ဖြစ်တယ်”လို့
ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောဆိုသွားပါတယ်...
ဝန်ခံချက်...Martine Batchelor and Kerry Brown ရေးသားသော
Buddhism and Ecologyဟူသော ဆောင်းပါးကို
ဘာသာပြန်ပါသည်..။
အရှင်နာဂ(ပုနေး)




ဗုဒ္ဓဘာသာနှင့် ဂေဟဗေဒ


ဗုဒ္ဓဘာသာဝင်တွေအတွက် တရားတော်သည် အလေးထားအပ်သော ဥပဒေဖြစ်ပါတယ်..။
အဲဒီဥပဒေဆိုတာ အကျင့်စာရိတ္တဆိုင်ရာနှင့် မြတ်စွာဘုရားတရားတော်ဖြစ်ပါတယ်..
မြတ်စွာဘုရားတရားတော်ဆိုတာလည်း သဘာဝတရားအားလုံးဖြစ်ပါတယ်..။
အနှစ်သာရအားဖြင့် ဗုဒ္ဓဘာသာဟာ ဂေဟဗေဒနှင့်ဆက်နွယ်သော ဘာသာရေး
သို့မဟုတ် ဘာသာရေး ဂေဟဗေဒလို့ ဆိုနိုင်ပါတယ်..။
အားလုံးပေါ်မှာ မေတ္တာတရား ကရုဏာတရား လေးစားမှု ထားရှိခြင်းတွေဟာ
အနောက်နိုင်ငံ စိတ်ပိုင်းဆိုင်ရာတွေနဲ့ အတူတူပဲဖြစ်ပါတယ်..
မကြာသေးသော ရာစုနှစ်ကာလများမှာ လူသားတွေကို ကန့်သတ်လာကြတယ်..
ချုပ်ချယ်လာကြတယ်...
ကံတရားဥပဒေကြောင့် တစ်နေရာစီမှာ ဖြစ်လာကြတယ်..
ရှောင်လွဲမရတဲ့ အာဏာ ပါဝါတွေ ရလာကြတယ်..
ကံတရားဥပဒေမှာ စိတ်ကို ပထမဆုံး အကြောင်းတရားအဖြစ် နေရာထားပါတယ်..။
ဒီစိတ်ဟာ ကိုယ်ပိုင်အရေးအရာကိစ္စတွေ တစ်ကမ္ဘာလုံးရဲ့ ဘ၀ကြမ္မာတွေ ပုံသဏ္ဍာန်တွေကို
ထုလုပ်သူ ပြုလုပ်သူဖြစ်ပါတယ်..
မွေးဖွားခြင်းတွေ တည်ရှိခြင်းတွေဟာ အကြောင်းတရားအပေါ်မှာ တည်ရှိပါတယ်...။
အဲဒီအကြောင်းတရားတွေကဘဲ ကျွန်ုပ်တို့နှင့် ကမ္ဘာကြီးကို ဆက်သွယ်ပေးတယ်..
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ဖြစ်တည်မှုတွေကို ငြင်းဆိုခွင့်ပေးတယ်..။
တကယ်နက်နက်နဲနဲတွေးကြည့်တော့
ကမ္ဘာကြီးနှင့် ကျွနုပ်တို့ကြားက နယ်နိမိတ်တွေဟာ
ရေထဲမှာ ရေတွေမျောပါသွားသလိုပါဘဲ...။
သဘာဝတရားအားလုံးနှင့် ကျွန်ုပ်တို့ဟာ ခွဲခြားမရနိုင်သလို
တစ်ခုနှင့် တစ်ခု ရစ်ပတ်ယှက်နွယ်နေကြပါတယ်..။
တစ်ခြားသူတွေအပေါ်မှာ မေတ္တာတရား ကရုဏာတရားတွေ ထားရှိရမှာဖြစ်သလို
ကျွန်ုပ်တို့အတွက်လည်း တစ်ခြားသူတွေက မေတ္တာတရား ကရုဏာတရား ထားရှိရမှာဖြစ်ပါတယ်..
ဒါဟာ သဘာဝတရားပဲလေ...
ဝန်ခံချက်..Martine Batchelor and Kerry Brown ရေးသားသော Buddhism and Ecologyဟူသော ဆောင်းပါး တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည်..
အရှင်နာဂ(ပုနေး)




Remenbrance, To my Devotee, Daw Kyin Shwe

it is one month today My Devotee Daw Kyin Shwe left all of us .
She was a woman of great compassion, a philanthropist, a visionary and
devout who genuinely cared for the poor and needy.
Despite the great success she enjoyed in business life.
She remained to the end a simple, courteous and humble person.
in particular, she worked selflessly for the benefit of the community.
she was extraordinarily generous in helping the poor and
institutions connected with women, children, education and health,
from the various charities she set up.
She led a full life which was rich, eventful and fruitful.
She was approachable, affable, and fond of people.
She was a regular at community and social events and
unassumingly would greet one and all.
I, monk from university of pune, offer my condolences to the entire Daw Kyin Shwe family and
salute the greatness of the simple woman who will be missed by all of us.
We shall always cherish the happy memories and moments with her.
Rev.Nagavamsalankara.

Friday, September 17, 2010

တော်ဝင်လမ်း



တစ်ဦးချင်း ပုဂ္ဂလိက ဘ၀သည် သမုဒ္ဒရာထဲ မျှောနေသော ရေခဲတောင်နှင့်တူ၏..။
ဒါမှမဟုတ် သမုဒ္ဒရာထဲ မျောနေသော သေးငယ်သော အစိတ်အပိုင်းလေးနှင့်တူပါ၏..။
ကျွန်ုပ်တို့မှာ အနှောင့်အယှက်တွေ ပေါ်လာတယ်..
စိတ်ညစ်စရာတွေ ဖြစ်လာတယ်..အားငယ်စရာတွေဖြစ်လာတယ်..။
ဘာကြောင့်လဲဆိုတော့ နေ့စဉ်လူနေမှုဘ၀မှာ ဖြစ်ပေါ်နေတဲ့ အရေးမပါတဲ့ အသေးအဖွဲကိစ္စတွေ..
မျက်စိနဲ့ မြင်နိုင်တဲ့ အသေးအဖွဲလေးတွေကို ကျွန်ုပ်တို့ကိုယ်တိုင်ပဲ
အလေးထား ပတ်သက်နေလို့ဖြစ်ပါတယ်..
ပျော်ရွှင်မှုတွေ နာကြင်မှုတွေ..အောင်မြင်မှုတွေ ..ကျရှုံးမှုတွေ
ဆုံးရှုံးမှုတွေ ...ရရှိမှုတွေ..
ဒါတွေက ကျနော်တို့ကို..အကျိုးသက်ရောက်မှု ရှိကြပါတယ်..
ဒါကြောင့်မို့ ကျနော်တို့ဟာ ကြီးမားတဲ့ အကြံအစည်တွေကို အကောင်အထည် ဖေါ်ရာမှာ
အရေးမပါတဲ့ အတွေ့အကြုံတွေကို ကျွန်ုပ်တို့ ဖယ်ထုတ်ပစ်ထားရမယ်..။
ကျနော်တို့ဟာ တစ်ခဏ ပျော်ကြရတယ်..
နောက်တစ်ကြိမ် စိတ်ဆိုးဒေါသဖြစ်ပြီး ၀မ်းနည်းကြရတယ်..
မွေးဖွားခြင်းတွေ သေဆုံးခြင်းတွေကို မေ့နေကြတယ်..။
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအားလုံးဟာ..
အဆုံးအစမရှိသော ဘ၀စမ်းချောင်းလေးထဲမှာ..
လှိုင်းသဖွယ် ဂယက်ထနေကြရပါတယ်...
ဘ၀ဆိုတာ မြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိနေကြရပါမည်..။
အနက်ရှိုင်းဆုံး နှလုံးသားထဲမှာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း စက်ဝန်းက
လွတ်မြောက်နိုင်တဲ့ နေရာကို ရောက်ရှိနိုင်ဘို့ လွမ်းမောတမ်းတနေကြတယ်...။
စစ်မှန်သော ပျော်ရွှင်မှုတွေသည် လွတ်လပ်စွာ သိမြင်လာခြင်းမှ
လာတယ်ဆိုတာ..အူထဲအသည်းထဲကနေ နားလည်ကြပါတယ်..
အပြင်ပန်းအားဖြင့်..အသေးအဖွဲလေးတွေနဲ့ ပတ်သက်တာတွေနဲ့ဘဲ
အလုပ်တွေ ရှုပ်နေကြပါတယ်..။
..ကျွန်ုပ်တို့ကြားက သဘောထားကွာဟချက်တွေ တံတားခင်းပေးဘို့ဆိုတာ
ဘယ်လိုမှ မဖြစ်နိုင်တာမို့ မတူညီတဲ့ ကမ္ဘာနှစ်ခုမှာ နေထိုင်နေရပါတယ်..။
ပြင်ပကမ္ဘာမှာ နေထိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ရည်မှန်းချက်တွေကို မေ့နေကြပါတယ်..။
အတွင်းကမ္ဘာလေးထဲ နေထိုင်ဖို့ ကြိုးစားရင်း လောကထဲက အရေးထားရမဲ့အရာတွေ
ပူပန်ရမဲ့ အရာတွေနဲ့ဘဲ အာရုံတွေ ထွေပြားနေကြပါတယ်...။
အကောင်းဆုံး သူငယ်ချင်းဆိုတာ မိမိအတွင်းစိတ်ပါဘဲ...
အတွင်းစိတ်လေး ကျရှုံးမှုဟာ..အထီးကျန်ခြင်း ပတ်ဝန်းကျင်နဲ့ စိမ်းကားစေခြင်းကို ဖြစ်စေပါတယ်..။
ဒါဟာ ကျွန်ုပ်တို့ရဲ့ နာကျင်မှု.. ကံဆိုးမိုးမှောင်ကျမှုရဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်
ဝန်ခံချက်..Rajmani Tigunait ရေးသားသော The Royal Path ဟူသော ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည် အရှင်နာဂ(ပုနေး)












Wednesday, September 15, 2010

ဘုရားသခင်နှင့် ဇိုမို


သူ့အမည်က ဇိုမို..လူတော့မဟုတ်ဘူး ယုန်ကလေးပါ..သူက ခန္ဓာကိုယ်လဲ မကြီးဘူး..
အားလဲ သိပ်မသန်ပါဘူး..။
ကျွမ်းကျင်တယ်လို့တော့ နာမည်ကြီးတယ်..။သူ့ကိုယ်သူလဲ ပညာရှိတယ်လို့ ယုံကြည်တယ်..
တစ်ချိန် ဇိုမိုလေးဟာ ကောင်းကင်က ဘုရားသခင်ထံသွားဘို့ ဆုံးဖြတ်လိုက်တယ်..
ဘုရားသခင်က ယုန်ကလေးကိုပြောတယ်..
"ပင်လယ်ထဲက ငါးအကြီးကြီးရဲ့ အကြေးခွံရယ်..
ကြောက်စရာကောင်းတဲ့ နွားရိုင်းမကြီးရဲ့ နို့ရယ်...
ခွန်အားသန်တဲ့ ကျားသစ်ရဲ့ ..သွားတွေရယ် အဲဒါတွေကို ငါ့ထံ ယူပြလေ.."
"အဲလို..ယူပြနိုင်ရင်..ထိုက်ထိုက်တန်တန်..သင့်ကို ဆုချမယ်.."ဟု ပြောလေသည်...။
ယုန်ကလေး ဇိုမိုက ယုံကြည်မှုအပြည့်နဲ့..သဘောတူ လက်ခံလိုက်တယ်...။Align Center
အဲဒီနောက် ယုန်ကလေးဟာ ကမ်းခြေမှာ စည်ကို ကျယ်ကျယ်လောင်လောင် တီးလိုက်တယ်...။
စည်တီးသံဟာ ပင်လယ်ကမ်းခြေကနေ ကြားရသတဲ့..
ပင်လယ်ပြင်ထဲက ငါးကြီးဟာ စွဲမက်ဖွယ်ကောင်းတဲ့ စည်သံကို ကြားတာနဲ့ က တယ်..။..ကျွမ်းထိုးတယ်..
ယုန်ကလေး ဇိုမိုဟာ စည်ကို မြန်သထက် မြန်အောင် တီးတယ်..
ငါးကြီးဟာ က တာ မြန်လွန်းတဲ့အတွက် ကြေးခွံတွေဟာ တချွင်ချွင်နဲ့ ကျွတ်ကျကုန်တယ်..။ အတန်ကြာတော့..ငါးကြီးဟာ ရှက်ကိုးရှက်ကန်းဖြစ်ပြီ..
ပင်လယ်ပြင်ထဲ နောက်ပြန်ခုန်ပြီး ပျောက်ကွယ်သွားပါလေရော...
ယုန်ကလေး ဇိုမိုဟာ ငါးအကြေးခွံတွေကို ဆွဲယူပြီး ပြေးထွက် လာခဲ့တယ်..
တောထဲပြန်ရောက်တဲ့အခါ ယုန်ကလေးဇိုမိုဟာ ကြောက်စရာ နွားရိုင်းကြီး မြင်အောင်..
အုန်းပင်ပေါ် တက်ပြန်လေရော...
အုန်းပင်ပေါ် ရောက်တဲ့အခါ နွားရိုင်းကြီးကို စိတ်ဆိုးအောင် ဆွပေးတယ်..
"သင်လား..ခန္ဓာကိုယ်ကြီးတာ"
"အားသန်တယ်ဆိုတာက ..ဟုတ်ကော ဟုတ်ရဲ့လား"
"ဒီလို..အုံးပင်သေးသေးလေးကို..တိုက်ရဲလို့လား. လှဲချနိုင်လို့လား.."ဟု..
ဒေါသထွက်အောင် နောက်ပြောင်ပြောဆိုလေသည်..။
နွားရိုင်းမကြီး စိတ်တွေတိုပြီး အုန်းပင်ကိုတိုက်လေတော့ ဦးချိုဟာ အုန်းပင်မှာ စိုက်ဝင်နေလေရော...
အဲဒီအခါကျမှ ယုန်ကလေး ဇိုမိုဟာ အောက်ကိုဆင်းလာပြီး..
သူရဲ့ စည်ကို ထက်အောက်လှန်ပြီး. နွားနို့တွေကို ညှစ်ထည့်တယ်..။
နွားမကြီး အုန်းပင်ကနေ လွတ်မထွက်သွားခင်ပေါ့..။
နောက်တစ်ခါ ယုန်ကလေး ဇိုမိုဟာ တောင်ထိပ်ကို တက်ပြေးပြန်လေရော..
အဲဒီမှာ အားသန်တဲ့ ကျားသစ်နေထိုင်တယ်လေ..။
လမ်းတစ်လျှောက်မှာ ငါးအကြေးခွံတွေနဲ့ နွားနို့စက် အနည်းငယ် ဖြန်းထားခဲ့ပြီး..
..ယုန်ကလေးဟာ ပုန်းအောင်းနေသတဲ့...။
အသားနံ့နဲ့ နွားနို့နံ့ရလို့ ...ကျားသစ်ဟာ တောင်ပေါ်ကနေ ခြေလှမ်းကျဲကျဲနဲ့ ဆင်းလာခဲ့ပြီး..
ကျောက်တုံးတွေ ကျောက်ဆောင်တွေကို တိုက်ခိုက်သတဲ့..
အဲဒီမှာတင်..ကျားသစ်ဟာ သွားတွေကျွတ်ကုန်ပါလေရော..။
ယုန်ကလေးဇိုမိုဟာ သွားတွေကို ကောက်ယူပြီး...ကောင်းကင်မှာရှိတဲ့ ဘုရားသခင်ထံကို
မျှော်လင့်ချက်အပြည်နဲ့ သွားလေသည်..။
ဘုရားသခင်က ယုန်ကလေးကို ပြုံးပြီး..
"မင်း သိပ်တော်တယ်....မင်း သိပ်တော်တယ်"
"ဒါပေမဲ့ မင်း ..ပညာမရှိဘူး..ဦးနှောက်မရှိဘူး"
လောကကြီးမှာ တန်ကြေးရှိတဲ့ အရာသုံးမျိုးရှိတယ်..
သတ္တိရယ်..ခံစားတတ်မှုရယ်...နက်နက်နဲနဲ နားလည်မှုရယ်..အဲဒီသုံးမျိုးဘဲ..
"အိုယုံကလေး..""သင်ဟာ ..သတ္တိလည်း ရှိတယ်..""ခံစားမှုလည်းရှိတယ်"
"ဒါပေမဲ့ သင့်မှာ လုံးဝ နားလည်မှု မရှိဘူး"..
"ဒါကြောင့်မို့ သင်ဟာ နောက်တစ်ကြိမ် ငါးတွေ နွားတွေ ကျားသစ်တွေမြင်ရင်..
အမောင်..ယုံကလေး ..အမြန်ပြေးတာ ပိုကောင်းပါလိမ့်မယ်" ဟု
ဘုရားသခင်က ယုံကလေးကို ပြောလေသည်...။
လိမ္မာကျွမ်းကျင်မှုဟာ ခဏတစ်ဖြုတ်နဲ့ အကျိုးကျေးဇူးရလို့ စိတ်ကျေနပ်စရာပါ..
ပညာဥာဏ်ကတော့ ကျယ်ပြန်တဲ့ရှုထောင့်တွေကနေ လုပ်ဆောင်တယ်..
ပညာဥာဏ်ဆိုတာ မာနကြီးမှု စိတ်ကြီးဝင်မှုတွေပေါ်မှာ မတွေ့ရပါဘူး..
.ယုံကြည်မှုပေါ်မှာသာ ပညာဥာဏ်ကို တွေ့မြင်ရပါလိမ့်မယ်..
အတွေ့အကြုံတွေကနေ ပြန်လည်ဆန်းသစ်လေ့လာရမယ်..
ပညာဥာဏ်ဆိုတာ ဖြစ်နိုင်ခြေ အခွင့်အလမ်းအသစ်တွေကို လမ်းဖွင့်ပေးပါတယ်..
လိမ်မာကျွမ်းကျင်မှုက ကျွန်ုပ်တို့ကို စွမ်းအားတွေနဲ့ ပြည့်ဝစေအောင် လုပ်ပေးပါတယ်..
ကျွန်ုပ်တို့ဟာ နည်းပညာတွေနဲ့ ရှေ့သိုတက်နေရမယ်..
အဖွဲ့အစည်းတွေ မြို့တွေ နိုင်ငံတွေ တည်ထောင်နိုင်ရမယ်..
ဒီပုံပြင်လေးက ကျွန်ုပ်တို့ကို ဘာပြောလဲဆိုတော့..သူဟာ ပညာရှိသူပါ..
ဒါပေမဲ့ ရူးနှမ်းနှမ်း ပေါကြောင်ကြောင် အလုပ်တွေကို လုပ်တယ်..လို့ဆိုပါတယ်..
ပညာဥာဏ်ဆိုတာ အတွေးအခေါ် သက်သက်မဟုတ်ပါဘူး..
အဆင်အခြင်ဥာဏ်ရှေ့သွားပြုပြီး အသက်ရှင်နေထိုင်ရမယ်..
ကျွန်ုပ်တို့ရဲ့ တန်ဘိုးတွေ..ကျွနုပ်တို့ရဲ့ ဦးစားပေးကိစ္စတွေကို
ကောင်းကောင်း ရွေးချယ်ရပါမယ်..လက်ခံရမယ်..
ကျဆုံးမှုရှိပေမဲ့ ..အဲဒီအမှားထဲကနေ ပြန်လည် လေ့လာရမယ်..
ကျွနုပ်တို့လုပ်ဆောင်မှုကြောင့် ရည်ရွယ်ထားတဲ့ အကျိုးတွေ
မရည်ရွယ်ဘဲနဲ့ ဖြစ်တဲ့အကျိုးတွေအတွက် ကျွနုပ်တို့ကိုယ်တိုင်ဘဲ တာဝန်ယူနိုင်ရပါမယ်..။
လိမ်မာကျွမ်းကျင်မှုကို ပညာဥာဏ်တွေ ဗဟုသုတတွေ
သတင်းအချက်အလက်တွေနဲ့ တွဲစပ်လုပ်ကိုင်ရပါမည်..
ပညာဥာဏ်ဆိုတာ အမှန်တရားကိုဘဲ ရှုထောင့်မျိုးစုံကနေ ကြည့်ပြီး လက်ခံတယ်...
သင့်လျော်သလို လုပ်ကိုင်ဆောင်ရွက်ပါတယ်..
ဝန်ခံချက်..Marguerite Theophil ရေးသားသော Cleverness And Wisdom ဟူသော ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်...အရှင်နာဂ(ပုနေး)





မိုဘိုင်းဖုန်း ရေစိုလျှင်


သင့်ရဲ့ မိုဘိုင်းဖုန်းတို့အိုင်ပေါ့တို့ ရေထဲလွတ်ကျသွားလျှင်
မီးဖိုချောင်သို့ ကမန်းကတန်းသွားပါ..။
သင့်ရဲ့ ဈေးကြီးတဲ့မိုဘိုင်းဖုန်းတွေ အိုင်ပေါ့တွေ မိုးရေတွေ စိုသွားလျှင်..
ဒါမှမဟုတ်..နံရံကပ် လက်ဆေးကန်ထဲ သင်လွတ်ကျသွားလို့ ရေစိုသွားလျှင်..
သင်လုပ်ရမဲ့ နောက်တစ်ဆင့် ခြေလှမ်းက ဘာပါလဲ...
ဒီလိုမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်..
တစ်ခါက အဒမ်ကာရီဟာ သူရဲ့ အိုင်ဖုန်း အိမ်သာထဲမှာ လွတ်ကျသွားပါတယ်..
မစ္စတာဗန်ဒီယန်းဟာလည်း သူရဲ့အိပ်ကပ်ထဲမှာ
အိုင်ပေါ့ကိုထည့်ရင်း ရေကူးကန်ကိုသွားတယ်..
အလားတူပါဘဲ လီယိုလာပေါ့လည်း သူရဲ့ဆဲဖုန်းကို
အိပ်ကပ်ထဲထည့်ရင်း ရေကူးကန်ကိုသွားတယ်..
သူရဲ့ဘောင်းဘီနဲ့ ကိုကာကိုလာပုလင်း တိုက်မိလို့ ပုလင်းလဲကျသွားသောအခါ
သူရဲ့အိုင်ပေါ့ထဲကို ရေတွေက စိမ့်ဝင်သွားပါတယ်..
အီလက်ထရောနစ်ပစ္စည်း အတော်များများဟာ ရေကြောင့်ပျက်စီးသွားတာမျိုးကို ..
warranty မပေးပါဘူး..
ဒီတော့ ဘယ်လိုလုပ်ကြမလဲ...
အဖြေကတော့..သင့်ရဲ့ မီးဖိုးချောင်ဘဲဖြစ်ပါတယ်...
ပထမဆုံး ပါဝါကို ပိတ်လိုက်ပါ..
ထမင်းဇလုံ ပန်းကန်လုံးထဲမှာ ဖုံးထားပါ..
သဘာဝအတိုင်း ချောက်နေတဲ့ ထမင်းတွေက ပိုနေတဲ့
အစိုဓာတ်တွေကို စုပ်ယူသွားပါလိမ့်မယ်..
အနည်းဆုံး နှစ်ဆယ့်လေးနာရီကြာအောင် လုပ်ပေးပါ..
အဲဒီအချိန် အားမသွင်းပါနဲ့..
ဘက်ထရီကို နုတ်ယူပြီး အမြန်ဆုံး ချောက်အောင် လုပ်ပါ..
အစားထိုးဖို့အတွက် ဈေးဆိုင်ကြီးတွေဆီကို မသွားခင် အိမ်မှာ ပြင်လိုက်တော့ အကုန်အကျသက်သာပြီး..တန်ကြေးရှိလှပါတယ်..
ဝန်ခံချက်..FWDမေးလ်မှ ရသောWhat If You Droppod ur mobile phone in water? ဟူသော ဆောင်းပါးကို သင့်လျှော်သလို ဘာသာပြန်ဆိုသည်