အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Tuesday, September 21, 2010

ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရသလား?


သင့်ဘ၀လမ်းခရီးမှာ သင်ဟာ မျက်နှာသာပေးခံရမှုတွေနဲ့ တွေ့ကြုံရသလို
မျက်နှာလွဲခံရမှုတွေနဲ့လဲ တွေ့ကြုံရမှာ အသေအခြာပါဘဲ..
အခြေအနေတွေ အချိန်အခါတွေရဲ့..မျက်နှာသာအပေးခံရမှု
ထောက်ခံမှုတွေနဲ့ စတင်တွေ့ကြုံသောအခါ..
ပမာဏအနည်းငယ်မျှ လမ်းကြောင်းပေါ်မှာ အောင်မြင်ပါလိမ့်မယ်..။
ဒါပေမဲ့..အခက်ခဲတွေနဲ့ စတင်ရင်ဆိုင်ရပြီဆိုရင်..
ကြီးမားသော အမြန်နှုံးနဲ့ လျှောက်လမ်းရမဲ့ လမ်းစဉ် သင်္ကေတကို ယူရပါတော့မယ်..။
“သူက..တစ်ဦးတည်း”
“သူက..ဘယ်သူကို ..ချစ်တာလဲ”
“သူကရော..သူ့ကို ..ချစ်ဖို့ ကြိုးစားရဲ့လား”
ကျင်ကျင်နာနာ နူးနူးညံ့ညံ့နဲ့ မျက်နှာသာပေးခြင်းဟာ ရတနာဖြစ်ပါတယ်..။
မူမမှန်တဲ့ အကြောင်းပြချက်တွေနဲ့ သူတို့ကို သူက ခဏတစ်ဖြုတ် မိုးရွာလိုက်တာလား..။
သူဟာ ကံကောင်းသူဖြစ်ပါတယ်..
ဘာဖြစ်လို့လဲဆိုတော့..သူ့ကို အမြဲတမ်း ဒုက္ခရောက်အောင်လုပ်လေ့ရှိတဲ့
ဆွေမျိုးတွေနဲ့ ဆက်ဆံနေရလိုပေါ့...။
မီးရာ(Meera)..သူမဟာ ခရစ်သျှနာအပေါ်မှာထားတဲ့
ကြီးမားသောသံယောဇဉ်တွေ အလေးအနက်ထားမှုတွေဟာ
အဖြေမဟုတ်သလို သူမအတွက်လည်း အဖြေမဟုတ်ပါဘူး..
သူမကို ချုပ်ခြယ်တဲ့ဆွေမျိုး ..ပြဿနာရှာတဲ့ ဆွေမျိုးတွေမရှိပါဘူး..
အလားတူပဲ..ခေါင်းမာတဲ့ ဘုရင် ဟိရန်ညာကရှိပု(Hiranyakashipu)အတွက်လည်း
အသေးအဖွဲ ပြဿနာလေးတွေကလွဲရင်..တစ်ခြား ပြဿနာမရှိပါဘူး..။
သူဟာ ဟရိ(Hari)အပေါ်မှာ ကြီးမားတဲ့သံယောဇဉ်..
ကြီးမားတဲ့အလေးအနက်ထားမှု ခိုင်ခိုင်မာမာမရှိပါဘူး..။
ပြဿနာရှာသူတွေဆိုတာ..
သီးခံမှုတွေနဲ့ တည်ဆောက်ထားတာမဟုတ်သလို..
ငြိမ်းချမ်းရေးကိုလည်း မနောနဲ့ပဲ အာရုံခံကြည့်တယ်..လက်တွေမပါဘူး..။
ပြဿနာတွေ အဟန့်အတား အနှောင့်အယှက်တွေ ကျွန်ုပ်တို့
လမ်းကြောင်းပေါ် ရောက်လာတဲ့အခါ..
ဘုရားသခင်က သဘာဝတည်ငြိမ်အေးချမ်းမှုတွေကို
ကျွန်ုပ်တို့အား အမြန်တည်ထောင်ပေးခြင်တယ်..လို့ စိတ်ထဲမှာ ဖြစ်ခြင်လဲ ဖြစ်လိမ့်မယ်..။
တစ်နည်းပြောရရင်...
ပျော်ရွင်မှုတွေ..သက်တောင့်သက်သာရှိမှုတွေ..
ကျွန်ုပ်တို့ လမ်းစဉ်ပေါ်မှာ ရောက်ရှိလာရင်...
ဘုရားသခင်က ကျွန်ုပ်တို့ရဲ့အားနည်းချက်တွေကို သိတယ်..
ကျွန်ုပ်တို့ဟာ ပျော်ရွင်မှုတွေကို အလေးအနက်ထားတယ်..ဆိုတာကို ဘုရားသခင် သိတယ်..
အခက်အခဲတွေ အဟန့်အတား အနှောင့်အယှက်တွေနှင့်
ရင်ဆိုင်လာရတဲ့အခါ..
အဲဒီအခြေအနေတွေကို ကျော်လွှားနိုင်အောင်ကြိုးစားပါ..
မိမိရဲ့ တည်ငြိမ်မှုသဘာဝကို ရအောင်လုပ်ပါ...။
မျက်နှာသာပေးခံရတဲ့အခြေအနေတွေ အလေးပေးခံရမှုတွေ
ဖေါင်းပွမှုမဖြစ်ပါစေနဲ့..
ကောင်းကျိုးမပြုနိုင်တဲ့ အခြေအနေတွေကို နှလုံးသားမှာ မထားပါနဲ့..။
ပျော်ရွင်မှုရော ၀မ်းနည်းကြေကွဲရမှုတွေရော ဒီနှစ်ခုလုံးဟာ
အမြဲတမ်း ဖြစ်ပျက်နေတယ်လေ..
စည်းစိမ်ဥစ္စာတွေ ..အဆောက်အဦးတွေ..တန်ခိုးအာဏာတွေ..ဒါတွေအားလုံးဟာ
ဘ၀နောက်ဆုံးခရီးမှာ မလိုက်ပါနိုင်ပါဘူး..
သေဆုံးပြီးတဲ့နောက် လိုက်ပါမယ့်အရာကတော့..ပင်ကိုယ် မွေးရာပါ သဘာဝပါဘဲ..။
ဒါကြောင့်မို့ သင့်ရဲ့ သဘာဝတရားတွေ..တိုးတက်နေအောင် အမြဲတမ်းကြိုးစားပါ..။
ဗဟုသုတ နေမင်းကြီးဟာ သင့်ဘ၀မိုးကုတ်စက်ဝိုင်းမှာ ပေါ်ထွန်းနေပါတယ်..
ကမ္ဘာကြီးရဲ့ သံသယအမှောင်ထဲမှာ ခြေဦးတည်ရာကိုသွားနေတဲ့
ဒီမကောင်းဆိုးဝါးဆိုးစိတ်(မကောင်းတဲ့စိတ်)ဟာ အမှန်တရားတွေကို ဖျက်ဆီးတယ်..။
လောဘ ဒေါသနဲ့တူတဲ့ ဒီရောဂါ ဝေဒနာတွေဟာလည်း ကွယ်ပျောက်ပါလိမ့်မယ်..
သင့်ဘ၀လမ်းဟာ အပြည့်အ၀ အလင်းရောင် ရှိပါတယ်..
ကောင်းချီးတွေနဲ့ ပြည့်နေပါတယ်..
လူသားတစ်ယောက်အနေနဲ့..သင်ဟာ..စစ်မှန်သော စိတ်ကျေနပ်မှုတွေကို
ရှာဖွေတွေ့ရှိပါလိမ့်မယ်...။
ဝန်ခံချက်...Asaram Bapuရေးသားသော Facing Problems? Goodဟူသော
ဆောင်းပါး၏ တစ်စိတ်
တစ်ဒေသကို ဘာသာပြန်ပါသည်..
အရှင်နာဂ(ပူနေး)








Monday, September 20, 2010

ချစ်ခြင်းမေတ္တာနှင့် သဘောထား


ကျွန်ုပ်တို့ဟာ လူတွေကို ဆန့်ကျင်ဘက်အနေဖြင့် တုန်ပြန်မိသောအခါ
ခန္ဓ္ဓာကိုယ်တစ်ခုလုံးလည်း ဆန့်ကျင်ဘက် ဦးတည်ရာကို လှုပ်ရှားမိပါတယ်..
စိတ်လှုပ်ရှားမှုတွေ ခံစားနေရပြီးတော့..
အတွေးအခေါ်တွေ..ခံစားမှုတွေအားလုံးဟာ
အာရုံကြောတွေ ကိုယ်ခံအားတွေနဲ့ ဆက်သွယ်နေပါတယ်..
ဒါကြောင့်မို့ ဘ၀မှာ ဖြစ်လာတဲ့ အခြေအနေအားလုံးကို
ဂရုစိုက်ပြီး တုန့်ပြန်ဖို့လိုအပ်ပါတယ်...
အမေရိကန်စာနယ်ဇင်းသမားတစ်ယောက်ဖြစ်တဲ့
နော်မန်ကူးစင်(Norman Cousins)
အလွန်နေမကောင်းဖြစ်စဉ်
သူ့ဆရာဝန်က အခြေအနေမကောင်းမှန်းသိတဲ့အခါ..
သူ့ကို စွန့်ခွါသွားခဲ့ပါတယ်...
ရက်အနည်းငယ်ကြာတော့..လူနာထံကို ပြန်သွားတယ်..
နောက်ပြီးဆန့်ကျင်တဲ့ စိတ်ခံစားမှုတွေဟာ ခန္ဓာကိုယ်အတွက်
ဆန့်ကျင်ဘက် အကျိုးဆက်ဖြစ်စေတယ်..
အပြုသဘောဆောင် အကောင်းမြင်မှုတွေဟာ ခန္ဓာကိုယ်ကို
အပြုသဘောအကျိုးသက်ရောက်စေတယ်လို့
လူနာနဲ့ ၀မ်းကွဲညီကိုတော်သူကို စည်းရုံးပြောဆိုတယ်..
ထို့နောက် ဟာသရုပ်ရှင်းကား အစစ်အမှန်တွေကို ငှားပြီး
ပုံမှန်စတင်ကြည့်ခိုင်းတယ်...
အဲဒီနောက်မှာတော့
အိပ်ဆေးအကူအညီမပါဘဲ လူနာအိပ်နိုင်လာတယ်ဆိုတာကို
ဆရာဝန်က သတိထားမိတယ်..
ပြင်းထန်စွာ နာကျင်မှုတွေဟာလည်း လျော့ကျသွားတယ်..
အကိုက်အခဲပျောက်ဆေးပေါ်မှီနေရတာလည်း နည်းသွားတယ်
နောက်ဆုံးတော့ သူဟာ ပြန်လည် နေကောင်းလာပါတယ်..လို့
ဗြိတိသျ ဆေးဂျာနယ်မှာ သူ့အတွေ့အကြုံကို ရေးသားထားပါတယ်..။
အာတ် မတ်သီးယတ် (Art Mathias)ဟာ အမျှင်လေးတွေအပါအ၀င်
အစားအသောက်အတော်များများနဲ့
မတည့်ပါဘူး..
သူဟာ ၀ါနဲ့လုပ်ထားတဲ့ ချည်ထည်လေးတွေကို ၀တ်ဆင်တယ်..
အဲဒီအ၀တ်အစားတွေဟာ ဈေးကြီးတယ်..
သူ့အခြေအနေဟာလည်း မကောင်းဘူး..
ဒါကိုသိတော့ ဆရာဝန်ဟာ သူ့ကို စွန့်ခွါသွားတယ်...။
တစ်နေ့မှာ သူဟာ ခွင့်လွတ်မှုနဲ့ပတ်သက်ပြီး နားထောင်ရတယ်..
သူ့ကို နာကျင်အောင် လုပ်တဲ့သူတွေကို ခွင့်လွတ်ဖို့ ဆုံးဖြတ်လိုက်တယ်..။
အဲဒီနောက်မှာတော့ သူဟာ မတည့်တဲ့အစားအစာတွေအပါအ၀င်
အစားအစာ အတော်များများကို စားနိုင်လာတယ်..
အသားအရေတွေဟာလည်း ကောင်းလာတယ်..ဆိုတာကို ရုတ်တရက် သိလိုက်တယ်..။
ဒီလိုအံ့သြရလောက်အောင် အနာရောဂါတွေ ပျောက်ကင်းခြင်းနောက်ကွယ်မှာ
သူ့အတွေးအခေါ်တွေ အဓိက ပြောင်းလဲလိုက်တာလည်းပါတယ်..
သူ့ကို နာကျင်အောင်လုပ်တဲ့သူတွေကို ခွင့်လွတ်တယ်..
ခါးသီးမှုတွေ..အငြိုးအတေးထားမှုတွေကို..ဖျောက်ပစ်တယ်..
သူတို့အတွက် ဆုတောင်းပေးတယ်..
ညီကိုနှစ်ယောက်နဲ့ မတ်သီးယက်တို့အတွက် ကျန်းမာရေးတွေ ပြန်လည် ကောင်းမွန်လာတာ..
နာကျင်မှုတွေ ပျောက်သွားရတာဟာ သဘောထား ပြောင်းလိုက်လို့ဖြစ်ပါတယ်...။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ၂၀၀၂ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်..
ဆရာဝန်နှင့် လာတိုင်ပင်သော လူနာသုံးယောက်တွင် တစ်ယောက်သည်
ဒေါသတွေ စိတ်ဓာတ်ကျဆင်းမှုတွေ စိတ်အားငယ်မှုတွေကြောင့်
ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာကျန်းမာရေး
ချွတ်ယွင်းနေသူတွေဖြစ်ပါတယ်..
ထပ်ချဲ့ပြီး ပြောရရင်..ကျွန်ုပ်တို့အများစုဟာ
စိတ်မကျေနပ်မှုတွေ စိတ်ပျက်အားငယ်မှုတွေနဲ့ ဆင်းရဲနေပါတယ်..။
ကျွန်ုပ်တို့ရဲ့ သဘောထားတွေကို ပြောင်းလဲနိုင်မယ်ဆိုရင်
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဖေါက်ပြန်မှုတွေကို ရှောင်ကြည်နိုင်ပါလိမ့်မယ်..။
အရေးကြီးဆုံးကတော့..
စိတ်ပျက်ခြင်း စိတ်ထိခိုက်ခြင်းတွေနှင့် ပတ်သက်ပြီး အပြုသဘောလမ်းစဉ်တွေကို လေ့လာရပါမယ်..။
သမတကြီး အေဘရာဟင်လင်ကွန်းက သူ့သားရဲ့ ဆရာထံကို
စာတစ်စောင် ရေးခဲ့ပါတယ်..
“ဘယ်လိုအောင်မြင်နိုင်တယ်ဆိုတာကို သင်ပေးပါ”
“ဒါပေမဲ့..ကျရှုံးမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာကိုလဲ သင်ပေးပါ”
ဆိုပြီး စာတစ်စောင်ရေးပေးခဲ့ပါတယ်..
ကျွန်ုပ်တို့ဟာ ကျန်းမာရေးမကောင်းတာတွေနဲ့ ပတ်သက်ပြီးအကုန်မသိနိုင်ပါဘူး..
ဒါပေမဲ့ မကြာသေးခင်က လေ့လာမှုအရ..
ကျန်းမာရေးဖေါက်ပြန်နေတဲ့ လူနာ(၈၂)ရာခိုင်းနုံးဟာ
စိတ်လှုပ်ရှားကြောင့်ဖြစ်ရတာလို့..သိရပါတယ်..
ကျရှုံးမှုတွေ..စိတ်ပျက်အားငယ်မှုတွေကို ပြန်လည်တုန့်ပြန်ဘို့..
သေခြာပါတယ်..
ပြန်လည်တုန့်ပြန်မှုတွေဟာ..ခါးသီးတာတွေ ပယ်မယ်..
ဒေါသတွေကို ချုပ်တီးမယ်..
မကျေမချမ်းနိုင်ဖြစ်မှုတွေကို ကျေအေးမယ်ဆိုရင်..
ကောင်းတဲ့အားထုတ်မှုတွေဖြစ်ပါတယ်..
ဦးနှောက်နှင့် အာရုံကြောပါရဂူတွေက..neuronဟာ
ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်..
ချစ်ခြင်းမေတ္တာအတွက် ဘုရားသခင်က အဲဒီဦးနှောက်ကို ဖန်ဆင်းပေးပါတယ်..။
ကျွန်ုပ်တို့ခန္ဓာကိုယ်ကြီးဟာ အဆင်ပြေသလိုလည်ပတ်နေပါတယ်...
မျှော်လင့်ချက်တွေ ယုံကြည့်မှုတွေဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲ
အပြုသဘောဆောင်တဲ့ စွမ်းအားတွေကို ထုတ်လုပ်ပေးပါလိမ့်မည်....။
ဝန်ခံချက်..Rev K Vaudevan ရေးသားသော Neurons, Love, Attitude ဟူသော ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်... အရှင်နာဂ(ပူနေး)









Saturday, September 18, 2010

ဗုဒ္ဓဘာသာနှင့် ဂေဟဗေဒ(၂)


သင်ကိုယ်တိုင်ဟာလည်း အနောက်တိုင်းကမ္ဘာရဲ့ ယုံကြည်မှုနှင့်
ဒုက္ခ၏ အကြီးမားဆုံးသော အရင်းအမြစ်ကို ချစ်ခင်မြတ်နိုးသူဖြစ်ခြင်ဖြစ်ပါလိမ့်မယ်..
ကမ္ဘာကြီးနှင့် ကျွန်ုပ်တို့ဟာ ကွဲပြားနေပါတယ်...
ဆင်းရဲခြင်းတရားဟာ ရေနစ်နေသူကို လည်ပင်းညှစ်သတ်နေသလိုမျိုး
ကျွန်ုပ်တို့အထံမှာ တွယ်ကပ်နေပါတယ်..
အမှန်တရားကိုသိဘို့အတွက်
မောကတရားကနေ မိမိကိုယ်ကိုမိမိ
နိုးကြားနေအောင် သတိရှိအောင် လုပ်နေရပါမယ်..
ကမ္ဘာကြီးကို ပြောင်းလဲရင်
ပြောင်းလဲခြင်းတရားကဘဲ ကျွန်ုပ်တို့ကို စတင်လုပ်ဆောင်ပါလိမ့်မယ်..
ပြောင်းလဲခြင်းဆိုတာကလဲ စစ်မှန်သော မြတ်စွာဘုရားရှင်ကို
ရှာဖွေတွေ့ရှိခြင်းဖြစ်ပါတယ်..
တစ်ဦးခြင်းအဓိကကျမှုနှင့် တစ်ဦးခြင်း အလိုဆန္ဒတွေဟာ
စက်မှုထွန်းကားနေသော ကမ္ဘာ့အရိပ်ထဲမှာ
ဆက်လက်ကြီးထွားနေပါတယ်...
ကျွန်ုပ်တို့ဟာ လူတွေကို သူတို့ရဲ့အခွင့်အရေးအတွက် ဘယ်လိုငြင်းမလဲ..
နောက်ပြီး ကျွန်ုပ်တို့ဟာ မရေမတွက်နိုင်သော လိုခြင်မှုတွေကို ဘယ်လို လွန်မြောက်အောင်
လုပ်ပေးနိုင်မလဲ..ဆိုပြီး မစ္စတာ တင်မာမန်က မေးခွန်းနှစ်ခုထုတ်ပါတယ်..။
ဒါဟာ စိန်ခေါ်မှုတွေနှင့် ရင်ဆိုင်နေရသော လက်ရှိဗုဒ္ဓဘာသာမြင်ကွင်းရဲ့
အဓိကအချက်ပဲဖြစ်ပါတယ်..။
ဒါဟာ ပတ်ဝန်းကျင်ဆိုင်ရာ အတွေးအခေါ်တွေ..လုပ်ဆောင်မှုတွေအတွက် သမားရိုးကျမဟုတ်တဲ့ အခြေခံပဲဖြစ်ပါတယ်...
ဒီနေ့ ဗုဒ္ဓဘာသာဝင်တွေ အတွက် ပထ၀ီနိုင်ငံရေးပညာနှင့်ပတ်သက်တွေ လုပ်ဆောင်မှုတွေ..
လူ့ကျင့်ဝတ်သိက္ခာတွေ ဖယ်ရှားနေတယ်လို့ ပြောဆိုနေတာကို မစ္စတာတင်မာမန်က ငြင်းဆိုသွားပါတယ်..
ကျွန်ုပ်တို့ရဲ ရန်လိုတတ်တဲ့ ယဉ်ကျေးမှုတွေကိုလဲ နောက်ဆုတ်ပေးပါတယ်..
တရားထိုင်ခြင်းအလုပ်ဟာ အကြမ်းမဖက်တဲ့ အတွေးအခေါ်ပဲဖြစ်ပါတယ်..
ဘုန်းတော်ကြီး ဒလိုင်းလားမားက ငြိမ်းချမ်းရေးနိုဗယ်ဆု လက်ခံပွဲမှာ ပြောသွားတာကတော့...
“ကျွန်ုပ်တို့ဟာ ပထ၀ီတစ်ခုတည်းကို တိုးတက်အောင် လုပ်ရုံသာမကဘူး..
တစ်ကမ္ဘာလုံးရဲ့ တာဝန်တွေကို တိုးတက်အောင်ရမယ်”
“ဂြိုဟ်တွေ နက္ခတ်တာရာတွေ ဖြေရှင်းပေးတဲ့ မတူညီတဲ့
ထုတ်ပြန်ချက်တွေကိုလည်း လေးစားပါတယ်”
“ကျွန်ုပ်တို့အသီးသီးမှာ ငြိမ်းချမ်းရေးတွေစရင်
လူအဖွဲ့အစည်းမှာလည်း ငြိမ်းချမ်းမှု ရှိလာမှာပါ”
အဲဒီငြိမ်းချမ်းရေးတွေကို အိမ်နီးနားခြင်း အဖွဲ့အစည်းတွေ
အိမ်နီးနားခြင်း နိုင်ငံတွေ စသည်ကို ခွဲဝေပေးနိုင်မှာ ဖြစ်တယ်”လို့
ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောဆိုသွားပါတယ်...
ဝန်ခံချက်...Martine Batchelor and Kerry Brown ရေးသားသော
Buddhism and Ecologyဟူသော ဆောင်းပါးကို
ဘာသာပြန်ပါသည်..။
အရှင်နာဂ(ပုနေး)




ဗုဒ္ဓဘာသာနှင့် ဂေဟဗေဒ


ဗုဒ္ဓဘာသာဝင်တွေအတွက် တရားတော်သည် အလေးထားအပ်သော ဥပဒေဖြစ်ပါတယ်..။
အဲဒီဥပဒေဆိုတာ အကျင့်စာရိတ္တဆိုင်ရာနှင့် မြတ်စွာဘုရားတရားတော်ဖြစ်ပါတယ်..
မြတ်စွာဘုရားတရားတော်ဆိုတာလည်း သဘာဝတရားအားလုံးဖြစ်ပါတယ်..။
အနှစ်သာရအားဖြင့် ဗုဒ္ဓဘာသာဟာ ဂေဟဗေဒနှင့်ဆက်နွယ်သော ဘာသာရေး
သို့မဟုတ် ဘာသာရေး ဂေဟဗေဒလို့ ဆိုနိုင်ပါတယ်..။
အားလုံးပေါ်မှာ မေတ္တာတရား ကရုဏာတရား လေးစားမှု ထားရှိခြင်းတွေဟာ
အနောက်နိုင်ငံ စိတ်ပိုင်းဆိုင်ရာတွေနဲ့ အတူတူပဲဖြစ်ပါတယ်..
မကြာသေးသော ရာစုနှစ်ကာလများမှာ လူသားတွေကို ကန့်သတ်လာကြတယ်..
ချုပ်ချယ်လာကြတယ်...
ကံတရားဥပဒေကြောင့် တစ်နေရာစီမှာ ဖြစ်လာကြတယ်..
ရှောင်လွဲမရတဲ့ အာဏာ ပါဝါတွေ ရလာကြတယ်..
ကံတရားဥပဒေမှာ စိတ်ကို ပထမဆုံး အကြောင်းတရားအဖြစ် နေရာထားပါတယ်..။
ဒီစိတ်ဟာ ကိုယ်ပိုင်အရေးအရာကိစ္စတွေ တစ်ကမ္ဘာလုံးရဲ့ ဘ၀ကြမ္မာတွေ ပုံသဏ္ဍာန်တွေကို
ထုလုပ်သူ ပြုလုပ်သူဖြစ်ပါတယ်..
မွေးဖွားခြင်းတွေ တည်ရှိခြင်းတွေဟာ အကြောင်းတရားအပေါ်မှာ တည်ရှိပါတယ်...။
အဲဒီအကြောင်းတရားတွေကဘဲ ကျွန်ုပ်တို့နှင့် ကမ္ဘာကြီးကို ဆက်သွယ်ပေးတယ်..
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ဖြစ်တည်မှုတွေကို ငြင်းဆိုခွင့်ပေးတယ်..။
တကယ်နက်နက်နဲနဲတွေးကြည့်တော့
ကမ္ဘာကြီးနှင့် ကျွနုပ်တို့ကြားက နယ်နိမိတ်တွေဟာ
ရေထဲမှာ ရေတွေမျောပါသွားသလိုပါဘဲ...။
သဘာဝတရားအားလုံးနှင့် ကျွန်ုပ်တို့ဟာ ခွဲခြားမရနိုင်သလို
တစ်ခုနှင့် တစ်ခု ရစ်ပတ်ယှက်နွယ်နေကြပါတယ်..။
တစ်ခြားသူတွေအပေါ်မှာ မေတ္တာတရား ကရုဏာတရားတွေ ထားရှိရမှာဖြစ်သလို
ကျွန်ုပ်တို့အတွက်လည်း တစ်ခြားသူတွေက မေတ္တာတရား ကရုဏာတရား ထားရှိရမှာဖြစ်ပါတယ်..
ဒါဟာ သဘာဝတရားပဲလေ...
ဝန်ခံချက်..Martine Batchelor and Kerry Brown ရေးသားသော Buddhism and Ecologyဟူသော ဆောင်းပါး တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည်..
အရှင်နာဂ(ပုနေး)




Remenbrance, To my Devotee, Daw Kyin Shwe

it is one month today My Devotee Daw Kyin Shwe left all of us .
She was a woman of great compassion, a philanthropist, a visionary and
devout who genuinely cared for the poor and needy.
Despite the great success she enjoyed in business life.
She remained to the end a simple, courteous and humble person.
in particular, she worked selflessly for the benefit of the community.
she was extraordinarily generous in helping the poor and
institutions connected with women, children, education and health,
from the various charities she set up.
She led a full life which was rich, eventful and fruitful.
She was approachable, affable, and fond of people.
She was a regular at community and social events and
unassumingly would greet one and all.
I, monk from university of pune, offer my condolences to the entire Daw Kyin Shwe family and
salute the greatness of the simple woman who will be missed by all of us.
We shall always cherish the happy memories and moments with her.
Rev.Nagavamsalankara.

Friday, September 17, 2010

တော်ဝင်လမ်း



တစ်ဦးချင်း ပုဂ္ဂလိက ဘ၀သည် သမုဒ္ဒရာထဲ မျှောနေသော ရေခဲတောင်နှင့်တူ၏..။
ဒါမှမဟုတ် သမုဒ္ဒရာထဲ မျောနေသော သေးငယ်သော အစိတ်အပိုင်းလေးနှင့်တူပါ၏..။
ကျွန်ုပ်တို့မှာ အနှောင့်အယှက်တွေ ပေါ်လာတယ်..
စိတ်ညစ်စရာတွေ ဖြစ်လာတယ်..အားငယ်စရာတွေဖြစ်လာတယ်..။
ဘာကြောင့်လဲဆိုတော့ နေ့စဉ်လူနေမှုဘ၀မှာ ဖြစ်ပေါ်နေတဲ့ အရေးမပါတဲ့ အသေးအဖွဲကိစ္စတွေ..
မျက်စိနဲ့ မြင်နိုင်တဲ့ အသေးအဖွဲလေးတွေကို ကျွန်ုပ်တို့ကိုယ်တိုင်ပဲ
အလေးထား ပတ်သက်နေလို့ဖြစ်ပါတယ်..
ပျော်ရွှင်မှုတွေ နာကြင်မှုတွေ..အောင်မြင်မှုတွေ ..ကျရှုံးမှုတွေ
ဆုံးရှုံးမှုတွေ ...ရရှိမှုတွေ..
ဒါတွေက ကျနော်တို့ကို..အကျိုးသက်ရောက်မှု ရှိကြပါတယ်..
ဒါကြောင့်မို့ ကျနော်တို့ဟာ ကြီးမားတဲ့ အကြံအစည်တွေကို အကောင်အထည် ဖေါ်ရာမှာ
အရေးမပါတဲ့ အတွေ့အကြုံတွေကို ကျွန်ုပ်တို့ ဖယ်ထုတ်ပစ်ထားရမယ်..။
ကျနော်တို့ဟာ တစ်ခဏ ပျော်ကြရတယ်..
နောက်တစ်ကြိမ် စိတ်ဆိုးဒေါသဖြစ်ပြီး ၀မ်းနည်းကြရတယ်..
မွေးဖွားခြင်းတွေ သေဆုံးခြင်းတွေကို မေ့နေကြတယ်..။
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအားလုံးဟာ..
အဆုံးအစမရှိသော ဘ၀စမ်းချောင်းလေးထဲမှာ..
လှိုင်းသဖွယ် ဂယက်ထနေကြရပါတယ်...
ဘ၀ဆိုတာ မြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိနေကြရပါမည်..။
အနက်ရှိုင်းဆုံး နှလုံးသားထဲမှာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း စက်ဝန်းက
လွတ်မြောက်နိုင်တဲ့ နေရာကို ရောက်ရှိနိုင်ဘို့ လွမ်းမောတမ်းတနေကြတယ်...။
စစ်မှန်သော ပျော်ရွှင်မှုတွေသည် လွတ်လပ်စွာ သိမြင်လာခြင်းမှ
လာတယ်ဆိုတာ..အူထဲအသည်းထဲကနေ နားလည်ကြပါတယ်..
အပြင်ပန်းအားဖြင့်..အသေးအဖွဲလေးတွေနဲ့ ပတ်သက်တာတွေနဲ့ဘဲ
အလုပ်တွေ ရှုပ်နေကြပါတယ်..။
..ကျွန်ုပ်တို့ကြားက သဘောထားကွာဟချက်တွေ တံတားခင်းပေးဘို့ဆိုတာ
ဘယ်လိုမှ မဖြစ်နိုင်တာမို့ မတူညီတဲ့ ကမ္ဘာနှစ်ခုမှာ နေထိုင်နေရပါတယ်..။
ပြင်ပကမ္ဘာမှာ နေထိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ရည်မှန်းချက်တွေကို မေ့နေကြပါတယ်..။
အတွင်းကမ္ဘာလေးထဲ နေထိုင်ဖို့ ကြိုးစားရင်း လောကထဲက အရေးထားရမဲ့အရာတွေ
ပူပန်ရမဲ့ အရာတွေနဲ့ဘဲ အာရုံတွေ ထွေပြားနေကြပါတယ်...။
အကောင်းဆုံး သူငယ်ချင်းဆိုတာ မိမိအတွင်းစိတ်ပါဘဲ...
အတွင်းစိတ်လေး ကျရှုံးမှုဟာ..အထီးကျန်ခြင်း ပတ်ဝန်းကျင်နဲ့ စိမ်းကားစေခြင်းကို ဖြစ်စေပါတယ်..။
ဒါဟာ ကျွန်ုပ်တို့ရဲ့ နာကျင်မှု.. ကံဆိုးမိုးမှောင်ကျမှုရဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်
ဝန်ခံချက်..Rajmani Tigunait ရေးသားသော The Royal Path ဟူသော ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည် အရှင်နာဂ(ပုနေး)












Wednesday, September 15, 2010

ဘုရားသခင်နှင့် ဇိုမို


သူ့အမည်က ဇိုမို..လူတော့မဟုတ်ဘူး ယုန်ကလေးပါ..သူက ခန္ဓာကိုယ်လဲ မကြီးဘူး..
အားလဲ သိပ်မသန်ပါဘူး..။
ကျွမ်းကျင်တယ်လို့တော့ နာမည်ကြီးတယ်..။သူ့ကိုယ်သူလဲ ပညာရှိတယ်လို့ ယုံကြည်တယ်..
တစ်ချိန် ဇိုမိုလေးဟာ ကောင်းကင်က ဘုရားသခင်ထံသွားဘို့ ဆုံးဖြတ်လိုက်တယ်..
ဘုရားသခင်က ယုန်ကလေးကိုပြောတယ်..
"ပင်လယ်ထဲက ငါးအကြီးကြီးရဲ့ အကြေးခွံရယ်..
ကြောက်စရာကောင်းတဲ့ နွားရိုင်းမကြီးရဲ့ နို့ရယ်...
ခွန်အားသန်တဲ့ ကျားသစ်ရဲ့ ..သွားတွေရယ် အဲဒါတွေကို ငါ့ထံ ယူပြလေ.."
"အဲလို..ယူပြနိုင်ရင်..ထိုက်ထိုက်တန်တန်..သင့်ကို ဆုချမယ်.."ဟု ပြောလေသည်...။
ယုန်ကလေး ဇိုမိုက ယုံကြည်မှုအပြည့်နဲ့..သဘောတူ လက်ခံလိုက်တယ်...။Align Center
အဲဒီနောက် ယုန်ကလေးဟာ ကမ်းခြေမှာ စည်ကို ကျယ်ကျယ်လောင်လောင် တီးလိုက်တယ်...။
စည်တီးသံဟာ ပင်လယ်ကမ်းခြေကနေ ကြားရသတဲ့..
ပင်လယ်ပြင်ထဲက ငါးကြီးဟာ စွဲမက်ဖွယ်ကောင်းတဲ့ စည်သံကို ကြားတာနဲ့ က တယ်..။..ကျွမ်းထိုးတယ်..
ယုန်ကလေး ဇိုမိုဟာ စည်ကို မြန်သထက် မြန်အောင် တီးတယ်..
ငါးကြီးဟာ က တာ မြန်လွန်းတဲ့အတွက် ကြေးခွံတွေဟာ တချွင်ချွင်နဲ့ ကျွတ်ကျကုန်တယ်..။ အတန်ကြာတော့..ငါးကြီးဟာ ရှက်ကိုးရှက်ကန်းဖြစ်ပြီ..
ပင်လယ်ပြင်ထဲ နောက်ပြန်ခုန်ပြီး ပျောက်ကွယ်သွားပါလေရော...
ယုန်ကလေး ဇိုမိုဟာ ငါးအကြေးခွံတွေကို ဆွဲယူပြီး ပြေးထွက် လာခဲ့တယ်..
တောထဲပြန်ရောက်တဲ့အခါ ယုန်ကလေးဇိုမိုဟာ ကြောက်စရာ နွားရိုင်းကြီး မြင်အောင်..
အုန်းပင်ပေါ် တက်ပြန်လေရော...
အုန်းပင်ပေါ် ရောက်တဲ့အခါ နွားရိုင်းကြီးကို စိတ်ဆိုးအောင် ဆွပေးတယ်..
"သင်လား..ခန္ဓာကိုယ်ကြီးတာ"
"အားသန်တယ်ဆိုတာက ..ဟုတ်ကော ဟုတ်ရဲ့လား"
"ဒီလို..အုံးပင်သေးသေးလေးကို..တိုက်ရဲလို့လား. လှဲချနိုင်လို့လား.."ဟု..
ဒေါသထွက်အောင် နောက်ပြောင်ပြောဆိုလေသည်..။
နွားရိုင်းမကြီး စိတ်တွေတိုပြီး အုန်းပင်ကိုတိုက်လေတော့ ဦးချိုဟာ အုန်းပင်မှာ စိုက်ဝင်နေလေရော...
အဲဒီအခါကျမှ ယုန်ကလေး ဇိုမိုဟာ အောက်ကိုဆင်းလာပြီး..
သူရဲ့ စည်ကို ထက်အောက်လှန်ပြီး. နွားနို့တွေကို ညှစ်ထည့်တယ်..။
နွားမကြီး အုန်းပင်ကနေ လွတ်မထွက်သွားခင်ပေါ့..။
နောက်တစ်ခါ ယုန်ကလေး ဇိုမိုဟာ တောင်ထိပ်ကို တက်ပြေးပြန်လေရော..
အဲဒီမှာ အားသန်တဲ့ ကျားသစ်နေထိုင်တယ်လေ..။
လမ်းတစ်လျှောက်မှာ ငါးအကြေးခွံတွေနဲ့ နွားနို့စက် အနည်းငယ် ဖြန်းထားခဲ့ပြီး..
..ယုန်ကလေးဟာ ပုန်းအောင်းနေသတဲ့...။
အသားနံ့နဲ့ နွားနို့နံ့ရလို့ ...ကျားသစ်ဟာ တောင်ပေါ်ကနေ ခြေလှမ်းကျဲကျဲနဲ့ ဆင်းလာခဲ့ပြီး..
ကျောက်တုံးတွေ ကျောက်ဆောင်တွေကို တိုက်ခိုက်သတဲ့..
အဲဒီမှာတင်..ကျားသစ်ဟာ သွားတွေကျွတ်ကုန်ပါလေရော..။
ယုန်ကလေးဇိုမိုဟာ သွားတွေကို ကောက်ယူပြီး...ကောင်းကင်မှာရှိတဲ့ ဘုရားသခင်ထံကို
မျှော်လင့်ချက်အပြည်နဲ့ သွားလေသည်..။
ဘုရားသခင်က ယုန်ကလေးကို ပြုံးပြီး..
"မင်း သိပ်တော်တယ်....မင်း သိပ်တော်တယ်"
"ဒါပေမဲ့ မင်း ..ပညာမရှိဘူး..ဦးနှောက်မရှိဘူး"
လောကကြီးမှာ တန်ကြေးရှိတဲ့ အရာသုံးမျိုးရှိတယ်..
သတ္တိရယ်..ခံစားတတ်မှုရယ်...နက်နက်နဲနဲ နားလည်မှုရယ်..အဲဒီသုံးမျိုးဘဲ..
"အိုယုံကလေး..""သင်ဟာ ..သတ္တိလည်း ရှိတယ်..""ခံစားမှုလည်းရှိတယ်"
"ဒါပေမဲ့ သင့်မှာ လုံးဝ နားလည်မှု မရှိဘူး"..
"ဒါကြောင့်မို့ သင်ဟာ နောက်တစ်ကြိမ် ငါးတွေ နွားတွေ ကျားသစ်တွေမြင်ရင်..
အမောင်..ယုံကလေး ..အမြန်ပြေးတာ ပိုကောင်းပါလိမ့်မယ်" ဟု
ဘုရားသခင်က ယုံကလေးကို ပြောလေသည်...။
လိမ္မာကျွမ်းကျင်မှုဟာ ခဏတစ်ဖြုတ်နဲ့ အကျိုးကျေးဇူးရလို့ စိတ်ကျေနပ်စရာပါ..
ပညာဥာဏ်ကတော့ ကျယ်ပြန်တဲ့ရှုထောင့်တွေကနေ လုပ်ဆောင်တယ်..
ပညာဥာဏ်ဆိုတာ မာနကြီးမှု စိတ်ကြီးဝင်မှုတွေပေါ်မှာ မတွေ့ရပါဘူး..
.ယုံကြည်မှုပေါ်မှာသာ ပညာဥာဏ်ကို တွေ့မြင်ရပါလိမ့်မယ်..
အတွေ့အကြုံတွေကနေ ပြန်လည်ဆန်းသစ်လေ့လာရမယ်..
ပညာဥာဏ်ဆိုတာ ဖြစ်နိုင်ခြေ အခွင့်အလမ်းအသစ်တွေကို လမ်းဖွင့်ပေးပါတယ်..
လိမ်မာကျွမ်းကျင်မှုက ကျွန်ုပ်တို့ကို စွမ်းအားတွေနဲ့ ပြည့်ဝစေအောင် လုပ်ပေးပါတယ်..
ကျွန်ုပ်တို့ဟာ နည်းပညာတွေနဲ့ ရှေ့သိုတက်နေရမယ်..
အဖွဲ့အစည်းတွေ မြို့တွေ နိုင်ငံတွေ တည်ထောင်နိုင်ရမယ်..
ဒီပုံပြင်လေးက ကျွန်ုပ်တို့ကို ဘာပြောလဲဆိုတော့..သူဟာ ပညာရှိသူပါ..
ဒါပေမဲ့ ရူးနှမ်းနှမ်း ပေါကြောင်ကြောင် အလုပ်တွေကို လုပ်တယ်..လို့ဆိုပါတယ်..
ပညာဥာဏ်ဆိုတာ အတွေးအခေါ် သက်သက်မဟုတ်ပါဘူး..
အဆင်အခြင်ဥာဏ်ရှေ့သွားပြုပြီး အသက်ရှင်နေထိုင်ရမယ်..
ကျွန်ုပ်တို့ရဲ့ တန်ဘိုးတွေ..ကျွနုပ်တို့ရဲ့ ဦးစားပေးကိစ္စတွေကို
ကောင်းကောင်း ရွေးချယ်ရပါမယ်..လက်ခံရမယ်..
ကျဆုံးမှုရှိပေမဲ့ ..အဲဒီအမှားထဲကနေ ပြန်လည် လေ့လာရမယ်..
ကျွနုပ်တို့လုပ်ဆောင်မှုကြောင့် ရည်ရွယ်ထားတဲ့ အကျိုးတွေ
မရည်ရွယ်ဘဲနဲ့ ဖြစ်တဲ့အကျိုးတွေအတွက် ကျွနုပ်တို့ကိုယ်တိုင်ဘဲ တာဝန်ယူနိုင်ရပါမယ်..။
လိမ်မာကျွမ်းကျင်မှုကို ပညာဥာဏ်တွေ ဗဟုသုတတွေ
သတင်းအချက်အလက်တွေနဲ့ တွဲစပ်လုပ်ကိုင်ရပါမည်..
ပညာဥာဏ်ဆိုတာ အမှန်တရားကိုဘဲ ရှုထောင့်မျိုးစုံကနေ ကြည့်ပြီး လက်ခံတယ်...
သင့်လျော်သလို လုပ်ကိုင်ဆောင်ရွက်ပါတယ်..
ဝန်ခံချက်..Marguerite Theophil ရေးသားသော Cleverness And Wisdom ဟူသော ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်...အရှင်နာဂ(ပုနေး)





မိုဘိုင်းဖုန်း ရေစိုလျှင်


သင့်ရဲ့ မိုဘိုင်းဖုန်းတို့အိုင်ပေါ့တို့ ရေထဲလွတ်ကျသွားလျှင်
မီးဖိုချောင်သို့ ကမန်းကတန်းသွားပါ..။
သင့်ရဲ့ ဈေးကြီးတဲ့မိုဘိုင်းဖုန်းတွေ အိုင်ပေါ့တွေ မိုးရေတွေ စိုသွားလျှင်..
ဒါမှမဟုတ်..နံရံကပ် လက်ဆေးကန်ထဲ သင်လွတ်ကျသွားလို့ ရေစိုသွားလျှင်..
သင်လုပ်ရမဲ့ နောက်တစ်ဆင့် ခြေလှမ်းက ဘာပါလဲ...
ဒီလိုမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်..
တစ်ခါက အဒမ်ကာရီဟာ သူရဲ့ အိုင်ဖုန်း အိမ်သာထဲမှာ လွတ်ကျသွားပါတယ်..
မစ္စတာဗန်ဒီယန်းဟာလည်း သူရဲ့အိပ်ကပ်ထဲမှာ
အိုင်ပေါ့ကိုထည့်ရင်း ရေကူးကန်ကိုသွားတယ်..
အလားတူပါဘဲ လီယိုလာပေါ့လည်း သူရဲ့ဆဲဖုန်းကို
အိပ်ကပ်ထဲထည့်ရင်း ရေကူးကန်ကိုသွားတယ်..
သူရဲ့ဘောင်းဘီနဲ့ ကိုကာကိုလာပုလင်း တိုက်မိလို့ ပုလင်းလဲကျသွားသောအခါ
သူရဲ့အိုင်ပေါ့ထဲကို ရေတွေက စိမ့်ဝင်သွားပါတယ်..
အီလက်ထရောနစ်ပစ္စည်း အတော်များများဟာ ရေကြောင့်ပျက်စီးသွားတာမျိုးကို ..
warranty မပေးပါဘူး..
ဒီတော့ ဘယ်လိုလုပ်ကြမလဲ...
အဖြေကတော့..သင့်ရဲ့ မီးဖိုးချောင်ဘဲဖြစ်ပါတယ်...
ပထမဆုံး ပါဝါကို ပိတ်လိုက်ပါ..
ထမင်းဇလုံ ပန်းကန်လုံးထဲမှာ ဖုံးထားပါ..
သဘာဝအတိုင်း ချောက်နေတဲ့ ထမင်းတွေက ပိုနေတဲ့
အစိုဓာတ်တွေကို စုပ်ယူသွားပါလိမ့်မယ်..
အနည်းဆုံး နှစ်ဆယ့်လေးနာရီကြာအောင် လုပ်ပေးပါ..
အဲဒီအချိန် အားမသွင်းပါနဲ့..
ဘက်ထရီကို နုတ်ယူပြီး အမြန်ဆုံး ချောက်အောင် လုပ်ပါ..
အစားထိုးဖို့အတွက် ဈေးဆိုင်ကြီးတွေဆီကို မသွားခင် အိမ်မှာ ပြင်လိုက်တော့ အကုန်အကျသက်သာပြီး..တန်ကြေးရှိလှပါတယ်..
ဝန်ခံချက်..FWDမေးလ်မှ ရသောWhat If You Droppod ur mobile phone in water? ဟူသော ဆောင်းပါးကို သင့်လျှော်သလို ဘာသာပြန်ဆိုသည်

ရှက်ကိရာ



အားလုံးအဆင်ပြေရင် ရှက်ကီရာက ကာလီ(နတ်သမီးစစ်သည်တော်)
အမည်ရတဲ့ အိန္ဒိယရုပ်ရှင်ကားမှာ Align Centerသရုပ်ဆောင်ပါလိမ့်မည်..။
ကရန်အရိုရာကဘဲ ဒီရုပ်ရှင်ကားကို ထုပ်လုပ်ဖြန့်ချီပါမည်..။
ဒီရုပ်ရှင်ကားဟာ 3Dရုပ်ရှင်ကား ဖြစ်ပါတယ်..။
နှစ်နာရီကြာမြင့်အောင် ကြည့်ရမဲ့ ရုပ်ရှင်ကားဖြစ်ပြီ..
လန်ဒန် ဒါမှမဟုတ် ယူရိုအရှေ့ပိုင်းက မြို့တစ်မြို့မှာ ရိုက်ကူးပါလိမ့်မယ်..
ဒီအစီအစဉ်မှာ ရှက်ကီရာ သရုပ်ဆောင်အဖြစ် ပါဝင်မှာ သေခြာတဲ့အကြောင်းကို
အရိုရာက Mirrorကို ခုလို ပြောပြပါတယ်..
"ရှက်ကိရာဟာ ကာလီ(နတ်သမီးစစ်သည်တော်)ကားမှာ
ပါဝင်သရုပ်ဆောင်ပါလိမ့်မယ်"
"သူမက မူအားဖြင့် သဘောတူပြီးပါပြီ"
"ငွေကြေးကို မြန်မြန် ဖြေရှင်းရမယ်"ဟု
High Ground Entertainment Ltd၏ CEO အရိုရာက ပြောပြပါတယ်..
ဘာကြောင့် အိန္ဒိယရုပ်ရှင်မင်းသမီးတွေကို ကာလီဇာတ်ကားမှာ
သရုပ်ဆောင်အဖြစ် မရွေးသလဲလို့ မေးတဲ့အခါ..
"ကျနော်တို့က အသားမဲတဲ့သူတွေကို လိုခြင်တယ်"
"ရှက်ကီရာက အသားမဲတယ်လေ"
"နောက်ပြီး အင်တာနေရှင်နယ် စတားတစ်ယောက်ကိုလဲ လိုခြင်လို့ပေါ့" ဟု
အရိုရာက ပြောကြားသွားပါတယ်..
အရိုရာဆိုတာ အင်ဒို ယူကေ စီမံကိန်းကြီးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်..။



Tuesday, September 14, 2010

အကောင်းမြင်ခံရသော မြူးဇစ်




အိန္ဒိယမြူးဇစ်များသည် အတွေးအခေါ်ကြွယ်ဝမှု တီးလုံးတွေ
တေးသားတွေ သာယာငြိမ်ညောင်းနာပျော်ဖွယ်ရှိမှု စည်းချက်မှန်ကန်တို့ကြောင့်
ကမ္ဘာတွင် ထင်ရှားကျော်ကြားသည်..။
စိတ်ပိုင်းဆိုင်ရာ ရှာဖွေသူတွေ..အနာဂါတ်ကို ကြိုတင်ဟောပြောသူတွေရဲ့
တင်ပြပုံကောင်းမွန်မှုကြောင့် အိန္ဒိယနိုင်ငံသည် ချီးမွမ်းအခံရသည်..။
စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေက စိတ်ပိုင်းဆိုင်ရာ ဆန့်ကျင်ဘက်နယ်ပယ်မှာ
ကျော်လွန်ပြီး စိတ်ကို ဦးဆောင်မှုဖြစ်စေပါတယ်..။
မြုံနေသော ဖန်းတီးနိုင်စွမ်း အစေ့တွေဟာ ကျွန်ုပ်တို့မှာ တည်ရှိနေပါတယ်..။
အိန္ဒိယရိုးရာ သီးချင်းများဟာ မရေမတွက်နိုင်သော လျို့ဝှက်နက်နဲသော အတွင်းစိတ်ကနေပြီး..စတင်ပေါ်ထွက်လာကတည်းက သီချင်းတွေဟာ နားထောင်လို့အလွန်ပင်ကောင်းပါတယ်...။
တခါက သျှရီအာနန္ဒမုတ္တိဆိုသူ..သီချင်းစတင်ရေးစပ်ပါတယ်..
သူဖန်တီးတဲ့ အနုပညာစမ်းချောင်းထဲမှာ စီးမြောရင်း..အနှောင့်အယှက်ပေါ်လာတယ်..
နောက်ဆုံးတော့ အမြင့်မြတ်ဆုံး..ဥာဏ်မမှီနိုင်သော စိတ်တွေနဲ့ အကန့်အသတ်မဲ့ သမုဒ္ဒရာထဲဆီ..
ပေါင်းစီး မျှောပါသွားပါတယ်...
အတွေးအခေါ်တွေ ဘာသာစကားတွေ အသံတွေ ရစ်သမ်တွေ
အားလုံးဟာ နက်ရှိုင်းလှပါတယ်..။
နှလုံးသားရဲ့ မေတ္တာရပ်ခံချက်အတိုင်း ၀တ္တုစတိုင်နဲ့ သီချင်းတွေကို ရေးဖွဲ့ပါတယ်..။
တစ်မူထူးခြားသော အရည်အသွေးတွေ ကမ္ဘာအနှံ့က စာသားတွေနဲ့ သီချင်းတွေကို ဝေေ၀ဆာဆာ ရေးဖွဲ့ပါတယ်..
ပရာဘာတဆမ်ဂီတ အမည်ရတဲ့ သီချင်းရေးဆရာကလဲ
တစ်ချိန်တည်းမှာဘဲ အစဉ်အလာအတိုင်း အများမိုးခါရေသောက်သလို
သူလဲ ဘီးနင်းထားတဲ့ချိုင့်ထဲမှာ ဆက်လက်လျှောက်လမ်းပါတယ်..။
ဘာဖြစ်လို့လဲဆိုတော့ သူလဲ...နံနက်ခင်းမိုးသောက် အရုဏ်တက်စတဲ့ အစဉ်အလာတွေကိုဘဲ
သီချင်း ရေးဖွဲ့လို့ဖြစ်ပါတယ်..။
လက်ရှိအချိန်ကတော့ ကျနော်တို့အတွက် အလွန်နက်နက်ခက်ခဲသော
ဘေးကြပ်နံကြပ် ချောက်ကမ်းပါးကြီးဆီ ရောက်ရှိလို့နေပါပြီ...
မရေမတွက်နိုင်လောက်အောင် များပြားသော ပြဿနာတွေကို
ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းပြီးနောက် လူတွေဟာ သူတို့ရဲ့ လမ်းစဉ်တွေကို ပျောက်ဆုံးကုန်ကြတယ်..အကျင့်စာရိတ္တတွေလဲ ပျက်စီးကုန်ကြတယ်..။
မျှော်လင့်ချက်ပျက်သုဉ်းမှုတွေ စိတ်ဓာတ်ကျဆင်းမှုတွေကလည်း
နေရာတကာပျံ့နှံ့လျှက်ရှိနေပါပြီ..။
"ကျွန်တော်ဟာ အကောင်းမြင်ဝါဒီတစ်ဦးပါ.."
"လူတိုင်း လူတိုင်း အကောင်းမြင်ဝါဒ ရှိသင့်ပါတယ်.."
"အရာရာတိုင်းကိုပေါ့.."
.."အသေးအဖွဲကိုပဲဖြစ်ဖြစ်..ကြီးကြီးမားမား ကိစ္စကိုဘဲဖြစ်ဖြစ်..အကောင်းမြင်သင့်ပါတယ်.."
"ကျနော်လဲ ခင်ဗျားတို့အတွက် မျှော်လင့်ချက်တွေနဲ့ သီချင်းတွေကို သီဆိုတယ်.."
'ဆက်လက်သီဆိုနေရအုံးမှာဘဲ"
"အားလုံး ပြည့်ဝဘို့ မျှော်လင့်ထားတဲ့သူတိုင်း သူရဲ့ပန်းတိုင်ကိုရောက်ဘို့ သေခြာပါတယ်.."လို့...သီချင်းရေးဆရာတစ်ယောက်က သူ့သားနဲ့ပတ်သက်ပြီး ပြောဆိုသွားပါတယ်
မျှော်လင့်ချက်ကုန်ဆုံးနေသူတွေ အကျင့်စာရိတ္တပျက်ပြားနေတဲ့ ဖျားနာသူတွေဟာ
သူတိုရဲ့ အမြင့်ဆုံး မျှော်လင့်ချက်တွေ ရရှိဘို့ ..
မျက်ရည်တွေ အပြုံးတွေနဲ့ ပြည့်လျှံနေတဲ့ ကမ္ဘာမြေကြီးဆီ ယူလာဘို့အတွက်
ကောင်းကင်ဘုံက လာတဲ့ မြူးဇစ်မြစ်ထဲမှာ..ကခုန်သီဆိုသင့်တယ်လို့...
အာနန္ဒမာဂအဖွဲ့ကြီးကို တည်ထောင်သူ သျှရီ အာနန္ဒမုတ္တိက ဆိုသွားပါတယ်..
လူတိုင်းလူတိုင်း အားလုံးနဲ့ အသည်းနှလုံးထဲကနေ ဆက်ဆံနေရတဲ့အတွက်
ဒီမြူးဇစ်မှတစ်ပါး တစ်ခြားမရှိပါဘူး..။
သံသယဆိုတဲ့ မဲမှောင်နေတဲ့ တိမ်တွေနဲ့ ယုံကြည်မှု နေရောင်တွေကို
ဖုံးကွယ်မထားသင့်ပါဘူး..။
ဒါဟာ ငါ့အတွက် လမ်းမဟုတ်ဘူးလားဆိုပြီး
ခရီးသွားတွေကလည်း ချီတုံချတုံဖြစ်နေကြတယ်....။
ထောင်ပေါင်းများစွာသော မေးခွန်းတွေ..သံသယမျှားတွေနဲ့
လူတွေဟာ..အဆက်မပြတ်ထုနှက်ခံနေရတယ်..
ဒီလိုမေးခွန်းအတွက် အဖြေကတော့ ပရာဘာတစမ်ဂိတအမည်ရတဲ့
သီချင်းတွေထဲမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်...။
ဒီသီချင်းတွေမှာ..စိတ်ပိုင်းဆိုင်ရာရှာဖွေသူတွေအတွက်
လမ်းညွှန်ချက်တွေနဲ့ ပြည့်နေပါတယ်..။





ဝန်ခံချက်..Acharya Nityasatyananda ရေးသားသော Musis of Optimism ဟူသော ဆောင်းပါးတစ်စိတ်တစ်ဒေသကို ဘာသာပြန်ပါသည်.... အရှင်နာဂ(ပုနေး)

မျက်စိ


သတင်းစာကို ဖတ်တိုင်း စိတ်တင်းကြပ်မှုတွေ စိတ်လက်မသက်မသာဖြစ်ရမှုတွေ ကြုံရတယ်..
ဒီနေ့တော့ သတင်းတစ်ခု ဖတ်လိုက်ရလို့..စိတ်လက်ပေါ့ပါးတယ်..
မျက်စိနဲ့ ပတ်သက်ပြီးပေါ့...
ကိုယ်တိုင်လဲ မျက်စိက မကြာမကြာအောင့်နေတော့ ..
မျက်စိနဲ့ ပတ်သက်ပြီး သိခြင်နေတယ်..
သိပ္ပံပညာရှင်တွေက မျက်စိအဝေးမှုံဖြစ်ရခြင်းအကြောင်း
မျိုးရိုးဗီဇကို ရှာဖွေတွေရှိပြီလို့ ကမ္ဘာကြီးကို ကြေငြာလိုက်ပြန်တယ်..
ကမ္ဘာပေါ်မှာ ရှိတဲ့ မျက်စိနဲ့ ပတ်သက်ပြီး ကစဉ်ကလျားဖြစ်နေတာတွေအတွက်
ကုသဘို့ လမ်းစတွေ့ပြန်ပြီလို့ ဆိုပြန်တော့ စစ်ပွဲသတင်းတွေ တစ်ခြားလူမှုရေး ပြဿနာတွေ ဖတ်နေရတာထက်စာရင်..ဒီသတင်းလေးက ရင်ကို ကြည်နူးစေတယ်..လေ..သတင်းအပြည့်အစုံ သိခြင်ရင်တော့ ဒီမှာ နှိပ်ကြည့်လိုက်လေ

Monday, September 13, 2010

တွေးမိတွေးရာ


ဒီနေ့ သူငယ်ချင်းတစ်ယောက်အတွက် stay visa ထပ်တိုးဖို့ ရုံးကိုသွားရတယ်.. Align Centerအဖေါ်အဖြစ် လိုက်သွားရတယ်လေ..။သိတဲ့အတိုင်း ကုလားတွေဆိုတော့ စည်းကမ်းက
ခဏခဏ ပြောင်းတယ်..ရုံးကအပြန် အခန်းမှာ ခဏ အနားယူပြီး ရေမိုးချိုးလိုက်တယ်..
နောက်ပြီး အိန္ဒိယတိုင်းသတင်းစာ ဖတ်ကြည့်မိတယ်..
သတင်း တစ်နေရာမှာ ရစ်ရှောဒရိုင်ဘာ(သုံးဘီးမောင်းသူ)တစ်ယောက်က
ဆယ်တစ်နှစ်အရွယ်ကလေးငယ် တစ်ယောက်ကို သွေးဆောင်ဖြားယောင်းခေါ်ယူသွားပြီး လည်ပင်းညှစ်သတ်လိုက်တဲ့ သတင်းတစ်ခုဖတ်လိုက်ရတယ်..
မသတ်ခင် ကလေးအဖေကို ဖုန်းခေါ်ပြီး..ရူပီးငွေနှစ်သိန်းနဲ့ ကလေးကို ပြန်လည်ရွေးဘို့ပြောတယ်..ကလေးဖခင်လဲ မပေးတော့..သူသားလေး အသတ်ခံလိုက်ရတယ်..
ဒါနဲ့ ပတ်သက်ပြီး စိတ်ကူးမိတယ်..လူတွေ ဆင်းရဲတိုင်း အဓမ္မမတရားမှုတွေကို လုပ်ကြရမှာလား..ဆင်းရဲမှုသည် ဗုဒ္ဓဘာသာအလိုအရ အရင့် အရင်ဘ၀တွေက..ဒါနနည်းခဲ့လို့.သူတစ်ပါးကို ကူညီပေးကမ်းမှုနည်းခဲ့လို့..မိမိက လူသားတွေကောင်းကျိုးတွေ မလုပ်ခဲ့တဲ့အတွက်..
မိမိလည်း ယခုဘ၀မှာ..အခက်အခဲတွေဖြစ်ကြရ၏..
ယခုပစ္စုပ္ပန်ဘ၀ ကြိုးစားရုန်းကန်လှုပ်ရှားလုပ်ကိုင်သော်လည်း အဆင်မပြေတွေနဲ့ တွေ့နေရခြင်းသည်..ကုသိုလ်သတ္တိနည်းနေသေးသောကြောင့်ပင်ဖြစ်၏..
ထိုကြောင့် မိမိအားနည်းချက်ကို မိမိသိပြီး ကိုယ့်ဘ၀ကိုယ် ကိုယ်တိုင်ပင်
ဥာဏ်ရှေ့သွားပြုပြီး တိုးတက်အောင် လုပ်ဆောင်သင့်ပေသည်...။
မှားယွင်းတဲ့ အတွေးအခေါ်ဖြင့်..သူတစ်ပါး မျက်ရည်ကျမှ မိမိချမ်းသာရမည့်အလုပ်မျိုးနဲ့
..ဘ၀ကို တိုးတက်အောင် မကြံဆောင်သင့်ပေ..။
မိမိအပြုအမှု မိမိအလုပ်အကိုင်ကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက်
ဖြစ်ရခြင်းသည် မိမိအတွက်လည်း စိတ်ချမ်းသာစရာမကောင်းသလို
ခံစားရသူ ပတ်ဝန်းကျင်အတွက်လည်း နစ်နာစရာဖြစ်ပါသည်..
ထိုကြောင့် မိမိတို့သည် မိမိတို့၏ ကာယကံမှု ၀စီကံမှုတို့ကို
ဥာဏ်ပညာ ရှေ့သွားပြုပြီး လုပ်ကိုင်ကြပါရန် တိုက်တွန်းလိုက်ပါသည်...
ယခုဘ၀ မသေခင်လေး..ဒါနဆောက်တည်ခြင်း သီလဆောက်တည်ခြင်း..
ဘာဝနာပွားများခြင်းတို့ဖြင့်
မိမိတို့ဘ၀ကိုငြိမ်းချမ်းစွာတည်ဆောက်သင့်ပေသည်..

Friday, September 10, 2010

တံငါပျိုနဲ့ ငါးမန်းမ


ပြင်သစ်မဂ္ဂဇင်းမှာ ဖေါ်ပြထားတဲ့ တံငါသမားနဲ့ ငါးမန်းမလေးတို့ရဲ့
သံယောဇဉ်လွန်ဆွဲပွဲလေးကို အင်တာနက်မှာ .ဖတ်လိုက်ရတယ်..
သြစတေးလီးယားတောင်ပိုင်းက ပရော်ဖက်ရှင်နယ် တံငါသည်လေး အာနိုးလ်ပွိုင်တာဟာ
ပင်လယ်ပြင်ကို ငါးဖမ်းထွက်ခဲ့လေသည်..မိုးလေသာသာနဲ့မို့..ကမ်းစပ်နဲ့ အတော်ဝေးရာ
ပင်လယ်ပြင်ဘက်ကို ထွက်ခဲ့တယ်..ဖြစ်ခြင်တော့ ...
သူ့ငါးဖမ်းပိုက်ကြီးထဲမှာ..ငါးမန်းဖြူမကြီး မိသတဲ့..
တံငါသည်လေး အာနိုးဟာ သနားတာနဲ့မို့..ငါမန်းဖြူမကြီးကို
မသတ်ဘဲ ပင်လယ်ပြင်ထဲကို ပြန်လွှတ်လိုက်လေသည်..
ခုတော့ တံငါသည်လေး အာနိုးလ်ဟာ ပြင်သစ်မဂ္ဂဇင်းကြီးကို ဖေါက်သည်ချသတဲ့..
"ကျနော် ပင်လယ်ပြင်မှာ ပြဿနာတက်နေတာ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကတည်းက စခဲ့တာပါ"..
"ငါးမန်းဖြူမကြီးက ကျနော်ကို ပင်လယ်ပြင်မှာ တစ်ယောက်တည်း မထားဘူး"
"ကျနော် ပင်လယ်ပြင်မှာ သွားလေရာတိုင်းကို သူက နောက်ကနေ လိုက်နေတာ"
"ငါးတွေကိုလည်း ခြောက်ထုတ်နေတယ်ဗျာ"
"သူကတော့ ကျနော်ကို အန္တရာယ်ကင်းစေခြင်လိုနဲ့တူပါတယ်.."
"ကျနော်က တံငါသမားလေ"ဟု ညည်းတွားကာ ပြင်သစ်မဂ္ဂဇင်းကို ပြောပြလေသည်..။
"ခုတော့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့ကလည်း ကာကွယ်နေတာမို့.. ၁၇ပေ..ရှည်တဲ့ အဲဒီငါးမန်ဖြူကြီးကို သတ်ဘို့ဆိုတာလဲ မလွယ်တော့ဘူး"
"ခုတော့ ကျနော်နဲ့ စင်ဒီ(ငါးမန်းမနာမည်)ကြားမှာ ချစ်ခြင်းတွေ တည်ဆောက်ပြီးနေပြီ.."
တစ်ခါက ပင်လယ်ပြင်မှာ ကျနော်ဘုတ်ကို ရပ်လိုက်တော့ သူစင်ဒီ ကျနော်ထံကို လာတယ်..။
"သူ့ကျောကုန်းကို လှန်ပြီး ၀မ်းဗိုက်ကြီးနဲ့ ကျနော်ကို ပွတ်သီးပွတ်သတ်လုပ်တယ်.."
"လည်ပင်းတွေနဲ့..ရောဗျာ.."
"သူမရဲ့ မျက်စိတွေနဲ့..ကျနော်ကို လှည့်လှည့်ကြည့်ပြီ..တအီအီအော်တယ်.."
သူရဲ့ ဆူးတောင်ကို အထက်အောက် ရွေ့ပြီး..ရေတွေကို တဗြုန်းဗြုန်းနဲ့ ပျော်ပျော်ကြီး ရိုက်ပုတ်နေတော့တာဘဲဗျာ..ဟု ပြင်သစ်မဂ္ဂဇင်းကို ပြောပြလေသည်...

မှတ်ချက်..Unbelievableဟူသော ဆောင်းပါးကို သင့်လျှော်သလို ဘာသာပြန်ပါသည်..

ဦးလေးပု..သို့မဟုတ် နီနို


ဒီနေ့ မလေးရှားက သူငယ်ချင်းတစ်ယောက်ဆီက မေးလ်လာလို့ ဖတ်ကြည့်မိလိုက်တယ်..
ဘာရယ်မဟုတ်ပါဘူး.. ကမ္ဘာ့အရပ်အတိုဆုံး လူသားဆိုတာလေးကို ပို့လိုက်တာပါ..
သူပို့လိုက်တော့လဲ ဖတ်ရတာပေါ့..ဆိုပြီး ဖတ်ကြည့်မိလိုက်တော့..
အပုလေး အမည်က နီနိုတဲ့(NiNo)တဲ့..အသက်ကလေးက (၂၈)တဲ့ ..အရွယ်ကောင်းလေးပေါ့..အရှည်က(၂၇)လက်မနဲ့ (၇၀)စင်တီမီတာ ရှိသတဲ့..ကိုယ်အလေးချိန်က(၁၀)ကီလိုရှိပြီး ကိုလံဘီယာနိုင်ငံသားဖြစ်ပါသတဲ့...
ကိုနီနိုဘ၀တစ်လျှောက်လုံး ကျန်းမာချမ်းသာစွာနဲ့ လိုရာဆန္ဒတွေပြည့်ပါစေ..လိုဘဲ ရင်ထဲကနေဆုတောင်းမေတ္တာပို့ပေးနေမိတယ်

Wednesday, September 8, 2010

မုန်တိုင်းတွေတိုက်ခတ်နေလဲ အိပ်နေမှာပဲ..


ဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပေါ့..အတ္တလန်တစ် ပင်လယ်ကမ်းရိုးတမ်းမှာ Align Centerမြေပိုင်ရှင်လယ်သမားတစ်ဦးရှိသည်..။
သူဟာ အမြဲတမ်း သူရင်ငှား လယ်သမားအလိုရှိကြောင်းပြောသည်..။
လူအများစုကလည်း အတ္တလန်တစ် ပင်လယ်ကမ်းရိုးတမ်းက လယ်ယာမြေတွေမှာ အလုပ်လုပ်ဘို့ ၀န်လေးကြသည်..အင်တင်တင်ဖြစ်ကြသည်..။
ဘာဖြစ်လို့လဲဆိုတော့..အတ္တလန်တစ်ပင်လယ်ကို ဖြတ်ပြီး သဲကြီးမဲကြီးတိုက်ခတ်တတ်တဲ့လေမုန်တိုင်းက ကြောက်စရာကြီး..။
လေမုန်းတိုင်းကျလာပြီဆိုရင် လူနေအိမ်တွေရော ကောက်ပဲသီးနှံပင်တွေပါ ပျက်စီးကုန်တာဘဲ..။
ဒါကြောင့်မို့ လယ်သမားကြီးဟာ သူရင်းငှား လယ်အလုပ်သမားကို မရရှာပေဘူး..
သူရရှာတာကတော့ သူ့လယ်မှာ မလုပ်နိုင်ပါဘူးဆိုတဲ့ ငြင်းဆိုချက်တွေပါဘဲ..။
နောက်ဆုံးတော့ အရပ်ပုပု ပိန်ပိန်ပါးပါး အသက်အလယ်အလတ်တန်းလောက်ရှိတဲ့ လူတစ်ယောက် လယ်သမားကြီးဆီမှာ အလုပ်လုပ်ဘို့ ရောက်ချလာပါလေရော..။
"မင်းက သူရင်းငှားတစ်ယောက် အလုပ်သမားကောင်း တစ်ယောက် ဖြစ်ပါ့မလား.."
လယ်သမားကြီးက ထိုလူ့ကိုကြည့်ပြီး မေးလိုက်သည်..
သူရင်းငှား အလုပ်သမားကလဲ
"ဟုတ်ကဲ့..ကျနော်လား..ကျနော်က လေတိုက်ရင်တောင် ကောင်းကောင်းအိပ်နိုင်တဲ့လူဗျ"ဟု ပြန်ဖြေလိုက်လေသည်..။
လယ်သမားကြီးဟာ ထိုအလုပ်သမား သူရင်းငှား ပြောစကြားကြောင့် တွေတွေဝေေ၀ ကြောင်အမ်းအမ်းဖြစ်သွားပေမဲ့..လယ်ယာလုပ်ငန်းအတွက် အကူအညီလိုနေတာမို့ ထိုသူကို ငှားလိုက်တယ်..သူရင်းငှားခန့်လိုက်တယ်..။
လယ်ကူလီ အလုပ်သမားလေးဟာ အလုပ်လဲခန့်လိုက်ရော လယ်ယာလုပ်ငန်းကို ကြိုးကြိုးစားစား လုပ်ပေးရှာတယ်..မနက်မိုးလင်းကနေ ညမိုးချုပ်ထိပေါ့..
လယ်သမားကြီိးလည်း သူရင်းငှား လယ်ကူလီ အလုပ်သမားလေး အလုပ်ကြိုးစားတာကို မြင်ရတော့
သဘောကျ ပီတိဖြစ်နေရတယ်..
ဒီလိုနဲ့ တစ်နေ့မှာ..ကမ်းလွန်ပင်လယ်ပြင်ကနေ..ပြင်ထန်းစွာ လေမုန်တိုင်း တိုက်လေသည်..။အိပ်ရာကနေခုန်ထပြီး လယ်သမားကြီးဟာ မီးအိမ်လေးဆွဲကာ
လယ်ကူလီ အလုပ်သမား သူရင်းငှားလေး အိပ်တဲ့နေရာဆီ ပြေးသွားလေသည်..။
လယ်ကူလီ အလုပ်သမား သူရင်းငှားလေး အိပ်နေတာ မြင်ရတော့..
လယ်သမားကြီးဟာ တုန်လှုပ်ခြောက်ခြားသွားတယ်..
"ဟေ့ကောင်..ထ..ထ..."
"မုန်တိုင်းလာနေပြီကွ"ဟု
စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလေသည်..။
လယ်ကူလီ အလုပ်သမားလေးဟာ အိပ်ရာပေါ် လူးကာ လှိမ့်ကာနဲ့..
" ကျနော်ကတော့..မုန်တိုင်းတွေတိုက်လဲ ..အိပ်ရမှာဘဲ"ဟု အော်ပြောလေသည်..။
လယ်သမားကြီးဟာ ထိုစကားသံကိုကြားတော့..ဒေါသတွေ အလိပ်လိုက် အလိပ်လိုက် ထွက်လာပြီး...အဲဒီနေရာမှာတင် မီးရှို့သတ်ပစ်ဘို့ စိတ်ကူးပေါက်သွားလေသည်..။
ဒါပေမဲ့ မုန်တိုင်းက ပြင်းထန်စွာ တိုက်နေတော့ ..လုပ်စရာရှိတာတွေ လောလောဆယ်
လုပ်အုံးမှလို့ စိတ်ကူးပေါက်ပြီး အိမ်ပြင်ကို ပြေးထွက်သွားသောအခါ..
လယ်သမားကြီး အံ့သြသွားလေသည်..
နွားစာမြက်ခြောက်တွေကိုလည်း မိုးရေခံ တာပေါ်လင်စတွေနဲ့ ဖုံးထားတယ်..
နွားတွေကိုလည်း နွားတင်းကုပ်မှာ သေသေခြာခြာ ချည်နှောင်ထားတယ်..
ကြက်တွေကိုလည်း ကြက်လှောင်အိမ်မှာ သေခြာလှောင်ထားတယ်..
တံခါးတွေကိုလည်း သေသေခြာခြာ မင်းတုပ်ချ ကန့်လန့်ထိုးထားတယ်..တံခါးပေါက်တွေကိုလည်း သေသေခြာခြာ ဖုံးကာထားလို့..မုန်တိုင်းတိုက်လို့ လွင့်မြောသွားနိုင်တဲ့
ပစ္စည်းတွေကိုလည်း သေသေခြာခြာ ချည်နှောင်ထားတယ်..
မုန်တိုင်းတိုက်လို့ ဘာပစ္စည်း ပစ္စယမှ လွင့်မြောပျက်စီးသွားတာမရှိ....
ခုတော့ လယ်သမားကြီး သဘောပေါက်ပါပြီ..
လယ်ကူလီ အလုပ်သမားလေးပြောတဲ့..မုန်တိုင်းကျလည်း အိပ်နေမှာဘဲဆိုတဲ့ စကားကို ကြားရောင်ရင်း..လယ်ရှင်အလုပ်သမားကြီးလည်း ..
မုန်တိုင်းကျလည်း ငါလဲအိပ်မှာဘဲဟု နုတ်မှ တိုးတိုးရွတ်ဆိုရင်း..
အိပ်ရာသို့ ပြန်ဝင်ကာသွားလေသည်..

မှတ်ချက်..သူငယ်ချင်းတစ်ယောက်မေးလ်ဖြင့်ပေးပို့သော.. Can You Sleep while the wind blows?ဟူသော ဆောင်းပါးကို ဘာသာပြန်ပါသည်... အရှင်နာဂ(ပုနေး)

Tuesday, September 7, 2010

I Don't need You Anymore


မနက်ခင်း အိပ်ရာထထခြင်း မျက်နှာသစ် သွားတိုက်ပြီး ဘုရားရှိခိုးတယ်..နောက်ပြီး ကော်ဖီတစ်ခွက် သောက်တယ် ..ကော်ဖီသောက်ရင်း အိန္ဒိယတိုင်းမ်သတင်းစာဖတ်ကြည့်မိတယ်..ဟိုလှန် ဒီလှန် လှန်ကြည့်ရင်း မန်ယူ ပရိသတ်တို့ရဲ့ အချစ်တော် မောင်ဝိန်းရွန်းနီ သတင်းဖတ်လိုက်ရတယ်..I Don't need You Anymoreတဲ့..မန်ယူအချစ်တော် ၀ိန်းရွန်းနီရဲ့ လူမှုရေးဖေါက်ပြန်တဲ့သတင်းပေါ့..ပြည်တန်ဆာမလေးနဲ့ ဖေါက်ပြန်တယ်ဆိုတဲ့အကြောင်း ဖတ်လိုက်ရတယ်...
မောင်ဝိန်းရွန်းနီရဲ့ လူမှုရေးဖေါက်ပြန်တာကို သီးမခံနိုင်တော့တဲ့ ဇနီးကိုလင်း (Collen) နှစ်ဆယ့်လေးနှစ်ရွယ်လေးဟာ သူ့မိဘထံကို ပြန်ပြေးသတဲ့..၀ိန်းရွန်းနီကလဲ မျက်ရည်ခံလေးထိုးပြီး ချစ်ဇနီးမဟေသီကို တောင်းပန်တယ်..သူမှားခဲ့တဲ့အကြောင်း..မကောင်းတဲ့မိန်းကလေး ဂျင်နီသွန်ပဆင်(Jenny Thompson)နဲ့ အတူအိပ်ခဲ့ဖူးကြောင်း ၀န်ခံသတဲ့...သားလေး ကိုင်(Kai)ကို ကိုယ်ဝန်လွယ်ထားခဲ့ရတဲ့အချိန်ကတဲ့ဗျာ...
ချစ်ဇနီးကိုလင်း(Collen)ကတော့ ပေါက်ကွဲပြီး..မမြင်ခြင်တော့ဘူး ထွက်သွား..ဘော့လုံးသာ ကစားနေတော့ဟု ကျိန်းသွားတဲ့အကြောင်းကို The Sunသတင်းစာက သူမပြောတဲ့အတိုင်း ဖေါ်ပြခဲ့ပါသတဲ့...အဲဒီသတင်းကို ယနေ့ထုတ် အိန္ဒိယတိုင်းမ်သတင်းစာကြီးက အများပြည်သူအတွက် ပြန်လည်ဖေါက်သည်ချပြန်လေရဲ့...

စာရေးသူတို့၏ စကျင်ရွာတောင်တန်း



မန္တလေးမြို့မြောက်ဘက် မိုင်သုံးဆယ်ကျော်လောက်လောက်မှာ တည်ရှိပါတယ်..Marbleကျောက်များ ထွက်သောတောင်တွေရှိသောကြောင့်..ထိုရွာကို စကျင်ရွာလို့ခေါ်ပါတယ်..ဘာကြောင့် စကျင်ရွာလို့ ခေါ်တာ အတိအကျ မသိပေမဲ့ Marble ကျောက်တွေကတော့ တကယ်အဲဒီရွာမှာ ထွက်ပါတယ်..အဲဒီကျောက်တွေနဲ့ဘဲ ဘုရားဆင်းတုတော်တွေမျိုးစုံနဲ့ တရုပ်ကွမ်ရင်မယ်တော်ပုံတွေ ထုကြပါတယ်..မန္တလေးဘုရားကြီး ကျောက်ဆစ် တန်း နဲ့ ရန်ကုန်ရွှေတိဂုံဘုရားနားက ကျောက်ဆင်းတုတော်တွေဟာ စကျင်ရွာက ထွက်ရှိတဲ့ ကျောက်တွေနဲ့ ထုဆစ်ပြီး ရောင်းဝယ်နေကြတာ ဖြစ်ပါတယ်..
အမရပူရက ပုထိုးတော်ကြီးဘုရားတို့ မန္တလေးတောင်ခြေနားက ကျောက်တော်ကြီးဘုရားတို့ဆိုတာ စကျင်ရွာ ကနေ သယ်ယူပင့်ဆောင်သွားတာလေ..အဲဒါတွေက ဟိုအရင် ဘကြီးတော်လက်ထက်နဲ့ မင်းတုန်းဘုရင် လက်ထက်တုန်း ကပေါ့..ခုခေတ်မှာလဲ..ပြင်ဦးလွင်မှာတည်ထားတဲ့ နာမည်ကြီးနေတဲ့ ဘုရားနဲ့ ရန်ကုန် မင်းဓမ္မကုန်းမှာတည်ရှိတဲ့ ကျောက်ဆင်းတုတော်ကြီးတွေဟာ စကျင်ရွာက သယ်ယူ ပင့်ဆောင်ပူဇော်ခဲ့ကြတာ ဖြစ်ပါတယ်..ဒါက အများသိဘုရားတွေကို ပြောပြတာပါ..ချုံပြောရရင် ကျောက်ဆင်းတုဘုရား တော်တော်များများ ကတော့ စကျင်ရွာကထွက်တာပါ..
ခုလိုပြောပြနေရတာကလဲ စာရေးသူကိုယ်တိုင်က စကျင်ရွာသားဖြစ်လို့လေ...ကိုယ့်ရွာလေးကို အလွမ်းပြေ အနေနဲ့ ရေးပြရတာပါ..ဒီဓာတ်ပုံလေးတွေကတော့ စာရေးသူတို့ရဲ့ စကျင်ရွာတောင်တန်းကြီးလေ.. ၀ါဆိုဝါခေါင် ဆို စာရေးသူတို့ရဲ့ စကျင်ရွာလေးကိုရော စကျင်တောင်တန်းတွေကိုရော မြစ်ရေတွေက အပန်းဖြေလာ ကြတယ်လေ..ခုလို ရေကြီးခါကြရင် ...စကျင်တောင်တွေနဲ့ စကျင်ရွာလေးကို ပိုပိုပြီးသတိရတယ်..

Sunday, September 5, 2010

The Bad Part....



Okay, here is the part I messed up in. Like I said, I did a "little research" and decided to try out this brainwave entrainnment meditation thing.

Well I did not do enough research as i should have. I jumped in with both feet and ended up spending a few hundred dollars at different online meditation websites. I regretted most of my purchases as soon as I tried the products. If you are going to try this. DON'T make the same costly mistakes as me.

I then decided to fully research brainwave entrainment and discovered that there was tons of scammy products that said they incorporated the brainwave entrainment meditation technique but did nothing of the sort.

It would have been great to have someone to point me in the right direction at this point.