အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Tuesday, September 15, 2009

အကျဉ်းချုပ်တရားအားထုတ်နည်း

တရားအားထုတ်တယ်ဆိုတာ အစပထမတော့ သမာဓိထူထောင်တဲ့အနေနဲ့  ပင်တိုင်ကမ္မဋ္ဌာန်းဖြစ်တဲ့ နှာသီးဖျားမှာပဲ ၀င်လေတိုးထိတာသိ၊ ထွက်လေတိုးထိတာသိ၊ အဲဒီနှစ်ချက်၊ ရှေ့ နောက်နှစ်ရပ် အမှတ်ဆက်စပ်အောင် မှတ်ရမယ်။ ဒါ အကျဉ်းချုပ်ပဲ။

ယောနိသော မနသိကာရ

တရားထိုင်နေတဲ့ ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ အားလုံး ခန္ဓာဥာဏ်စိုက်ပြီးတော့ လျောင်း ထိုင် ရပ် သွား လေးပါးသော ဣရိယာပုတ်တိုင်းမှာ ယောနိသော မနသိကာရ ( အသင့်အတင့် နှလုံးသွင်း ) ထားပြီး ရှုမှတ်နိုင်ရတယ်။ အမှတ်ဆက်နိုင်ရတယ်။ ရှေ့ နောက်နှစ်ရပ် အမှတ်ဆက်အောင် ကြိုစားပြီးတော့ မှတ်ကြရမယ်။

နိဗ္ဗာန်လိုချင်ရင် အဖော်မခင်ရ

တရားအားထုတ်နေတဲ့ ယောဂီတစ်ယောက်ဟာ စကားပြော နည်းရတယ်။ စကားပြောရင် တရားလျော့တတ်တယ်။ ဥာဏ်မတက်နိုင်တော့ဘူး၊ တချို့ ယောဂီတွေ အသက် ( ၅၀၊ ၆၀၊ ၇၀ ) တွေဆိုတော့ အချိန်က နှောင်းနေပြီ၊ အချိန်ကနည်းသွားပြီ၊ ဒီတော့ ကိုယ့်တရားကိုသာ တွင်ကျယ်မှု ရှိအောင် ကြိုးစားမှတ်ကြပါ။ နိဗ္ဗာန်လိုချင်ရင် အဖော်မခင်ရဘူး။

No comments:

Post a Comment