အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Wednesday, September 23, 2009

Virus ကိုမိမိစက်ထဲကိုမဝင်အောင်ကာကွယ်နည်း..

Virus ဆိုတာနာမည်ကြားရုံမျှနှင့်ပင်..ရွံမုန်းနေကြမည်ဆိုတာ..လူတိုင်းဝန်ခံကြမှာပါ..

ဒီိလိုဒုက္ခပေးတတ်တဲ့ virus ကိုမိမိစက်ထဲကိုအလွယ်တကူမဝင်နိုင်အောင်အလွယ်တကူ
ပိတ်လို့ရပါတယ်..virus တွေဟာများသောအားဖြင့် External Drives များဖြစ်ကြတဲ့
CD Rom , Memory Stick , External Hard Disk , MP3/4 Players , Hand Phone အစရှိတဲ့
External Drives များကနေဝင်လာတာများပါတယ်..virus ရှိသော External Device တစ်ခုခု
ကွန်ပျူတာထဲကိုတပ်လိုက်ပြီဆိုတာနဲ့ များသောအားဖြင့်မိမိစက်ထဲကိုဝင်တာများပါတယ်..
မိမိကွန်ပျူတာမှာ Anti-virus ကလည်းမရှိဘူး USB Disk security လို့ခေါ်တဲ့ USB ကနေထိုးတဲ့
Devices တွေကို virus စစ်ပေးတဲ့ software မှရှိဘူး CPE17 လို Autorun virus သတ်ပေးတဲ့
software မှရှိခဲ့ရင်အဲဒီကွန်ပျူတာကို virus ရှိသော Thumbdrive လို့ခေါ်တဲ့ Memory Stick
လေးပဲထိုးကြည့်ပါ..90 % ကတော့ virus ဝင်မှာသေချာပါတယ်..အဲဒါဘာကြောင့်လည်းဆိုတော့.
virus ကိုစတင်ဖန်တီးတဲ့ programmer တွေက အလိုအလျောက်အလုပ်လုပ်မောင်းနှင်တဲ့.
autorun system ကိုထည့်သွင်းရေးထားကြလို့ပါပဲ..များသောအားဖြင့်တော့အထက်ပါဖော်ပြသော
ဆော့ဖ်ဝဲလေးနှစ်ခုနဲ့..anti-virus ကောင်းကောင်းလေးတစ်ခုဆိုရင်တော့ပြည့်စုံလုံလောက်နေပါပြီ
ဒါပေမယ့်တစ်ချို့virus တွေက CPE 17 လိုမျိုး autorun killer ကိုတောင်မမှုတဲ့ virus တွေအများကြီးပါ..
ဒီလို virus တွေက မိမိ PC မှာ Install လုပ်ထားတဲ့ Guard Applications တွေကို အရင်ဆုံး Killed လုပ်ပြီးမှ
ဝင်တာပါ..အဲဒါကြောင့် CPE 17 တစ်ခုထဲနဲ့လည်းစိတ်မချရသေးပါဘူး..အဲဒါဘာကြောင့်လည်းဆိုတော့
autorun ကြောင့်ပါ..ဒီ autorun ကိုဘယ်လိုကာကွယ်မလဲ..ကျွနုပ်တို့ သုံးနေတဲ့ OS ရဲ့ autorun system
ကိုသွားပိတ်ပစ်ရပါမယ်..ဒါဆိုရင်အနည်းဆုံးတော့ USB ထိုးတာနဲ့ virus မဝင်နိုင်တော့ဘူးပေါ့..
လုပ်နည်းလေးကလွယ်ပါတယ်..
Start-->run -->ကိုသွားပါ..run ဘောက်စ်ကျလာရင် gpedit.msc လို့ရိုက်ထည့်ပြီး enter ခေါက်ပါ.
ပြီးရင် Computer Configuration အောက်က Administrative Templates -->system ကိုသွားပါ.
Expand လုပ်ပါ..ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ Double click နှိပ်ပါ.. enable ပေးပါ..
အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်.. all drives လို့ပြောင်းပေးပါ
ပီးရင် apply -->OKုလုပ်ပေးပါ..စိတ်ချရအောင်နောက်တစ်ခုထပ်လုပ်ပါ..Computer configuration
အောက်ကခေါင်းစဉ်နောက်တစ်ခုဖြစ်တဲ့ User Configuration ကိုသွားပါ Administrative Templates -->system
Expand လုပ်ပါ..ညာဘက်ချမ်းဘက်မှာ Turn off autoplay ကိုရှာပါ Double click နှိပ်ပါ.. enable ပေးပါ..
အောက်တွင် Turn off autoplay on နေရာတွင် CD Rom Drive ဖြစ်နေပါမယ်.. all drives လို့ပြောင်းပေးပါ
ပြီးရင် apply -->OKုလုပ်ပေးပါပြီးရင်ပိတ်လိုက်လို့ရပါပြီခင်ဗျာ..

No comments:

Post a Comment