အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Saturday, September 18, 2010

ဗုဒ္ဓဘာသာနှင့် ဂေဟဗေဒ


ဗုဒ္ဓဘာသာဝင်တွေအတွက် တရားတော်သည် အလေးထားအပ်သော ဥပဒေဖြစ်ပါတယ်..။
အဲဒီဥပဒေဆိုတာ အကျင့်စာရိတ္တဆိုင်ရာနှင့် မြတ်စွာဘုရားတရားတော်ဖြစ်ပါတယ်..
မြတ်စွာဘုရားတရားတော်ဆိုတာလည်း သဘာဝတရားအားလုံးဖြစ်ပါတယ်..။
အနှစ်သာရအားဖြင့် ဗုဒ္ဓဘာသာဟာ ဂေဟဗေဒနှင့်ဆက်နွယ်သော ဘာသာရေး
သို့မဟုတ် ဘာသာရေး ဂေဟဗေဒလို့ ဆိုနိုင်ပါတယ်..။
အားလုံးပေါ်မှာ မေတ္တာတရား ကရုဏာတရား လေးစားမှု ထားရှိခြင်းတွေဟာ
အနောက်နိုင်ငံ စိတ်ပိုင်းဆိုင်ရာတွေနဲ့ အတူတူပဲဖြစ်ပါတယ်..
မကြာသေးသော ရာစုနှစ်ကာလများမှာ လူသားတွေကို ကန့်သတ်လာကြတယ်..
ချုပ်ချယ်လာကြတယ်...
ကံတရားဥပဒေကြောင့် တစ်နေရာစီမှာ ဖြစ်လာကြတယ်..
ရှောင်လွဲမရတဲ့ အာဏာ ပါဝါတွေ ရလာကြတယ်..
ကံတရားဥပဒေမှာ စိတ်ကို ပထမဆုံး အကြောင်းတရားအဖြစ် နေရာထားပါတယ်..။
ဒီစိတ်ဟာ ကိုယ်ပိုင်အရေးအရာကိစ္စတွေ တစ်ကမ္ဘာလုံးရဲ့ ဘ၀ကြမ္မာတွေ ပုံသဏ္ဍာန်တွေကို
ထုလုပ်သူ ပြုလုပ်သူဖြစ်ပါတယ်..
မွေးဖွားခြင်းတွေ တည်ရှိခြင်းတွေဟာ အကြောင်းတရားအပေါ်မှာ တည်ရှိပါတယ်...။
အဲဒီအကြောင်းတရားတွေကဘဲ ကျွန်ုပ်တို့နှင့် ကမ္ဘာကြီးကို ဆက်သွယ်ပေးတယ်..
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ဖြစ်တည်မှုတွေကို ငြင်းဆိုခွင့်ပေးတယ်..။
တကယ်နက်နက်နဲနဲတွေးကြည့်တော့
ကမ္ဘာကြီးနှင့် ကျွနုပ်တို့ကြားက နယ်နိမိတ်တွေဟာ
ရေထဲမှာ ရေတွေမျောပါသွားသလိုပါဘဲ...။
သဘာဝတရားအားလုံးနှင့် ကျွန်ုပ်တို့ဟာ ခွဲခြားမရနိုင်သလို
တစ်ခုနှင့် တစ်ခု ရစ်ပတ်ယှက်နွယ်နေကြပါတယ်..။
တစ်ခြားသူတွေအပေါ်မှာ မေတ္တာတရား ကရုဏာတရားတွေ ထားရှိရမှာဖြစ်သလို
ကျွန်ုပ်တို့အတွက်လည်း တစ်ခြားသူတွေက မေတ္တာတရား ကရုဏာတရား ထားရှိရမှာဖြစ်ပါတယ်..
ဒါဟာ သဘာဝတရားပဲလေ...
ဝန်ခံချက်..Martine Batchelor and Kerry Brown ရေးသားသော Buddhism and Ecologyဟူသော ဆောင်းပါး တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည်..
အရှင်နာဂ(ပုနေး)




No comments:

Post a Comment