အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Sunday, August 30, 2009

ယနေ့လူသားတို့၏ စွမ်းရည်သည် အံ့ဘွယ်ကောင်း
လောက်အောင်ပင် ထူးခြားတိုးတက်နေပေသည်။
လူသားတို့၏ စွမ်းရည်ကြောင့်ပင်..ကမ္ဘာကြီးသည် ကျဉ်း
မြောင်းသကဲ့သို့ ဖြစ်သွား၏..။ဝေးကွာလှပါသည်ဆို
သော အရှေ့တိုင်းနှင့် အနောက်တိုင်းသည်..လူသားတို့
၏ စွမ်းရည်ကြောင့် မိနစ်အနည်းငယ်နှင့်ပင် စကားပြော၍
ရသလို သတင်းတို့ကိုလည်း နားထောင်နိုင်ပေသည်.. ထို့
ထက် ထူးခြားကောင်းမွန်စွာ စွမ်းဆောင်နိုင်ရည် ရှိသည်ကို
ကျွန်ုပ်အနေဖြင့် ကုန်စင်အောင် ပြောမပြတတ်ပေ...
ယနေ့မျက်မှောက်ခေတ်ကာလကို အရှေ့ကို အရှေ့
အနောက်ကို အနောက်ဟု မဆိုနိုင်တော့..သိပ္ပံအစွမ်းကြောင့်
ကမ္ဘာကြီးသည် ဒွေးရောယှက်တင်နေပေသည်..သိပ္ပံပညာ
ရှင်တို့အားလည်း အထူးပင် ကျေးဇူးတင်ထိုက်ပါပေစွ...။
ရုပ်ပိုင်းဆိုင်ရာ ထူးခြားကောင်းမွန်စွာတိုးတက်နေသော
ယနေ့ခေတ်ကာလ၀ယ်..နာမ်ပိုင်းဆိုင်ရာ(စိတ်ပိုင်းဆိုင်ရာ)
ပါ ထူးခြားတိုးတက်အောင် လုပ်ဆောင်နိုင်ပါမူ....ကျွန်ပ်တို့
ကမ္ဘာကြီးသည် သာယာဝပြောမှု..ငြိမ်းချမ်းစိုပြေမှုတို့ဖြင့်
နေခြင်စဖွယ်ကောင်းသော ကမ္ဘာမြေပြင်ကြီး ဖြစ်ပေလိမ့်
မည်...။
အချင်းချင်း တစ်ယောက်အပေါ် တစ်ယောက် နားလည်
ပေးစွမ်းနိုင်မှု..ခွင့်လွတ်ပေးစွမ်းနိုင်မှု..ရိုသေလေးစားမှု..
စသော ..ကောင်းမြတ်သော တရားတို့ဖြင့် နာမ်ပိုင်းဆိုင်
အား ချယ်မှုန်းနိုင်ကြပါမူ...ဧကန်အတိ ရှုမငြီးငြိမ်းချမ်းသော
ကမ္ဘာမြေကြီးဖြစ်ပေလိမ့်မည်..။ငြိမ်းချမ်းသာယာဝပြောသော
ကမ္ဘာကြီးဖြစ်ဘို့အတွက် သင့်လည်း တတ်စွမ်းသလောက်
ကမ္ဘာကြီးကို စောင့်ရှောက်ပါ... ကူညီပါ...

Friday, August 28, 2009

လူသားတို့၏စိတ်သည် မကောင်းမှု့ဝယ် မွေ့လျှော်လွယ်၏....
အာရုံငါးပါးဝယ်မိန်းမောလွယ်၏..အာရုံငါးပါး၏ ဖျားယောင်းမှု
အောက်ဝယ် အလူးအလဲခံစားနေကြရ၏...
ံအဆင်းလှတာလေး မြင်ရတော့ရင်ခုန်၏..ကိုယ်ကြိုက်တဲ့အသံ
လေးကြားရပြန်တော့ပီတိဖြစ်ရပြန်သည်..အနံ့အသက်ကောင်း
လေးရူရပြန်တော့ ရင်ဝယ်လန်းရပြန် ချေ သည်..အတွေ့အထိ
ကောင်းလေးထိလိုက်ရ တို့လိုက်ရပြန်တော့ မျက်နှာဝယ်
တစ်ပြုံးပြုံးဖြင့်...ပီတိတုံးလေးငုံထားရသည့်ပမာ...
လန်းနေရပြန်သည်..
ထိုသို့ဖြစ်သည်မှာ မထူးဆန်းခြေ..
အဘယ်ကြောင့်ဆိုမှု..လူဆိုသည်ကား...အာရုံငါးပါး၏လှည့်
ဖျားမှုအောက်ဝယ်..ဒူးထောက်အညံ့ခံနေရသည်မှာ အစဉ်
အလာလိုပင် ဖြစ်နေချေသည်မဟုတ်ပါလော..
ထိုအာရုံ ငါးပါး ကာမဂုဏ်တရားဆိုသည်မှာ ရေစုန်နှင့်တူခြေ
သည်....ရေစုန်ဝယ်သွားရသည်မှာပင်ပန်းသည်မဟုတ်..
ရေစုန်ဝယ်သွားရသည်မှာ...အလွန်ပင်လွယ်ကူ၏...ရွက်လေးဖွင့်
့တက်လေးလွင့်ပြီး..စကားတပြောပြောနဲ့.. ကမ်ခြေကိုငေးမေားရင်း..
ကောင်းကင်ပြာပြာကြီးကို ရင်ဘတ်ကြီးနဲ့ခံစားရင်..သွားရသည်မှာ
လွမ်းမောဘွယ်ကောင်းခြေ၏...
အကုသိုလ်ဒုစရိုက်တရားတို့သည်လည်း ရေစုန်
လမ်းပင်ဖြစ်သည်...သူတစ်ပါးအသက်သတ်တာတွေ..
သူဥစ္စာခိုးတာတွေ..သူတစ်ပါးသားမယားပြစ်မှားကျူးလွန်
တာတွေ..လိမ်လည်ပြောဆိုနေတာတွေ..အရက်သေစာ
သောက်စားနေတာတွေ...ဒါတွေအားလုံးရေစုန်ပင်ဖြစ်သည်....
ရေစုန်ဆိုသည်မှာ သွားရလွယ်ကူ၏..လူသက်သာ၏..မပင်ပန်း..
လူတိုင်းလုပ်နိုင်၏....ဘာမှ အထင်ကြီးစရာမရှိ....
ရေစုန်ကိုလိုက်မိသဖြင့် မဖြစ်သင့်တာတွေဖြစ်ကြရ..
ဖြစ်သင့်တာတွေ..လက်လွှတ်ဆုံးရှုံးကြရဖြင့်ခဏတာ
နားခိုနေရသော လူ့ဘ၀ကြီးကို....အငိုမျက်လုံး..အပြုံး
မျက်နှာဖြင့်...ဘ၀ကို အဆုံးရှုံးမခံသင့်ခြေ..
ရခဲကြုံခဲလှသော လူ့ဘ၀ကြီးကိုရခိုက်..မိမိအကျိုးစီးပွား ..
သူတစ်ပါးအကျိုးစီးပွား..လောကအကျိုးစီးပွားကို ဆောင်ရွက်
နိုင်သော သူတော်ကောင်းသူမြတ်ကောင်းများဖြစ်ကြပြီး
ရေစုန်တရားများမှ ဝေးစွာရှောင်နိုင်ကြပါစေဟု..တိုက်တွန်းရင်း
အားလုံးကျန်းမာချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေ

Thursday, August 27, 2009

နေ့စဉ်သုံးစွဲနေရသော အရာတို့တွင် စကားပြောခြင်းသည်လည်း တစ်ခုအဖြစ် မဖြစ်မနေလုပ်ဆောင် နေကြ ရပေသည်.. ထိုစကားလေးကြောင့်ပင် ချမ်းသာသွားသူများရှိသလို ရုံးရောက် အချုပ်ရောက်သွားသူများလည်း ရှိသည်..ဒုက္ခရောက်သွားသူတို့သည်လည်း တစ်ပုံတစ်ပင်...ထိုစကားကို ကျွန်ုပ်တို့ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ကြရာတွင်..ကြားခံအဖြစ်ထားကာ တစ်ယောက်အကျိုး တစ်ယောက် ဆောင်ရွှက်ကြရသည်..ရပ်အကျိုး ရွာအကျိုး နိုင်ငံအကျိုးကို ဆောင်ရွက်ကြရသည်..မုန်းသူကို ချစ်သူဖြစ်အောင် လုပ်နိုင်သလို ချစ်သူကို မုန်းသူဖြစ် အောင်လည်း ထိုစကားသည် လုပ်ဆောင်နိုင်ပေသည်...
စကားအပြောကောင်းသဖြင့် ပရိတ်သတ်တို့ရဲ.အထင်ကြီးမှုကိုခံယူကာ မိမိအကျိုးစီးပွားဖြစ်အောင် လုပ် ဆောင် သွားနိုင်သူတို့သည်လည်း ကျွန်ုပ်တို့လောကတွင် မျက်မြင်တွေ့နေရသည်မဟုတ်ပါလော....
ထိုစကားကို...တစ်ချို့သည်...မစင်နှင့်တူအောင်ပြောတတ်သူလည်း ရှိ၏..တစ်ချို့သည် ပန်းကလေးများ နှင့်တူအောင် ပြောတတ်သူလည်းရှိ၏.. တစ်ချို့ကြတော့ ချိုမြိန်ကောင်းမြတ်အရသာရှိသော မုန့်နှင့်တူအောင် ပြောတတ်ကြပေသည်...
လူထုအလယ် ပရိသတ်အလယ်ဝယ် မိမိအတွက် သို့မဟုတ် ကိုယ့်ပရိသတ်အတွက် ဓနငွေကြေးရဘို့ ရယ်ရွယ်ပြီး တစ်ချို့သည် မသိဘဲနဲ့ သိသလိုလို မမြင်ဘဲနဲ့ မြင်သလိုလိုဖြင့် လိမ်လည်ပြောကြားနေသူကို မစင်ကဲ့သို့ ရွှံဘွယ်ရှိသူဟု ဆိုထိုက်ပါသည်...
မိမိအတွက် သို့မဟုတ် ကိုယ့်ပရိသတ်အတွက် ဓနငွေကြေးရဘို့ ရယ်ရွယ်ပြီး တစ်ချို့သည် သိတာကို သိတဲ့အတိုင်း မြင်တာကိုမြင်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောတတ်သူကိုတော့ ပန်းစကားကို ပြောတတ်သူဟု ဆိုထိုက်ပေသည်....
တစ်ချို့ပုဂ္ဂိုလ်များကြပြန်တော့လည်း ....ပြောတတ်လိုက်တာ...ကြားရတာ နားချမ်းသာ၏.. အပြစ်ကင်းပြီး ရင်ဘတ်ထဲသို့ စိမ့်ကနဲဝင်သွား၏... ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းစိုင်းစိုင်း မပြော.... ထိုသို့ပြောတတ်သူကိုတော့ ချိုမြိန်ကောင်းမြတ် အရသာရှိသော မုန့်ကလေးနှင့်တူသော စကားကို ပြောတတ်သူဟု ဆိုခြင်ပါသည်.... ထိုကြောင့် ကျွန်ုပ်တို့ နေ့စဉ်ပြောနေကျ စကားကို အလေးအနက်ထားပြီး မိမိလည်း အကျိုးရှိအောင် သူတစ်ပါးလည်းအကျိုးရှိအောင် နှစ်ဦးနှစ်ဘက် အကျိုးရှိအောင်..စကားကိုဆိုကြပါစို့လားဟု..အလေးထားကာ ရေးသားလိုက်ရပေသတည်း...

Wednesday, August 26, 2009

လိုခြင်တာကို မရက အလွန်ပင် ပင်ပန်းလှခြေ၏.. လိုခြင်ခြင်းသည်...ရနိုင်တာကို ဖြစ်နိုင်တာကို လိုခြင် ရခြင် က သိပ်မဆိုး..မရနိုင်တာ မဖြစ်နိုင်တာကို မှန်းက ကိုယ့်ကိုယ်ကို သနားဘို့ပင် ကောင်းလှ၏.. သက်တမ်း တိုတောင်းလှသော လူ့ဘ၀၀ယ်.. အဘယ်ကြောင့် စိတ်ပင်းပန်းမှုတို့ဖြင့်....အချိန်ကို ကုန်ဆုံးခြင်ပါလိမ့်... ပျော်ပျော်ရွှင်ရွင် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် မိမိအကျိုး.. သူတစ်ပါးအကျိုး လောကအကျိုးကို ကိုယ်စွမ်းနိုင်သလောက် ဆောင်ရွှက်သွားခြေက ဘ၀သည် ပျော်စရာကောင်းသည်မဟုတ်ပါလော.... မဖြစ်နိုင်တာကြီးကို မျှော်တလင့် လင့်ဖြင့် စောင့်စားရင်း ကိုယ့်ကိုယ်ကို အပင်ပန်းမခံသင့်ခြေ....
လောကမှာ...မမျှော်လင့်ရဲသူ...မျှော်လင့်ချက်ရှိသူ....မမျှော်လင့်တော့သူ...ဆိုပြီး သုံးဦးရှိပါတယ်...
မမျှော်လင့်ရဲသူဆိုသည်မှာ... လမ်းဘေးမှာ တောင်းစားနေသော တတောင်းစား ဆင်းရဲသား..ရုပ်ရည်ကလည်း ခါးကကုန်းနေတဲ့အပြင် ခန္ဓာကိုယ်ကလည်း ကောက်နေ၏..ခြေကလည်း ခွင်သေး..မျက်စိကလည်းမမြင်ရှာဘူးတဲ့.....တစ်ခြားရောဂါတွေကလည်းပေါလိုက်တာ...အဲဒီပုဂ္ဂိုလ်တတောင်းစား ကတစ်နေ့မှာကြားသတဲ့...ဘယ်နိုင်ငံကဘယ်သူ့..ဘယ်သူကိုမင်းတင်မြှောက်လိုက်ပြန်ပြီ တဲ့...အဲဒီလိုကြားလို့.. တတောင်းစားလေးမှာ ခုလို အကြံမဖြစ်ဘူးတဲ့..ငါ့အား ဘယ်နေ့ ဘုရင်တင်မြှောက်မှာပါလိမ့်...ဆိုတဲ့ စိတ်ကူးပေါ့......အကယ်တန္တုထိုတတောင်းစာလေးသည်..ဘုရင်အဖြစ်စိတ်ကူးများယဉ်နေခဲ့သော်...ကိုယ့်ကိုယ်ကို ညှင်းဆဲရာပင် ရောက်နေပါလိမ့်မည်....
မျှော်လင့်ချက်ရှိသူ..ဆိုသည်မှာ...မင်းအဖြစ်အတင်မြှောက်ခံရသေးတဲ့ ရှင်ဘုရင်ရဲ သားကြီး...ဘယ်နိုင်ငံက ဘယ်သူကို မင်းတင်မြှောက်လိုက်ပြန်ပြီတဲ့..အဲဒီအကြောင်းကို အိမ်ရှေ့မင်းသားကြီးက ကြားသော်..ငါ့အားလည်း ဘယ်နေ့မင်းအဖြစ်တင်မြှောက်မှာပါလိမ့်...သူကတော့မျှော်လင့်ချက်နဲ့အသက်ရှင်နေသူပေါ့..တကယ်တမ်းလည်း သူ့မှာ မျှော်လင့်ဘို့ အခွင့်အရေး ရှိတယ်လေ..သူမျှော်လင့်တာကလည်း သူဖြစ်နိုင်တာကို မျှော်လင့်တာ မဆိုးပါဘူး..ကောင်းပါတယ်...
မမျှော်လင့်တော့သူ..သူကား ဘယ်သူပါလိမ့်...ရှင်ဘုရင်တဲ့..ဟုတ်တယ်လေ..ဘယ်နိုင်ငံက ဘယ်သူကို မင်းမြှောက်လိုက်ပြန်ပြီတဲ့..ရှင်ဘုရင် ကြားတဲ့အခါ...ငါ့အား ဘယ်နေ့ မင်းမြှောက်မှာပါလိမ့်ဆိုတဲ့..စိတ်ကူးမျိုး မျှော်လင့်ချက်မျှိုး ရှင်ဘုရင်မှာ မရှိတော့ဘူးတဲ့... ဘာဖြစ်လို့ ရှင်ဘုရင်မှာ အဲဒီမျှော်မှန်းချက်မျိုး စိတ်ကူးမျိုး မဖြစ်ပေါ်လည်း...စာဖတ်သူ မိတ်ဆွေတို့သာ ..ဆက်ပြီး အဖြေရှာပေတော့

Tuesday, August 25, 2009

လူသားတိုင်းသည်..မျှော်လင့်ချက်ကိုယ်စီဖြင့်...ဘ၀ရဲ့တောက်ပမည့် အချိန်ကို အားကိုးတကြီးဖြင့် လှမ်းမျှော် နေကြ၏.. ရွှေရောင်နေ့ရက်များကို ကိုယ်စီမျှော်ရင်း....ထင်တဲ့အတိုင်း ဖြစ်မလာဘဲဘ၀ကို ကုန်ဆုံးသွားသူများ ရှိသလို... မျှော်လင့်ချက်ပြည့်ဝသဖြင့် စိတ်ရှိတိုင်း ခံစား စံစားပြီး ဘ၀ အမေ့ကြီးမေ့နေသူများလည်း အများအပြား ပင်ရှိသည်....မျှော်လင့်တိုင်း ဆန္ဒပြည့်သူများရှိသလို ...မျှော်လင့်တဲ့ အတိုင်း..ဖြစ်မလာသဖြင့်..စိတ်ညစ်ညစ်နဲ့ ခွက်ပုန်းရေသောက်ရင်း...သောကနေ့ရက်တွေကို..ကုန်လွန်စေသူများ ရှိပေသည်။
တစ်ခါက ကျေးဇူးတော်အနန္တသခင် မြတ်ဗုဒ္ဓအရှင်သူမြတ်သည်..ရဟန်းတော်များအား..ဈေးသည်နှင့် နိုင်းကာ သွန်သင်ခဲ့ပေသည်...
ရဟန်းတို့...ဒီတရားသုံးပါးနှင့် ပြည့်စုံသော ဈေးသည် သည်..မရသေးသော စည်းစိမ်ကိုလည်း မရရှိနိုင်..ရရှိပြီး သော စည်းစိမ်သည်လည်း မတိုးပွားနိုင်..
အဘယ်တရားသုံးပါတို့နည်းဟူမူ.............
(၁) နံက်ပိုင်းမှာလည်း အကြင်ဈေးသည် သည် ကောင်းကောင်းအလုပ်မလုပ်..
(၂) နေ့လည်ပိုင်းမှာလည်း အကြင်ဈေးသည်သည် ကောင်းကောင်းအလုပ် မလုပ်
(၃) ညပိုင်းမှာလည်း အကြင်ဈေးသည်သည် ကောင်းကောင်းအလုပ်မလုပ်ခြေ...ထိုတရားသုံးပါးနှင့် သုံးပါးနှင့် ပြည့်စုံသော ဈေးသည် သည် မရရှိသေးသော စည်းစိမ်ဥစ္စာကိုလည်း မရရှိနိုင်..ရရှိပြီးသော စည်းစိမ်ဥစ္စာသည်လည်း တိုးပွားမည်မဟုတ်...
ထို့အတူ ...ချစ်သားရဟန်းတို့သည်လည်း..ဖေါ်ပြပါတရားသုံးပါးနှင့် မပြည့်စုံက မရသေးသော ကုသိုလ်ကိုလည်း မရနိုင်... ရပြီးသော ကုသိုလ်သည်လည်း တိုးပွားမည် မဟုတ်ချေ..
အဘယ်တရားသုံးပါးတို့နည်းဟူမူ....
(၁) နံက်ပိုင်း
(၂) နေ့လည်ပိုင်း
(၃) ညပိုင်း..ထိုအချိန် သုံးချိန်လုံးမှာ ငါ၏ချစ်သား..ရဟန်းတို့သည် သမာဓိနိမိတ်ကို ကောင်းစွာ မဆောက်တည်...ထိုသို့ သမာဓိနိမိတ်ကို ကောင်းစွာ မဆောက်တည်လျှင် မရသေးသော ကုသိုလ်ကို ကောင်းစွာ မရရှိ...ရပြီးသော ကုသိုလ်လည်း..တိုးပွားမည်မဟုတ်ချေ....

Monday, August 24, 2009

လူတိုင်းလူတိုင်းပင် မိမိအတွက် ချမ်းသာရေး မိသားစုအတွက်ချမ်းသာရေး ရပ်ရွာအတွက် ချမ်းသာရေး စသည်စသည်ဖြင့် ခေါင်းစဉ်ကိုယ်စီတပ်ကာ စီးပွားရှာနေကြပေသည်.. ထိုသို့စီးပွားရှာကြရာတွင် တစ်ချို့လည်း တရားနည်းလမ်းတကျဖြင့် စီးပွားရှာ၏.. တစ်ချို့လည်း တရားနည်းလမ်း မကျတစ်ကျဖြင့် ..တစ်ချို့လည်း ကျွန်ုပ်တို့ လူမှုဝန်းကျင်က ဘယ်လိုမှ လက်မခံနိုင်သော နည်းလမ်းဖြင့် စီးပွားရှာကြသည်.. ငွေကြေးရှာပုံတော် ဖွင့်ကြ၏.. လူရယ်လို့ ဖြစ်လာမှတော့ အလုပ်ဆိုတာကိုတော့ လုပ်ကြရမှာဘဲ.. အလုပ်ကို ကြောက်နေလို့မဖြစ်..
မိမိမှာရှိသော ပညာ ငွေကြေးကို ချိန်ဆပြီး အလုပ်မှာ ရင်းနှီးမြုပ်နှံ ကြရသည်...ထိုသို့ လုပ်ကိုင် စားသောက် ကြရာတွင်..တစ်ချို့သည် မှန်ကန်သော တရားနည်းလမ်းကျသော လူသာဓုခေါ် နတ်သာဓုခေါ်သော နည်းလမ်းဖြင့် လုပ်ကိုင် စားသောက်ကြ၏.. တစ်ချို့သည်..သူများမျက်ရည်ကျမှ ..၀မ်းဝသော..နည်းလမ်းဖြင့်... လုပ်ကိုင်စား သောက်ကြပေသည်.. အကယ်တန္တု ယင်းသို့ သူများမျက်ရည်ကျမှ ၀မ်းဝသောနည်းလမ်းဖြင့် လုပ်ကိုင်စားသောက်ခြင်းသည် ကိုယ့်ဘ၀ကို ကိုယ်တိုင်ပင် အမြစ်ကလှန်ပြီး တူးဖြို ဖျက်ဆီးနေခြင်းပင်ဖြစ်သည်..
ကျွန်ုပ်ကြားသိခဲ့ရသော သတင်းလေးကိုပင် သင့်အား ဖေါက်သည်ချပါရစေလား...
သူကား..ဖိုးထူး..သူသည် သွက်သည်..ထက်သည်..လာဘ်မြင်သည်ငွေကြေးရှာဖွေရာတွင် သူသည် သူ့ရပ် သူ့ ရွာမှတော့အတော်အောင်မြင်သည်..တောင်သူလည်းလုပ်သည်..မြို့ပေါ်တက်ပြီးအရောင်းအ၀ယ်လည်းလုပ်သည်..
ငွေတိုးလည်းပေးသည်..တစ်ခါတစ်ရံ တရုပ်ပြည်လိုလို..တရုပ်နယ်စပ်လိုလို ထိုအရပ် ထိုဒေသများသို့သွားပြီး စီးပွား ရှာသည်ဟု ကြားရသည်... ဘွဲ့ရပြီး အလုပ်အကိုင်မရှိသော မိန်းကလေးများကိုပင် ဖိုးထူးကအလုပ်ရှာပေး သည်ဟု ကြားရသည်...
ထိုသို့ စီးပွာရှာကောင်းမှုကြောင့် ဖိုးထူးသည် ရပ်ရွာထဲတွင် စားနိုင်သောက်နိုင် မျက်နှာကြီးဖြစ်လာလေသည်.. တစ်နေ့ ဖိုးထူးနဲ့ပတ်သက်ပြီး သတင်းစကားများ တီးတိုးတီးတိုး ကြားရလေသည်။
ရွှေလီဘက် ပို့လိုက်တဲ့ ကောင်မလေးမိဘတွေက သတင်းမရလို့ စိတ်ပူနေသတဲ့..
တရုပ်နယ်စပ်မြို့က ဟိုတယ်တွေမှာ ကောင်မလေးတွေကို တွေ့ခဲ့ရသတဲ့..
ကောင်မလေးတွေက ဖိုးထူးကို မကျေနပ်ကြဘူးတဲ့..
သမီးရှင်တွေက မကျေနပ်ကြလို့ ရဲကို တိုင်သတဲ့...စသည်စသည်ဖြင့် ရပ်ရွာသံသယသည် ဖိုးထူးပေါ်ဝယ် တဖွဲဖွဲ ကျလာလေသည်... ကျွန်ုပ်ပြောခြင်သည်ကား..ဖိုးထူးအကြောင်းမဟုတ်..ဖိုးထူးဘ၀မဟုတ်...
ဒါနဲ့ ပတ်သက်ပြီး ..ကျွန်ုပ် စဉ်းစားမိသည်က....
ကမ္ဘာမှာ မှီတင်းနေထိုင်ကြသော ကျွန်ုပ်တို့အားလုံးသည်..
လူသားဆန်သော စိတ်ဓာတ်ဖြင့် လူ့လောကကြိးကို တည်ဆောက်နိုင်ကြရင်..
တစ်ဦးအကျိုးစီးပွားကို တစ်ဦးက ကူညီနိုင်ကြရင်... သိပ်ကောင်းမှာဘဲ..
တစ်ဥိးအကျိုး တစ်ဦးက လိုလားတဲ့ မေတ္တာ စေတနာ
တစ်ဦးအား တစ်ဦးက ထောက်ထား ငဲ့ညှာတတ်တဲ့..ကရုဏာ..
သူကောင်းစားက ကိုယ်က ကျေကျေနပ်နပ် ၀မ်းသာပေးနိုင်တဲ့ မုဒိတာ..
ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီးတွင် ထိုတရားများ ရှင်သန်ဖွံ့ဖြိုးနေပါမူ...ကောင်းလေစွ


အရှင်ဘုရား...နေကောင်းတယ်နော်.
အင်း...ကောင်းပါတယ်
ဒကာလေးရော နေကောင်းတယ်မို့လား
တပည့်တော်လား..လူကတော့ကောင်းပါတယ်..စိတ်ကတော့ သိပ်မဟုတ်ခြင်ဘူးဘုရား..
အော်..ဒကာနှယ်..ဘယ်လိုဖြစ်လို့ စိတ်ကမကောင်းရတာလဲ..
အရှင်ဘုရားရယ်... ပြောကိုမပြောခြင်ပါဘူးဘုရား...
ဒကာလေး ရင်ထဲဝယ် မည်သို့ခံစားနေရမည်ကို သူမျက်နှာကြည်ရုံဖြင့်သိသာ၏..
ပျော်ပျော်နေတတ်သော ဒကာလေးသည် ယခု သူ့မျက်နှာဝယ် ကြေကွဲခြင်းတို့ဖြင့် ရင့်ရောနေ၏..
သောကမီးတို့သည် သူ၏ ရင်ဝယ် လောင်မြိုက်နေဟန်..
အော်..ဆက်ပါအုံး..ဒကာလေးရဲ့..ဘယ်လိုများဖြစ်တာတုန်း...
မနေ့ကဘုရား..သမီးလေးဆီက ဖုန်းလာတယ်..ဟိုမှာ အဆင်မပြေဘူးတဲ့..ဘုရား
ဒါကြောင့်မို့ သမီးလေးက ပြန်လာခြင်သတဲ့..ဘုရား
တပည့်တော်တို့လည်း သမီးလေးကို ဖြစ်စေခြင်လွန်းလို့သာ ငွေချီးငှါးပြီး လွှတ်လိုက်ရတာ...
တယ်ပြီးတော့လည်း စိတ်မချဘူးဘုရား....
ခုတော့ ..အရှင်ဘုရားရယ်..သမီးလေးအတွက်လည်း စိတ်မကောင်းရ..ငွေတိုးတွေကလည်း တက်ဆိုတော့..
တပည့်တော်လည်း ခုရက်ပိုင်းအတွင်း..စိတ်က တယ်မဟုတ်ခြင်ဘူးဘုရား...
ယခု မိမိတစ်ဦးတည်း ထိုင်နေတုန်း..အရင်ရက်က ဒကာလေး ပြောပြသွားသော စကားများကို ပြန်လည် ကြားယောင်မိခြင်းဖြစ်၏.....
ယခုတော့..ဒကာသံယောဇဉ်ကို အကြောင်းပြုပြီး မိမိသည်လည်းစိတ်မကောင်းခြေ...
သံယောဇဉ်အနှောင်အဖွဲ့များကြောင့်..ပူလောင်ရပုံကို အသိသား...
သံယောဇဉ်နှင့် ပတ်သက်ပြီး ရှင်တော်ဗုဒ္ဓဟောကြားတော်မူခဲ့သော တရားဓမ္မကို ပြန်လည် စဉ်းစားမိလေသည်...
ရှင်တော်ဗုဒ္ဓက..သံယောဇဉ်ကို သာယာဖွယ်လို့ ထင်နေသူနဲ့..သံယောဇဉ်ကို ငြီးငွေ့ဖွယ်လို့ ရှုမြင်သူဆိုပြီး ..နှစ်ဦးရှိတဲ့အကြောင်း ..အဂုင်္တ္တိုရ်မှာ ဟောကြားထားခဲ့ပါတယ်..
သံယောဇဉ်တရားကို သာယာဖွယ်လို့ ရှုမြင်သူမှာ ရာဂ ဒေါသ မောဟတွေ တိုးပွားလာမယ်..အဲဒီ ရာဂ ဒေါသ မောဟကြောင့်မှာ ကိုယ်မှာ ပူလောင်မှုသောက တွေ စိုးရိမ်ပင်ပန်းဆင်းရဲရခြင်း ဒုက္ခတွေ တိုးလာမယ်..
သံယောဇဉ်ဆိုတာကို ငြိးငွေ့ဖွယ်လို့ ရှုမြင်သူအတွက် ရာဂဒေါသမောဟတွေ ကင်းလာမယ်..
ရာဂဒေါသမောဟတွေ ကင်းလာရင် ပူလောင်မှုသောကတွေ စိုးရိမ်ပင်ပန်းဆင်းရဲရခြင်းဒုက္ခတွေ မရှိတော့ဘူးပေါ့...
ဒီတော့...ကိုယ်ဟာ သံယောဇဉ်နှင့် ပတ်သက်ပြိး ဘယ်လမ်းကြောင်းကို လိုက်နေမိသလဲဆိုတာကို စဉ်းစားရင်း......

Sunday, August 23, 2009

မဟာအတုလဂုဏ်ရည် မန်းရွှေလီကျောင်းတော်

မန္တလေးမြို့၊ အဝေရာရာမ ရန်ကင်းကျောင်းတိုက်အတွင်းရှိ မဟာအတုလဂုဏ်ရည် မန်းရွှေလီကျောင်းတော်ကြီး



သိန်းပေါင်းငါးထောင်ကျော် ကုန်ကျသော မဟာအတုလဂုဏ်ရည် မန်းရွှေလီကျောင်းတော်ကြီးကို မန္တလေးမြို့ မန်းရွှေလီကုမ္ပဏီပိုင်ရှင် ကျောင်းဒါယကာဘုရားဒါယကာ ရဟန်းဒါယကာ ပိဋကတ်သုံးပုံဒါယကာ ဦးဝင်းဆွေ+ ကျောင်းဒါယိကာမ ဘုရားဒါယိကာမ ရဟန်းဒါယိကာမ ပိဋကတ်သုံးပုံဒါယိကာမ ဒေါ်တင်တင်ခိုင် သား=ဥက္ကာဝင်းဆွေ သွန်းထက်ဝင်းဆွေ သမီး-စန္ဒီဝင်းဆွေ မိသားစုမှ နိဗ္ဗာန်ရည်းမှန်း လှူဒါန်းပါသည်.

Saturday, August 22, 2009

ခွန်အား

မနက်ပိုင်း အိပ်ရာက ထလာတာနဲ့ ဘုရားဝတ်ပြု မေတ္တာပွားပြီး ကိုယ်တိုင်ဖျော်တဲ့ ကော်ဖီလေးကို သောက်နေလိုက်တယ်..ဟုတ်တယ်လေ..အိန္ဒိယမှာနေတာဆိုတော့ ကိုယ့်ကို အာရုဏ်ဆွမ်းကပ်မဲ့သူလဲ ရှိတာ မဟုတ်ဘူး..ဒါကြောင့်မို့ ..ကိုယ်တိုင်ဖျော်ရင်း ကော်ဖီသောက်နေမိတယ်...
ကော်ဖီသောက်ရင်း စဉ်းစားမိတာက..ဘာကြောင့် ကော်ဖီသောက်မိပါလိမ့်ပေါ့.. ဒီနေ့အတွက် မြတ်စွာဘုရားရှင်၏ ပရိယတ္တိသာသနာ ပဋိပတ္တိသာသနာ ပဋိဝေဓသာသနာ ..အဲဒီသာသနာသုံးရပ် စဉ်ပင် ပြန့်ပွားရေးအတွက် ငါ့ခန္ဓာကိုမှာ ခွန်အားရှိမှဖြစ်မယ်..
ဒီတော့ အားဆိုတာနဲ့ ပတ်သက်လို့  ..မြတ်စွာဘုရားရှင် ဟောကြားထားတဲ့ ခွန်အားနှစ်မျိုးကို စဉ်းစားမိတယ်.
နံပါတ် (၁) က ဆင်ခြင်စဉ်းစားခြင်းဆိုတဲ့ ခွန်အား နံပါတ် (၂) က ပွားများခြင်း ခွန်အားဆိုပြီး နှစ်မျိုးဟောထားပါတယ်။
ဆင်ခြင်စဉ်းစားခြင်း ခွန်အားဆိုတာဘာလဲဆိုတော့....ခန္ဓာကိုယ်ကြီးနဲ့ (ကာယကံနဲ့)လုပ်တဲ့ မကောင်းတဲ့ အပြုအမူတွေရဲ့  လက်ငင်းဘ၀ ဆိုးကျိုးတွေ နောက်ပြီး တမလွန်ဘ၀ဆိုးကျိုးတွေ..မိမိရဲ့ နုတ်ကလေးနဲ့(၀စီကံနဲ့) မကောင်းတဲ့စိတ်နဲ့ပြောတဲ့ လက်ရှိဘ၀ဆိုးကျိုး တမလွန်ဘ၀ဆိုးကျိုးတွေ မိမိစိတ်မှာ (မနောကံ) မကောင်းတဲ့စိတ်တွေ အဖြစ်များနေတယ်ဆိုရင် အဲဒီမကောင်းတဲ့ စိတ်လေးရဲ့  ခုဘ၀ဆိုးကျိုးတွေ နောင်ဘ၀ဆိုးကျိုးတွေ..အဲ..အဲဒီလို စဉ်းစားမယ်ဆိုရင်....ကိုယ့်မှာ မကောင်းတဲ့ အပြုအမူတွေ မကောင်းတဲ့ အပြောတွေ...အဲ..နောက်ပြီး မကောင်းတဲ့ စိတ်တွေ မဖြစ်တော့ဘူး...ဒါဟာ စဉ်းစားခြင်းကြောင့်ဖြစ်လာတဲ့ ခွန်းအားတစ်ခုပေါ့...
ပွားများခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ခွန်အားဆိုတာကတော့ ...ကိုယ်ဟာ သမထဘာဝနာ ဒါမှမဟုတ် စွမ်းနိုင်ရင် ၀ိပဿနာဘာဝနာပေါ့နော်..အဲဒီ ဘာဝနာနှစ်မျိုး တစ်မျိုးမျိုးကို ပွားများနေမယ်ဆိုရင် ကိုယ့်မှာ လောဘတွေ ဒေါသတွေ နောက်ပြီး မောဟတွေပေါ့နော့်...အဲဒီလို အကုသိုလ်စိတ်တွေ မဖြစ်တော့ဘူး..အဲဒီမကောင်းတဲ့စိတ်တွေ မိမိမှာ မဖြစ်တဲ့ အတွက် မကောင်းတဲ့အကုသိုလ်တွေ မပြုလုပ်မိတော့ဘူးပေါ့...မကောင်းတဲ့ အကုသိုလ်တွေ မလုပ်မိတဲ့အတွက် ကိုယ်မှာလည်း မကောင်းကျိုးတွေ မရောက်နိုင်ဘူးပေါ့ဗျာ..ဒါဟာ ပွားများခြင်းကြောင့် ရလာတဲ့ ခွန်အားဘဲ.... ကဲ..ကိုယ်လဲ..ကော်ဖီသောက်ပြီး ခွန်အားရှိရဲ့ လားလို့ ..စဉ်းစားရင်း.....

Wednesday, August 19, 2009

ငါ ဘာလုပ်သင့်လဲ

ညရောက်သော်လည်း မမှောင်သောကြောင့် ကျွန်ုပ်သည် စာရေးဆရာတွေလို လန်နေအောင် မခံစားတတ်ခြေ။
ဝန်းကျင်သည် ဆိတ်ငြိမ်သော်လည်း စိတ်သည် ယောက်ယက်ခတ်နေ၏....အလဲလဲ ပြိုကွဲနေသော စိတ်ကို ထိမ်း ထားနိုင်အောင် သတိဖြင့် တည်ငြိမ်မှုကို ခေါင်းလောင်းထိုးလိုက်သည်......
လောကဓမ္မနှစ်ဌာတို့ တွင် ဘာကိုမျှ မကျွမ်းကျင်သောမိမိအတွက် ရင်ကွဲအောင် ခံစားရခြင်းသည် မဆန်း...သို့ သော်လည်း..ပုတီးဖြင့် ရိပ်ကြီးမခိုနိုင်သေးသော မိမိအတွက် ၀မ်းစာလှအောင်တော့ လုပ်တတ်ရပေမည်..လုပ်တတ် ဖို့လည်း သင့်သည်......ဖြစ်ခြင်ရာဖြစ်ဟူ၍..ကိုယ့်ကိုလည်း မနှစ်သတ်ရဲ...ဖြစ်ခြင်ရာမဖြစ်တောင် ဖြစ်သင့်တာ ကိုတော့ ဖြစ်အောင် လုပ်တတ်သင့်ပေသည်...

Sunday, August 16, 2009

Pagemaker, InDesign နှင့် ဇော်ဂျီ...

Contributor: ရန်အောင်

Pagemaker မှာ ဇော်ဂျီဖောင့် သုံးလို့ ရမရ တစ်ယောက်ကမေးလာတာကြောင့် ကျွန်တော် pagemaker ကို ဒေါင်းလုပ်ချပြီး စမ်းကြည့်ပါတယ်. အဆင်မပြေပါဘူး. နောက်ဆုံး အကြံကုန်လာတာနဲ့ Alpha Mandalay က ဦးရဲမြတ်သူဆီကို အီးမေးလ်ပို့ပြီး မေးမြန်း အကူအညီတောင်းကြည့်ပါတယ်. ကျွန်တော့်အထင် ၁၅ မိနစ်လောက် အတွင်းမှာပဲ ဦးရဲမြတ်သူဆီက စာပြန်လာပါတယ်.

ကျွန်တော်တစ်ယောက်တည်းအတွက်သာမက အများအတွက်ပါ အကျိုးများစေနိုင်မယ့် သိမှတ်ဖွယ်ရာ ဗဟုသုတလေးတွေ ပါနေတာကြောင့် ဦးရဲမြတ်သူဆီက ခွင့်တောင်းပြီး အားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်ခင်ဗျာ.

တတ်သိနားလည်သူများအနေနဲ့ ကော်မန့်မှာ ပါဝင်အကြံပြုဆွေးနွေးပေးဖို့လည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်.

မင်္ဂလာပါ ကိုရန်အောင်

Pagemaker ဟာ ကျွန်တော်တို့မှီသမျှပြောရရင် windows 3.1 တုန်းက ပိုင်ရှင်တစ်ဦးပါ။ ဒီအရင်ကတော့ apple မှာပဲ ရှိပါတယ်။aduld လားမသိပါ။ နောက် adobe ကနေဝယ်လိုက်ပါတယ်။ adobe ဟာ pdf တွေ photoshop တွေ ထုတ်တဲ့ software ဆရာကြီးပါ။ နောက်ပြီးသူ့လက်ထဲမှာ Pagemaker ဆိုတဲ့နာမည်နဲ့ version အသစ်မထုတ်ဘဲ InDesign ဆိုပြီးထုတ်ပါတယ်။ InDesign ဟာ Pagemaker file ကို ဖတ်ပါတယ်။ unicode လဲ support လုပ်ပါတယ်။

ခင်ဗျားမှတ်မိသေးလားတော့မသိဘူး အရင်က foxpro ကို တော်တော်သုံးခဲ့ကြရာက Microsoft က ဝယ်တယ် ပြီးတော့ access ကို ဆွဲတင်ပြီး fox ကိုထားခဲ့ပါတယ်။ ဒီလိုဘဲ wordperfect ကို corel draw ကဝယ်တယ် xera ကို ဝယ်တယ်။ market ဝေစုပြိုင်ကြပေါင်းကြ လုကြတာပါ။

ဆိုလိုချင်တာက VB6 မှာတုန်းက MS လည်း unicode support မလုပ်ပါဘူး dotnet ခေတ်ကျမှလုပ်ပါတယ်။ Pagemaker လည်း သူ့ခေတ်မှာ unicode မရှိပါဘူး unicode ခေတ်ကောင်းလာတာ မကြာသေးဘူးလို့ပြောလို့ ရပါတယ်။ Microsoft တောင် အရင် office တွေ မှာ windows မှာ multilanguage အတွက် unicode မသုံးပါဘူး၊ အခြား encode standard တွေရှိပါတယ်။ ဒီတော့ Pagemaker ဟာ unicode ကို အဲဒီနာမည်သုံးစဉ် support မလုပ်ဘူးဆိုနိုင်ပါတယ် adobe လက်ထဲရောက်တော့ Pagemaker အမည်ကနေ InDesign လို့လဲပြောင်းရော မြန်မာတွေက လိုက်မသုံးကြတော့ပါဘူး အစွဲအလန်းကြီးတယ်လေ။

တကယ်လို့သာ Pagemaker 10 တို့ ဘာတို့ဆိုပြီးထုတ်ရင်တော့ သုံးကြမယ်လို့ထင်ပါတယ်။ InDesign ဟာ world Publishing လောကရဲ့ပြောင်းလဲလာတဲ့ trend အတွက်ထုတ်တာဖြစ်လို့ မြန်မာနဲ့ ကိုက်ချင်မှကိုက်ပါမယ်။ သူ့မှာ font converter ကအစ script management တွေအဆုံး အရမ်းကောင်းတာတွေပါပေမဲ့ software အလကားရနေတာတောင် စမ်းသုံးခံရတာ နည်းနေပါသေးတယ်။

ဇော်ဂျီနဲ့ပတ်သက်လို့ကတော့ ဇော်ဂျီဟာ ကျွန်တော်ပိုင်မဟုတ်ဘဲ သုံးစွဲသူများအားလုံးပိုင်တဲ့ web 2.0 ပစ္စည်းတခုပါ။ အားလုံးကောင်းဖို့ ဝိုင်းလုပ်ကြတာကို ချီးကျူးပါတယ်။
ကျွန်တော်အာမခံနိုင်တာတစ်ခုက 5.1 ပေါ်လာတာ လမ်းအသစ်တခုပါ။ ဇော်ဂျီမပျောက်နိုင်ပါဘူးဆိုတာပါပဲ။

ဇော်ဂျီမပေါ်ခင်ကတည်းက myanmar font storage standard ဆိုတာရှိပါတယ် 4.1 ပါ 3 years ကြာခံပါတယ်။ သုံးတဲ့သူသာသိပ်မတွေ့ရတာပါ။ သူလည်း ရရစ် တစ်ခုတည်းသိမ်းပြီးပြောင်းပေးပါတယ်။

အခု 5.1 ပေါ်လာတာလည်းကောင်းပါတယ်။ MS office 2007 မှာ 5.1 fully support လုပ်ပါတယ်။ သိုသော် zawgyi ကို လက်ခံပါတယ်။ ဇော်ဂျီရိုက်မရအောင် MS google စတာတွေက မလုပ်ဘူးလို့ ကျွန်တော်ယုံတယ်။ မြန်မာ အချို့ကတော့ ဒီလိုဖြစ်အောင် လုပ်ကောင်းလုပ်နိုင်ပါတယ်။

ဇော်ဂျီကို အာမခံတာဟာ 5000-10000 ကြားမှာရှိတဲ့ web content တွေကြောင့်ပါဘဲ။ လက်ရှိအချိန်မှာ migration stage ကိုမကျော်ဘဲ encode စနစ်အသစ် မဖြစ်နိုင်လို့ပါ။ ဇော်ဂျီနဲ့ပတ်သက်လို့ နည်းနည်းပါးပါးပြောင်းချင်တာတောင် user group ကြီးကြောင့် keyboard input မှာဘဲ လွတ်လွတ်လပ်လပ်ပြောင်းရပါတယ်။

ရေးချင်တာက DTP မှာ Ascii ကို zawgyi ရော unicode ကရော နေရာဝင်မယူနိုင်သေးဘူး၊ ဇော်ဂျီယူတာနေရာအသစ်။ ဒီလိုပဲ 5.1 ပေါ်လာရင် သူနေရာရမရတော့ မသေချာသေးဘူးရခဲ့ရင်လဲ အသစ်ဖြစ်ပါလိမ့်မယ်။ တစ်ခုတော့ရှိတယ် ကျွန်တော်တို့ဆီမှာ standard လုပ်သူမရှိတော့ Ascii က စံမဟုတ်တဲ့ မြန်မာစာ ဖြစ်နေတယ်။

တကယ်တော့ နိုင်ငံတကာမှာ Ascii standard ရှိ တယ်။ zawgyi လဲ nonrendering unicode ဒီဖက်တိုစတန်းဒတ်ဘဲ၊ render မရှိလို့ standard မဖြစ်ရဘူးဆိုရင် ၊ mobile phone, MP3, mp4 player, DVD , sattlite resiver, poctet PC,.....industial using myanmar font,....စတာတွေလည်း ဘယ်တော့မှ စတန်းဒတ်နဲ့မဖြစ်လာနိုင်ဘူး။
ပြောရင်းရှည်သွားပြီ။ ဆိုလိုချင်တာ က solution ကို ရောင်းကြတဲ့ ခေတ်မှာ အစွဲကင်းသင့်တယ်။

Pagemaker ကအဆင်ပြေရင် Ascii OK ရင် မပြောင်းစေချင်ဘူး DTP မှာ ပြောင်းဖို့ လိုရင် word သို့မဟုတ် InDesign လို ဘက်ကိုလေ့လာစေလိုတယ်။ searchable ဖြစ်မယ် unicode အစွမ်းနဲ့။ zawgyi လဲ type phase design 4 ခုထပ်ထွက်ဖို့ ရှိတယ် dtp မှာ OK သို့ သော် web မှာ ဖောင့်မရှိရင် လေးထောင့်အတုံးလေးတွေ မပေါ်အောင် family font ကိစ္စစမ်းနေကြတယ်။

စာရှည်သွားပြီ

Blogger အတွက် Wordpress Themes (Templates)

Playtagger နဲ့ သီချင်းတင်နည်း (အသေးစိတ် ရှင်းလင်းချက်)

Menu Tab လုပ်နည်းများ - ပုံစံ (၁)

Making Wordpress Blog (cbox)

Showing posts with label Blog. Show all posts

Awesome New Features from Blogger in Draft 2

Alert Message Box လေးများလုပ်နည်း

Cbox အကြောင်း သိကောင်းစရာလေးများ


Contributor: ရန်အောင်

ဒီတစ်ခါတော့ ဆီဗုံးလို့ အများစုက ချစ်စနိုးပြောင်ခေါ်နေကြတဲ့ Cbox နဲ့ ပတ်သက်တာ လေးတွေ ကျွန်တော်သိသလောက် ရေးပေးပါမယ်.

Cbox ဆိုတာကတော့ ဘလော့ဂ်တွေ တော်တော်များများမှာ တွေ့နေရတဲ့ ဘလော့ဂ်ရေးသူနဲ့ လာလည်သူတွေကြားက communication tool လေးတစ်ခု ပါပဲ. လာလည်သူတွေ ကလည်း သူတို့ပြောချင်တဲ့ Message တွေကို Cbox မှာ ထားခဲ့တယ်။ ဘလော့ဂ်ပိုင်ရှင်ကလည်း ပြန်ပြောမယ်။ မှန်တာကို ပြောစတမ်းဆိုရင် ကိုယ့်ရဲ့ Cbox မှာ လာလည်သူတွေ များတာကို ဘလော့ဂ်ပိုင်ရှင်တိုင်း ၀မ်းသာအားရ ဖြစ်မိကြပါတယ်။

ခုနောက်ပိုင်းဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နောက်ပြောင်တာ လေးတွေကို ဆီဗုံးမှာ ရေးခဲ့ကြတယ်။ အပြင်က မောမောနဲ့ ပြန်လာပြီးနောက် ကျွန်တော်ပထမဆုံး လုပ်တာကတော့ Email စစ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဆီဗုံးမှာ ဘယ်သူတွေ ၀င်ရေးသွားလဲ၊ ဘယ်သူတွေ ၀င်ဖွသွားလဲ ဆိုတာကို အရင်ကြည့်တာပါပဲ။

ကဲ. စလိုက်ကြရအောင်လားဗျာ.

ပထမဆုံး http://www.cbox.ws/ ကိုသွားပါ။ Account တစ်ခု Sign Up လုပ်ပါ။ See all styles မှာ ကိုယ်ကြိုက်တဲ့ Color လေးတွေ ရွေးယူလို့ ရပါတယ်။



ပြီးရင် ကိုယ့် Account ထဲကို ၀င်ပါ။ Admin Tab ကိုသွားပါ။ အဲဒီ့နေရာကနေ ကိုယ့်ရဲ့ Cbox ကို အမျိုးမျိုး manage လုပ်လို့ ရပါတယ်။

Width တွေ Height တွေလည်း ပြောင်းလို့ရပါတယ်။ Default ပေးထားတဲ့ Width က တော်တော်ကျဉ်းပါတယ်။ ၁၆၀ ပဲ ပေးထားပါတယ်။ ၂၀၀ (သို့) ၂၂၀ လောက် ပြောင်း ကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ စာတွေ ကောင်းကောင်းမြင်ရတဲ့ အဆင့်ထိ ရောက်သွားပါလိမ့်မယ်။ စိတ်ကြိုက်ပြောင်းယူပါ။ ကိုယ့်ရဲ့ Template က ပေးထားတဲ့ Column Width နဲ့ ကိုက်ညီအောင် ပြောင်းယူပါ။



Form Layout မှာတော့ Cbox ရဲ့ Design ကို ပြောင်းယူလို့ရပါတယ်။ Message ရေးတာကို အပေါ်မှာ ထားလို့ရသလို အောက်မှာလည်း ထားလို့ရပါတယ်။ ကိုယ့် စိတ်ကြိုက် ပြောင်းကြည့်ပါခင်ဗျာ။

Messages တို့၊ Message Length တို့မှာလည်း ကိုယ်လိုသလို Setting ကိုထားနိုင် ပါတယ်။

Cbox ကို မိတ်ဆက်တဲ့ အပိုင်းကတော့ ပြီးပါပြီ။ ခုပြောမှာကတော့ အရေးကြီးတဲ့ အပိုင်းပါ။ Cbox မှာ မြန်မာလို စာကောင်းကောင်းပေါ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ပြဿနာပါ။

Colors & Fonts ကို သွားပါ။ Fonts ဆိုတာကို သွားပါ။ သူ့ရဲ့ Default က Arial Font ကို ပေးထားပါတယ်။ အဲဒီ့ Box လေးနေရာမှာ Zawgyi-One လို့ ပြောင်းရိုက်ပေးလိုက်ပါ။ ပြီးရင် Apply Button လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ မြန်မာလို စာကောင်းကောင်း ပေါ်ပါပြီ။



နောက်တစ်ခုကတော့ Smilies Tab ပါ။ အပေါ်ခပ်ကျကျနေရာလေးက Preset Smilies ဆိုတာလေးကို နှိပ်လိုက်ရင် ခုလို ပုံမှာ မြင်ရပါလိမ့်မယ်။



အဲဒီ့နေရာမှာ ကိုယ့် Cbox ထဲမှာ ပေါ်စေချင်တဲ့ Smilies Color လေးတွေကို ပြောင်းလို့ရပါတယ်။ Default Blue, Default Orange, Default Yellow လို့ ပေးထားပါတယ်။ ကြိုက်ရာပြောင်းယူနိုင်ပါတယ်။

Customize Smilies ကို ပြန်သွားပါ။ ခုပြောမှာကတော့ ကိုယ်ကြိုက်တဲ့ Smilies ပုံလေးတွေကို ဘယ်လိုထည့်လို့ ရနိုင်မလဲ ဆိုတာပါပဲ။



New Row ကို ယူလိုက်ပါ။ URL Address နေရာမှာ ကိုယ်ထည့်ချင်တဲ့ Smilies ပုံလေးရဲ့ URL ကို ရိုက်ထည့်ပေးလိုက်ပါ။ Code နေရာမှာတော့ ကိုယ့်ရဲ့ Smilies လေးအတွက် သီးသန့် သင်္ကေတလေးတစ်ခု ကိုယ့်ဖာသာကိုယ် လုပ်ပေးလိုက်ပါ။ ဥပမာ ဟားတိုက်ရီနေတဲ့ ပုံလေးထည့်ထားမိရင် :)) လို့ ရိုက်ထည့်ပြီး မှတ်ခိုင်းထားတဲ့ ပုံစံမျိုးပေါ့။

My Users Tab ကတော့ Diabled ဖြစ်နေပါတယ်။ သူကတော့ ပိုက်ဆံသွင်းထားတဲ့ Registered Users တွေအတွက်ပဲ ရပါတယ်။ Blocked Users ကတော့ ကိုယ့်ဘက်က Block လုပ်ထားတဲ့ User တွေနဲ့ ပတ်သက်တဲ့ Information တွေ ပြထားတာပါ။

Messages မှာကတော့ ကိုယ့် Cbox မှာ ရေးထားတဲ့ Messages တွေကို Manage လုပ်လို့ရပါတယ်။



ကိုယ်ဖျက်ချင်တဲ့ Message ကို Tick လုပ်ပြီး ဖျက်ပစ်လို့ရပါတယ်။ ကိုယ် Ban လုပ်ချင်တဲ့ User ကိုလည်း Tick လုပ်ပြီး Ban ဆိုတာကို နှိပ်လိုက်လို့ရပါတယ်။ ဒါဆိုရင် အဲဒီ့ user ကိုယ့် Cbox မှာ စာလာရေးလို့ မရတော့ပါဘူး။ IP Address ကိုလည်း Tracking လိုက်လို့ ရပါတယ်။ ဘယ်နေရာကနေ စာလာရိုက်တယ်ဆိုတာကို သိနိုင်တာပေါ့။ ကျွန်တော်သုံးတဲ့ IP Tracking Tool ကတော့ IP Hacker ပါ။

Cbox အကြောင်းကတော့ ဒီမှာ ပြီးပါပြီ။

ကိုယ့်ရဲ့ဘလော့ဂ်မှာ Cbox တင်ဖို့အတွက် Quick Setup ကို ပြန်သွားပါ။ သူပေးထားတဲ့ Codes တွေကို ကူးယူပါ။



ပြီးရင် Blogger ထဲကို Sign in ၀င်ပြီးတော့ Template>Add Page Element မှာ HTML/JavaScript ကို ရွေးလိုက်ပါ။ ပြီးရင် ကူးယူလာတဲ့ Code လေးတွေ ကို ထည့်ပေးလိုက်ရုံပါပဲ။



Add a Page Element ကိုနှိပ်လိုက်လျှင် မြင်ရမည့်ပုံ



အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ ခင်ဗျာ။ မရှင်းတာရှိရင်လည်း Comments ထဲမှာ ၀င်ရောက် မေးမြန်းနိုင်ပါတယ်။

မှတ်ချက်။

၁. Cbox တွင် အကောင်းအဆိုးရောနေသည်။ Cbox ထည့်ထားခြင်းကြောင့် မိတ်ဆွေများတိုးပွားလာနိုင်သကဲ့သို့ အမည်မဖော်ဘဲ ၀င်ရောက်နှောင့်ယှက် တတ်သူများကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါသည်။

၂. Blogger အသစ်များအနေဖြင့် Cbox ရှိထားခြင်းသည် မိမိဘလော့ဂ်အတွက် လာလည်သူများထံမှ အကြံဥာဏ်ကောင်းများ ပိုမို၍ ရလာစေနိုင်ပါသည်။ မိတ်ဆွေ များလည်း ပိုမိုတိုးပွားလာစေနိုင်ပါသည်။

၃. Cbox မရှိသော ဘလော့ဂ်သို့ ၀င်လျှင် မရင်းနှီးသေးသော သူစိမ်းအိမ်သို့ အလည်သွား ရသည်နှင့် တူပါသည်။ ထို့ပြင် မိမိအား အေးစက်စက်နှင့် ဆက်ဆံနေသကဲ့သို့ ခံစားရပါသည်။