အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Saturday, July 17, 2010

ဆားငန်ရေနောက်

ဖွားမြင်သည်ကစ၍ မိဘချစ်ရ၊ ဆွေမျိုးဥာတိ ချစ်ရနှင့် ချစ်လက်တီထွင်ကာ အတော်ကြာလျှင် ကစားဖေါ်ခြင်း ချစ်ရ၊ မိတ်ဆွေရင်းချစ်ရ စသည်ဖြင့် ၀မ်းတွင်းပါ ဓမ္မတာတရားက အချစ်ကို လမ်းပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရာ သောက်ပြီးခါမှ သာ၍ငတ်၊ ငတ်သည့်အတွက် ထပ်၍သောက်၊ သောက်လေ ငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ် အာရုံတွေကို ငတ်ငတ်ရှိ၍ လိုက်စားခါမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်နိုင်ဘဲ ချစ်ပင်လယ်ထဲ၌ ၀ဲလှည့်၍ နေကြရလေတော့သည်.....
အချစ် အချစ်၊ ချစ်တိုင်းချစ်၍၊ ချစ်လေချစ်လေ၊ ချစ်မပြေတည်း၊
ဆားငန်ရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေသောက်လေ၊
ငတ်မပြေသို့၊ ပေမအရာ၊ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း.....
အပြစ်မမြင်၊ မဆင်ခြင်ဘဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်...
ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း.....။(ရှေးပညာရှိပျို့)
(ကိုယ့်ကျင့်အဘိဓမ္မာ)

No comments:

Post a Comment