အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Thursday, August 27, 2009

နေ့စဉ်သုံးစွဲနေရသော အရာတို့တွင် စကားပြောခြင်းသည်လည်း တစ်ခုအဖြစ် မဖြစ်မနေလုပ်ဆောင် နေကြ ရပေသည်.. ထိုစကားလေးကြောင့်ပင် ချမ်းသာသွားသူများရှိသလို ရုံးရောက် အချုပ်ရောက်သွားသူများလည်း ရှိသည်..ဒုက္ခရောက်သွားသူတို့သည်လည်း တစ်ပုံတစ်ပင်...ထိုစကားကို ကျွန်ုပ်တို့ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ကြရာတွင်..ကြားခံအဖြစ်ထားကာ တစ်ယောက်အကျိုး တစ်ယောက် ဆောင်ရွှက်ကြရသည်..ရပ်အကျိုး ရွာအကျိုး နိုင်ငံအကျိုးကို ဆောင်ရွက်ကြရသည်..မုန်းသူကို ချစ်သူဖြစ်အောင် လုပ်နိုင်သလို ချစ်သူကို မုန်းသူဖြစ် အောင်လည်း ထိုစကားသည် လုပ်ဆောင်နိုင်ပေသည်...
စကားအပြောကောင်းသဖြင့် ပရိတ်သတ်တို့ရဲ.အထင်ကြီးမှုကိုခံယူကာ မိမိအကျိုးစီးပွားဖြစ်အောင် လုပ် ဆောင် သွားနိုင်သူတို့သည်လည်း ကျွန်ုပ်တို့လောကတွင် မျက်မြင်တွေ့နေရသည်မဟုတ်ပါလော....
ထိုစကားကို...တစ်ချို့သည်...မစင်နှင့်တူအောင်ပြောတတ်သူလည်း ရှိ၏..တစ်ချို့သည် ပန်းကလေးများ နှင့်တူအောင် ပြောတတ်သူလည်းရှိ၏.. တစ်ချို့ကြတော့ ချိုမြိန်ကောင်းမြတ်အရသာရှိသော မုန့်နှင့်တူအောင် ပြောတတ်ကြပေသည်...
လူထုအလယ် ပရိသတ်အလယ်ဝယ် မိမိအတွက် သို့မဟုတ် ကိုယ့်ပရိသတ်အတွက် ဓနငွေကြေးရဘို့ ရယ်ရွယ်ပြီး တစ်ချို့သည် မသိဘဲနဲ့ သိသလိုလို မမြင်ဘဲနဲ့ မြင်သလိုလိုဖြင့် လိမ်လည်ပြောကြားနေသူကို မစင်ကဲ့သို့ ရွှံဘွယ်ရှိသူဟု ဆိုထိုက်ပါသည်...
မိမိအတွက် သို့မဟုတ် ကိုယ့်ပရိသတ်အတွက် ဓနငွေကြေးရဘို့ ရယ်ရွယ်ပြီး တစ်ချို့သည် သိတာကို သိတဲ့အတိုင်း မြင်တာကိုမြင်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောတတ်သူကိုတော့ ပန်းစကားကို ပြောတတ်သူဟု ဆိုထိုက်ပေသည်....
တစ်ချို့ပုဂ္ဂိုလ်များကြပြန်တော့လည်း ....ပြောတတ်လိုက်တာ...ကြားရတာ နားချမ်းသာ၏.. အပြစ်ကင်းပြီး ရင်ဘတ်ထဲသို့ စိမ့်ကနဲဝင်သွား၏... ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းစိုင်းစိုင်း မပြော.... ထိုသို့ပြောတတ်သူကိုတော့ ချိုမြိန်ကောင်းမြတ် အရသာရှိသော မုန့်ကလေးနှင့်တူသော စကားကို ပြောတတ်သူဟု ဆိုခြင်ပါသည်.... ထိုကြောင့် ကျွန်ုပ်တို့ နေ့စဉ်ပြောနေကျ စကားကို အလေးအနက်ထားပြီး မိမိလည်း အကျိုးရှိအောင် သူတစ်ပါးလည်းအကျိုးရှိအောင် နှစ်ဦးနှစ်ဘက် အကျိုးရှိအောင်..စကားကိုဆိုကြပါစို့လားဟု..အလေးထားကာ ရေးသားလိုက်ရပေသတည်း...

No comments:

Post a Comment