အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Saturday, September 19, 2009

ငါသေသွားပြီ...



စိတ်ပညာရှင်တွေရဲ့ သုတေသနပြုချက်အရ လူတိုင်း လူတိုင်း တစ်သက်မှာ အနည်းဆုံး
တစ်ကြိမ်လောက်တော့ ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်တဲ့စိတ် ဖြစ်ဖူးကြတယ်လို့
ဆိုပါတယ်။ ဘ၀ဆိုတာ စိတ်ဆင်းရဲစရာတွေ၊စိတ်ညစ်စရာတွေ ပတ်လည်ဝိုင်းနေတဲ့
အရာမို့ တစ်ခါတစ်ရံ ဒီလိုစိတ် ( သတ်သေချင်စိတ်) ဖြစ်တယ်ဆိုတာ သဘာဝတော့
ကျပါတယ်။
အများအားဖြင့် အဲဒီလိုသတ်သေချင်စိတ်က အိပ်ချိန်မှာပိုဖြစ်တတ်ပါတယ်။
တခြားအချိန်မှာက ဘယ်လောက်ပဲ စိတ်ဆင်းရဲဆင်းရဲ ၊ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊
မလုပ်မဖြစ်တဲ့ လုပ်စရာအလုပ်တွေက လုပ်နေရတာဆိုတော့ သတ်သေချင်စိတ် သိပ်
ထင်ထင်ရှားရှား မဖြစ်သာပါဘူး။အိပ်ချိန်မှာကျတော့ ဘာအလုပ်မှမရှိတော့ပဲအားသွား
တဲ့အတွက် စိတ်ဆင်းရဲစရာတွေ၊စိတ်ညစ်စရာတွေ တမင်မစဉ်းစားရဘဲ အလိုလို
တသီတသန်း ကြီး ပေါ်လာပြီး အိပ်မပျော်နိုင်ဖြစ်၊စိတ်ဆင်းရဲလေ အိပ်မပျော်လေ၊
အိပ်မပျော်လေ စိတ်ဆင်းရဲလေနဲ့ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို သတ်သေလိုက်
ချင်တဲ့စိတ်တွေ ဖြစ်သွားတော့တာပါပဲ။
အိပ်ရာကနိုးလာတော့လည်း အိပ်ရေး၀၀၊မ၀၀ အိပ်မပျော်ခင်ကဖြစ်ခဲ့တဲ့ သတ်သေ
ချင်စိတ်သိပ်မရှိတော့ပါဘူး၊သို့မဟုတ် လုံးဝမရှိတော့ပါဘူး။
ဒီသဘောကို ကိုယ်ကနားလည်ထားရင် အိပ်ချိန်မှာ အပိုအတွေးတွေ လုံးဝမတွေးမိ
အောင်အလေ့အကျင့် လုပ်ထားရုံပါပဲ။အခြေအနေအရ ကိုယ်မတွေးပေမယ့်
အတွေးတွေက အလိုလိုပေါ်နေတယ်ဆိုရင်လည်း ဂုဏ်တော်ပွား၊မေတ္တာပို့၊ ၀င်လေ
ထွက်လေ ရှုပြီး အလိုလိုအတွေးပျောက်အောင်ကြိုးစားရမှာပေါ့။တချို့ကလည်း
တစ်၊နှစ်၊သုံး၊လေး ရေတွက်ရင်း အိပ်ပျော်အောင် လုပ်ကြတာပေါ့လေ။ဘယ်လိုလုပ
လုပ် အိပ်ပျော်သွားဖို့ပဲ အရေးကြီးပါတယ်။သိပ်လိုအပ်လာရင် အိပ်ဆေးထသောက
လိုက်ပေါ့။
အိပ်လို့ ပျော်ပျော် မပျော်ပျော်၊ နိုးနေချိန်မှာ ကိုယ်လုပ်စရာရှိတာသာလုပ်
နေလိုက်ရင် သေချင်စိတ်ပျောက်သွားမှာပါ။အရေးကြီးဆုံးက ကိုယ့်အလုပ်ကိုယ်လုပ
နေဖို့ပါပဲ။ ကိုယ်လုပ်ချင်တာ မလုပ်ရရင် တချို့က သေပြစ်လိုက်ချင်ကြပါတယ်။သေ
သွားရင်ဘာမှလုပ်လို့မရတော့ပါဘူး။မသေသေးတဲ့အတွက် လုပ်ခွင့်ရသလောက်တော့
လုပ်လို့ရပါသေးတယ်။သေရင်ပြီးပြီ။ဘာဆို ဘာမှလုပ်ခွင့်မရတော့ဘူး။ဒီတော့ သေ
ပစ်လိုက်မယ့်အစား ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်နိုင်စွမ်းရှိသလောက်
အောင်မြင်အောင် လုပ်နေရုံပါပဲ။ ကိုယ့်အတွက် သို့မဟုတ် အများအတွက် အကျိုးပြုတဲ့ အဲ့ဒီအလုပ်အောင်မြင်မှုနဲ့ ကျေနပ်နေလိုက်ရင် သေချင်စိတ်ပေါ်မှာ မဟုတ်တော့ပါဘူး။
သေချင်စိတ်ဖြစ်တုန်းက သတ်သေလိုက်ရင် အခုဆိုသေသွားပါပြီ။ကိုယ့်ကိုယ်ကို
သေသွားပြီလို့ သဘောထားလိုက်ရင် မသေချင်တော့ပါဘူး။ကိုယ့်ဘာသာကိုယ်သတ်
မသေလည်း သူဘာသာသူ ခဏနေ သေရင်သေသွားမှာပဲ၊မသေမှာမပူနဲ့၊အချိန်မရွေး
သေသွားနိုင်ပါတယ်၊ အချိန်မရွေး သေမှာပါ လို့ လေးလေးနက်နက် ဆင်ခြင်လိုက်ရင်
လည်း သတ်သေဖြစ်မှာမဟုတ် ပါဘူး။
ကိုယ့်ပတ်ဝန်းကျင်က ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားသူတွေကို သတိရလိုက်ရင်လည်း
သေချင်စိတ် ပျောက်သွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို သေသွားပြီလို့ သတိထားလိုက်
ရင် လုပ်ချင်သလောက်လေးပဲလုပ်နေရတာ၊ လုပ်နိုင်သလောက်လေးပဲလုပ်နေရတာ
အပေါ်ကျေနပ် အားရမှာပါ။တိုတောင်းလှတဲ့ဘ၀လေးမှာ ကိုယ်လုပ်ချင်တာလေးလုပ်
ပြီး စိတ်အေးချမ်းသာစွာနေသွားရဖို့က အဓိကပါပဲ။ ကိုယ်မလုပ်ချင်တဲ့အလုပ်တွေ၊ကိုယ်
မလုပ်နိုင်တဲ့အလုပ်တွေနဲ့ မနိုင်ဝန်ထမ်းပြီး ပင်ပန်းမနေသင့်ပါဘူး။မနိုင်ဝန်ထမ်းရင်
စိတ်ဖိစီးမှုများပြီး သတ်သေချင်စိတ်ဖြစ်သွားပါလိမ့်မယ်။
အလုပ်လောဘမကြီးဖို့၊ကုသိုလ်လောဘမကြီးဖို့ အရေးကြီးပါတယ်။ကုသိုလ်လောဘ
မကြီးဖို့ ဆိုတာက ဒါလည်းကုသိုလ်ပဲဆိုပြီး အကုန်လိုက်မလုပ်ဖို့ပြောတာပါ။ကုသိုလ်
အလုပ်ကတော့ အမြဲလုပ်နေရမှာပါပဲ ။ကုသိုလ်စိတ်ကတော့ အမြဲဖြစ်နေရမှာပါပဲ။
နောက်ဆုံးပေါ့လေ ..ဘယ်လိုမှစိတ်မထိန်းနိုင်တော့လို့ သတ်သေတော့မယ်ဆိုရင်
လည်း သေခါနီးလေးဝိပဿနာတော့ အားထုတ်လိုက်ဦးမယ် ဆိုပြီး ကိုယ်ရှုမှတ်နေ
ကျနည်းနဲ့ တရားလေးတော့အားထုတ်ကြည့်လိုက်ပါဦး။သီဟာထေရီမလို လူမသေပဲ
ကိလေသာသေပြီး ရဟန္တာ ဖြစ်မသွားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ရဟန္တာ မဖြစ်
လည်း သောတာပန်ပေါ့၊သောတာပန်မဖြစ်လည်း ဖြစ်ပျက် ဥာဏ် ပေါ့။ဖြစ်ပျက်ဥာဏ်
မရ လည်း စိတ်အေးချမ်းသာမှုပေါ့။ တရားအရသာတွေ့ပြီး စိတ်အေးချမ်းသွားပြီဆိုရင်
သေချင်စိတ်ရှိမှာ မဟုတ် တော့ပါဘူး။ စိတ်အေးချမ်းသာနေပါလျှက်နဲ့ ဆုံးဖြတ်ပြီးသား
မပြင်တော့ဘူး ဆိုပြီးတော့တော့တကယ်မသေချင်ပဲ အတင်းမသေလိုက်ပါနဲ့နော်။
ရခဲတဲ့လူဘ၀နှမျောစရာကြီး။ပြီးတော့ ပါဏာတိပါတအကုသိုလ်လည်းဖြစ်ဦးမယ်လေ။
သူများကိုသတ်မှ ပါဏာတိပါတ မဟုတ်ဘူး။ကိုယ့်ကိုယ်သတ်လည်းပါဏာတိပါတ နော်။
တကယ်တော့လူသေဖို့ထက် ကိလေသာသေဖို့က ပိုအရေးကြီးပါတယ်။ကိလေသာ
သေရင်လူလည်းမသေချင်တော့ပါဘူး။ ကိလေသာမသေလို့သာ လူကသေချင်နေတာ
ပါ။ တကယ်ဆို ကိလေသာသေရင် လူမသေချင်တော့တာတောင်မဟုတ်ပါဘူး။ ကိ
လေသာသေရင်လူမသေတော့တာပါ။အရင်ဘ၀ က ကိလေသာတွေကြောင့် ဒီတစ်
ဘ၀တော့သေဦးမယ်...၊
ဒါပေမယ့်.....
နောက်ဘ၀ မရှိတော့တဲ့အတွက် သေစရာ လူ ဆိုတာကိုမရှိတော့လို့လူမသေတော့
ပါဘူး။ ကိလေသာသေရင် ရဟန္တာ ဖြစ်၊ ရဟန္တာဖြစ်တော့ နောင်ဘ၀မရှိ၊ နောင်ဘဝ
မရှိတော့ဘယ်တော့မှမသေ.....၊ကိလေသာသေလို့နောင်ဘ၀ မဖြစ်တော့ရင် ဘယ်
တော့မှမသေရတော့ပါဘူး။သေခြင်းတရားက အပြီးတိုင် လွတ်မြောက်သွားပါပြီ။


အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)



Friday, September 18, 2009

ဗုဒ္ဓအလိုကျ အဆင်းတန်ဆာ

လက်၏ တန်ဆာသည်လက်စွပ်၊ လက်ကောက်မဟုတ် ပေးကမ်းစွန့်ကြဲ ခြင်းသာ။

  • နား၏တန်ဆာသည် နားကပ် နားဋောင်းမဟုတ် တရားဓမ္မနာကြားခြင်းသာ။
ကိုယ်၏အဆင်း တန်ဆာသည် ဘယက်ဒွါဒရာမဟုတ်၊မေတ္တာဂရုဏာဖြင့် သူတစ်ပါးအကျိုးဆောင်ရွက်ခြင်းသာ။

Thursday, September 17, 2009

ဆုံးမစာများ






=ကိုယ်လိုချင်တာ တကယ်ဟုတ်မဟုတ် သေသေချာချာ
=စစ်ဆေးကြည့်ပါဦး မစစ်ဆေးဘဲနဲ့ ကိုယ်လိုချင်တာ ဒါပါပဲလို ထင်ပြီး
=လုပ်ကြ၊ ကိုင်ကြနဲ့ အောင်မြင်တယ် ရလာတယ် ဆိုပါတော့၊
=အဲဒီအချိန်ကျမှ ကိုယ်လိုချင်နေတာက ဒါမဟုတ်သေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊
=အစက ကိုယ်လိုချင်တယ်ထင်လို့ အဲဒါရဖို့
=လုပ်လိုက်ရတဲ့အလုပ်အား၊ ကုန်သွားတဲ့အချိန် စသည်ဖြင့်ပေါ့လေ၊
=အရင်းအနှီးကအများကြီး။ ဘ၀ထဲကအချိန်တွေ ဖဲပေးလိုက်သလိုချည်းပဲနော်။

=ငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိရှိတယ်၊
=မငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိမရှိဘူး၊
=စိတ်ကိုငြိမ်းချမ်းအောင်နေ့စဉ်လုပ်မှ၊ ဘာဖြစ်လို့နေ့စဉ်လုပ်ရသလဲဆိုတော့
=စိတ်မငြိမ်းချမ်းစရာတွေ အမျိုးမျိုးမြင်ရတယ်၊ ကြားရတယ်၊
=အဲဒီလိုမငြိမ်းချမ်းစရာတွေ အများရှိနေလိုပါပဲ၊
=စိတ်ဆိုတာ အရှိန်ရနေရင် ရတဲ့ဘက်ကိုသွားတယ်၊
=ငြိမ်းချမ်းတဲ့ အရှိန်ရနေရင် ငြိမ်းချမ်းတဲ့ဘက်ကိုသွားတယ်၊
=မငြိမ်းချမ်းတဲ့ အရှိန်ရနေရင်လည်းပဲ မငြိမ်းချမ်းတဲ့ ဘက်ကိုပဲသွားတယ်။
=ဒါဟာသဘာဝပါ၊ ဘာမှမထူးဆန်းပါဘူး၊
=ဒါကြောင့် ငြိမ်းချမ်းတဲ့အရှိန်ရနေအောင် အလေ့အကျင့်များများလုပ်ပါ၊
=အလေ့အကျင့်ကအရေးအကြီးဆုံးပါပဲ...........

=သိလာလေလေ - လောဘဖြစ်လာလေလေ၊
=သိလာလေလေ- ဒေါသဖြစ်လာလေလေ၊
=ပိုင်ဆိုင်ခွင့်ရတာ များလေလေ- မာနဖြစ်လာလေလေ၊
= ဒါကြောင့်..စိတ်ဟူသည် အမှိုက်ထည့်သည့် ပုံးအသစ် ကလေး၊
=ကိလေသာတွေသည် အမှိုက်မျိုးစုံပါလားဟု နှစ်လုံးသွင်းတက်လေလျှင်......

=အဆိုးတွေကို ထိုင်တွေးပြီး စိတ်ဓါတ်ကျနေရင်
=စိတ်ဓါတ်အင်အားတွေကုန်မယ်။ ခန္ဓာကိုယ်အင်အားတွေကုန်မယ်။
=မလုပ်ချင် မကိုင်ချင်ဖြစ်ပြီး ညှိုးနွမ်းနေမယ်။
=အဲဒီလို စိတ်ဓါတ်ကျနေတဲ့သူနဲ့တွေ့ရရင်
=တခြားလူတွေကိုပါ စိတ်ဓါတ်ကျတက်တယ်။ တက်နိုင်သလောက်
=အကောင်းဘက်ကနေကြည့်ပြီးတော့ လုပ်နိုင်သလောက်လုပ်နေရင်
=ကိုယ့်အတွက်လည်း အကျိုးရှိတယ်။
=သူများအတွက်လည်းအကျိုးရှိတယ်။

=လူဆိုတာ ပြင်ပမှာ ကိုးကွယ်ရာ အားထားရာရှာလေ့ရှိတယ်။
=ဗုဒ္ဓဘာသာတရားမှာ ဘုရားက မိမိကိုယ်ကိုပဲအားကိုးတယ်၊
=ပြင်ပဘယ်သူ့ ကိုမှအားမကိုးဘူး။ အဲဒီတော့ အင်မတန်စိတ်ဓါတ်ခိုင်မာရင့်ကျက်တဲ့
=သူမှာသာလျှင် အဲဒီလို စိတ်ဓါတ်မျိုး ထားလို့ရတယ်။
=အဲဒီအလုပ်ကို လုပ်လို့ရတယ်။ စိတ်ဓါတ်ပျော့ညံ့တဲ့သူဟာ
=ကိုယ့်ကိုယ်ကို အားမကိုးချင်ဘူး၊ အားကိုးရာရှာနေတယ်၊။

=မမေ့ကောင်းတဲ့သုံးမျိုးကို ဘုရားရှင် သက်တော်ထင်ရှား ရှိတုန်းက ဟောခဲ့ပါတယ်။
=ပထမတစ်မျိုးက သရဏဂုဏ်သုံးပါးလို့ခေါ်တဲ့ ဘုရားအပေါ်၊ တရားအပေါ်။ သံဃာအပေါ်
=ဒါတွေကို မမေ့ကောင်းဘူးတဲ့၊ ဘယ်လောက်ဘဲ ဒုက္ခတွေ ကြုံနေပါစေ၊
=ဘယ်လောက်ပဲ စည်းစိမ်တွေတိုးနေနေ၊
=ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ် မမေ့ရဘူးတဲ့၊

=ကျောက်ခဲကို နေရာတိုင်းမှာ တွေ့ရတယ်၊ ပတ္တမြားလည်းကျောက်ခဲပဲ၊
=ဒါပေမယ့် နေရာတိုင်းမရှိဘူး၊ ဒါကြောင့် ပတ္တမြားဟာ ရှားပါးပစ္စည်း ဒုလ္လဘလို့ သုံးရင်ရတယ်။
= ဒါပေမယ့် ပတ္တမြားဟာ ဒီနားမထွက်ရင် ဟိုနားကထွက်တယ်၊ ပြဒါးဓါတ်ရှိတဲ့နေရာမှာ ထွက်မှာပဲ၊
=ဘုရားဆိုတာကျတော့ ကျင့်တိုင်း မပွင့်ဘူးဗျ၊ သုညကမ္ဘာဆိုတာ ဘုရားတစ်ဆူမှမပွင့်ဘူးတဲ့
=ကမ္ဘာကိုခေါ်တာ၊ လူ၊ တိရစ္ဆာန်၊ နတ်၊ ဗြဟ္မာတွေ ရှိချင်ရှိမယ်၊ ဘုရားတော့မပွင့်ဘူး၊

=သူတပါး ကောင်းစားနေသည်။ ချီးမြှင့်မြှောက်စားခံနေရသည်၊
=အားလုံးက ချစ်ခင်လိုလားနေကြသည် စသည်တို့ အပေါ်၌
=တကယ့် ကြည်ကြည်နူးနူးနှင့် နှစ်သိမ့် ကျေနပ်နေဖို့ဆိုတာက မလွယ်ကူလှပါ။
=ထိုသို့သော စိတ်မျိုးထားနိုင်ပြီးဆိုလျှင် ကိုယ့်မှာ အမှန်တကယ် မုဒိတာဖြစ်နေပေပြီ၊

=လူတွေမှာ ကောင်းအောင်လုပ်နိုင်တဲ့ အရည်အချင်းတွေ အများကြီးရှိတယ် ။ ကိုယ်ဟာကိုယ်
=မယုံနိုင်လောက်အောင် ကောင်းတာတွေလုပ်နိုင်တယ်၊ ဘာဖြစ်လို့မလုပ်တာလဲဆိုတော့
=တကယ်ကောင်းအောင် လုပ်မယ်လို့ မရည်ရွယ်လို့ပါ။

=နေ့စဉ်နဲ့ အမျှဖွင့်လှစ်ထားတဲ့ အာရုံတံခါးတွေကတစ်ဆင့်
=စိတ်ဓါတ်မငြိမ်းချမ်းစေတဲ့အကြောင်းတွေ ၀င်လာမစဲ တသဲသဲပါပဲ၊
=မငြိမ်းချမ်းတဲ့ အကြောင်းတွေကို ကာကွယ်နိုင်ဖို့၊
=မငြိမ်းချမ်းတဲ့စိတ်ဖြစ်မသွားဖို့
=ကိုယ့်စိတ်ကိုငြိမ်းချမ်းအောင်လုပ်ထားဖို့လိုပါတယ်။
=ငြိမ်းချမ်းတဲ့စိတ်ဖြစ်ဖို့အတွက်သတိပဌာန် ၀ိပဿနာတရားကို
=အသက်ထက်ဆုံးအားထုတ်ရင်းနေထိုင်သွားမှသာလျှင်.................

''မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား''

မိမိစိတ်ထဲမှာဘယ်လိုမှမေ့လို့မရသောစကားတစ်ခွန်းရှိ၏။“အရှင်ဘုရားမြန်မာလူမျိုးများဆင်းရဲတာဟာ
တိုးတက်ကြီးပွားလိုတဲ့ဆန္ဒနည်းလို့ပါဘုရား၊ဘာကြောင့်အဲဒီလိုဖြစ်ရသလဲလို့စဉ်းစားလိုက်တော့“ပစ္စည်း
ဥစ္စာဆိုတာသေရင်ကိုယ့်နောက်မပါဘူး၊ ကိုယ့်နောက်ပါမှာကတရားပဲ၊ဘ၀ဆိုတာအနှစ်ရှာလို့မရဘူး၊အ
ကာသက်သက်ပါ၊ဘယ်ဟာမှအမြဲမရှိ၊ချမ်းသာတဲ့လူလဲသေရမှာပဲ၊ပညာတတ်ပုဂ္ဂိုလ်ကြီးလဲသေရမှာပဲစ
တဲ့တရားတွေကြောင့်ပါ၊ဒီတရားတွေကိုနာနေရတော့လူတွေဟာစိတ်ဓာတ်တက်ကြွမလာပဲတိုးတက်ကြီး
ပွားလိုတဲ့ဆန္ဒနည်းသွားကြတယ်၊ ဒါကြောင့်ဗုဒ္ဓဘာသာဝင်တွေဆင်းရဲကြတာဘုရား”ဟူသောစကားပင်
တည်း။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက်က လျှောက်သောစကားဖြစ်၏။မိမိစိတ်ထဲမှာတုန်လှုပ်ခြောက်
ခြားသွားပါတော့၏။“ဟာဒုက္ခပဲ၊ဘုရားရှင်ရဲ့တရားကြောင့်မြန်မာလူမျိုးတွေဟာဆင်းရဲနေတယ်ဆိုပါ
လား၊ဘုရားမြတ်စွာရဲ့တရားဟာလူတွေကိုစိတ်ဓာတ်ကျအောင်လုပ်နေသလိုဖြစ်နေသတဲ့၊ဘုရားဘုရား”
ဟုငြီးတွားမိတော့သည်။ထိုသူသည်ဗုဒ္ဓဘာသာကိုကိုးကွယ်သူတစ်ယောက်ဖြစ်၏။ယင်းကဲ့သို့ပြောခြင်း
သည်ဘုရားမြတ်စွာကိုမကြည်ညိုသောကြောင့်မဟုတ်ပေ။ဘုရားမြတ်စွာအကြောင်းကိုခရေစေ့တွင်းကျ
မသိရှိသောကြောင့်တည်း။
ဝီရိယ၀တောကိံနာမကမ္မံသိဇ္ဈတီ-၀ီရိယရှိလျှင်မည်သူ့အဘိဓာန်မှာဖြစ်ဖြစ်၊မဖြစ်နိုင်ဆိုသောဝေါဟာ
ရမရှိ။အရိုးကြေကြေအရေခန်းခန်းကြိုးစားသူတို့သည်ဘယ်နေရာမှာဖြစ်ဖြစ်အောင်မြင်မှုသရဖူကိုဆွတ်
ခူးနိုင်ပေ၏” စသည်အားဖြင့်ဟောထားသောမြတ်ဗုဒ္ဓ၏တရားများရှိပေသည်သာ။ ထို့ကြောင့်ဘုရားမြတ်စွာ၏တရားတော်သည်လောကီဘက်မှာပဲဖြစ်ဖြစ်၊လောကုတ္တရာဘက်မှာပဲဖြစ်ဖြစ် ကြီးပွားတိုးတက်ဖို့အတွက်အားပေးသောတရားများဖြစ်ပါသည်။သူဋ္ဌေးသားသိင်္ဂါလကိုဆုံးမထားသည့်မိ
ဘကျင့်ဝတ်၊သားသမီးကျင့်ဝတ်၊ဆရာ့ကျင့်ဝတ်၊တပည့်ကျင့်ဝတ်စသောဘုရားမြတ်စွာ၏အဆုံးအမများ
ကိုသာတစ်ကမ္ဘာလုံးလိုက်နာကြမည်ဆိုလျှင်ယနေ့နိုင်ငံတကာပြဿနာပေါင်းစုံကိုဒိုင်ခံဖြေရှင်းပေးနေရ
သော“ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်”တောင်လိုမည်မဟုတ်တော့ပေ။
အမှန်ကဗုဒ္ဓဘာသာဝင်များကြီးပွားတိုးတက်မှုနည်းခြင်းသည်အမြင်မကျယ်ခြင်း၊ကိုယ့်အချင်းချင်းကူညီ
ရိုင်းပင်းမှုနည်းခြင်း၊အေးတိအေးစက်နေတတ်ခြင်း၊လူမျိုးခြားဘာသာခြားတို့၏ညီညွတ်မှုကိုအတုမယူ
ခြင်းစသည်တို့ကြောင့်ဖြစ်ပါသည်။နိုင်ငံရပ်ခြားတိုင်းပြည်၌အလုပ်လုပ်နေသည့်လူငယ်တစ်ယောက်က-
“တပည့်တော်တို့မြန်မာလူမျိုးတွေကအလုပ်တူရင်ငြူဆူတယ်ဘုရား။မနာလိုဝန်တိုဖြစ်တယ်။အဆင်ပြေ
တာကိုဝမ်းမသာနိုင်ဘူး။အချင်းချင်းရာထူးဂုဏ်ယှဉ်ချင်ကြတယ်။ပြီးတော့အောင်မြင်နေတဲ့သူကလည်း
ကိုယ့်အချင်းချင်းနှိမ်ချင်တယ်။ဒီလိုစိတ်ဓာတ်တွေကတပည့်တော်တို့မြန်မာလူမျိုးတွေရဲ့နှလုံးသားကို
လှိုက်စားနေပါတယ်၊ဗုဒ္ဓဘာသာဝင်ဖြစ်နေပြီးဘာ့ကြောင့်ဒီလိုအောက်တန်းကျတဲ့စိတ်တွေဖြစ်နေတာ
လဲမသိပါဘူးဘုရားဟုမြန်မာလူမျိုးများကိုအားမလိုအားမရဖြစ်ရကြောင်းလျှောက်ထားဖူး၏။ယင်းသို့ကူ
ညီမှုရိုင်းပင်းမှု၊စည်းလုံးမှုညီညွတ်မှုမရှိသောကြောင့်မြန်မာ့စီးပွားရေးဈေးကွက်များကိုဗုဒ္ဓဘာသာဝင်တို့
ကဦးမဆောင်နိုင်ကြတော့ပေ။မြို့ကြီးပြကြီးတို့၏အချက်အခြာကျသည့်နေရာများများ၌ဗုဒ္ဓဘာသာဝင်
တို့ပိုင်ဆိုင်သောစားသောက်ဆိုင်ကြီးများ၊ကုန်တိုက်ကြီးများ၊အဆောက်အဦးများကိုတွေ့ဖို့ခဲယဉ်းလှပေ
သည်။ဖြစ်သင့်တဲ့ လောဘကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့်စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်
သည်မှာမှန်ပေ၏။သို့သော်လောဘဖြစ်တိုင်းဒုစရိုက်ဟုပြောလို့မရပေ။လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့်မတရားသောလောဘတို့တည်း။အများအတွက်(မိသားစု၊ရပ်ရွာ၊အမျိုး၊ဘာသာ၊ သာသနာအတွက်)ရည်ရွယ်ပြီးစီးပွားရေးလုပ်ငန်းများလုပ်လျှင်“တရားသောလောဘ” ဖြစ်၏။ (သေ၀ိ
ိတဗ္ဗတဏှာ-ဟုခေါ်၏)။
ဆိုလိုသည်ကားယင်းလောဘကြောင့်ကုသိုလ်ကောင်းမှုများတပွေ့တပိုက်ကြီးရနိုင်ခြင်းပင်။ထို့ကြောင့်
တရားသောလောဘသည်ဖြစ်သင့်သောလောဘတည်း။မိမိမှာပစ္စည်းဥစ္စာများများရှိလျှင်စာသင်ကျောင်း
ပဲဆောက်ဆောက်၊ရေတွင်းရေကန်ပဲတူးတူး၊မိဘဆွေမျိုးတွေကိုပဲထောက်ပံ့ထောက်ပံ့၊ဆေးရုံကိုပဲလှူ
လှူ၊မိမိကြိုက်သည့်ကုသိုလ်ကိုလုပ်နိုင်ပေသည်။မိမိလုပ်ချင်သည့်ဘာသာရေးလူမှုရေးလုပ်ငန်းမှန်သမျှ
ကိုလည်းလုပ်နိုင်၏။အူမတောင့်မှသီလစောင့်နိုင်သည်မဟုတ်ပါလော။ကျောင်းဒကာကြီးအနာထပိဏ်၊
ကျောင်းအမကြီးဝိသာခါတို့ကျောင်းတိုက်ကြီးဆောက်လုပ်ပြီးသာသနာပြုနိုင်ခြင်းသည်ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ဘုရင်မင်းမြတ်အနော်ရထာသည်သည်နိုင်ငံ တော်ကြီးကိုပြုပြင်ပြောင်းလဲခဲ့၏။
ဘုရားပုထိုးများတည်ခဲ့၏။ဆည်မြောင်းတာတမံများကိုဆောက်လုပ်၏။ရှေးအခေါ်ပိဋကတ်တိုက်၊ယခု
ခေတ်အခေါ် စာကြည့်တိုက်များကိုလည်းတည်ဆောက်ခဲ့၏။ထို့ကြောင့် “စာကြည့်တိုက်အစပိဋကတ်
တိုက်က”ဟုပင်ပြောနိုင်ပါ၏။ယင်းသို့တိုင်းကျိုးပြည်ပြုအလုပ်များကိုလုပ်နိုင်ခြင်းသည်တန်ခိုးသြဇာကြီး
မားသောကြောင့်ပင်တည်း။ယင်းတန်ခိုးသြဇာ၊ဓနဥစ္စာတို့သည်ကားတန်ဖိုးရှိရှိအသုံးချတတ်လျှင်နိဗ္ဗာန်
ဆိပ်ကူးတံတားပင်တည်း။ဦးအနာထပိဏ်၊ဒေါ်ဝိသာခါ၊ဘုရင်အနော်ရထာတို့ကားတန်ခိုးသြဇာ၊ဓနဥစ္စာ
တို့ဖြင့်နတ်ရွာနိဗ္ဗာန်သို့တက်လှမ်းသွားကြကုန်ပြီ။ထို့ကြောင့်တန်ခိုးသြဇာ၊ဓနဥစ္စာတို့ကိုရရှိအောင်ကြိုး
စားသင့်လှပါသည်။တတ်နိုင်သူများအနေဖြင့်တိုက်(၁)လုံးကနေ၊တိုက်(၁၀)လုံး(၁၅)လုံးဖြစ်အောင်၊ကား
(၁)စီးကနေ၊ကား ၁၀-စီး ၁၅-စီးပိုင်အောင်စီးပွားရေးလုပ်ကြစမ်းပါ။မိမိတို့ဗုဒ္ဓဘာသာဝင်တစ်ယောက်
သန်းပေါင်းများစွာချမ်းသာသောသူဋ္ဌေးသူကြွယ်ဖြစ်နေလျှင်မြန်မာလူမျိုးတို့အနေဖြင့်အင်မတန်ဂုဏ်ယူ
သင့်ပေသည်။မြွေပွေး၏ပါးစပ်ထဲသို့ရောက်သွားသည့်မိုးရေစက်သည်အဆိပ်ဖြစ်သွားသော်လည်းမုတ်
ကောင်၏ပါးစပ်ထဲသို့ရောက်သွားသောမိုးရေစက်သည်ကားပုလဲဖြစ်သွားပေသည်။မိုးရေစက်ခြင်းတူ
သော်လည်းတန်ဖိုးခြင်းမတူတော့။လောကကြီးသည်ခြွေမှရံ၏။မခြွေလျှင်မရံပေ။မှန်၏။
တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည်ဘာသာခြားတို့ကဓနဥစ္စာများဖြင့်ထောက်ပံ့ကြသောကြောင့်
ဗုဒ္ဓဘာသာကိုကျောခိုင်းသွားတော့သည်။အဘယ်သို့ကာကွယ်မည်နည်း။တန်ခိုးသြဇာ၊ဓနဥစ္စာတို့သာရှိ
လျှင်ယင်းမိသားစုများကိုစားနပ်ရိက္ခာတို့ဖြင့်ထောက်ပံ့ပြီးဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင်ပြန်ပြီးစည်း
ရုံးနိုင်ပေမည်။ထို့ကြောင့်အရင်းအနှီးတောင့်တင်းသောဗုဒ္ဓဘာသာဝင်တို့သည်စက်ရုံအလုပ်ရုံ၊ကုန်တိုက်
စသည်များကိုတည်ထောင်နိုင်အောင်ကြိုးစားသင့်လှပေသည်။ဓနဥစ္စာတို့ရှိမှသာလျှင်ကိုယ့်လူမျိုးများကို
ထောက်ပံ့နိုင်မည်မဟုတ်ပါလော။တစ်ကျပ်နှင့်တစ်ရာဘယ်ဟာကိုယူမှာလဲ။
မြတ်စွာဘုရားရှင်သည်အလောင်းတော်ဘ၀မှစ၍ဘုရားဖြစ်သည့်တိုင်အောင်ကိုယ့်အမျိုး၏အကျိုးစီးပွား
ကိုလုပ်ခဲ့ပါသည်။အလောင်းတော်ဘ၀ကကိုယ့်အမျိုးကိုပျက်စီးအောင်လုပ်သူများအားကာကွယ်သော
အားဖြင့်တိုက်ခိုက်ချေမှုန်းခဲ့သည်ကိုတွေ့မြင်နိုင်ပါသည်။ကိုယ့်အမျိုးကိုစော်ကားသူများကိုမိမိနှင့်မဆိုင်
ပါဘူးဟူသောစိတ်ဖြင့်ဦးခေါင်းငုံ့မခံခဲ့ပေ။တစုံတစ်ယောက်ကြောင့်လူသူလေးပါးဒုက္ခရောက်နေလျှင်ထို
တစုံတစ်ယောက်ကိုနောက်နောင်ရှောင်ကြဉ်အောင်တရားသောနည်းဖြင့်တုန့်ပြန်ခဲ့ပေသည်သာ။“ခန္တီ-သည်းခံရမည်”ဟုဆိုသော်လည်းသူ့နေရာနှင့်သူကျင့်သုံးတတ်ဖို့လိုအပ်လှ၏။တိုင်းတစ်ပါးသားလူမျိုးခြား
တစ်ယောက်ကမြန်မာ့တိုင်းရင်းသားမိန်းကလေးများကိုမတရားသဖြင့်နှောက်ယှက်နေလျှင်လက်ပိုက်
ကြည့်နေ၍မဖြစ်ပေ။နောက်နောင်မနှောက်ယှက်အောင်ရှေးဦးစွာပြေပြေလည်လည်ပြောဆိုရပေမည်။
အကယ်၍မရခဲ့လျှင်ဖိုးသူတော်မေတ္တာပို့နည်းဖြင့်ပို့သင့်ကပို့ရပေမည်။တခါကဘုန်းတော်ကြီးတစ်ပါးဖိုး
သူတော်နှင့်ခရီးသွားရာဝယ်လမ်းခုလတ်၌ကျွဲရိုင်းကြီးတစ်ကောင်နှင့်ပက်ပင်းတိုးမိ၏။ကျွဲရိုင်းကြီးကခတ်
မည့်အမူအရာဖြင့်ပြေးလာရာဘုန်းကြီးက “ချမ်းသာပါစေ” ဟုမေတ္တာပို့လေ၏။သို့သော် ကျွဲရိုင်းကြီးက
နောက်မဆုတ်ပဲပြေးမြဲပြေးလာသဖြင့်ဖိုးသူတော်ကအုတ်ခဲကျိုးဖြင့်(၂)ချက်လောက်ထုလိုက်ရာကျွဲရိုင်း
ကြီးထွက်ပြေးရှာလေတော့သည်။ထိုအခါဆရာဖြစ်သူဘုန်းတော်ကြီးက“သူတော်ရေမင်းမေတ္တာကငါ့မေ
တ္တာထက်ပိုစွမ်းတယ်ကွ”ဟုဝမ်းပန်းတသာမိန့်တော်မူလေသတတ်။ဤကား ဖိုးသူတော်မေတ္တာပို့နည်း
တည်း။
ဖိုးသူတော်ကကျွဲရိုင်းကြီးကိုအုတ်ခဲကျိုးဖြင့်ဆုံးမလိုက်ရခြင်းသည်ကျွဲရိုင်းကြီးကိုဒုက္ခရောက်စေလိုသော ကြောင့်မဟုတ်၊ဆရာဘုန်းကြီးကိုကြည်ညိုလေးစားသောကြောင့်တည်း။မည်သည့်အရာမဆိုတစ်ခုခုကို ရွေးချယ်ရတော့မည်ဆိုလျှင်တန်ဖိုးရှိသည့်အရာကိုသာရွေးချယ်ရသည်မှာသဘာဝတည်း။ယင်းသဘာဝတရားကိုပင်“ဓမ္မ”ဟုခေါ်သည်မဟုတ်ပါလော။မတရားလောဘဆိုသည်မှာအတင်းအဓမ္မလိုချင်သော
စိတ်၊သူများဆီကငွေကိုအချောင်လိုချင်သောစိတ်၊လုယက်တိုက်ခိုက်ပြီးလိုချင်သောစိတ်များပင်တည်း။
ကမ္ဘာမှာအစဆုံးဖြစ်သောမကောင်းမှုဒုစရိုက်မှာအဒိန္နာဒါန(ခိုးယူခြင်း)ပင်ဖြစ်၏။မတရားလောဘကိုအ
ခြေခံ၍ဖြစ်သောဒုစရိုက်တည်း။ကမ္ဘာဦးလူများသည်စားနပ်ရိက္ခာအတွက်ကိုယ့်လယ်နှင့်ကိုယ်အသီးသီး
စပါးစိုက်ပျိုးကြ၏။အစပိုင်းမှာမည်သည့်ပြဿနာမှမဖြစ်။နောက်ပိုင်းရောက်လာသည့်အခါအချောင်သ
မားများကစပါးများကိုခိုးကြတော့၏။ယင်းလောဘကားမတရားလောဘတည်း။သို့နှင့်လူအများသည်သ
မာသမတ်ကျသောလူတစ်ယောက်ကိုခေါင်းဆောင်ခန့်ပြီး“မင်း”ဟုသမုတ်ကာရပ်ရွာနယ်ပယ်ကိုငြိမ်းချမ်း
ဖို့အတွက်အုပ်ချုပ်ခိုင်း၏။သူခိုးဓားပြများကိုတိုက်ခိုက်ချေမှုန်းဖို့အတွက်(သို့မဟုတ်)မတရားလောဘသ
မားများကိုထိန်းချုပ်ပေးဖို့အတွက်မင်းဆိုသည်မှာပေါ်ပေါက်လာခြင်းဖြစ်ပေသည်။တလွဲဆံပင်ကောင်းဗု
ဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည်“ဒီလောက်ရှိရင်တော်ပါပြီ၊ကိုယ့်မိသားစုတစ်သက်စားလို့မကုန်ဘူး၊ဒီ
ထက်ပိုပြီးတော့ချမ်းသာတော့ကောဘာလုပ်မှာလဲ၊သေရင်ကိုယ့်နောက်မပါဘူး”ဟုစသဖြင့်လောဘနည်း
သလိုလို၊ရောင့်ရဲသလိုလိုနဲ့ပြောတတ်ကြ၏။တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။အမှန်ကားဤကဲ့သို့ပြော
ခြင်းသည်လောဘနည်းခြင်းကြောင့်မဟုတ်၊အမျိုးဘာသာကိုအားမပေးလိုခြင်း၊ဇွဲမရှိခြင်းတို့ကြောင့်ဖြစ်
ပေသည်။
ကိုယ့်မိသားစုတစ်သက်စားမကုန်လောက်အောင်ချမ်းသာနေလျှင်ကိုယ့်ဆွေမျိုးသားချင်းများကိုပေးကမ်း
နိုင်သည်မဟုတ်ပါလော။ထိုထက်မကချမ်းသာနေလျှင်တိုင်းပြည်နှင့်လူမျိုးကိုထောက်ပံနိုင်သည်မဟုတ်ပါ
လော။ဘုရားမြတ်စွာက“ရောင့်ရဲရမည်၊တင်းတိမ်ရမည်”ဟုဟောခြင်းသည်ပစ္စည်းဥစ္စာများကိုမရှာရဟု
ပြောလိုသည်မဟုတ်ပေ။တခါတရံမတရားလောဘကြီးသည့်အခါ“တုတ်နှင့်ပစ်လို့ရရ၊ခဲနှင့်ပစ်လို့ရရ၊ရဖို့
သာအဓိက”ဟုဆိုပြီးဒုစရိုက်မျိုးစုံလုပ်တော့၏။လုယက်ခြင်း၊ခိုးဝှက်ခြင်း၊ချောက်တွန်းခြင်း၊တစ်ပတ်ရိုက်
ခြင်းစသည်တို့ကားမတရားလောဘကြောင့်ဖြစ်၏။ယင်းကဲ့သို့သောမတရားလောဘများကိုထိန်းပေးဖို့အ
တွက်ဘုရားမြတ်စွာက“ရှိတာလေးနှင့်ကျေနပ်ရမယ်၊ရောင့်ရဲတင်းတိမ်ခြင်းဟာအကောင်းဆုံးဥစ္စာပါပဲ”
ဟုဟောတော်မူခြင်းဖြစ်ပေသည်။
စီးပွားရေးလုပ်ငန်းများကိုမလုပ်ဖို့အတွက်ဟောတော်မူခြင်းမဟုတ်။တချို့လူပုဂ္ဂိုလ်များကားလူ့ဘ၀ကြီး
ကိုငြီးငွေ့သည့်အတွက်စီးပွားရေးလုပ်ငန်းတွေကိုမလုပ်ချင်သယောင်ယောင်၊၃၁ဘုံလုံးသည်ဒုက္ခသစ္စာ
ဖြစ်သည့်အတွက်နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲအခုချက်ချင်းကူးတော့မည့်ယောင်ယောင်သံဝေဂတရားရ
နေသည့် ယောဂီသူတော်စင်ကဲ့သို့ပြောတတ်ကြသေး၏။ထိုပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီးတရား
အားထုတ်သောအခါ(၂)ရက်လောက်အားထုတ်ပြီးအိမ်ပြန်လာတော့၏။ အိမ်ပြန်ရောက်သောအခါ“ကျန်းမာရေးကလည်းမကောင်းဘူး၊ဒီတော့စိတ်သွားတိုင်းကိုယ်မပါတော့ဘယ် အားထုတ်လို့ကောင်းတော့မှာလဲ၊တရားပြဆရာကလဲအတွေအကြုံနုသေးတော့တရားနာရတာကအားမ
ရပါဘူးပေါ့ကွာ”ဟုစသဖြင့်ဆင်ခြေအမျိုးမျိုးပေးပြီးကိုယ့်အပြစ်ကိုသူများပေါ်ပုံချလေတော့သတည်း။
အမှန်ကားအပေါ်ယံအသိလေးကိုတကယ့် “သံဝေဂတရား” ဟုထင်နေခြင်းပင်တည်း။ယင်းသို့ထင်ခြင်း
သည်လည်းကိုယ့်ကိုယ်ကိုလိမ်နေခြင်းပင်ဖြစ်၏။သူများအလိမ်မခံရဖို့ထက်ကိုယ့်ကိုယ်ကိုအလိမ်မခံရ
အောင်သတိပြုသင့်၏။ကျောင်းဒကာကြီးအနာထပိဏ်၊ကျောင်းအမကြီးဝိသာခါတို့သည်သောတာပန်အ
ရိယာပုဂ္ဂိုလ်များဖြစ်ကြ၏။သို့သော်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများရှိကြပေသည်သာ။ထို့ကြောင့်လောကီ
လူသားမှန်သမျှစီးပွားရေးလုပ်ငန်းကိုမဖြစ်မနေပြုလုပ်သင့်ပေသည်။
“အောက်ကလိအာ”မဖြစ်အောင်သတိပြု
ဘက်ပေါင်းစုံကနေမကြည့်ဘဲတစ်ဖက်သတ်ကြည့်နေရင်တော့အမြင်မှန်ကိုရနိုင်မည်မဟုတ်ပေ။အမြင်
မှန်ကိုမရလျှင်လူ့ ဘ၀ကြီးကိုငြီးငွေ့သလိုလို၊ စိပ်ပုတီးနှင့်ရိပ်ကြီးခိုတော့မှာလိုလိုနှင့်စီးပွားရေးလုပ်ငန်း
များကိုမလုပ်ဘဲနေလျှင်လောကီအကျိုးလည်းမရ၊ လောကုတ္တရာအကျိုးလည်းမရဘဲကီမဟုတ်ကုတ်မ
ဟုတ်၊မိနောက်မကျဖနောက်မမီ၊“အောက်ကလိအာ”ဖြစ်သွားမှာစိုးရပေသည်။(ကြက်တွန်သံလည်းမ
ဟုတ်၊ကျီးတွန်သံလည်းမဟုတ်သည်ကိုအောက်ကလိအာဟုခေါ်၏။)လူမှန်လျှင်လူ့အလုပ်ကိုလုပ်ရမည်။ဘုန်းကြီးမှန်လျှင်လည်းဘုန်းကြီအလုပ်ကိုလုပ်ရမည်။လူဖြစ်ပါလျက်
ဘုန်းကြီးတစ်ပါးကဲ့သို့စီးပွားရေးအလုပ်များကိုမလုပ်ဘဲပစ်ထားလျှင်(သို့မဟုတ်)စီးပွားရေးလုပ်ငန်းများ
ကိုလုပ်သော်လည်းစိတ်ပါဝင်စားမှုမရှိလျှင်လူ့တာဝန်ပျက်ကွက်ခြင်းပင်တည်း။ယင်းသို့ပျက်ကွက်လျှင်
သူ့မိသားစုနစ်နာပါတော့သည်။
“အလုပ်လုပ်ရင်လုပ်၊အလုပ်မလုပ်ရင်သေတာကကောင်းတယ်ဟူသောစကားပုံတစ်ခုရှိ၏။အသက်ရှင်
သန်နေတုန်းမှာငွေများများရရှိအောင်အလုပ်လုပ်ရမည်ဟုဆိုလိုခြင်းပင်တည်း။ထို့ကြောင့်ပြောကြသည်
ထင်၏။ “ငွေသည်ဒုတိယဘုရား”ဟူသတတ်။
ထို့ကြောင့်ဘုရားမြတ်စွာကပစ္စုပ္ပန်ချမ်းးသာရေးကိုအလိုရှိသူများအတွက်“ ဥဋ္ဌာန-မည်သည့်အလုပ်ကိုပဲ
လုပ်လုပ်ငုတ်မိသဲတိုင်တက်နိုင်ဖျားရောက်ဆိုတဲ့နောက်မဆုတ်တမ်းစိတ်ဓာတ်ရှိရမည်၊အာရက္ခ-ကြွက်
သေတစ်ခုအရင်းပြုဆိုသကဲ့သို့အလေအလွင့်မရှိအောင်ထိန်းသိမ်းစောင့်ရှောက်ရမည်၊ကလျာဏမိတ္တ-ဈေးကွက်ချဲ့နိုင်ဖို့အတွက်တစ်ရွာတစ်ကျီဆောက်ရမည်၊သမဇီဝိတ-စီမံခန့်ခွဲမှုစာရင်းအင်းပညာကို
ကျွမ်းကျင်ရမည်”ဟုသမ္ပဒါတရား(၄)ပါးကိုမိန့်တော်မူခြင်းဖြစ်ပေသည်။
ဤကဲ့သို့ကြီးပွားရေးတရားများကိုသတိမထားမိကြသူများက“ဘုရားမြတ်စွာ၏တရားသည်ကြီးပွားတိုး
တက်ဖို့အတွက်ပိတ်ဆို့သည့်တရားဟုထင်မြင်ကုန်တော့သည်။ဤအချက်ကိုမိမိတို့သံဃာတော်အရှင်
မြတ်များသိရှိနားလည်ထားဖို့လိုအပ်လှ၏။သို့မှသာလျှင်ဘယ်လိုနေရာမျိုးမှာဘယ်လိုတရားမျိုးကိုဟော
သင့်တယ်”ဆိုသည်ကိုနားလည်မည်ဖြစ်ပေသည်။သူ့နေရာနှင့်သူသိရှိနားလည်ဖို့အရေးကြီးလှ၏။မင်္ဂ
လာဦးဆွမ်းကျွေးမှာညီတော်မင်းနန်ချွတ်ခန်းကိုဟောလို့မဖြစ်။လင့်ကျင့်ဝတ်၊မယားကျင့်ဝတ်တရား
မျိုးကိုဟောရပေမည်။
လောကီကြီးပွားရေးတရားများကိုလည်းသူ့နေရာနှင့်သူဟောဖို့၊ပြောဖို့၊ရေးဖို့လိုအပ်ပေသည်။တချို့ဆ
ရာတော်များသည်“တရားအားထုတ်ချင်သလား၊ဘုန်းကြီးဝတ်မှကောင်းမှာပေါ့၊ဘုန်းကြီးမ၀တ်နိုင်ဘူး
လား၊မိသားစုသံယောဇဉ်တွေကိုဖြတ်လိုက်စမ်းပါ၊ဒါဆိုရင်ဝတ်နိုင်ပါတယ်”ဟုစသဖြင့်မိန့်တော်မူကြ၏။
တချို့သောလူများမှာရှောင်လွှဲ၍မရနိုင်သောတာဝန်များရှိနေကြရကားတရားအားထုတ်ချင်သည့်လူတိုင်း
ကိုဘုန်းကြီးတ်ခိုင်းလို့မဖြစ်ပေ။လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နှင့်တရားအားထုတ်လျှင်လည်းတရားထူးများ
ရနိုင်ပေသည်သာ။
သာဝတ္ထိမြို့ကြီး၌လူဦးရေသန်း ၇၀-ရှိရာသန်း ၅၀မှာအရိယာပုဂ္ဂိုလ်များဖြစ်ကြ၏။ဤအရေအတွက်ကို ကြည့်လျှင်ပင်လူပုဂ္ဂိုလ်အများအပြား“တရားထူးများ”ရကြသည်ဆိုသည်မှာပြောဘွယ်မရှိတော့ပေ။ကျန်
သည့်သန်း(၂၀)လည်းသူတို့၏နှလုံးသားထဲ၌ဗုဒ္ဓတရားများထည့်ထားကြသည့်ပုဂ္ဂိုလ်များပင်တည်း။ထို့
ကြောင့်မြတ်ဗုဒ္ဓ၏အရိပ်အောက်မှာရှိသည့်သာဝတ္ထိမြို့ကြီးသည်မည်မျှလောက်တည်ငြိမ်အေးချမ်းမှုသာ
ယာဖွံ့ဖြိုးမှုရှိမည်ဆိုသည်ကိုမှန်းဆ၍ကြည့်နိုင်ပါသည်။တွေးကြည့်လျှင်လွမ်းမောဘွယ်ကောင်းလေစွာ့
တကား။
စိတ်သာရှင်စောဘုရားဟော
လူတစ်ယောက်သည်“ဘုရားဒကာဆိုတဲ့နာမည်တစ်လုံးရရင်တော်ပါပြီ”ဟူသောစိတ်ဖြင်ဘုရားတည်နေ
၏။အခြားလူတစ်ယောက်ကား“သားလေးရှင်ပြုဖို့၊လှူနိုင်တန်းနိုင်ဖို့” ဟူသောစိတ်ဖြင့်စီးပွားရေးလုပ်ငန်း
များကိုဇောက်ချပြီးကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက်စီးပွားရေး
လုပ်ငန်းများကို လုပ်ကိုင်နေသော သူကပို၍မြင့်မြတ်၏။အဘယ်ကြောင့်နည်း။သူ၏ ရည်ရွယ်ချက်ကမွန်
မြတ်သောကြောင့်တည်း။တခါကအလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်
လုပ်မှ တစ်ရက်စားရသောကြောင့်ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့
နှင့်တစ်ယောက်တစ် လှည့်စီဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ ရောက်သောအခါတစ်
ယောက်ကကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။ကျန်ရစ်သူကို တံငါသည်ကတော့ နှစ်ယောက်စာရဖို့အ
တွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစားပန်းစားနှင့်ငါးများကို ဖမ်းရလေသည်။ငါးများ နှစ်ယောက်စာရ
သောအခါတံငါတဲထဲ၌ အနားယူရင်းဥပုသ်စောင့်သွားသည့်သူငယ်ချင်းကိုသတိရနေ၏။“အင်းငါ့သူငယ်
ချင်းကတော့ဘုန်းကြီးထံကနေသီလခံယူဆောက်တည်ပြီးရော့မယ်၊အခုချိန်မှာဘုရားရိပ်မှာနေပြီးတော့
ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်းကုသိုလ်တွေအများကြီးရနေရော့မယ်၊သိပ်အေးချမ်းမှာပဲ”ဟု
စဉ်းစားပြီးသာဓုခေါ်နေတော့၏။လူကတံငါတဲ၌ နေသော်လည်းစိတ်ကကျောင်းရောက်နေ၏။ ကျောင်း
သွားပြီးဥပုသ်စောင့်သောတံငါသည်ကလည်းပုတီးကုံးကိုင်ပြီး ကျန်ရစ်သူသူငယ်ချင်းကိုသတိရနေမိ၏။
“အခုချိန်မှာငါ့သူငယ်ချင်းပိုက်ကွန်နှင့်ငါးတွေဖမ်းနေရော့မယ်၊ဒီနေ့ငါ့အတွက်ဝေစုပေးရမှာဆိုတော့နှစ်
ယောက်စာဖမ်းရမှာ၊ဖမ်းမှဖမ်းပါ့မလား၊နှစ်ယောက်စာမရရင်တော့ဒုက္ခပဲ” ဟုတွေးပြီး လောဘနှင့်သော
ကဖြစ်နေတော့၏။လူကကျောင်းမှာနေသော်လည်းစိတ်ကပိုက်ကွန်ထဲမှမထွက်။စိတ်ထားဖြူစင်အောင်
နေထိုင်ခြင်းကို “ဥပုသ်စောင့်သည်”ဟုခေါ်၏။ယင်းသို့ဆိုလျှင်ထိုတံငါသည်နှစ်ယောက်တွင်မည်သူက
ဥပုသ်စောင့်သနည်း။အဖြေကားလယ်ပြင်မှာဆင်သွားသလိုထင်ရှားလှပါသည်။“စိတ်သာရှင်စောဘုရား
ဟော”ဆိုသည့်အတိုင်းအတွင်းစိတ်ဓာတ်ကတင့်တယ်လျှင်အရာခပ်သိမ်းတင့်တယ်တော့သည်သာ။
ထို့ကြောင့် ဘုရားတည်တိုင်းကုသိုလ်ရသည်ဟုပြော၍မရသကဲ့သို့ စီးပွားရေးလုပ်တိုင်းလည်းတရားနှင့်
ဝေးသည်ဟုပြော၍မဖြစ်ပေ။
တစ်ယောက်အားထက်ဆယ်ယောက်အားကပိုထိရောက်စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်
သည့်အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာဝင်များကိုကူညီစောင့်ရှောက်ဖို့အထူးလိုအပ်လှ၏။ဘာသာခြားများ
သည်သူတို့ဘာသာဝင်တို့ကိုသာလျှင်အထူးဦးစားပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူသူတို့ဘာသာဝင်
တို့၏ထမင်းဆိုင်ကိုသာအားပေးကြ၏။လုပ်ပိုင်ခွင့်ရှိ၏။အပြစ်မဆိုသာပေ။မိမိတို့ဗုဒ္ဓဘာသာဝင်များအတု
ယူရမည်ဆိုသည်ကိုသိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။
တိပိဋကမင်းကွန်းဆရာတော်ကြီးသည်ပင်လျှင်ကိုယ့်အချင်းချင်းအားပေးကြဖို့ကူညီကြဖို့မိန့်မှာတော်မူခဲ့
ဖူးပါသည်။ “သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်းစည်းလုံးမှအခက်အခဲမှန်သမျှကျော်လွှားနိုင်မည်”
ဟူသောဘုရားမြတ်စွာ၏အဆိုအမိန့်ကိုလိုက်နာကြမည်ဆိုလျှင်ဗုဒ္ဓဘာသာဝင်များသည်အထက်တန်း
ကျကျမျက်နှာပန်းလှလှဖြင့်နေနိုင်သည်ဆိုသည်ကိုမည်သည့်ဗေဒင်ဆရာကိုမျှမေးစရာမလိုပေ။
မည်သည့်အလုပ်ကိုပဲလုပ်လုပ်“တစ်ယောက်အား”နှင့်လုပ်ကိုင်ဆောင်ရွက်ခြင်းထက်“ဆယ်ယောက်အား”
နှင့်လုပ်ကိုင်ဆောင်ရွက်ခြင်းကပို၍ထိရောက်၏။ယနေ့ခေတ်၌နိုင်ငံရပ်ခြားတိုင်းပြည်များသို့သွားရောက်
ပြီးအလုပ်လုပ်နေကြသည့်မြန်မာပြည်သား တိုင်းရင်းသားများကိုမြောက်မြားစွာတွေ့ရှိရပေသည်။စည်း
လုံးမှုညီညွတ်မှုသည်ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာပို၍အရေးကြီး၏။တိုင်းတစ်ပါးတို့၌
“အလုပ်အကိုင်၊နေရာတိုက်ခန်း၊အစိုးရရုံး”စသည်တို့နှင့်ပတ်သက်ပြီးအခက်အခဲပေါင်းများစွာကိုတွေ့ရှိ
နိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှပို၍အဆင်ပြေနိုင်ပါ၏။လူတစ်ရာအတူနေ
သော်လည်း“သူတစ်လူငါတစ်မင်း” ဖြစ်နေကြလျှင်“တစ်ရာအား”မရှိတော့။တချို့ရွာ၊ရပ်ကွက်တို့၌ဘာ
သာခြားလူဦးရေထက်ဗုဒ္ဓဘာသာဝင်လူဦးရေကအဆမတန်ပို၍များ၏။သို့သော်ဘာသာခြားတို့ကားစည်း
လုံးမှုရှိရကားစီးပွားရေး၊လူမှုရေးစသည်တို့၌ဘာသာခြားတို့ကပဲရှေ့ကဦးဆောင်နေပါတော့သည်။မနာ
လို၍ပြောခြင်းမဟုတ်ပါ။အတုယူလိုသောကြောင့်ပြောရခြင်းဖြစ်၏။ထိုအကြောင်းများကြောင့်“အများအ
တွက်”ဆိုသည့်ရည်ရွယ်ချက်ဖြင့်စီးပွားရေးလုပ်ငန်းများကိုတစ်ခုပြီးတစ်ခုတိုးချဲ့ပြီးညီညီညွတ်ညွတ်နှင့်
လုပ်ကိုင်ဆောင်ရွက်ကြဖို့အထူးလိုအပ်နေပါပြီ။အမျိုးဘာသာသာသနာအတွက်တက်ကုန်ရွက်ကုန်လွှင့်
ပြီးစီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင်မြန်မာ့တိုင်းရင်းသားများမကြီးပွားစရာအ
ကြောင်းမရှိပေ။ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည်သမ္မာသမ္ဗုဒ္ဓခေါ်တွင်မြတ်ဘုရားရှင်၏အလိုဆန္ဒ
နှင့်ကိုက်ညီပါကြောင်းတင်ပြလိုက်ရပါသည်။

သူများအတင်းမပြောနဲ့

သားသား နဲ့ မီးမီးရေ..


မေမေ ပြော ဆို နေတဲ့ အကြောင်းအရာတွေ ၊ ပြစ်မှားကံတွေ အကြောင်း ။ သူတစ်ပါး အပေါ် အပြစ်တင် စိတ် မမွေး ဘို့အကြောင်း တွေ ရယ် အခုနောက် ဆုံးပြော ခဲ့ တာ က အတင်းမပြော နဲ့ ဆို တာရယ် ထိရောက်ခဲ့ ပါပြီနော်။

ပြစ်မှားတယ်၊ကဲ့ရဲ့တယ်၊ ဝေဖန်တယ်၊ အတင်းပြောတယ် ဆိုတာ တွေဟာ စကားလုံးတွေ အမျိုး မျိုး တပ်ပေမဲ့ တကယ့် သဘောတရားကတော့ သူတစ်ပါးရဲ့ ပျော့ ကွက်၊ အားနည်း ချက် ကို ကိုယ် က အမြင့် သူ့ကို အနိမ့်ထားပြီး ဖော်ပြတာ၊ တွေးတောတာ ၊ စိတ်ကူးတာ၊ပြောဆိုတာ ကို ခေါ်ပါတယ် ကလေးရေ..။

(နိဗ္ဗာန်လိုချင် သူများအတင်းမပြောနဲ့။ ချမ်းသာလိုချင် သူများအတင်းမပြော နဲ့ )ဆို တဲ့ ဆုံးမ စကားဟာ ကျေးဇူးတော် ရှင် ထွဋ်ခေါင် ဆရာတော်ဘုရားကြီး မိန့်မှာခဲ့တဲ့ စကားပါ ကလေးတို့ရေ..။

မေမေတို့ရဲ့ ကျေးဇူးတော် ရှင် မြတ် စွာ ဘုရား က ရာဟုလော ဝါဒသုတ္တန် မှာ ဟောကြားခဲ့တာပါမြန်မာ လို ပြောရရင် (သူတစ်ပါးရဲ့ မကောင်းကြောင်းကဲ့ ရဲ့ ရှုတ် ချ စကားကို ရှေ့ မှာ လည်း မပြောရဘူး ၊နောက် ကွယ် မှာ လည်း မပြောရဘူးတဲ့..။)ဆုံးမ မယ် ဆိုတဲ့စိတ် နဲ့ ပြောဆို မယ် ဆိုရင် လည်း စဉ်းစား ပြီး ကုသိုလ် လား ၊ အကုသိုလ် လား ဆိုတာ ချိန်ဆပြီး ပြောရမယ် တဲ့..။

ကိုယ် ပြောတဲ့ စကား ဟာ အပူဓာတ် အရှိန် နဲ့ပြောတာလား၊ အအေးဓာတ်နဲ့လားဆိုတာ ခွဲခြားနေရမယ်။ဥပမာ ပေးရရင် သံလိုက် အိမ် မြှောင်လိုပဲနော် ။ အပူဓာတ် ဆို (အစုန်လမ်း၊) အအေးဓာတ် ဆိုရင်( အဆန်လမ်း )ဖြစ်ပါတယ်..။

မေမေ ကျေးဇူးတော်ရှင် ပိုင်းလော့ ဆရာတော် ကျောင်းမှာ တရားစခန်းဝင် တဲ့ အခါ လမ်း သုံးလမ်း ကို ဆရာတော် ဘုရားက သင်ကြားပေးခဲ့ပါတယ်။
၁။ အစုန်လမ်း
၂။ အဆန်လမ်း
၃။ နိဗ္ဗာန်လမ်း ဆို ပြီး ရှိပါ တယ် ကလေးတု့ရေ..။
အကုသိုလ် ဓာတ်များရင် အစုန်လမ်း ( အပါယ် လေးဘုံကိုစုန်ဆင်းရပါလိမ့်မယ်၊)
ကုသိုလ် ဓာတ်များရင်တော့ အဆန်လမ်း (လူ့ဘုံ၊ နတ် ပြည် ၆ထပ်၊ ဗြဟ္မာ ၂၀ဆို တဲ့ သုဂတိ ဘုံ ကို ဆန် ပါလိမ့်မယ်။)

နိဗ္ဗာန် လမ်း ကတော့ သုဂတိ ဘုံမှာ စံစားရမဲ့ ဒုက္ခ သစ္စာ၊ ဒုဂ္ဂတိ ဘုံမှာ ခံ စားရ မဲ့ ဒုက္ခ သစ္စာ ဤ ဒုက္ခ သစ္စာ တရား၂ပါး တို့ကို မခံစား ရစေတဲ့ လွတ် မြောက် နေတဲ့ ဝိမုတ္တိ သုခ ၊ အငြိမ်း ဓာတ် နိဗ္ဗန် ချမ်းသာ ရ မဲ့ ဝိပဿနာ တရားတို့ကို သင်ကြားပေးခဲ့ တာ ဖြစ်ပါတယ်..။
ကလေးတို့ကို မေမေ က အစုန်လမ်း ဖြစ် တဲ့ သံသရာ့ ချောက် ထဲ မကျရအောင် အရင် သင် နေတာ ဖြစ်ပါတယ် ကလေးရေ..။

တကယ်ကျင့်အားသန် တဲ့ ရဟန်း တွေ ၊ပုဂ္ဂိုလ် တွေဟာ အမြင် တစ်ချက်၊ အကြည့်တစ်ကွက် နဲ့ ဝေဖန် ဆုံးဖြတ်ရ ခက် လှပါ တယ် ကွယ် ။ စကားပြောနေရင်းနဲ့ ကို ပေါ်လာတဲ့ အာ ရုံ၊ ခန္ဓာ ငါးပါးတို့ကို လျင် မြန် သော ဉာဏ် ဖြင့် တဏှာ အစပ် ကို ဖြတ် နိုင် တတ်ကြတာ ကို မေ့ မထားပါနဲ့ ကလေးရေ။

ကလေးတို့ ပြစ်မှားမိမှာ စိုးလို့ပါကွယ်..။ အထင် သေးစကားဆိုမိကြရင် ကလေးတို့ ကျင့်ကြံ အားထုတ် ဆဲ တရား ဟာ မတိုးတက် တော့တဲ့ အပြင် အစုန်လမ်းကို ဆင်းစေနိုင် လို့ပါပဲ..။

မေမေ ကျေးဇူးတော်ရှင် အရှင် ဆန္ဒာဓိက ဟော ကြားတဲ့ တရားတစ် ပုဒ် ထဲ မှာ ဆရာတော် ဘုရား ပြန် ပြော ပြတာ မှတ် ထားဘူးတယ်။ ဆရာတော် ဘုရားတို့ ကားနဲ့ ခရီးထွက် ရင်းကားထဲက ကက် ဆက် နဲ့ တရားတော်တွေနာ ယူကြပါတယ်။ အဲ ဒီ တုံးကတရားနာ ယူခဲ့ တဲ့တရားတော် ဟာ ကျေးဇူးတော်ရှင် ဓမ္မ ဒူတအရှင် ဆေကိန္ဒ ဆရာတော် ဘုရားရဲ့ တရား ဖွင့်ထားတာ ပါ..။

အဲဒီတရားတော် ထဲမှာ..။ ( ဘုန်းကြီးတို့က ပုထုဇဉ်ပဲ ရှိသေးတယ် )ဆိုတဲ့စကားလုံးပါသွားတာ ပေါ့လေ..။ဒါကို ကြားလိုက် တဲ့ကားပေါ်မှာ အတူစီးနင်းလိုက်ပါလာတဲ့ လူပုဂ္ဂိုလ် တစ် ဦးက ချက်ချင်းဝေဖန် ပြစ်မှား လိုက် တယ်..( ဟင် သည် လောက် ပညာ တွေသင် တရားတွေ ဟော နေပြီးပုထု ဇဉ် ပဲ ရှိသေးတာလား)ပေါ့လေ..။

ဆရာတော် အရှင် ဆန္ဒာ ဓိက က ဒကာ ကြီး သည် လို မဆိုနဲ့..အကြောင်း အပြည့် အစုံ မသိပဲ လျှပ် တပြက် မစွပ် စွဲသင့် ကြောင်းပြော ဆို ဆုံးမ ပါတယ်၊ နောင် တော် ကြီး ဓမ္မ ဒူတ သည် စကားကို ဆို တာ ဘုရားဆုပန် ထားလို့လည်း ဖြစ် နိုင် ပါတယ်တဲ့။ကိုယ်မှမသိနိုင်တာ အကုသိုလ် မဖြစ်စေနဲ့တဲ့ ပြော ဆိုခဲ့ရပါတယ် တဲ့ကလေးရေ..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီးက လူ တစ်ယောက် ကို ဝေ ဖန်တော့ မယ် ဆိုရင်
ကာလကြာရှည်စွာ အတူနေထိုင်ဘူးရမယ်၊ နောက် ပြီး ထို သူအကြောင်း။စိတ် ဓာတ် နဲ့ လုပ်ရပ်ကို ထဲထဲဝင် ဝင် စိတ် ဝင် စား မှု ရှိေ နရမယ်၊ ပြီးတော့ ဝေဖန် ပိုင်းခြားနိုင်တဲ့ အရည် အသွေးကိုယ့် မှာ ရှိ နေ မှသာ ပြောပါ လို့ ဆုံးမ တော် မူပါတယ် ကလေးရေ..။

အပြု သဘော နဲ့ ပြော ရင် တောင် သမ္ပဇဉ် တရားလေးပါးနဲ့ ကိုက် ညီမှသာ ပြောဆို ပါလို့ မှာ ကြားပါတယ်။ သမ္ပဇဉ် တရားလေးပါးကို တော့ နောက် တစ်ပုဒ် ထပ်ရေးပါမယ် ကွယ်..။၊ ပြစ် မှား ကံ တွေ ဟာ ကြောက်စရာကောင်းလောက် အောင် အစုန်လမ်းကို ပို့ ပေးစေတတ်လို့ပါကလေးတို့ရေ.။

ကျေးဇူးတော်ရှင် သီတဂူ ဆရာတော်ဘုရားကြီးက ဝေနေယျ တွေ အကုသိုလ် မဖြစ်ကြရလေအောင် အတိ အလင်းပဲ ၊ ဆရာတော် ဘုရားရေးသားတဲ့ စာအုပ် နောက် ဖုံးမှာ..( ကျွန်ပ်သည် ဘုရားဆုပန်ထားသော သာ မာန် ရဟန်းမျှသာ ဖြစ်ပါသည်) လို့ေ ဖါ် ပြထားပါတယ် ကလေးတို့ရေ..။
ကလေးတို့ရေ.. အတင်းစကားတွေရှေုာင် ကျဉ် ပြီးအလင်းစကားများသာ ပြောဆိုကြပါစို့ရဲ့..။


တစ်ကိုယ်ရေသုံး ကွန်ပျူတာများ Virus တိုက်ခိုက်

ကွန်ပျူတာသုံးစွဲသူများအနေနဲ့ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ အရေးကြီးတဲ့ data များအတွက် စက်များရဲ့ User account မှာ password ပေးထားကြပြီး အဲဒီ password များနဲ့ ကွန်ပျူတာထဲက data များအသုံးပြုလို့ မရအောင် Virus များ တိုက်ခိုက်လျက်ရှိပါတယ်။ ဒါ့အပြင် Folder များမှာ Show လုပ်လို့မရနိုင်တဲ့ Virus အသစ် တစ်မျိုးလည်း တိုက်ခိုက်လျက်ရှိပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့စက်မှာ Autorun ပါဝင်တာကြောင့်လည်း Virus များဟာ Click မနှိပ်ပေမယ့်လည်း အလိုအလျောက် ကူးစက်လွယ်ပါတယ်။ အဲဒီပြဿနာ တွေကတော့ worm လို့ခေါ်တဲ့ software ၀င်ရောက် တိုက်ခိုက်တာကြောင့် ဖြစ်ပါတယ်။ Virus problem တွေကို ဖြေရှင်းဖို့အတွက် နည်းလည်းတွေကတော့ အဆင်သင့်ရှိပြီးသားပါ။ ကိုယ့်ရဲ့စက်မှာ ဒီလို ပြဿနာတွေကြုံတိုင်း ဒီနည်းလမ်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။ကွန်ပျူတာမှာ Autorun စနစ်ကိုပိတ်မယ်ဆိုရင်-(၁) Start > Run ကို Click တစ်ချက်နှိပ်ပါ။(၂) gpedit.msc လို့ရိုက်ပြီး OK ပေါ်မှာ Click တစ်ချက်နှိပ်လိုက်ပါ။

(၃) ထိုအခါ Group Policy Dialog box ပေါ်လာပြီး အောက်ဆုံးမှာရှိတဲ့ Administrator Templates မှာ Click တစ်ချက်နှိပ်ပါ။ ပြီးတော့ သူ့ရဲ့ဘေးမှာပေါ်လာတဲ့ System ဆိုတဲ့စာပေါ်မှာ Double Click နှိပ်လိုက် ပါ။
(၄) ပြီးတော့ Turn off Autoplay ဆိုတဲ့ စာပေါ်မှာ Double Click နှိပ်ပြီး ပေါ်လာတဲ့ အကွက်ထဲက Enabled ဆိုတာကို ရွေးပြီး Turn off Autoplay on: မှာ All drives ကိုရွေးပြီး OK နဲ့ ပြန်ထွက်လိုက်ပါ။
ခြားနားချက်


အကောင်းမြင်သူနဲ့ အဆိုးမြင်သူတို့ဟာ မေးခွန်း(၃)ခုကို ငြင်းခုန်နေကြတယ်။ မေးခွန်းတွေက-

(၁) မျှော်လင့်ချက်ဆိုတာ ဘာလဲ?

အဆိုးမြင်သူ
မျှော်လင့်ချက်ဆိုတာ မိုးကုတ်စက်ဝိုင်းဖြစ်တယ်။ မြင်ပေမယ့် အရောက်မသွားနိုင်ခဲ့ဘူး။

အကောင်းမြင်သူ
မျှော်လင့်ချက်ဆိုတာ လမ်းပြကြယ်ဖြစ်တယ်။ အရှေ့မှာ အလင်းတန်းရှိကြောင်း လူတွေကို လမ်းညွှန်နေတယ်။

(၂) လေဆိုတာ ဘာလဲ?

အဆိုးမြင်သူ
လှိုင်းတွေပိုခက်ထန်အောင် ကူညီသူ.. ကိုယ့်ကိုပင်လယ်အောက် နစ်မြှုပ်ပစ်နိုင်တယ်။

အကောင်းမြင်သူ
ရွက်တိုင်ရဲ့ကူဖော်လောင်ဖက်.. အောင်မြင်တဲ့ကမ်းကို ကပ်ဖို့ ကူညီသူဖြစ်တယ်။

(၃) ဘဝဆိုတာ ပန်းပွင့်လား?

အဆိုးမြင်သူ
ပန်းပွင့်ဖြစ်တော့ ဘာထူးလဲ! ပွင့်ပြီး ကြွေသွားတာပဲ မဟုတ်လား!

အကောင်းမြင်သူ
ဟင့်အင်း.. ပွင့်ပြီး ချိုမြိန်တဲ့အသီးတွေ ချန်ထားခဲ့နိုင်တယ်။

နှစ်ဦးသား အငြင်းအခုန်ဖြစ်နေဆဲမှာ ရုတ်တရက် ကောင်းကင်ပေါ်က အသံတစ်သံလွှင့်လာပြီး သူတို့ကို မေးခွန်း (၃)ခု မေးခဲ့ပြန်တယ်။ မေးခွန်းတွေက-

(၁) ရှေ့တည့်တည့်သွားရင် ဘာဖြစ်နိုင်မလဲ?

အဆိုးမြင်သူ... ချောက်နက်ကမ်းပါးတွေ တွေ့နိုင်တယ်။
အကောင်းမြင်သူ.... ပန်းပေါင်းစုံဖူးပွင့်တာ တွေ့နိုင်တယ်။

(၂) မိုးဦးရာသီ ကောင်းသလား?

အဆိုးမြင်သူ... မကောင်းပါ။ မြက်ရိုင်းများ ပိုမိုရှင်သန်နိုင်ပါတယ်။
အကောင်းမြင်သူ.... ကောင်းပါတယ်။ ပန်းတွေ ပိုလှပဖူးပွင့်နိုင်ကြတယ်။

(၃) တကယ်လို့ သင့်ကို မြေရိုင်းတစ်ခင်းပေးခဲ့ရင် သင်ဘာလုပ်မလဲ?

အဆိုးမြင်သူ..... သင်္ချိုင်းဆောက်မယ်။
အကောင်းမြင်သူ.... သစ်စိမ်းပင်တွေ အပြည့်စိုက်မယ်။

အဲဒီလို သူတစ်ခွန်း ငါတစ်ခွန်းနဲ့ ငြင်းခုန်ခဲ့ကြပြီး ကောင်းကင်ပေါ်က မေးခွန်းထုတ်သူဟာ ဘုရားသခင်မှန်း သူတို့မသိခဲ့ကြဘူး။ သူတို့ဖြေဆိုတဲ့အတိုင်း ဘုရားသခင်က သူတို့ကို ဆုလာဒ်တွေပေးခဲ့ကြတယ်။

အကောင်းမြင်သူကို ရဲစွမ်းသတ္တိပေးပြီး အဆိုးမြင်သူကို မျက်ရည်တွေပေးခဲ့တယ်။
သင်ရော! ရဲစွမ်းသတ္တိကို ရချင်သလား? မျက်ရည်ကိုပဲ ယူချင်သလား?

မူရင်း--- 乐观者与悲观者差别 (အကောင်းမြင်သူနှင့် အဆိုးမြင်သူတို့၏ ခြားနားချက်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Wednesday, September 16, 2009

ဦးပဉ္ဇင်းကျော်ဟိန်း ပဲခူးတွင် တရားမဟောရ



နာမည်ကျော် ရုပ်ရှင် အနုပညာရှင် ဦးကျော် ဟိန်း သည် ဦးကိတ္တိသာရ ဘွဲ့အမည်ဖြင့် သာသနာ့ ဘောင်သို့ ဝင်ရောက်ပြီး နောက် တရားဟော ပြောမှုများ ပြုလုပ်နေရာ မကြာသေး ခင်က ပိတ်ပင် ခံထားရ ကြောင်း သိရသည်။

ဦးကိတ္တိသာရသည် ပဲခူးမြို့ရှိ ဦးကိတ္ထိပရဟိတ ကျောင်းတိုက်၌ သီတင်းသုံး၍ တရားဟော ပြောနေခြင်းကို ပဲခူးမြို့ သံဃမဟာနယက အဖွဲ့ မှ တားမြစ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူတဦးက ပြောသည်။

ပဲခူးမြို့ခံ ဆရာတော် တပါးကလည်း “သူက တရားဟောတာ မဟုတ်ဘူး၊ စိတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးတယ် ပြောတယ်၊ သူအဲဒီလို လုပ်တာနဲ့ ပတ်သတ်ပြီး ဆရာတော်ကြီးတွေက မကြိုက်ဘူး”ဟု မိန့်သည်။

ဦးကိတ္တိသာရ အနေဖြင့် တရားဟောပြောရာတွင် အဘိဓမ္မာ၊ ဝိနည်း တို့နှင့် ပတ်သတ်သည့် အကြောင်းအရာ တခုမှ ပါဝင်ခြင်းမရှိဘဲ ၎င်းရုပ်ရှင် သရုပ်ဆောင် သက်တမ်း တလျှောက် လုပ်ဆောင်ခဲ့သော အတွေ့အကြုံ များကိုသာ ပြောကြားခြင်း ဖြစ်သည်ဟု ပဲခူးမြို့ရှိ တရားပွဲ သွားရောက်ခဲ့သူ တဦးက ပြောသည်။

“သူဟောနေတာတွေက ဘုရားအဆို အဆုံးအမတွေ တခုမှမပါဘူး၊ လူပြိန်းတော့ ကြိုက်တာ ပေါ့နော်၊ နားလည်တဲ့ သူတွေက မကြိုက်ဘူး၊ သူပါတဲ့ပွဲဆို နာမည်ကြီး ဆရာတော်တွေက ငြင်းကြတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ဦးပဉ္ဇင်း ဦးကိတ္တိသာရ လူဝတ်လဲသည်ဟူသော သတင်းများထွက်ပေါ်ခဲ့ သော ကြောင့် ဦးပဉ္ဇင်းကြီးအား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ဖူးသည်။

ဦးပဉ္ဇင်းကြီး ဦးကိတ္တိသာရက “ဦးပဉ္ဇင်းကြီးက ထားဝယ်မှာ တရားဆွေးနွေး ခဲ့တယ်၊ အခုပဲ ပြန်ရောက်တယ်၊ ပြီတော့ မနက်ဖြန် မအူပင် ကျုံနတ်တောရွာ ဆိုတဲ့ရွာမှာ သွားဆွေးနွေးမယ်၊ ဦးပဉ္ဖင်း ဆွေးနွေး တာကတော့ ဗုဒ္ဓဘာသာ ဘုရားရှိခိုး အခြေခံ၊ ကလေးတွေက ဘုရားရှိခိုးတဲ့ အခါမှာ ရပ်ပြစ် (၈)ပါးဆိုတာ ဘာလဲ။ ဗျသန တရား (၅) ပါး ဆိုတာ ဘာလဲ၊ အဲဒါတွေ ဆွေးနွေးပါတယ်၊ ကလေးတွေ ဦးစားပေးပါတယ်”ဟု ပြောဆိုခဲ့သည်။

ထိုအချိန်ကတည်းကပင် ၎င်း ဦးပဉ္ဇင်းကျော်ဟိန်း၏ ရဟန်းဘောင်ဝင်၍ တရားပွဲများပြုလုပ်နေခြင်းနှင့် ပတ်သက် ၍ ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သည်။

ထိုကဲ့သို့တရားပွဲများတွင် တရားနာကြားခြင်းထက် ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်းကို မမြင်ဘူး၍လာရောက် ကြည့်ရှုသူများရှိ ကြောင်းလည်း သိရသည်။

ဦးကိတ္တိသာရ ဘွဲ့အမည်ရ ဦးကျော်ဟိန်းသည် ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက် ခရီးစဉ်ဟုအမည်ပေးကာ၂၀၀၇ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ခဲ့သေးသည်။

ဦးကျော်ဟိန်းသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်က စတင်၍ အနုပညာလောကကို ကျောခိုင်းကာ သာသနာ့ ဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အထွေထွေ ဗဟုသုတဘာသာ

၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။

အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။

အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။

အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။

အမေး။ မဟာ ဗန္ဓုလသည် မည်သည့်စစ်ပွဲတွင် ကျဆုံးခဲ့သနည်း။
အဖြေ။ သူ၏ နောက်ဆုံးစစ်ပွဲတွင် ဖြစ်သည်။

အမေး။ မင်းတုန်းမင်း၏ ငယ်နာမည်ကို သိပါသလား။
အဖြေ။ လုံးဝမသိကြောင်း ဝန်ခံပါသည်။

==============================

၂) အောက်ပါတို့ကို အသေးစိတ်ရှင်းပြပါ။

အမေး။ လူ နှင့် ခွေး၏ ဆက်စပ်ပုံကို ဖြေပါ။
အဖြေ။ လူသည် သေမျိုး၊ ခွေးသည်လည်း သေမျိုး
သေမျိုးခြင်းအတူတူဖြစ်သည်။ ထို့ကြောင့်…
လူသည် သေမျိုး = ခွေးသည် သေမျိုး
ညီမျှခြင်းနှစ်ဘက်စလုံးမှ `သေမျိုး´ များကို ချေလိုက်သောအခါ
လူ = ခွေး

အမေး။ `ကျွဲပါးစောင်းတီး´ စကားပုံကို ရှင်းပြပါ။
အဖြေ။ ကျွဲ၏ ပါးစောင်းအား သွားတီးခြင်းဖြစ်ပါသည်။ အင်မတန်မှ အန္တရာယ်များမည့် အလုပ်ဟု ယူဆရပါသည်။

အမေး။ ထမင်းစားသော တူကို မည်သူတီထွင်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။
အဖြေ။ တရုတ်လူမျိုးများဟု ထင်ပါသည်။ သို့သော် ထိုသူကို တော်တော်လေး အမြင်ကပ်ပါသည်။ သူ့ဘာသာ လက်နဲ့အလွယ်တကူ စားလို့ရနေတာကို တုတ်ချောင်းနှစ်ချောင်းဖြင့် ညှပ်ပြီး မခက်ခက်အောင်လုပ်ပြီး စားရသည်မှာ သိပ်အဓိပ္ပာယ် မရှိဟု ထင်မိပါသည်။ တူ၏ အခြားမကောင်းသောအချက်မှာ ဟင်းချိုသောက်၍ မရခြင်းဖြစ်သည်။

==============================

၃) အောက်ပါတို့ကို ဘာသာပြန်ပါ။

အမေး။ How do you do?
အဖြေ။ ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျာ။

အမေး။ Long time no see.
အဖြေ။ အရှည်ကြီးက အချိန်မမြင်ဘူးဟ။

အမေး။ Fine for smoking
အဖြေ။ ဆေးလိပ်သောက်လို့ အဆင်ပြေပါတယ်။

အမေး။ We need to check the time table.
အဖြေ။ ကျုပ်တို့ နာရီစားပွဲနဲ့ ကျားထိုးရဦးမယ်ဗျ။

အမေး။ Free Burma.
အဖြေ။ မြန်မာပြည်ကြီးကို အလကားယူသွားဗျာ (ပိုက်ဆံပေးဖို့မလို)

အမေး။ Save the forest.
အဖြေ။ တောအုပ်ကြီးကို သိမ်းထားစမ်းပါ။

အမေး။ Free Alcohol Zone
အဖြေ။ အရက်အလားကား ရသော နေရာဖြစ်သည်။

အမေး။ Wash Basin
အဖြေ။ ရေဇလုံကို ဆေးပါ။

အမေး။ So far so good
အဖြေ။ ဝေးလေ ကောင်းလေ။

၁-နှစ်သမီးအရွယ်လေး အမြွှာပူး ကိုယ်ဝန်ဆောင်


တရုတ်နိုင်ငံတွင် ၊ Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် ကောင်မလေးက အမြွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားကြောင်း သိရပါတယ် ။ တစ်နှစ်သမီးလေးက ကိုယ်ဝန်လွယ်ထားတယ်ဆိုတဲ့ အကြောင်းကိုသိလိုက်ရတဲ့အချိန်မှာတော့ တရုတ်နိုင်ငံက ဆေးဖက်ဆိုင်ရာ လောက မှာ တော်တော်အံ့သြတုန်လုပ်သွားကြပါတယ် ။ Mengru Kang ရဲ့ဗိုက်ဟာ ဘာဖြစ်မှန်းမသိ တဖြည်းဖြည်းကြီးလာတော့ ဆေးရုံခေါ်သွား ပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ ဆရာဝန်က ထူးဆန်းစွာနဲ့ သူမကိုယ်ဝန်ရှိတယ် ဆိုတာသိလိုက်ရတာပါ ။

လွယ်ထားရဲ့ကိုယ်ဝန်ကလည်း ယောက်ျားလေး အမြွှာပူးဖြစ်နေပါတယ် ။ သူမကို ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ နောက်ထပ်မျိုးအောင်လာတဲ့ သူ့မိဘနှစ်ပါးရဲ့ သန္ဓေသားဟာ သူမရဲ့ဝမ်းထဲဝင်ပြီး ကြီးလာတာဖြစ်တယ် လို့ဆရာဝန်ကပြောပါတယ် ။ ဒါဟာ အလွန့်အလွန်ဖြစ်ခဲတဲ့ဖြစ်ရပ်လို့ ဆိုပါတယ် ။ လူအယောက် ၅သိန်း မှာမှတစ်ယောက်တောင်ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်တယ် ။ သန္ဓေသားတစ်ခု အတွင်း သန္ဓေသားရောက်ရှိခြင်း ဖြစ်စဉ်လို့ဆိုပါတယ် ။ တစ်ခါတစ်ရန်မှာတော့ ခြေ သို့မဟုတ် လက် သုံးချောင်း ဆိုသလိုမျိုး အပိုကိုယ်အင်္ဂါများ(extra body parts, such as three legs or arms) ဖြစ်သွား တတ်ကြတယ်လို့ဆိုပါတယ် ။

သူမ မွေးဖွားမယ့်အချိန်ကြရင်တော့ နာကျင်စွာနဲ့ခွဲမွေးရပါလိမ့်မယ်လို့ ဆက်လက်ပြောကြားသွားပါတယ်။ ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာဖြစ်ပါတယ် ။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားကဆက်လက်ကြီးထွားနေလို့ဘဲဖြစ်ပါတယ် ။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို ၊ အခုဆိုရင် သူမကလဲ ဝမ်းထဲက သူ့မရဲ့ အမြွှာမောင်လေးနှစ်ယောက်ကို ခွဲထုတ်ဖို့စောင့်နေတယ်လို့ဆိုပါတယ် ။

စကြာဝဠာကြီး အတွင်း အားလုံးကို ကြံဖန် ဖန်ဆင်းနေသော အလ္လာဟ် ရှင်ကြီးက ၊ တစ်နှစ်အရွယ် ကလေးမလေးကို အပျင်းပြေ ကျီစားလိုက်ခြင်း ဖြစ်မည်ဟု တရုတ် မူဆလင် စစ်စစ်များက အမှန်အကန် ယုံကြည် ယူဆ နေကြောင်းလည်း သိရပါတယ် ။
ယခုဖြစ်စဉ်သည် သိပ္ပံပညာ မထွန်းကားမီ သို့မဟုတ် သိပ္ပံပညာမထွန်းကားသေးသော အရပ်ဒေသတွင်ဖြစ်ခဲ့မည် ၊ ထို့ပြင် မူဆလင်ဘာသာထွန်းကားသော ပတ်ဝန်းကျင်တွင်လည်း ဖြစ်ခဲ့မည်ဆိုပါက ဤ သူငယ်မသည် ရှာရီယာမဟာကျက်သရေဆောင်ဥပဒေတော်ကြီးအရ တရားမဝင်ကိုယ်ဝန်ဆောင်မှု ကျက်သရေယုတ်သော ကလေးမွေးဖွားမှုဖြင့် အလ္လာဟ်အရှင်မင်းကြီး ကိုယ်စား တပည့်သားမြေးများက သေဒဏ်စီရင်ဖွယ်ရာရှိသည်ဟု စီနီယာအလ္လဟ်က သဘောထားမှတ်ချက်ပေးလိုက်ကြောင်းသိရပါသည် ။

Tuesday, September 15, 2009

အကျဉ်းချုပ်တရားအားထုတ်နည်း

တရားအားထုတ်တယ်ဆိုတာ အစပထမတော့ သမာဓိထူထောင်တဲ့အနေနဲ့  ပင်တိုင်ကမ္မဋ္ဌာန်းဖြစ်တဲ့ နှာသီးဖျားမှာပဲ ၀င်လေတိုးထိတာသိ၊ ထွက်လေတိုးထိတာသိ၊ အဲဒီနှစ်ချက်၊ ရှေ့ နောက်နှစ်ရပ် အမှတ်ဆက်စပ်အောင် မှတ်ရမယ်။ ဒါ အကျဉ်းချုပ်ပဲ။

ယောနိသော မနသိကာရ

တရားထိုင်နေတဲ့ ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ အားလုံး ခန္ဓာဥာဏ်စိုက်ပြီးတော့ လျောင်း ထိုင် ရပ် သွား လေးပါးသော ဣရိယာပုတ်တိုင်းမှာ ယောနိသော မနသိကာရ ( အသင့်အတင့် နှလုံးသွင်း ) ထားပြီး ရှုမှတ်နိုင်ရတယ်။ အမှတ်ဆက်နိုင်ရတယ်။ ရှေ့ နောက်နှစ်ရပ် အမှတ်ဆက်အောင် ကြိုစားပြီးတော့ မှတ်ကြရမယ်။

နိဗ္ဗာန်လိုချင်ရင် အဖော်မခင်ရ

တရားအားထုတ်နေတဲ့ ယောဂီတစ်ယောက်ဟာ စကားပြော နည်းရတယ်။ စကားပြောရင် တရားလျော့တတ်တယ်။ ဥာဏ်မတက်နိုင်တော့ဘူး၊ တချို့ ယောဂီတွေ အသက် ( ၅၀၊ ၆၀၊ ၇၀ ) တွေဆိုတော့ အချိန်က နှောင်းနေပြီ၊ အချိန်ကနည်းသွားပြီ၊ ဒီတော့ ကိုယ့်တရားကိုသာ တွင်ကျယ်မှု ရှိအောင် ကြိုးစားမှတ်ကြပါ။ နိဗ္ဗာန်လိုချင်ရင် အဖော်မခင်ရဘူး။

အိတ်ဆောင်တိပိဋက

အိတ်ဆောင်တိပိဋက ဆိုတာ...

img_0189.jpg

ဓမ္မကို လေ့လာသင်ယူနေသူများ နှင့် သာသနာပြုဆရာတော်များအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ကာ Alpha ကွန်ပျုတာ ၊ မန္တလေးမှ ထုတ်လုပ်တဲ့ အိတ်ဆောင်တိပိဋကသည် ပိဋက သုံးပုံ ဆဋ္ဌမူ မူလ ၊ အဋ္ဌကထာ ၊ ဋီကာ ၊အည ကျမ်းအားလုံး မူရင်း စာအုပ်စာမျက်နှာအတိုင်း၊ တိပိဋက ပါဠိမြန်မာအဘိဓာန်၁၉တွဲ ၂၁အုပ် ၊ ပါဋိပဒကျမ်းညွန်း ၃၊ ဦးဟုတ်စိန် အဘိဓာန်၊ ဓာတ်အဘိဓာန် စသည်တို့ကို လွယ်ကူစွာ ရှာဖွေ ခြင်း ပါဋိတော်ရှိ စာလုံးအားလုံး ( ၁သန်းခန့် ) ကို မူရင်းပုဒ် ၂၅၀၀၀၀ ခန့် ဖြင့် အဓိပ္ပါယ်ဖော်ခြင်း တို့ကို ဇော်ဂျီဖောင့်ကို အသုံးပြု၍ ပြုလုပ်နိုင်ပါသည်။

ဆဋ္ဌသံဃာယနာတင် ပုံနှိပ်မူပါဠိစာအုပ် ၁၅၉ အုပ်အား မူရင်းစာမျက်နှာအလိုက် မြန်မာပါဋိ roman pali
တို့ဖြင့် လိုအပ်ရာ စာမျက်နှာ ကို ဖတ်ရှုလေ့လာ နိုင်ပါသည်။
ဝိနယ၊ သုတ္တန္တ၊ အဘိဓမ္မ ဟူသော ပိဋကအားဖြင့် (၃)ပုံ၊ ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ၊ အင်္ဂုတ္တရ၊ ခုဒ္ဒက ဟူသော နိကာယ်အားဖြင့် (၅)ရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် (၈၄၀၀၀)၊ များမြောင်လှသည့် ပိဋကတ် ပါဠိတော်နှင့် ယင်း၏ ၃-ဆမျှရှိသော အဖွင့် အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု ယောဇနာ စသည့် ကျမ်းဂန်အရပ်ရပ်ရှိ ပုဒ်ပါဌ်များကို မြန်မာအက္ခရာ၊ ရိုမင်အက္ခရာ (Roman Letter) များဖြင့် အလွယ်တကူ ရှာဖွေနိုင်သည်။ ထို့ပြင် ပါဠိဝေါဟာရပုဒ်များ အားလုံး ပါဝင်ပြီး မြန်မာ ရဟန်းတော်များ ရေးသားပြုစုထားသည့် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ကြီး ဦးဟုတ်စိန်-၏ ပါဠိ-မြန်မာ အဘိဓာန် စသည့် အဘိဓာန်များ ပါဝင်သည့် စက်ဖြစ်သည်။

screen14.jpg

ရှာဖွေလိုသောစာလုံးအား မြန်မာ roman စာလုံးဖြင့် အဘိဓာန်များတွင် ရှာဖွေနိုင်သည်။ တွေ့ရှိချက်များကို တိပိဋက ပါဠိမြန်မာ အဘိဓာန်၊ ဦးဟုတ်စိန် အဘိဓာန် နှင့် ဓာတ် English တို့ကိုဖော်ပြပေးပြီး တိပိ အဘိဓာန် အတွင်းရှိ စာအုပ်နှင့် စာမျက်နှာကို ဖော်ပြပေးမည် ဖြစ်သည်။ ရှာဖွေသည့်စာလုံးဖြစ်စတင်သည့် သုတ် ခေါင်းစဉ် များကို ရှာဖွေပြီး တွေ့ရှိသည့် ဂါထာ၊ သုတ္တံ တို၏ တည်နေရာ စာအုပ်အားလည်းကောင်း၊ စာမျက်နှာအား လည်းကောင်း တိကျစွာညွန်းပြပြီး ဆဋ္ဌမူ စာမျက်နှာအတိုင်း တွေ့ရှိသည့် မူလ၊ အဋ္ဌကထာ၊ ဋီကာ တို့တွင် ဖတ်ရှု နိုင်ပါသည်။ ဖတ်ရှုနေစဉ်တွင် တွေ့ရှိသော ဝေါဟာရအားလုံးအား ရွေးချယ်၍ အဘိဓာန်တွင် ဆက်လက်ရှာဖွေနိုင်မည်ဖြစ်ပြီး စာလုံးတွဲများအား အလိုအလျောက် ခွဲခြား ပြသခြင်း ဖြတ်တောက်ပြသခြင်းများကိုလည်း ပြုလုပ်ပေးမည်ဖြစ်သည်။

ရှာဖွေလိုသည့် စာလုံးအား ပါဠိတော်အတွင်း မတူညီစွာတည်ရှိနေသော စာလုံး ၁သန်းခန့်မှ ရွေးချယ်ပြီး စာအုပ် ၁၅၉အုပ်အတွင်းတွင် မည်သည့် ကျမ်း၊ မည်သည့်စာမျက်နှာတွင် ပါရှိသည်ကို ရှာဖွေ ညွန်းပြပေးပြီး ထိုစာမျက်နှာအတွင်း မည်သို့ပါရှိသည်ကို သိရှိရန် ဖော်ပြ ပေးမည်ဖြစ်သည်။ တစ်နေရာထက် ပိုမိုတွေ့ရှိပါကလည်း ဆက်လက် ကြည့်ရှုနိုင်ရန် စီမံ ထားပါသည်။ စာလုံးမတွေ့ရှိပါက ရှိသည့်စာလုံးများမှ အနီးစပ်ဆုံး ရွေးချယ်နိုင်ရန် ဖော်ပြ ပေးမှာ ဖြစ်ပါသည်။ ဖတ်ရှုနေစဉ် မြန်မာ roman စာလုံးကို ပြောင်းလဲ နိုင်မည် ဖြစ်သည်။ ဖတ်နေသည့် စာမျက်နှာရှိ စာလုံးအားလုံးကို အဘိဓာန်တွင် ဆက်လက် ရှာဖွေနိုင်မည်။

screen40.jpg

အခြားလုပ်ဆောင်နိုင်မှုများ အနေဖြင့် Mp3 နှင့် အခြား အသံဖိုင်များကို ဖွင့်နိုင်ခြင်း အသံသွင်းနိုင်ခြင်း ( တရာတော်များ နာယူနိုင် ပါမည်။)ကိုပြုလုပ်နိုင်မည် ဖြစ်ပြီး Mp4 avi နှင့် အခြားရှုပ်ရှင်ဖိုင်များအားလည်းကြည့် ရှုနိုင်ပါမည်။ (တရား vcd များformat ပြောင်း နာယူနိုင်ပါမည်။ ) Microsoft Office 2003,2007 ၏ word ,excel powerpoint များကို ဖတ်ရှုခြင်း တည်ဆောက်ခြင်း များပြုလုပ်နိုင်ပါမည်။ PDF ဖိုင်များကို ဖတ်ရှု နိုင်ပါမည်။ လိပ်စာများမှတ်သားခြင်း၊ ရှာဖွေနိုင်ခြင်း၊လုပ်ဆောင်ရန်များကို ပြက္ခဒိန်တွင် မှတ်တမ်းတင် သတိပေးစေခြင်း၊ Wi-Fi ရရှိသည်နေရာတွင် internet အသုံးပြုနိုင်ခြင်း၊ pocket PC အနေဖြင့် ဇော်ဂျီဖောင့်နှင့် ဇော်ဂျီကီးဘုတ်ကို အသုံးပြုကာ အချက်အလက်များ ကို ကူးယူနိုင်ခြင်း၊ အခြား ဂဏန်းတွက်စက် ၊ ဂိမ်း စသည်တို့ နှင့် လိုအပ် သည်များကို ထပ်မံ ထည့်သွင်း သုံးစွဲနိုင်သည့် windows mobile 6.1 OS ကို သုံးစွဲထားပါသည်။ USB 2.0 ကိုအသုံးပြု၍ PC (windows/Mac..) တို့ နှင်ချိတ်ဆက်သုံးစွဲနိုင်ပါသည်။

အသုံးပြုသူတို့အား မေတ္တာလက်ဆောင်အားဖြင့် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး ၏ အခြေပြုပဋ္ဌာန်းတရားတော် အသံဖိုင် ၁၉နာရီနှင့် pdf စာအုပ်ဖတ်ရှုရန်ထည့်သွင်းပေးထားပါသည်။ ၄င်းအပြင့် မြန်မာ-အင်္ဂလိပ် အင်္ဂလိပ်မြန်မာ online Dictianory ဖြစ်သော ornagai Dictianory ကိုလည်းထည့်သွင်းထားပါသည်။

Data Sheet of Pocket PC Tipitaka


Font – Zawgyi

Processor - ARM9 400MHz
Memory -128M
Storage SD -4GB

Display - LCD 2.8"
touch Screen ( 320-240) 65535 color

I/O - USB 2 ( mini)

Battery - 900mAh

Network - 802.11b WiFi

Dimensions - 97-62-17 mm

weight : 96g

Other - Build in Speaker,Mic - earphone jack



Special Words

Wi-Fi : any "wireless local area network (WLAN) products that are based on the Institute of Electrical and Electronics Engineers' (IEEE) 802.11 standards."

OS : An operating system (commonly abbreviated as either OS or O/S) is an interface between hardware and user. An OS is responsible for the management and coordination of activities and the sharing of the resources of the computer.

USB 2.0 : The USB 2.0 specification was released in April 2000 and was standardized by the USB-IF at the end of 2001. Hewlett-Packard, Intel, Lucent Technologies (now Alcatel-Lucent following its merger with Alcatel in 2006), Microsoft, NEC, and Philips jointly led the initiative to develop a higher data transfer rate than the 1.0 specification (480 Mbit/s vs 12 Mbit/s).
လောကအလှhttp://www.lawka-ahla.com/news.php?item.827 မှကူးယူဖော်ပြပါသည်။