အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Monday, September 13, 2010

တွေးမိတွေးရာ


ဒီနေ့ သူငယ်ချင်းတစ်ယောက်အတွက် stay visa ထပ်တိုးဖို့ ရုံးကိုသွားရတယ်.. Align Centerအဖေါ်အဖြစ် လိုက်သွားရတယ်လေ..။သိတဲ့အတိုင်း ကုလားတွေဆိုတော့ စည်းကမ်းက
ခဏခဏ ပြောင်းတယ်..ရုံးကအပြန် အခန်းမှာ ခဏ အနားယူပြီး ရေမိုးချိုးလိုက်တယ်..
နောက်ပြီး အိန္ဒိယတိုင်းသတင်းစာ ဖတ်ကြည့်မိတယ်..
သတင်း တစ်နေရာမှာ ရစ်ရှောဒရိုင်ဘာ(သုံးဘီးမောင်းသူ)တစ်ယောက်က
ဆယ်တစ်နှစ်အရွယ်ကလေးငယ် တစ်ယောက်ကို သွေးဆောင်ဖြားယောင်းခေါ်ယူသွားပြီး လည်ပင်းညှစ်သတ်လိုက်တဲ့ သတင်းတစ်ခုဖတ်လိုက်ရတယ်..
မသတ်ခင် ကလေးအဖေကို ဖုန်းခေါ်ပြီး..ရူပီးငွေနှစ်သိန်းနဲ့ ကလေးကို ပြန်လည်ရွေးဘို့ပြောတယ်..ကလေးဖခင်လဲ မပေးတော့..သူသားလေး အသတ်ခံလိုက်ရတယ်..
ဒါနဲ့ ပတ်သက်ပြီး စိတ်ကူးမိတယ်..လူတွေ ဆင်းရဲတိုင်း အဓမ္မမတရားမှုတွေကို လုပ်ကြရမှာလား..ဆင်းရဲမှုသည် ဗုဒ္ဓဘာသာအလိုအရ အရင့် အရင်ဘ၀တွေက..ဒါနနည်းခဲ့လို့.သူတစ်ပါးကို ကူညီပေးကမ်းမှုနည်းခဲ့လို့..မိမိက လူသားတွေကောင်းကျိုးတွေ မလုပ်ခဲ့တဲ့အတွက်..
မိမိလည်း ယခုဘ၀မှာ..အခက်အခဲတွေဖြစ်ကြရ၏..
ယခုပစ္စုပ္ပန်ဘ၀ ကြိုးစားရုန်းကန်လှုပ်ရှားလုပ်ကိုင်သော်လည်း အဆင်မပြေတွေနဲ့ တွေ့နေရခြင်းသည်..ကုသိုလ်သတ္တိနည်းနေသေးသောကြောင့်ပင်ဖြစ်၏..
ထိုကြောင့် မိမိအားနည်းချက်ကို မိမိသိပြီး ကိုယ့်ဘ၀ကိုယ် ကိုယ်တိုင်ပင်
ဥာဏ်ရှေ့သွားပြုပြီး တိုးတက်အောင် လုပ်ဆောင်သင့်ပေသည်...။
မှားယွင်းတဲ့ အတွေးအခေါ်ဖြင့်..သူတစ်ပါး မျက်ရည်ကျမှ မိမိချမ်းသာရမည့်အလုပ်မျိုးနဲ့
..ဘ၀ကို တိုးတက်အောင် မကြံဆောင်သင့်ပေ..။
မိမိအပြုအမှု မိမိအလုပ်အကိုင်ကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက်
ဖြစ်ရခြင်းသည် မိမိအတွက်လည်း စိတ်ချမ်းသာစရာမကောင်းသလို
ခံစားရသူ ပတ်ဝန်းကျင်အတွက်လည်း နစ်နာစရာဖြစ်ပါသည်..
ထိုကြောင့် မိမိတို့သည် မိမိတို့၏ ကာယကံမှု ၀စီကံမှုတို့ကို
ဥာဏ်ပညာ ရှေ့သွားပြုပြီး လုပ်ကိုင်ကြပါရန် တိုက်တွန်းလိုက်ပါသည်...
ယခုဘ၀ မသေခင်လေး..ဒါနဆောက်တည်ခြင်း သီလဆောက်တည်ခြင်း..
ဘာဝနာပွားများခြင်းတို့ဖြင့်
မိမိတို့ဘ၀ကိုငြိမ်းချမ်းစွာတည်ဆောက်သင့်ပေသည်..

No comments:

Post a Comment