အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Monday, October 12, 2009

အလုပ်မလုပ်တော့တဲ့ Programs တွေကို system မှ အလိုအလျောက် ပိတ်ခြင်း


ဝင်းဒိုး အိပ်(စ်)ပိ မှာ ရပ်ဆိုင်းသွားတဲ့ programs တွေကို ပိတ်ချင်ရင် Task Manager ( ctrl+Alt+Del ) ကိုဖွင့် Application Tab မှာ ရပ်ဆိုင်းနေတဲ့ programs ကို ရွေး ပြီးရင် End Task ကိုနှိပ် ဟူး ….. မောလိုက်တာ …..

အထက်ပါနည်းက လုပ်နေကျအတိုင်းသွားတာ အခုပြောမယ့်နည်းကတော့ ခေါင်းစဉ်မှာရေး ထားသလိုပဲ

Run box မှာ Regedit လို့ ရိုက် Enter ခေါက်။

HKEY_CURRENT_USER\Control Panel\ Desktop ကိုရောက်အောင်သွားပါ။

ညာဘက်ခြမ်းက AutoEndTasks မှာ right click နှိပ် Modify ကိုရွေး

Value ကို 0 အစား 1 ပြောင်းလိုက် ပြီးရင် OK နှိပ်ထွက်ဗျာ။

My Computer ထဲကို အသုံးဝင်သော icons များကို ထပ်မံထည့်သွင်းခြင်း


1. Run box ကနေ REGEDIT ကိုဖွင့်ပါ

2. HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\
Explorer\MyComputer\NameSpace ကိုရောက်အောင်သွားပါ။

3. NameSpace ကိုရောက်ရင် right click New ကိုနှိပ် Key ကိုရွေးပါ။

4. ပြီးရင် {D20EA4E1-3957-11D2-A40B-0C5020524153} စာကြောင်းကိုကူးထည့်ပါ။

5. My Computer ကိုဖွင့်ကြည့်ပါ Administrative Tool icon ကို တွေ့ ရလိမ့်မည်။



နောက် icon များထည့်သွင်းရန်အတွက် အဆင့် ၃ မှ စတင်ပါ အဆင့် ၄ နေရာတွင် အောက်ပါစာကြောင်းများကိုလည်း ပြောင်းလဲ ထည့်ကြည့်ပါ။

{D20EA4E1-3957-11D2-A40B-0C5020524153} : Administrative Tools
{2227A280-3AEA-1069-A2DE-08002B30309D} : Printers and Faxes
{D6277990-4C6A-11CF-8D87-00AA0060F5BF} : Scheduled Tasks
{7007ACC7-3202-11D1-AAD2-00805FC1270E} : Network Connections
{645FF040-5081-101B-9F08-00AA002F954E} : Recycle Bin
{208D2C60-3AEA-1069-A2D7-08002B30309D} : My Network Places

Saturday, October 10, 2009

Myanmar Magic HD





myanmar ဆိုတဲ့ Key word နဲ့ youtube မှာ တွေ့တာလေးပါ။သဘာဝအတိုင်းမပျက်မယွင်းဘဲရှိနေသေးတဲ့မြန်မာပြည် ရဲ့ ပင်ကိုယ်အလှ လို့ ဆိုနိုင်မယ်ထင်ပါတယ်။

Sunday, September 27, 2009

roma numbers

Book volumes use capital Roman numerals. (I, II, III, IV, V, VI, VII, VIII, IX, X)

In a book, the pages before chapter 1 use lower case Roman numbers (i, ii, iii, iv, v, etc)

There are 3 rules:
- no more than 3 of the same letter in a row (3 is III, 4 is IV)
- the letter before is subtracted 4 = IV (5 - 1)
- the letter after is added 6 = VI (5 + 1)

20 = XX, 30 = XXX, 40 = XL, 50 = L, 60 = LX, 100 = C, 300 = CCC, 500 = D, 1000 = M, 2000 = MM

ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ

၁။ယစ်မသည် ဥအတွက်အသေခံသည်။
၂။စာမရိသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ရဟန်းသည် သီလအတွက် အသေခံသည်။
၎။သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၅။ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
၆။စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ကာလကို လူမစားလျှင် လူကိုကာလ စားသည်။
၈။သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီးမလောင်။
၉။တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၀။ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။
၁၁။ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
၁၄။ရန်မလိုမှ ရန်ပြိုသည်။ရန်လို ရန်ပိုတတ်လှသည်။
၁၅။သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင်ညွတ်သည်။
၁၆။ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
၁၇။သူတစ်ပါးလှေကိုဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၁၈။ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
၁၉။ရေကန်၌ မှော်ကိုဖယ်၍သောက်ရေခတ်ရသည်။
၂၀။မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။
၂၁။တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၂၂။သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။တရားပွဲကား လူကျဲတဲ ရပ်ရွာပျော်ပွဲတသဲသဲ။
၂၄။ရိုသေစွာ ခစားလျှင်မင်းခစားပင် မင်းကိုနိုင်သည်။
၂၅။အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကိုနိုင်သည်။
၂၆။ကျင့်ဝတ်မချွှတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်။
၂၇။မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်ဆွဲ၊ ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၂၈။အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။
၂၉။ပန်းပဲဆရာ အထုမခံသော သံတုံး လက်နက်မဖြစ်။
၃၀။ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး အရုပ်မဖြစ်။
၃၁။ဆရာကောင်းအဆုံးအမ မခံသောတပည့် သူကောင်းမဖြစ်။
၃၂။ရေနက်ရာသို့ ပြေးဝင်သော ငါး ကျီးငှက်အစာမဖြစ်။
၃၃။အဆုံးအမသို့ ပြေးဝင်သောတပည့် မာရ်နတ်အစာမဖြစ်။
၃၄။နွားကျောင်းသားသည် နွားခြင်မကိုက်အောင် မီးခိုးတိုက်သည်။
၃၅။ဆရာသည်တပည့် ကိလေသာခြင်မကိုက်အောင် တရားမီးခိုးတိုက်သည်။
၃၆။မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။
၃၇။ပုထုဇဉ်သည် အရိယာစားကြွင်းဖြင့် မာန်တက်သည်။
၃၈။ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှက် ခြင်္သေ့မာန်တက်လျှက် ကျီးချီသောအခါ ပီယတ်ပီယတ်မြည်သည်။
၃၉။ပုထုဇဉ်သည်လာတ်ပေါလျှင် သူဌေးမာန်တက်လျှက် ဖျားနာသောအခါ တအင်အင်ညည်းသည်။
၄၀။ကြာပင်အောက်ကဖား ကြာဝတ်ဆံမစားရွှံ့စားသည်။ပိတုံးကား အဝေးမှကြာဝတ်ဆံ လားစားသည်။
၄၁။သာသနာရိပ်တွင်းသား သာသနာဝတ်ဆံမစားလျှင် ပိတုံးအားရှက်သင့်သည်။
၄၂။သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးစေဧ။် ။
၄၃။နံ့သာတုံးသည် မီးရှို့သူကို မကျွှမ်းမခြင်း အနံ့ဖြင့် မွှေးစေဧ။် ။
၄၄။သူတော်ကောင်းသည် ညှင်းဆဲသူကို သော်လည်း မသေမချင်း အကျိုးဆောင်ဧ။် ။
၄၅။တောမီးသည်သစ်ရွက်ခြောက်ကို လောင်လွယ်ဧ။် ။ သစ်ရွက်ဆိုကိုမတတ်နိုင်။
၄၆။မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်ဧ။် ။ မေတ္တာဖြန်းသူကို မတတ်နိုင်။
၄၇။ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
၄၈။အကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလစ်ကောင်း။
၄၉။သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။
၅၀။ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။
၅၁။ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှင်းသည်ကို အရေးမယူရ။
၅၂။ရန်သူကိုမီးခဲ ကိုင်ပစ်လျှင် မိမိလက်ရှေးဦးစွာ လောင်ဧ။် ။
၅၃။ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ်ရှေးဦးစွာ ပျက်ဧ။် ။
၅၄။ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲဧ။် ။
၅၅။မာရ်နတ်ပစ်သော လက်နက်သည် သည်းခံသော ဘုရားရှေ့၌ ပန်းကုံးအသွင်ဖြင့် အဖူးအမျှော်ဝင်ဧ။် ။
၅၆။သမုဒ္ဒရာရေ မီးကြောင့်မကျွှမ်း၊ မြင်းမိုရ်တောင် လေကြောင့်မလှုပ်၊ ကျောက်ခဲ ရေကြောင့်မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။
၅၇။မသူတော် အမျက်ကြောင့် သူတော်ကောင်းဂုဏ်ပျက်မခံ။
၅၈။သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလိုပြည့်သည်။
၅၉။ရန်သူညှင်းဆဲခြင်းသည် မိမိဧ။် ရှေးကံ ရှေးဥစ္စာပင်တည်း။
၆၀။မိမိကံကြောင့် မိမိ ဒုက္ခတွေ့သည် ဘယ်သူမပြု မိမိမှု။
၆၁။ညဥ့်အခါ သားကို ခွေးထင်၍ သတ်သော အဘသည် သားဧ။် ရန်သူလော။
၆၂။သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် ထိုသူဧ။် ရန်သူလော။
၆၃။စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံးဧ။် ။
၆၄။အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲ နိုင်ဧ။် ။
၆၅။မကောင်းပြောသူကို အကောင်းပြောသူ အမြဲ နိုင်ဧ။် ။
၆၆။စေးနှဲသူကို ပေးကမ်းသူ အမြဲ နိုင်ဧ။် ။
၆၇။မုသားဆိုသူကို သစ္စာဆိုသူ အမြဲ နိုင်ဧ။် ။
၆၈။သိကြားမင်း လက်နက်ကား မိုးကြိုး။
၆၈။ယမမင်း လက်နက်ကား မျက်စောင်း။
၆၉။ဝေဿ၀ဏ် လက်နက်ကား အစွယ်။
၇၀။မသူတော်လက်နက်ကား ဒေါသ။
၇၁။သူတော်ကောင်း လက်နက်ကား ခန္တီ။(သည်းခံခြင်း)
၇၂။ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူဧ။် အန္တရာယ်မရှိ။
၇၃။ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူဧ။် ။ အပါယ်မရောက်။
၇၄။ရေရှိမှကြာပွားသည် သီလရှိမှ သမာဓိ များသည်။
၇၅။ဗဟုဿုတရှိလျှက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူဧ။် ။
၇၆။ပညာရှိလျှက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူဧ။် ။
၇၇။သီလရှိမှ ဒါနနှင့် ဘာဝနာအကျိုးပေးသန်သည်။
၇၈။ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
၇၉။ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
၈၀။လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာဧ။် ။
၈၁။သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာဧ။် ။
၈၂။ဆီမီးသည် လင်းခိုက် လူလယ်တင့်ဧ။် ။ငြိမ်းလျှင် မှောင်ဧ။် ။ညှော်နံ့ထွက်ဧ။် ။
၈၃။သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်ဧ။် ။ ပျက်လျှင်မှောက်ဧ။် ။ညှော်နံ့ထွက်ဧ။် ။
၈၄။တောအုပ်၌ မိဘကင်းသော သားသမီး ကျားစာဖြစ်ဧ။် ။
၈၅။သာသနာ၌ ဩ၀ါဒကင်းသော ရဟန်း မာရ်နတ်အစာဖြစ်ဧ။် ။
၈၆။ပေါက်ဖတ်သော်လည်း မြလေးပန်းမှီ၍ လူဦးခေါင်းထက်ရောက်သည်။
၈၇။မြေခွေးသော်လည်း ခြင်္သေ့မင်းခစား၍ ကျားမကိုက်နိုင်။
၈၈။သူကန်းသော်လည်း ခြေသံနားထောင်လျှက် လိုရာအရပ်ရောက်သေးသည်။
၈၉။ခြင်္သေ့သည်ကျားကိုနိုင်ဧ။် ကိုယ်တွင်းခွေးလေးသန်းကိုမနိုင်။
၉၀။မသူတော်သည်သူတော်ကောင်းကိုနိုင်ဧ။် ။ ကိုယ်တွင်းအကုသိုလ်ကိုမနိုင်။
၉၁။ကျင်ကြီးသည် နွေးသည်ဖြစ်စေ အေးသည်ဖြစ်စေ အဆင်းလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၂။မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ စကားလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၃။မီးခဲသည် ပူသောအခါ လက်လောင်ဧ။် အေးသောအခါ လက်မဲဧ။် ။
၉၄။မသူတော်သည် ဒေါသအခါ ကြောက်စရာ လောဘအခါ ရွံစရာဖြစ်ဧ။် ။
၉၅။ခွေးရူးကိုက်လျှင် ထိုသူရူးဧ။် ။ ထိုသူကိုက်လျှင် နောက်လူ ရူးဧ။် ။
၉၆။ခွေးရူးးသည် လူကောင်းအဆက်ဆက်ကို ရူးစေဧ။် ။
၉၇။မသူတော်သည် လူကောင်းအဆက်ဆက်ကို ယုတ်မာစေဧ။် ။
၉၈။ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အမျှင်မပြတ်။
၉၉။သူတော်ကောင်းသည် အဆက်ပြတ်သေည်လည်း မေတ္တာမပြတ်။
၁၀၀။အဆင်းမှီ၍ အကျင့်ပျက်လျှင် ထိုအဆင်းသည် ရွံဘွယ်တည်း။
၁၀၁။ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည် ရွံဘွယ်တည်း။

Thursday, September 24, 2009

ကိုယ်နှင့်မကွာ သွားလေရာသယ်ယူဖတ်ရှုနိုင်မည့် ဒစ်ဂျစ်တယ်တိပိဋက



ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုမှ သာသနာပြုဘုန်းတော်ကြီးများနှင့်ဓမ္မကို လေ့လာသင်ယူဆည်းပူးနေသူများ အထောက်အကူဖြစ်စေရန်အတွက် ဒီဂျစ်တယ်နည်းပညာပစ္စည်းတစ်မျိုးဖြစ်သော အိတ်ဆောင်တိပိဋကနည်းပညာ ပစ္စည်းတစ်မျိုးကို ထုတ်လုပ်လိုက်ကြောင်းသိရသည်။
အဆိုပါအိတ်ဆောင်တိပိဋက၌ ၀ိနယ၊ သုတ္တန္တ၊ အဘိဓမ္မဟူသော ပိဋကအားဖြင့် (၃) ပုံ၊ ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ၊ အင်္ဂုတ္တရ၊ ခုဒ္ဒကဟူသော နိကာယ်အားဖြင့် (၅) ရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် (၈၄,၀၀၀) များပြားလှသော ပိဋကပါဠိတော်နှင့် ယင်း၏ ၃ ဆမျှရှိသောအဖွင့် အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု၊ ယောဇနစသည့် ကျမ်းဂန်အရပ်ရပ်ရှိပုဒ်ပါဠိများကို မြန်မာအက္ခရာရှိ မင်အက္ခရာများဖြင့် အလွယ်တကူရှာဖွေနိုင်ပါကြောင်းသိရသည်။ ထို့အပြင် ပါဠိဝေါဟာရပုဒ်များ အားလုံးပါဝင်ပြီး မြန်မာရဟန်းတော်များရေးသားပြုစုထားသည့် တိပိဋကပါဠိ- မြန်မာအဘိဓါန်ကြီး ဦးဟုတ်စိန်၏ ပါဠိ- မြန်မာအဘိဓါန်စသည့် အဘိဓါန်များပါဝင်သည့်စက်ဖြစ်ကြောင်းသိရသည်။
သိရှိလိုသည့်စာလုံးများကို အဘိဓါန်တွင်ရှာဖွေရာတွင် ရှာဖွေလိုသောစကားလုံးအား မြန်မာ roman စာလုံးဖြင့် အဘိဓါန်များတွင်ရှာဖွေနိုင်ပြီး၊ တွေ့ရှိချက်များအား တိပိဋကပါဠိမြန်မာအဘိဓါန်၊ ဦးဟုတ်စိန်အဘိဓါန်နှင့် ဓါတ် english တို့ကိုဖော်ပြပေးပြီး တိပိအဘိဓါန်အတွင်းရှိ စာအုပ်နှင့်စာမျက်နှာကိုဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရှာဖွေသည့်စာလုံးအဖြစ်စတင်သည့် သုတ်ခေါင်းစဉ်များကို ရှာဖွေပြီးတွေ့ရှိသည့် ဂါထာသုတ္တံတို့၏တည်နေရာ စာအုပ်အား စာမျက်နှာအားတိကျ စွာညွှန်းပြပြီး ဆဋ္ဌမ စာမျက်နှာအတိုင်းတွေ့ရှိသည့် မူလ၊ အဋ္ဌကဃာ၊ ဋီကာတို့တွင်ဖတ်ရှုနိုင်ပြီး ဖတ်ရှုနေစဉ်တွေ့မြင်ရသော ဝေါဟာရစာလုံးအားရွေးချယ်၍ အဘိဓါန်တွင် ဆက်လက်ရှာဖွေနိုင်မည်ဖြစ် ကြောင်းသိရသည်။ စာလုံးတွဲများ ကို အလိုအလျောက်ခွဲခြားပြသခြင်း၊ ဖြတ်တောက်ပြသခြင်းများကိုလည်း ပြုလုပ်ပေးကြောင်းသိရသည်။
ကျမ်းစာများကို ရှာဖွေဖတ်ရှုခြင်း၌ ဆဋ္ဌသံဃာယနာတင် ပုံနှိပ် မူပါဠိစာအုပ် ၁၅၉ အုပ်အား မူရင်း စာမျက်နှာအလိုက်မြန်မာပါဠိ roman pal တို့ဖြင့်လိုအပ်ရာစာမျက် နှာကို ဖတ်ရှုလေ့လာနိုင်ကြောင်းသိ သိရသည်။ တည်ပုဒ် (စာလုံး) များအားရှာဖွေရာတွင် ရှာဖွေလိုသည့်စာလုံးအား ပါဠိတော်အတွင်း မတူညီစွာတည်ရှိနေသော စာလုံး ၁ သန်းခန့်မှ ရွေးချယ်ပြီးစာအုပ် ၁၅၉ အုပ်အတွင်း မည်သည့်ကျမ်းတွင် မည်သည့်စာမျက်နှာပါရှိသည်ကို ရှာဖွေညွှန်းပြပေးပြီး အဆိုပါစာ မျက်နှာတွင် မည်သို့ပါရှိသည်ကို သိရှိရန်ဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။ တစ်နေရာထက် ပိုမိုတွေ့ရှိပါကလည်း ဆက်လက်ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားကြောင်းသိရသည်။ စာလုံးမတွေ့ရှိပါက ရှိသည့်စာလုံးများမှ အနီးစပ်ဆုံးရွေးချယ်နိုင်ရန် ဖော်ပြပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ဖတ်ရှုနေစဉ်မြန်မာ roman စာလုံးကိုပြောင်းလဲနိုင်မည်ဖြစ်သလို၊ ဖတ်နေသည့်စာမျက်နှာရှိ စာလုံးအားလုံးကို အ ဘိဓါန်တွင် ဆက်လက်ရှာဖွေနိုင်ကြောင်းသိရသည်။
အိတ်ဆောင်တိပိဋကစက်တွင် အခြားသောလုပ်ဆောင်နိုင်မှုများအနေဖြင့် MP3 နှင့်အသံဖိုင်များကို ဖွင့်နိုင်ခြင်းအသံသွင်းနိုင်ခြင်း၊ MP4 AVI နှင့် အခြားရုပ်ရှင်ဖိုင်များအား ကြည့်ရှုနိုင်ခြင်း၊ Microsoft office 2003, 2007 ၏ word, excel, powerpoint များကိုဖတ်ရှုခြင်း၊ တည်ဆောက်ခြင်းများကို ပြုလုပ်နိုင်ခြင်း၊ PDF ဖိုင်များကို ဖတ်ရှုနိုင်ခြင်း၊ လိပ်စာများမှတ်သားခြင်း၊ ရှာဖွေနိုင်ခြင်း၊ ပြက္ခဒိန်တွင်လုပ်ဆောင်ရန်များ မှတ်တမ်းတင်သတိပေးစေခြင်း၊ wifi ရှိသောနေရာတွင် အင်တာနက်အသုံးပြုနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်းသိရသည်။
Windows Mobile 6.1 OS ကိုအသုံးပြုထားသဖြင့် ဂဏန်းတွက်စက်၊ ဂိမ်းစသည်တို့နှင့်လိုအပ်သည်များကို ထပ်မံထည့်သွင်းသုံးစွဲနိုင်ခြင်းနှင့် USB 2.0 ကိုအသုံးပြု၍ PC (Windows/ Mac) တို့နှင့် ချိတ်ဆက်သုံးစွဲနိုင်ကြောင်း သိရသည်။ Bonous အနေဖြင့် မဟာဂန္တာရုံဆရာတော်ဘုရားကြီး၏ အခြေပြုပဋ္ဌာန်းတရားတော်အသံဖိုင် ၁၉ နာရီနှင့် pdf စာအုပ်ဖတ်ရှုရန်ထည့်သွင်းပေးထားသလို မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်မြန်မာ online dictionary ဖြစ်သော Omagai Dictionary ကိုလည်း ထည့်သွင်းပေးထားကြောင်းသိရသည်။
“အိတ်ဆောင်တိပိဋကစက်ကို Mandalay ICT Expo 2009 မှာ စတင်ရောင်းချပေးမှာဖြစ်ပါ တယ်။ စက်ရဲ့သတ်မှတ်ဈေးနှုန်းက နှစ်သိန်းတစ်သောင်းကျပ်ဖြစ်ပြီး ပြပွဲမှာ တစ်သိန်းကိုးသောင်းကိုးထောင်ကျပ်နဲ့ ရောင်းချပေးမှာပါ။ ရန်ကုန်အတွက်ကတော့ မစီစဉ်ရသေးပါဘူး။ Inforithm ကဖြန့်မယ့်ပုံရှိပါတယ်။ ဒီ pocket PC က windows mobile 6.1 ကိုသုံးထားပါတယ်။ စက်မှာအသုံးပြုထားတဲ့ CPU က RAM 9400 MHz ဖြစ်ပြီး memory က 128 MB နဲ့ Storage SD က 4GB ဖြစ်ပါတယ်။ WiFi ပါပြီး screen က ၂.၈ လက်မရှိပါတယ်။ USB 2.0 mini, mic, built in speaker တွေပါဝင်ပြီး အလေးချိန်ကတော့ 96g ဖြစ်ပါတယ်။ အရွယ်အစားမှာ ၉၇/၆၂/၁၇ mm ဖြစ်ပြီး ၉၀၀ က AH Battery ကိုအသုံးပြုထားပါတယ်” ဟု Alpha ကွန်ပျူတာ (မန္တလေး) မှတာဝန်ရှိသူ ဦးရဲမြတ်သူမှအင်တာနက်ဂျာနယ်သို့ပြောသည်။
ဝယ်ယူအသုံးပြုလိုသူများ စက်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသူများအနေဖြင့် အမှတ်-၂၀၆၊ ၈၅ လမ်း၊ ၃၉ လမ်းထောင့်၊ မန္တလေး၊ ဖုန်း-၀၂-၆၃၂၅၂ နှင့် ၇၃၃၉၅၊ ၀၉-၂၀၀၅၃၄၁ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Wednesday, September 23, 2009

FIVE WAYS OF SPEED UP YOUR PC

ဒီနည်းလေးကတော့မိမိကွန်ပျူတာကိုsoftwareမသုံးဘဲနဲ့မြန်ဆန်အောင်

လုပ်တဲ့နည်းလေးပါခင်ဗျာ.ကဲဒါဆိုတော့ဟုတ်ပါပြီ..ဘယ်လိုမြန်ဆန်အောင်
ုလုပ်ကြမလဲ.စမ်းကြည့်ရအောင်ဗျာ...
(၁)ပထမဦးစွာ Start-->Run ကိုသွားပါ Run Box ထဲတွင်
prefetch ဆိုပြီးရိုက်ထည့်လိုက်ပါခင်ဗျာ..ပြီးရင် Enter
ခေါက်လိုက်ပါ..ဒီလိုဆိုရင် ဖော်ပြပါခေါင်းစဉ်နဲ့အောက်တွင်
ပေါ်လာတာအားလုံးကို Ctrl+Aကိုတွဲနှိပ်ပြီးSelect All
လုပ်လိုက်ပါ..ပြီးရင်Shift+Delete ကိုတွဲနှိပ်ပြီး.ဖျက်ထုတ်လိုက်ပါ..
(၂)ဒုတိယနည်းကတော့Start-->Run ကိုထပ်သွားပါ..Run Box
မှာ sysdm.cplကိုရိုက်ထည့်ပြီးEnter ခေါက်လိုက်ပါခင်ဗျာ.
ထိုနောက် System Properties ပေါ်လာပါမယ်..
Advanced tabကိုကလစ်ပေးလိုက်ပါPerformance-->Settings
ကိုကလစ်လိုက်ပါ.ပြီးရင်Adjust for best performance ကို
အမှတ်ပေးပြီးApply လုပ်လိုက်ပါ.ထို့နောက်Taskbarဖြူသွားတာကို
တွေ့ရမှာပါ..Taskbar ကိုမူလအတိုင်းပြန်ဖြစ်စေချင်ရင်.Useနာမည်
နှင့်စသောစာတန်းလေးခုကို..အမှတ်ပေးပြီးApplyထပ်လုပ်လိုက်ပါ..
ဒါဆိုရင်တော့မူလအတိုင်းပြန်ရောက်သွားပါပြီ..

(၃)ဒီတစ်နည်းကတော့Start-->Runကိုသွားပါ.Run Boxတွင်Regedit
ဆိုပြီးရိုက်ထည့်ပါ.ပြီးရင်Enterခေါက်လိုက်ပါ.HKEY-CURRENT-USER
ကိုသွားပါ.ပြီးရင်Expandလုပ်ပါDouble clickနှိပ်လိုက်လည်းရပါတယ်
DesktopကိုExpandထပ်လုပ်ထိုနောက်ManuShowDelayဆိုသောစာတန်း
ကိုရှာပါ.Right Click နှိပ်ပြီးModifyလုပ်ပါ.ပြီးရင် Value dataကို 0
ဆိုပြီးပြောင်းထည့်လိုက်ပါ..ပြီးရင်Registry Editor မှထွက်လို့ရပါပြီ.
(၄)နောက်တစ်နည်းကတော့.Start-->Run ကိုသွားပါ.Run Boxထဲတွင်
msconfig ဆိုပြီးရိုက်ထည့်ပြီးEnterခေါက်လိုက်ပါ.
System Configuration Utilityဆိုပြီးပေါ်လာပါမည်..
ပေါ်လာရင်Startupကိုကလစ်နှိပ်လိုက်ပါ.ပြီးရင်Disable All
ကိုကလစ်လိုက်ပါပြီးရင်.Apply-->okနှိပ်ပြီးRestartလုပ်ပါ.
(၅)နောက်ဆုံးနည်းလေးကတော့.Start-->Runကိုသွားပါ.system.ini
ဆိုပြီးရိုက်ထည့်ပါ.ပြီးရင်Enterခေါက်ပါ.ဒါဆိုရင်system notepad
ပေါ်လာပါမယ်.အောက်ကစာကြောင်းလေးတွေကိုထည့်ပြီး saveလုပ်လိုက်ပါ
page buffer=100000kbps load=100000kbps
download=100000kbps save=100000kbps
back=100000kbps

ကဲလုပ်ကြည့်လိုက်နော်မိတ်ဆွေရဲ့ကွန်ပျူတာသိသိသာကြီးမြန်သွားပါမယ်..

Computer Desktop ပေါ်မှာရှိတဲ့ Icon အားလုံးကို Lock ချထားမယ်နော်

ဒီနည်းလေးကတော့အပျော်တမ်းစကြနောက်ကြတဲ့နည်းလေးပါပဲရိုးရိုးလေးနဲ့

ပျော်စရာကောင်းပါတယ်..သိပြီးသားသူများအတွက်ကတော့အရမ်းလွယ်သလို
မသိသေးတဲ့သူများအတွက်ကတော့..ပညာတစ်ခုပါပဲ..ပထမဦးစွာမိမိDesktop
ပေါ်မှာ Pointer လေးချပြီးတော့ Keyboard မှ Print Screen ခလုပ်ကိုနှိပ်လိုက်ပါ
ပြီးရင်..Start-->run ကိုနှိပ်ပါ mspaint ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ
paint box ပေါ်လာရင် Keyboard မှ Ctrl+v ကိုနှိပ်လိုက်ပါ..ပြီးရင် JPEG ဖိုင်နဲ့
မိမိကြိုက်နှစ်သက်သောနေရာတွင် Save လုပ်လိုက်ပါ..ပြီးသွားရင် paint box
ကိုပိတ်လိုက်ပါ..ပြီးရင် Desktop ပေါ်က Icon အားလုံးကို Select all လုပ်
ကော်ပီလုပ်ပြီး တစ်နေရာတွင်သိမ်းထားလိုက်ပ..ပြီးရင်အားလုံးကိုဖျက်လိုက်ပါ
Recycle bin ကတော့ဖျက်လို့ရမှာမဟုတ်သေးပါဘူး..Desktop ပေါ်မှာ
Recycle bin တစ်ခုတည်းကျန်နေရင် Start-->run ကိုပြန်သွားပါ run box
ထဲတွင် gpedit.msc ရိုက်ထည့်ပြီး Enter ခေါက်ပါ ပြီးရင်
User Configration --> Adminstrative Templates-->Desktop
ဆိုပြီးအဆင့်ဆင့်သွားလိုက်ပါ..ညာဘက်ချမ်းမှာ Remove Recycle bin icon
from desktop ဆိုတာကို Double click နှိပ်ပြီး Enable ကိုအမှတ်ပေးပြီး
OK လုပ်လိုက်ပါ.ပြီးရင်ပြန်ထွက်လိုက်ပါ..Desktop ပေါ်မှာ Recycle bin
icon မရှိတော့ပါဘူး Desktop ပေါ်မှာ Icon အားလုံးမရှိတော့ဘူးဆိုရင်
Mouse နဲ့ Right click နှိပ်ပြီး Properties ကိုဝင်လိုက်ပါ.ပြီးရင် Desktop tab
ကိုသွားလိုက်ပါ Browse ကိုနှိပ်လိုက်ပါ..စောစောကကျွန်တော်တို့ save လုပ်
ထားသော JPEG ပုံလေးကိုယူလိုက်ပါပြီးရင် apply --> ok လုပ်လိုက်ပါ
ဒါဆိုရင်မိတ်ဆွေတို့ Desktop ပေါ်မှာ အ၇င်ကလို Icon လေးတွေအားလုံး
ပြန်ပေါ်နေပါပြီ..သို့ပေမယ့်အဲဒီအိုင်ကွန်လေးတွေက..နှိပ်လို့မရပါဘူး..
သူကရိုးရိုး Background တစ်ခုဖြစ်နေလို့ပါပဲ..ဒီနည်းနဲ့..ပျော်ရွှင်စွာ
နောက်ပြောင်ကြည်စယ်လို့ရပါတယ်.

ပုံးချင်စရာ ကာတွန်းများ...











ပြန်သိမ်းခဲ့ပါဦးနော်...

Virus ကိုမိမိစက်ထဲကိုမဝင်အောင်ကာကွယ်နည်း..

Virus ဆိုတာနာမည်ကြားရုံမျှနှင့်ပင်..ရွံမုန်းနေကြမည်ဆိုတာ..လူတိုင်းဝန်ခံကြမှာပါ..

ဒီိလိုဒုက္ခပေးတတ်တဲ့ virus ကိုမိမိစက်ထဲကိုအလွယ်တကူမဝင်နိုင်အောင်အလွယ်တကူ
ပိတ်လို့ရပါတယ်..virus တွေဟာများသောအားဖြင့် External Drives များဖြစ်ကြတဲ့
CD Rom , Memory Stick , External Hard Disk , MP3/4 Players , Hand Phone အစရှိတဲ့
External Drives များကနေဝင်လာတာများပါတယ်..virus ရှိသော External Device တစ်ခုခု
ကွန်ပျူတာထဲကိုတပ်လိုက်ပြီဆိုတာနဲ့ များသောအားဖြင့်မိမိစက်ထဲကိုဝင်တာများပါတယ်..
မိမိကွန်ပျူတာမှာ Anti-virus ကလည်းမရှိဘူး USB Disk security လို့ခေါ်တဲ့ USB ကနေထိုးတဲ့
Devices တွေကို virus စစ်ပေးတဲ့ software မှရှိဘူး CPE17 လို Autorun virus သတ်ပေးတဲ့
software မှရှိခဲ့ရင်အဲဒီကွန်ပျူတာကို virus ရှိသော Thumbdrive လို့ခေါ်တဲ့ Memory Stick
လေးပဲထိုးကြည့်ပါ..90 % ကတော့ virus ဝင်မှာသေချာပါတယ်..အဲဒါဘာကြောင့်လည်းဆိုတော့.
virus ကိုစတင်ဖန်တီးတဲ့ programmer တွေက အလိုအလျောက်အလုပ်လုပ်မောင်းနှင်တဲ့.
autorun system ကိုထည့်သွင်းရေးထားကြလို့ပါပဲ..များသောအားဖြင့်တော့အထက်ပါဖော်ပြသော
ဆော့ဖ်ဝဲလေးနှစ်ခုနဲ့..anti-virus ကောင်းကောင်းလေးတစ်ခုဆိုရင်တော့ပြည့်စုံလုံလောက်နေပါပြီ
ဒါပေမယ့်တစ်ချို့virus တွေက CPE 17 လိုမျိုး autorun killer ကိုတောင်မမှုတဲ့ virus တွေအများကြီးပါ..
ဒီလို virus တွေက မိမိ PC မှာ Install လုပ်ထားတဲ့ Guard Applications တွေကို အရင်ဆုံး Killed လုပ်ပြီးမှ
ဝင်တာပါ..အဲဒါကြောင့် CPE 17 တစ်ခုထဲနဲ့လည်းစိတ်မချရသေးပါဘူး..အဲဒါဘာကြောင့်လည်းဆိုတော့
autorun ကြောင့်ပါ..ဒီ autorun ကိုဘယ်လိုကာကွယ်မလဲ..ကျွနုပ်တို့ သုံးနေတဲ့ OS ရဲ့ autorun system
ကိုသွားပိတ်ပစ်ရပါမယ်..ဒါဆိုရင်အနည်းဆုံးတော့ USB ထိုးတာနဲ့ virus မဝင်နိုင်တော့ဘူးပေါ့..
လုပ်နည်းလေးကလွယ်ပါတယ်..
Start-->run -->ကိုသွားပါ..run ဘောက်စ်ကျလာရင် gpedit.msc လို့ရိုက်ထည့်ပြီး enter ခေါက်ပါ.
ပြီးရင် Computer Configuration အောက်က Administrative Templates -->system ကိုသွားပါ.
Expand လုပ်ပါ..ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ Double click နှိပ်ပါ.. enable ပေးပါ..
အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်.. all drives လို့ပြောင်းပေးပါ
ပီးရင် apply -->OKုလုပ်ပေးပါ..စိတ်ချရအောင်နောက်တစ်ခုထပ်လုပ်ပါ..Computer configuration
အောက်ကခေါင်းစဉ်နောက်တစ်ခုဖြစ်တဲ့ User Configuration ကိုသွားပါ Administrative Templates -->system
Expand လုပ်ပါ..ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ Double click နှိပ်ပါ.. enable ပေးပါ..
အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်.. all drives လို့ပြောင်းပေးပါ
ပြီးရင် apply -->OKုလုပ်ပေးပါပြီးရင်ပိတ်လိုက်လို့ရပါပြီခင်ဗျာ..

” မျိုးလှိုင်ဝင်းထွက်သွား”

E-mail

မကွေးအက်ဖ်စီ ယူနိုက်တက် အသင်းအား (၁-ဝ) ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် သုဝဏ္ဏကွင်း အတွင်း ရန်ကုန် ယူနိုက်တက် အသင်း၏ အမှတ်တရ အင်္ကျီများ၊ ခေါင်းစည်းနှင့် အမှတ်တရ ပစ္စည်းများ စက်တင်ဘာ (၂ဝ)ရက်နေ့တွင် ပြန့်ကျဲသွားသည်ကို တွေ့ရသည်။

`မျိုးလှိုင်ဝင်း ထွက်သွား` ဟူသည့် အော်ဟစ်သံများနှင့်အတူ အသင်းရလာဒ်များကို စိတ်ပျက် နေကြသည့် ရန်ကုန် ပရိသတ်များက အဝတ်အစားများနှင့် ခေါင်းစည်းများကို ကွင်းအတွင်း လွှင့်ပစ် နေကြခြင်းကြောင့် တာဝန်ရှိသူများက ပွဲအပြီးတွင် အမှိုက်လှည်းများဖြင့် လိုက်လံ သိမ်းဆည်း ခဲ့ရသည်။

` လေးပွဲ လာကြည့်တာ သုံးပွဲရှုံးတယ်။ အားပေးရတာ မတန်ဘူး။ နောက်ပွဲ လာမကြည့်တော့ဘူး။` အထူးတန်း ပွဲကြည့်စင်မှ အမျိုးသမီး ပရိသတ်တဦးက ပြောသည်။

စက်တင်ဘာ (၁၃)ရက်နေ့ ပွဲစဉ် (၃) တွင် ဆောက်သမ်းမြန်မာအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် စက်တင်ဘာ (၁၆)ရက်နေ့တွင် ရန်ကုန် ယူနိုက်တက် အသင်းသည် အင်္ဂလိပ်လူမျိုး Mr. Peter James Butler ဆိုသူအား တလ လစာ အမေရိကန်ဒေါ်လာ (၈ဝဝဝ) ဖြင့် နည်းစနစ် ဒါရိုက်တာအဖြစ် ခေါ်ယူခဲ့သည်။ ယခု မကွေးအသင်းအား ရှုံးနိမ့်ခဲ့သော် ပွဲစဉ်သည် Mr. Peter James Butler ၏ ရန်ကုန်အသင်း နည်းစနစ် ဒါရိုက်တာအဖြစ် ပွဲဦးထွက် အတွေ့အကြုံပင် ဖြစ်သည်။

ပထမအကြိမ် MNL CUP တွင် ရန်ကုန် ယူနိုက်တက် အသင်း ရှုံးနိမ့်ခဲ့သည့် တသင်းတည်းသော ကလပ်အသင်း ဖြစ်သည့် မကွေး အက်ဖ်စီ အသင်းအား ယခုပြိုင်ပွဲတွင် လက်တုံ့ပြန် အနိုင်ယူရန် မျှော်လင့် ထားခဲ့ကြသော ရန်ကုန် ပရိသတ်များသည် စက်တင်ဘာလ(၂၀)ရက်နေ့ ညနေတွင် သည်းခံနိုင်မှု အတိုင်းအတာ ကုန်ဆုံး သွားခဲ့ကြပြီး မိမိတို့အသင်းအား ရှူံ့ချ ပြောဆိုသကဲ့သို့ နည်းပြအား ထွက်သွားရန် အော်ဟစ် ခဲ့ကြသည်ကို တွေ့ရသည်။ ထို့ပြင် ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာလာသော မကွေးအသင်းမှ ကစားသမားများအား ရန်ကုန် ပရိသတ်များက ဂုဏ်ပြု နှုတ်ဆက် ခဲ့ကြသည်ကို တွေ့ရသည်။

` ပရိသတ် ဆိုတာကတော့ ဒီလိုပါပဲ ။ ကျနော် ဘောလုံးကစားခဲ့တဲ့ အချိန်ကတည်းက ဂိုးသွင်းနိုင်ရင် အားပေးသလို ဂိုးမသွင်းနိုင်ရင် အပြစ်တင်တာ ခံခဲ့ရပါတယ်။ ပရိသတ်ကို ကျွန်တော်အပြစ်မတင်ပါဘူး။ အပြစ်မတင်တဲ့အပြင် ကျေနပ်မိပါတယ်။ ` ဟု ဦးမျိုးလှိုင်ဝင်းက ဆိုသည်။

` မျိုးလှိုင်ဝင်းထွက်သွားဆိုတဲ့ စကားက ကျနော့်အတွက် အမှတ်တရပါပဲ။ နည်းပြဘဝမှာတော့ ပထမဆုံး အတွေ့အကြုံလည်း ဖြစ်ပါတယ်။ဒီစကားတွေကြားရတဲ့အတွက် ကျနော်ပိုပြီး ကြိုးစားရဦးမယ်လို့ ခံယူမိပါတယ်။`
ဟု ပွဲပြီး သတင်းစာဆရာများနှင့် တွေ့ဆုံချိန်တွင် ယင်းကပြောသည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် MNL Cup 2009 ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲတွင် မန္တလေးအသင်းအား ပယ်နယ်တီ အဆုံးအဖြတ်ရောက်မှ ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ရသည့်အတွက် ယခုပြိုင်ပွဲတွင် ပိုမိုကောင်းမွန်သော ရလာဒ်များ ရရှိရန် အားပေး သူများက မျှော်လင့် ထားကြသည်။

သို့သော် ယခုလေးပွဲ ကစားပြီးချိန်တွင် ရန်ကုန်တိုင်း အသင်းသည် ဥဿာယူနိုက်တက် တသင်းတည်းကိုသာ အနိုင်ရရှိထားပြီး ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက်၊ တနင်္သာရီတိုင်း ကိုယ်စားပြု ဆောက်သမ်းမြန်မာ အက်ဖ်စီ စသောအသင်းများအား ရှုံးနိမ့် ခဲ့ပြီးနောက် ယခုတဖန် မကွေးအသင်းအား ရှုံးနိမ့် ခဲ့ခြင်းဖြစ်သည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် လက်ရှိတွင် သုံးမှတ်ရရှိထားပြီး အသင်း (၈)သင်းပါဝင်သော အမှတ်ပေး ဇယား၌ အဆင့် (၆) နေရာတွင် ရောက်ရှိနေသည်။ ရန်ကုန်ကဲ့သို့ပင် ဆောက်သမ်းမြန်မာ အသင်းမှာလည်း သုံးမှတ်ရရှိထားပြီး ဂိုးကွာခြားချက်အရ အဆင့် (၇) တွင်ရပ်တည်နေသည်။

ယခုဒုတိယအကြိမ် ကျင်းပသော ပြိုင်ပွဲသည် ပတ်လည်နှစ်ကျော့ ကစားရမည် ဖြစ်ပြီး အမှတ်အများဆုံး အသင်း ဗိုလ်စွဲမည် ဖြစ်သည်။ အသင်း တသင်းလျှင် စုစုပေါင်း (၁၄) ပွဲစီ ကစားရမည် ဖြစ်သဖြင့် လေးပွဲသာ ကစားရသော ရန်ကုန် ယူနိုက်တက် အက်ဖ်စီ အသင်းအနေဖြင့် အမှတ်ပေးဇယား အထက်ပိုင်းသို့ ပြန်တက် လာနိုင်သော်လည်း ချန်ပီယံ ဖြစ်ရေးအတွက်မူ အပြင်းအထန် ရုန်းကန်ရဖွယ် ရှိနေသည်။

"ပထမအကြိမ်တုန်းက နိုင်ငံခြားသား ကစားသမားတွေ နည်းတယ်။ ရန်ကုန်၊ ရတနာပုံနဲ့ ဒယ်လ်တာတို့ပဲ ငှားကြတာ။ အခုပြိုင်ပွဲ မှာ အားလုံးလိုလို နိုင်ငံခြားသား ကစားသမားတွေနဲ့ အင်အားတောင့်လာတော့ ခုလက်ရှိ ကစားပုံ အနေအထားနဲ့ ရန်ကုန် ဗိုလ်စွဲဖို့ မလွယ်နိုင်ဘူး။ " ဟု ပြည်တွင်း အားကစား ဂျာနယ်လစ်တဦးက ပြောသည်။

ယခုပြိုင်ပွဲတွင် ကမ္ဘောဇ အက်ဖ်စီ အသင်းမှ လွဲ၍ ကျန်အသင်းတိုင်း နိုင်ငံခြားသား ကစားသမားများ ခေါ်ယူထား ကြသည်။ ယင်း (၇) သင်းစလုံး ခေါ်ယူခွင့် ရှိသော နိုင်ငံခြား ကစားသမား ပမာဏ (၅) ဦးစီ အပြည့် ခေါ်ယူထားကြခြင်း ဖြစ်သည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် လာမည့် စက်တင်ဘာ (၂၆) ရက် စနေနေ့တွင် လေးပွဲကစား သုံးပွဲအနိုင် ရရှိထားသည့် ကမ္ဘောဇ အသင်းနှင့် တွေ့ဆုံမည် ဖြစ်ပြီး အောက်တိုဘာလ တစ်ရက်နေ့တွင် ရှုံးပွဲမရှိ စံချိန်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည့် ရတနာပုံ အသင်းအား မန္တလေးမြို့ဗထူးကွင်းတွင် သွားရောက် ရင်ဆိုင် ရမည်ဖြစ်သည်။

လက်ရှိ အမှတ်ပေးဇယားတွင် အသင်းများ၏ ရပ်တည်နေမှုမှာ အောက်ပါအတိုင်းဖြစ်သည်။

အဆင့် အသင်း ကစားပြီးပွဲ နိုင် သရေ ရှုံး သွင်းဂိုး ပေးဂိုး ရမှတ်

(၁) ရတနာပုံ ၄ ၃ ၁ ဝ ၆ ၁ ၁ဝ
(၂) ဒယ်လ်တာ ယူနိုက်တက် ၄ ၃ ၁ ဝ ၈ ၅ ၁ဝ
(၃) ကမ္ဘောဇ ၄ ၃ ဝ ၁ ၇ ၅ ၉
(၄) မကွေး အက်ဖ်စီ ၄ ၁ ၂ ၁ ၂ ၃ ၅
(၅) ဥဿာ ယူနိုက်တက် ၄ ၁ ၁ ၂ ၃ ၆ ၎
(၆) ရန်ကုန် ယူနိုက်တက် ၄ ၁ ဝ ၃ ၄ ၅ ၃
(၇) ဆောက်သမ်း မြန်မာ ၄ ၁ ဝ ၃ ၆ ၈ ၃
(၈) ဇေယျာရွှေမြေ ၄ ဝ ၁ ၃ ၃ ၆ ၁

တောင်ကိုရီးယားတွင် နိုင်ငံခြားသား ဧည့်သည်များကို လက်ဗွေရာ ရယူတော့မည်







လူဝင်မှုတင်းကြပ်ရန်နှင့် နိုင်ငံအတွင်းသို့ ၀င်ရောက်လာမည့် ရာဇ၀တ်မှု

များကို ထိန်းချုပ်ရန် ရည်ရွယ်၍ အရွယ်ရောက်ပြီးသူ နိုင်ငံခြားသားဧည့်သည်

များအား သက္ကရာဇ် ၂၀၁၂ ခုနှစ်တွင် လက်ဗွေရာများ ရယူတော့မည် ဖြစ်

ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားသည်။

ယင်း အစီအစဉ်နှင့် စပ်လျဉ်းသည့် မူကြမ်း တစ်စောင်အား လာမည့် လတွင်

တောင်ကိုရီးယား ပါလီမန်သို့ တင်ပြသွားမည်ဟု တရားရေးဝန်ကြီးဌာနကဆို

သည်။ တောင်ကိုရီးယားသို့ လာရောက် လည်ပတ်မည့် အသက် ၁၇ နှစ်အ

ထက် အရွယ်ရောက်ပြီးသူ အားလုံးသည် ၎င်းတို့၏ လက်ညှိုးဗွေရာနှင့် သက်

သေခံ ဓါတ်ပုံတို့ အထောက်အထားအဖြစ် တင်ပြရမည်ဖြစ်ပြီး သုံးလအထက်

နေထိုင်ရန် ရည်ရွယ်သည့် ဧည့်သည်များက ဓါတ်ပုံနှင့်အတူ လက်ဗွေရာများ

အားလုံးကို သက်ဆိုင်ရာသို့ မလွဲမသွေ တင်ပြရမည် ဖြစ်သည်။ နိုင်ငံတွင်းသို့

ဝင်ရောက်လာမည့် တရားမ၀င် ခိုးဝင်လာမှုများ၊ ရာဇ၀တ်မှုများနှင့် အကြမ်း

ဖက်မှုများကို တားဆီးရန် နိုင်ငံခြားသား ဧည့်သည်များ၏ ရုပ်ပိုင်း ဆိုင်ရာအ

ချက်အလက်များ အရေးကြီး လိုအပ်သည်ဟု တာဝန်ရှိသူ တစ်ဦးကဆိုသည်။

တောင်ကိုရီးယားသည် ၂၀၁၀-၂၀၁၂ အား “ကိုရီးယား ခရီးသွားနှစ်” အဖြစ်

ကြေငြာထားပြီး တစ်နှစ်လျှင် ပြည်ပခရီးသွားဧည့်သည် ၁၀ သန်းလာရောက်

မည်ဟု မျှော်မှန်းထားသည်။ (အေအက်ဖ်ပီ)

Buddhists urged to do away with wasteful ways

Daily Express, September 08, 2009



Kota Kinabalu, Malaysia -- The Buddhist Tzu-Chi Merit Society has urged its members and supporters to review the manner they celebrate their religious rituals, in order to be more environment-friendly and not to be wasteful.


Ong Tuen Yiok, the Person-in-Charge cum Commissioner of Tzu-Chi Kota Kinabalu, proposed they gradually do away with the burning of massive amount of incense papers and offerings of animals such as pigs, chickens and fish to the deceased during the annual Hungry Ghost Festival, as such practice is deemed to be wasteful and to a certain extent harmful to the environment.

The money spent on such items could instead be better used for charity purposes which is more meaningful, he said.

He proposed this while speaking at the mass prayer session organised by the Society at Jalan Teluk Likas, here, last Saturday.

He also considered the usual practice of simply displaying the offerings on the ground as inappropriate and disrespectful to the spirit of the deceased.

Towards this end, Ong hoped members and supporters of Tzu-Chi could seriously consider the proposal and take the lead to make a difference.

He also noted that while the Chinese community traditionally regard the seventh month of the Chinese lunar calendar as a "ghost month" with plenty of taboos, the Buddhists, however, regard it as a joyous and auspicious month to express one's gratitude and affection towards their ancestors and deceased loved ones, adding this can be found in various Buddhism scriptures.

Through the mass prayer session, Tzu-Chi hoped to impart and instil the noble virtue of love and compassion to all living beings on earth, a philosophy vigorously advocated by its founder, Master Cheng Yen, he added.

Besides the mass prayer session, the organiser also put up some elegantly designed donation cans for the faithful and supporters to adopt.

These donation cans will be returned to the Centre once they are filled up, to be used for charity purposes

Sunday, September 20, 2009

အဆိုအမိန့်များ

ပုံးချင်သလား မဲ့ချင်သလား
မေတ္တာထား မေတ္တပွားတဲ့ ပုဂ္ဂိုလ်ရဲ့အတွင်းအဇ္ဈတ္တသန္တာန်မှာ ပူနေမှာလား….၊ အေးနေမှာလား….၊ အေးနေမှာပါ။ မေတ္တာဓာတ်တွေ ဖြန့်ဝေနေတဲ့အချိန်မှာ အေးနေမယ်။
မေတ္တာက အအေး၊ ဒေါသက အပူ၊မေတ္တာက တည်ငြိမ်မှု၊ ဒေါသက လှုပ်ရှားမှု၊ မေတ္တာက တည်ဆောက်မှု၊ ဒေါသက ဖျက်ဆီးမှု၊ မေတ္တာက ကုသိုလ်၊ ဒေါသက အကုသိုလ်၊
မေတ္တာက ချစ်ခြင်း၊ ဒေါသက မုန်းခြင်း၊ မေတ္တာက အပြုံးရုပ်၊ဒေါသက အမဲ့ရုပ်၊ မေတ္တာက ခွင့်လွတ်ခြင်း၊ ဒေါသာက အာဃာတ၊ မေတ္တာက ဆွဲဆောင်မှု၊ ဒေါသက တွန်းကန်မှု။
မေတ္တာအားကောင်းရင် လောကသံသရာအကျိုးတွေ အကုန်ပြီးသွာမှာပါ။
(သူငယ်တော်တောရဆရာတော်)



မီးငြိမ်းပါစေ
မေတ္တာမရှိလျှင် ဆင်းရဲသူကို မြင်သည့်အခါ သနားခြင်း-ကရုဏာ၊ချမ်းသာသူကို မြင့်သည့်အခါ ၀မ်းမြောက်ခြင်း-မုဒိတာ မဖြစ်နိုင်တော့ပါ။
အကျိုးဆောင်ရွက်ခွင့်ကြုံလာပါက မိမိကို မလိုလားသူ၏ အကျိုးကိုပင် စိတ်ပါလက်ပါ ဆောင်ရွက်ပေးလျှက် အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။
မေတ္တာသည် ရေနှင့်တူသည်။ ဒေါသသည် မီးနှင့်တူသည်၊ ရေများလေ မီးငြိမ်းလေပင်။
(မဟာဂန္ဓာရုံဆရာတော်)


တုမနှိုင်းသာ

တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်
ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက်
မယွင်းစင်စစ်၊နို့တစ်ညှစ်စာ
ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ
ကျိုးကြီးမားသည် ၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။
(မဟာစည်ဆရာတော်)


တန်ဖိုးသိသူ
မေတ္တာကို မေတ္တာနဲ့တူအောင် ပွားရင် လက်ဖျစ်တစ်တွက်၊လျှပ်တစ်ပြက်၊မျက်စိတစ်မှိတ် အချိန်အတွင်း စိတ်ဖြင့် ညွတ်လိုက်တဲ့ မေတ္တာတောင်မှ အင်မတန်စွမ်းအားကြီးပါတယ်လို့ ဘုရာရှင်က ဂုဏ်တင်ချီးမွန်းထားပါတယ်။
တဒင်္ဂ အချိန်ကလေးအတွင်းမှာပဲ ထိထိမိမိ ပွားလိုက်ရင် ဈာန်တရား မဆိတ်သုဉ်းသူ၊ ဗြဟ္မစိုရ်တရားရှိသူ၊ ဘုရားအဆုံးအမကို လိုက်နာသူ၊ သာသနာပြုသူ၊ အများရိက္ခာကို အကျိုးရှိရှိ အသုံးပြုနေသူလို့ ဆိုလို့ ရပါတယ်။

(တိပိဋကဓရ-ယော-ဆရာတော်)


အရင်းအနှီး

အစွမ်းသတ္တိရှိရှိ၊ လုံ့လ၀ီရိယ ကြီးကြီးမားမားနဲ့ အလုပ်ကို တန်ဖိုးထားလုပ်မယ်ဆိုရင် နေရာ နေရာတကာမှာ သြဇာညောင်းလာပါလိမ့်မယ်။ လုပ်သမျှ အလုပ်တွေ အောင်မြင်ပြီး အထွတ်အထိတ် ရောက်တယ်ဆိုတာ အရင်းစစ်လိုက်တော့ ကြိုးစားကြလို့ပါ။ အမြင့်ရောက်သူတိုင်း လုံးလ၀ီရိယနဲ့ ကြိုးစားခဲ့ရတာ ချည်းပါပဲ။
(မဟာဂန္ဓာရုံဆရာတော်)

မြင်ကြစမ်းပါ
ဘုရားရှင် ပွင့်တဲ့အခါကို အခါကောင်းမည်တယ်။ လူ့ဘ၀ နတ်ဘ၀ ရကြမှုသည် ဘ၀ကောင်း လို့မည်တယ်။ ၀ီရိယ ထူထောင်မှုကို ၀ီရိယကောင်းတယ်လို့မည်တယ်။
ကိုယ့်ရည်ရွယ်ချက် ရှိတဲ့အတိုင်း ပြီးစီးပြည့်စုံအောင် မြင်ကြပါ။ သူတော်ကောင်း အစားစားတို့သည် နိဗ္ဗာန်ဝင်စံ သွားကြတာ အသီးသီးရှိပါတယ်။ သူတော်ကောင်းတို့ကလဲ ဤကဲ့သို့ အတုယူပြီး ၀ီရိယကို ထူထောင်ကြမယ်ဆိုရင် ပစ္စုပ္ပန် သံသရာ နှစ်ဖြာပြည့်စုံကြမယ်။
ဒါကြောင့် ၀ီရိယကို ထူထောင်ပြီး အားထုတ်ပြီး ယူကြပါ။
(ဝေဘူဆရာတော်ကြီး)


ရဲရင့်သူတို့၏ စိတ်ထား
“ကုသိုလ်လုပ်ငန်းနဲ့ ပတ်သက်ရင် ငါ့တာဝန် မရှိဘူး” ဆိုပြီး တာဝန်ချထားတဲ့ ပုဂ္ဂိုလ်ဟာ လုံ့လ ၀ီရိယကင်း တဲ့ အတွက်ကြောင့် သူ့အတွက် ကုသိုလ်ရလိမ့် မဟုတ်ဘူး။ ကုသိုလ်လုပ်ငန်းမှာ အမြဲတမ်း ငါ့အပါ် တာဝန်ရှိနေတယ်လို့ တွက် ထားရမယ်။
တာဝန်ရှိနေတယ်လို့ တွက်ထားတဲ့ ပုဂ္ဂိုလ်ဟာ မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ၀ီရိယ အလိုလိုရလာတယ်။ ဖြစ်ပြီးတဲ့ကုသိုလ်တွေ ခိုင်မြဲအောင်၊ မဖြစ်သေးတဲ့ အကုသိုလ်တွေ တားနိုင်အောင်၊ ဖြစ်ပြီးတဲ့ အကုသိုလ်တွေ ပယ်ရှားနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ ခိုင်မြဲတဲ့ လုံ့လ၀ီရိယ၊ ကုသိုလ်လုပ်ငန်းမှာ ငါ့တာဝန်ချည်းပဲလို့ တာဝန်ကို အမြဲတမ်း ခေါင်းမှာတင်ထားတဲ့ စိတ်ဓာတ်၊ တာဝန်ကို ချမထားတဲ့ စိတ်ဓာတ်နဲ့ ပြည့်စုံရမယ်၊ ရဲရင့်တဲ့ စိတ်ဓာတ် ရှိရမယ်။
(သီတဂူဆရာတော် အရှင်ဉာဏိဿရ)


အောင်မြင်မှု၏ သော့ချက်
ဝီရိယမရှိရင် ဘာမှ မအောင်မြင်ပါဘူး။ ၀ီရိယ ဆိုတာ ကာယ၀ီရိယ၊စိတ္တ၀ီရိယဆိုပြီး နှစ်မျိုးရှိပါတယ်။
ကာယ၀ီရိယဆိုတာက ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်လို့ လမ်းလျှောက်ပြီး စာကျက် စာအံနေတာဟာ ကာယ၀ီရိယ လို့ခေါ်တယ်။
စေတသိက၀ီရိယဆိုတာကတော့ ဒီစာမရရင်(ဒီအလုပ်မပြီးရင်-မအောင်မြင်ရင်) ဒီနေရာက မထတော့ဘူးဆိုပြီး စာကျက်နေတာကို စေတသိက ၀ီရိယလို့ခေါ်တယ်။
ဒါကြောင့် နေရာတကာမှာ ၀ီရိယ ရှိကြပါ။ ဒါမှ အောင်မြင်ပါလိမ့်မယ်။
(မဟာဇောတိကာရာမဆရာတော်)

မွေးမဆုံး သေမဆုံး
မွေးနေ့ကုသိုလ်ပြုရင်
ချိန်ရှိတိုင်း ပြုရမယ်။
တရားသဘောအရ-
အချိန်ရှိတိုင်း - -
မွေး-သေနေကြတာပဲ မဟုတ်လား။
(မဟာဂန္ဓာရုံဆရာတော်)

တစ်ချိန်တည်းသာ
ဘ၀မှာ တကယ်သုံးလို့ဖြစ်တဲ့ ကိုယ့်အချိန်ဟာ ပစ္စုပ္ပန်တစ်မျိုးတည်းသာ ဖြစ်တယ်။ အတိတ်က လွန်ခဲ့ပြီ၊အနာဂတ် ကလဲ မရောက်သေးတာဖြစ်လို့ စကားအနေနဲ့ ပြောလို့ဖြစ်ပေမဲ့ လက်တွေ့မှာ အသုံးချလို့ မဖြစ်ပါဘူး။
သုံးလို့ဖြစ်နိုင်တဲ့ ပစ္စုပ္ပန်တိုင်းကို အချိန်ထိန်းကရိယာ သတိ တပ်ဆင်သွားရင် လုပ်သင့်တာတွေလဲ ဧကန်လုပ်ဖြစ် မယ်။ ရှောင်သင့်တာတွေလဲ မုချရှောင် ဖြစ်တော့မှာမို့ နောင်ရေးအတွက် စိတ်အေးစရာ ဖြစ်သွားရပါတယ်။
(တိပိဋကဓရ၊ ယော-ဆရာတော်)

သူငယ်တို့ အိမ်တည်ဆောက်ခြင်း
ကလေးသူငယ်တို့သည် မြေမှုန့် သလဲမှုန့်တို့ဖြင့် အိမ်ဆောက်လုပ်၍ ကစားကြလေ၏။ ထိုမြေမှုန့်သလဲမှုန့်များ ကို ခင်မင်ခြင်း ၊တွယ်တာခြင်း၊ လိုချင်မက်မောခြင်း ရှိနေသမျှ ကာလပတ်လုံး သူငယ်တို့သည် ကစားလျှက်သာ နေကုန်၏ ။
ထိုကလေးသူငယ်တို့သည် မြေမှုန့်သလဲမှုန့်အိမ်များကို ခင်မင်ခြင်း၊ တွယ်တာခြင်း၊ လိုချင်မက်မောခြင်း၊ မရှိတော့ သောအခါ၌ကား ဖျက်ဆီးကြဲဖြန့် ပစ်လိုက်ကြကာ ကစားမှုကို ရပ်စဲကြလေတော့၏။
“ရာဓ….သင်တို့သည်လည်း ရုပ်ကိုဖျက်ဆီး ကြဲဖြန့် ပစ်ကြကုန်လော့ ၊ ဝေဒနာ-သညာ-သင်္ခါရ-၀ိဉာဏ်တို့ကိုဖျက် ဆီးကြဲဖြန့်ကြကုန်လော့၊ ကစားမှုကို ပြီးဆုံးကြကုန်လော့၊တဏှာကုန်အောင် ကျင့်သုံးဆောက်တည်ကြကုန်လော့၊ ဤစကားသည် မှန်၏၊ ရာဓ……တဏှာကုန်ခြင်းသည် နိဗ္ဗာန်ပင်ဖြစ်သတည်း” ။
(ခန္ဓ၀ဂ္ဂ၊ရာဓသံယုတ်၊ပဌမ၀ဂ်၊သတ္တသုတ်)


မစင်ကို မထိလေနှင့်
မစင်တွင်းသည် ကျောက်စရစ်ခဲ၊ အိုးခြမ်းကွဲကဲ့သို့ သေးငယ်သော အရာဝတ္ထုမျှဖြင့် ထိခိုက်မိသော်လည်း အနံ့ဆိုးထွက်လေ၏။ လွန်လွန်ကဲကဲ ဆိုးဆိုးရွားရွား အနံ့ထွက်တတ်၏။
ဤလောက၌ အချို့သောသူတို့သည် မပြောပလောက်သည့် အကြောင်းအချက်ကလေးမျှဖြင့်လည်း အမျက်ထွက် တတ်၏။ အနည်းငယ်မျှ ပြောရုံဖြင့်လည်း အမျက်ထွက်တတ်၏။ ခက်ထန်တတ်၏။ အမှတ်အစွဲကြီးတတ်၏။ ရန်ပြုပေ၏။
ထိုသို့သော ပုဂ္ဂိုလ်မျိုးကို ပေါင်းသင်းဆက်ဆံခြင်း မပြုအပ်ပေ၊ ရှောင်ကြဉ်ရာ၏။
(တိကနိပါတ်၊ ပုဂ္ဂလ၀ဂ်၊ဇိဂုစ္ဆိတဗ္ဗသုတ်)

ရှာဖွေလိုသော လုပ်ငန်းလိပ်စာ အချက်အလက်များကို Web Site တစ်ခုတည်းသာ မဟုတ်ဘဲ Gtalk ကပါ ရှာဖွေပေးနိုင်ခြင်း

Gtalk ကို Chatting အတွက်သာမက မိမိလုပ်ငန်းအတွက် အကျိုးရှိစွာ သုံးစွဲနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခု ထွက်ပေါ်လာပါပြီ။ နောက်တစ်ချက်ကတော့ Gtalk သုံးစွဲဖို့ အကောင်းဆုံး အကြောင်းပြချက်တစ်ခုအနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ အဲဒါ ဘာလဲဆိုတော့ အရင်တုန်းကလို အင်္ဂလိပ် – မြန်မာ ဘာသာပြန် ထည့်သလို၊ အိုင်တီနဲ့ပတ်သက်တာတွေ မေးမြန်းလို့ရတဲ့ အကောင့်လိုပဲ လုပ်ငန်းလိပ်စာတွေ အတိအကျ လိုချင်သလို အလွယ်တကူ ရရှိနိုင်တဲ့ အကောင့်တွေကတော့ gtalk@themyanmardirectory.com နဲ့ mydirectory@bot.im ကို invite လုပ်ထားရုံနဲ့ သိချင်တဲ့လိပ်စာတွေ အလွယ်တကူ ရန်ကုန်ဒိုင်ယာရီ စာအုပ် မလိုပဲ သိရှိနိုင်တဲ့ အကောင့်လေးတွေပါ။ အင်ဗိုက်လုပ်တာ အပန်းမကြီးပါဘူးနော်။ စမ်းသုံးကြည့်ပါလား။

Temporary monks for better society


By Janaka Perera, Asian Tribune, September 19, 2009

Colombo, Sri Lanka -- After six years, the largely negative attitude among many Sri Lankan Buddhists towards temporary ordination has undergone a welcome change. The credit for this achievement goes to the Buddhist Cultural Centre (BCC) Nedimala, Dehiwala, which arranged for lay Buddhists to become monks and nuns temporarily in 2003.

The scheme has become highly successful attracting many young Buddhists to the BCC -run Dekanduwala Meditation Centre, Kahatapitiya, and Kananwila in Horana. The temporary ordination has been limited to a period of 14 days to make it easier for those doing jobs to obtain leave for the purpose.

Although this is still relatively new here it has a long history in other Theravada Buddhist countries such as Myanmar, Thailand, Laos and Cambodia as well as among the large Buddhist communities in Singapore and Malaysia. Among the well-known personalities who entered the Buddhist order temporarily in their younger days is Thailand’s King Bhumibol.

The first batch recruited under the scheme in Sri Lanka on January 15, 2003 included persons from different social strata and professions – some married others single. The educational levels of those who were temporarily ordained ranged from grade 8 to university graduates and post-graduates. Among them were medical students, engineering and management students and persons already employed. There were even those addicted to liquor, smoking and other vices and never attended a Dhamma school.

All persons thus ordained came from many parts of Sri Lanka, including Galle, Kandy, Polonnaruwa, Mahiyangana, Tissamaharama, Avissawella, Matale,Kekirawa, Panadura, Homagama, Padukka, Kadawatha, Moratuwa and Mount Lavinia.

The Dekanduwala Meditation Centre is so far the only institution in Sri Lanka giving such training to people who wish to become temporary bhikkus. This has absolutely nothing to do with those who become monks to obtain funds from lay Buddhists for doing high studies and entering politics to enjoy material comforts and power – sometimes by giving up the yellow robe.

BCC Director, the Venerable Kirama Wimalajothi told the Asian Tribune, “In becoming a true Buddhist what matters for both the clergy and the laity is not the number of university degrees they may obtain or their professional achievements or their politics but understanding the Dhamma and leading their lives accordingly.”

This was the reason for not making any distinctions when allowing people to enter the order of bhikkus temporarily. It was the same during the Buddha’s time. However during the period of temporary ordination the recruits are also given leadership and training in social services management and administration and how to lead exemplary lives as lay persons after the period of temporary ordination ends. Their daily programme at the meditation centre commences at 5.00 a.m. and ends at 10.00 p.m.

People who had been victims of all kinds of vices at the time they were ordained under this scheme had firmly resolved to give up all such wrong habits by the time they went back to their homes after two weeks of meditation and spiritual training, according to the Venerable Wimalajothi. He says that the scheme was launched with the objective of giving Sri Lankan Buddhists a proper understanding of their ancestral faith and building a disciplined society that upholds moral values.

Ven. Wimalajothi is a pupil of the late Venerable Dr. Kirama Dhammananda, the Sri Lankan-born Chief Sanghanayake of Malaysia and Singapore who helped to revive Buddhism in Singapore and Malaysia mainly among the ethnic Chinese community. During a visit to Sri Lanka in 2003 said that the temporary ordination was long overdue in Sri Lanka considering the fact that where he was resident such a scheme was introduced 25 years before to arrest social and moral deterioration.

Among the BCC’s other services are (1) Collecting copies of Buddhist books published all over the world and making them available to the pubic through the centre (2) Re-printing rare old Buddhist publications (3) Translating into English, Buddhist books written in Sinhala (4) Reprinting the series of the Buddha Jayanthi Tripitaka publications (5) Translating in 13 volumes the Sutra Pitaka (6) disseminating Buddhist information worldwide through the BCC website www.buddhistcc.com since 1996 and (7) Free distribution of 20,000 Buddhist books in 1999 to be kept available for foreigners at tourist hotels.

Saturday, September 19, 2009

ငါသေသွားပြီ...



စိတ်ပညာရှင်တွေရဲ့ သုတေသနပြုချက်အရ လူတိုင်း လူတိုင်း တစ်သက်မှာ အနည်းဆုံး
တစ်ကြိမ်လောက်တော့ ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်တဲ့စိတ် ဖြစ်ဖူးကြတယ်လို့
ဆိုပါတယ်။ ဘ၀ဆိုတာ စိတ်ဆင်းရဲစရာတွေ၊စိတ်ညစ်စရာတွေ ပတ်လည်ဝိုင်းနေတဲ့
အရာမို့ တစ်ခါတစ်ရံ ဒီလိုစိတ် ( သတ်သေချင်စိတ်) ဖြစ်တယ်ဆိုတာ သဘာဝတော့
ကျပါတယ်။
အများအားဖြင့် အဲဒီလိုသတ်သေချင်စိတ်က အိပ်ချိန်မှာပိုဖြစ်တတ်ပါတယ်။
တခြားအချိန်မှာက ဘယ်လောက်ပဲ စိတ်ဆင်းရဲဆင်းရဲ ၊ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊
မလုပ်မဖြစ်တဲ့ လုပ်စရာအလုပ်တွေက လုပ်နေရတာဆိုတော့ သတ်သေချင်စိတ် သိပ်
ထင်ထင်ရှားရှား မဖြစ်သာပါဘူး။အိပ်ချိန်မှာကျတော့ ဘာအလုပ်မှမရှိတော့ပဲအားသွား
တဲ့အတွက် စိတ်ဆင်းရဲစရာတွေ၊စိတ်ညစ်စရာတွေ တမင်မစဉ်းစားရဘဲ အလိုလို
တသီတသန်း ကြီး ပေါ်လာပြီး အိပ်မပျော်နိုင်ဖြစ်၊စိတ်ဆင်းရဲလေ အိပ်မပျော်လေ၊
အိပ်မပျော်လေ စိတ်ဆင်းရဲလေနဲ့ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို သတ်သေလိုက်
ချင်တဲ့စိတ်တွေ ဖြစ်သွားတော့တာပါပဲ။
အိပ်ရာကနိုးလာတော့လည်း အိပ်ရေး၀၀၊မ၀၀ အိပ်မပျော်ခင်ကဖြစ်ခဲ့တဲ့ သတ်သေ
ချင်စိတ်သိပ်မရှိတော့ပါဘူး၊သို့မဟုတ် လုံးဝမရှိတော့ပါဘူး။
ဒီသဘောကို ကိုယ်ကနားလည်ထားရင် အိပ်ချိန်မှာ အပိုအတွေးတွေ လုံးဝမတွေးမိ
အောင်အလေ့အကျင့် လုပ်ထားရုံပါပဲ။အခြေအနေအရ ကိုယ်မတွေးပေမယ့်
အတွေးတွေက အလိုလိုပေါ်နေတယ်ဆိုရင်လည်း ဂုဏ်တော်ပွား၊မေတ္တာပို့၊ ၀င်လေ
ထွက်လေ ရှုပြီး အလိုလိုအတွေးပျောက်အောင်ကြိုးစားရမှာပေါ့။တချို့ကလည်း
တစ်၊နှစ်၊သုံး၊လေး ရေတွက်ရင်း အိပ်ပျော်အောင် လုပ်ကြတာပေါ့လေ။ဘယ်လိုလုပ
လုပ် အိပ်ပျော်သွားဖို့ပဲ အရေးကြီးပါတယ်။သိပ်လိုအပ်လာရင် အိပ်ဆေးထသောက
လိုက်ပေါ့။
အိပ်လို့ ပျော်ပျော် မပျော်ပျော်၊ နိုးနေချိန်မှာ ကိုယ်လုပ်စရာရှိတာသာလုပ်
နေလိုက်ရင် သေချင်စိတ်ပျောက်သွားမှာပါ။အရေးကြီးဆုံးက ကိုယ့်အလုပ်ကိုယ်လုပ
နေဖို့ပါပဲ။ ကိုယ်လုပ်ချင်တာ မလုပ်ရရင် တချို့က သေပြစ်လိုက်ချင်ကြပါတယ်။သေ
သွားရင်ဘာမှလုပ်လို့မရတော့ပါဘူး။မသေသေးတဲ့အတွက် လုပ်ခွင့်ရသလောက်တော့
လုပ်လို့ရပါသေးတယ်။သေရင်ပြီးပြီ။ဘာဆို ဘာမှလုပ်ခွင့်မရတော့ဘူး။ဒီတော့ သေ
ပစ်လိုက်မယ့်အစား ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်နိုင်စွမ်းရှိသလောက်
အောင်မြင်အောင် လုပ်နေရုံပါပဲ။ ကိုယ့်အတွက် သို့မဟုတ် အများအတွက် အကျိုးပြုတဲ့ အဲ့ဒီအလုပ်အောင်မြင်မှုနဲ့ ကျေနပ်နေလိုက်ရင် သေချင်စိတ်ပေါ်မှာ မဟုတ်တော့ပါဘူး။
သေချင်စိတ်ဖြစ်တုန်းက သတ်သေလိုက်ရင် အခုဆိုသေသွားပါပြီ။ကိုယ့်ကိုယ်ကို
သေသွားပြီလို့ သဘောထားလိုက်ရင် မသေချင်တော့ပါဘူး။ကိုယ့်ဘာသာကိုယ်သတ်
မသေလည်း သူဘာသာသူ ခဏနေ သေရင်သေသွားမှာပဲ၊မသေမှာမပူနဲ့၊အချိန်မရွေး
သေသွားနိုင်ပါတယ်၊ အချိန်မရွေး သေမှာပါ လို့ လေးလေးနက်နက် ဆင်ခြင်လိုက်ရင်
လည်း သတ်သေဖြစ်မှာမဟုတ် ပါဘူး။
ကိုယ့်ပတ်ဝန်းကျင်က ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားသူတွေကို သတိရလိုက်ရင်လည်း
သေချင်စိတ် ပျောက်သွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို သေသွားပြီလို့ သတိထားလိုက်
ရင် လုပ်ချင်သလောက်လေးပဲလုပ်နေရတာ၊ လုပ်နိုင်သလောက်လေးပဲလုပ်နေရတာ
အပေါ်ကျေနပ် အားရမှာပါ။တိုတောင်းလှတဲ့ဘ၀လေးမှာ ကိုယ်လုပ်ချင်တာလေးလုပ်
ပြီး စိတ်အေးချမ်းသာစွာနေသွားရဖို့က အဓိကပါပဲ။ ကိုယ်မလုပ်ချင်တဲ့အလုပ်တွေ၊ကိုယ်
မလုပ်နိုင်တဲ့အလုပ်တွေနဲ့ မနိုင်ဝန်ထမ်းပြီး ပင်ပန်းမနေသင့်ပါဘူး။မနိုင်ဝန်ထမ်းရင်
စိတ်ဖိစီးမှုများပြီး သတ်သေချင်စိတ်ဖြစ်သွားပါလိမ့်မယ်။
အလုပ်လောဘမကြီးဖို့၊ကုသိုလ်လောဘမကြီးဖို့ အရေးကြီးပါတယ်။ကုသိုလ်လောဘ
မကြီးဖို့ ဆိုတာက ဒါလည်းကုသိုလ်ပဲဆိုပြီး အကုန်လိုက်မလုပ်ဖို့ပြောတာပါ။ကုသိုလ်
အလုပ်ကတော့ အမြဲလုပ်နေရမှာပါပဲ ။ကုသိုလ်စိတ်ကတော့ အမြဲဖြစ်နေရမှာပါပဲ။
နောက်ဆုံးပေါ့လေ ..ဘယ်လိုမှစိတ်မထိန်းနိုင်တော့လို့ သတ်သေတော့မယ်ဆိုရင်
လည်း သေခါနီးလေးဝိပဿနာတော့ အားထုတ်လိုက်ဦးမယ် ဆိုပြီး ကိုယ်ရှုမှတ်နေ
ကျနည်းနဲ့ တရားလေးတော့အားထုတ်ကြည့်လိုက်ပါဦး။သီဟာထေရီမလို လူမသေပဲ
ကိလေသာသေပြီး ရဟန္တာ ဖြစ်မသွားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ရဟန္တာ မဖြစ်
လည်း သောတာပန်ပေါ့၊သောတာပန်မဖြစ်လည်း ဖြစ်ပျက် ဥာဏ် ပေါ့။ဖြစ်ပျက်ဥာဏ်
မရ လည်း စိတ်အေးချမ်းသာမှုပေါ့။ တရားအရသာတွေ့ပြီး စိတ်အေးချမ်းသွားပြီဆိုရင်
သေချင်စိတ်ရှိမှာ မဟုတ် တော့ပါဘူး။ စိတ်အေးချမ်းသာနေပါလျှက်နဲ့ ဆုံးဖြတ်ပြီးသား
မပြင်တော့ဘူး ဆိုပြီးတော့တော့တကယ်မသေချင်ပဲ အတင်းမသေလိုက်ပါနဲ့နော်။
ရခဲတဲ့လူဘ၀နှမျောစရာကြီး။ပြီးတော့ ပါဏာတိပါတအကုသိုလ်လည်းဖြစ်ဦးမယ်လေ။
သူများကိုသတ်မှ ပါဏာတိပါတ မဟုတ်ဘူး။ကိုယ့်ကိုယ်သတ်လည်းပါဏာတိပါတ နော်။
တကယ်တော့လူသေဖို့ထက် ကိလေသာသေဖို့က ပိုအရေးကြီးပါတယ်။ကိလေသာ
သေရင်လူလည်းမသေချင်တော့ပါဘူး။ ကိလေသာမသေလို့သာ လူကသေချင်နေတာ
ပါ။ တကယ်ဆို ကိလေသာသေရင် လူမသေချင်တော့တာတောင်မဟုတ်ပါဘူး။ ကိ
လေသာသေရင်လူမသေတော့တာပါ။အရင်ဘ၀ က ကိလေသာတွေကြောင့် ဒီတစ်
ဘ၀တော့သေဦးမယ်...၊
ဒါပေမယ့်.....
နောက်ဘ၀ မရှိတော့တဲ့အတွက် သေစရာ လူ ဆိုတာကိုမရှိတော့လို့လူမသေတော့
ပါဘူး။ ကိလေသာသေရင် ရဟန္တာ ဖြစ်၊ ရဟန္တာဖြစ်တော့ နောင်ဘ၀မရှိ၊ နောင်ဘဝ
မရှိတော့ဘယ်တော့မှမသေ.....၊ကိလေသာသေလို့နောင်ဘ၀ မဖြစ်တော့ရင် ဘယ်
တော့မှမသေရတော့ပါဘူး။သေခြင်းတရားက အပြီးတိုင် လွတ်မြောက်သွားပါပြီ။


အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)



Friday, September 18, 2009

ဗုဒ္ဓအလိုကျ အဆင်းတန်ဆာ

လက်၏ တန်ဆာသည်လက်စွပ်၊ လက်ကောက်မဟုတ် ပေးကမ်းစွန့်ကြဲ ခြင်းသာ။

  • နား၏တန်ဆာသည် နားကပ် နားဋောင်းမဟုတ် တရားဓမ္မနာကြားခြင်းသာ။
ကိုယ်၏အဆင်း တန်ဆာသည် ဘယက်ဒွါဒရာမဟုတ်၊မေတ္တာဂရုဏာဖြင့် သူတစ်ပါးအကျိုးဆောင်ရွက်ခြင်းသာ။