အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Wednesday, August 12, 2009

အမေနဲ့ ရွာကိုလွမ်းတယ်
မြောက်အရပ်က နံနက်ခင်း လေးညှင်းနဲ အတူ တေးသံသာ လွင့်လာတယ်..အမေနဲ့ ရွာကိုလွမ်းတဲ့ သီချင်း လေးပေါ့...တောင်တန်းတွေဝေ့၀ိုက်ပြီး သစ်ပင်လေးတွေနဲ့ စိမ်းလမ်းနေတဲ့ ရွာလေးမှာ အမေရှိတယ်..အမေက အဲဒီရွာလေးမှာ နေထိုင်ပြီး ဘ၀ကို ကုန်ဆုံးမယ်ထင်တယ်...ဘယ်ကိုမှ အမေဟာ ကောင်းကောင်းမရောက်ဘူး ပေမဲ့ သားဆိုးလေးရှိတဲ့နေရာကိုတော့ အမေရောက်ရောက်လာတတ်တယ်....
အမေရောက်လာတိုင်းလည်း သားကို အမြဲစိတ်ပူပင်နေတဲ့အကြောင်း အမေပြောပြတတ်လေရဲ့ ...သားကို ဒီလောက်ထိ စိတ်ပူပင်တတ်ရန်ကော အမေရယ်...ပတ်ဝန်းကျင်နဲ့ အဆင်မပြေတိုင်း အမေကို သတိရတယ်. သားဘ၀မည်သို့ ရှေ့ ဆက်လျှောက်ရမလဲဆိုတာကို စဉ်းစားတိုင်းလဲ အမေမျက်နှာလေး ပြေးပြေးပေါ်လာတယ်.
လူမှူရေးတွေနဲ့  ရှုပ်ထွေးနေတဲ့....သားကို အမေ သာ ခု သိမယ်ဆိုရင်....အမေ သားကို ဘယ်လိုများ ပြောအုံးမှာပါလိမ့်.....
ှိ

No comments:

Post a Comment