အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Saturday, October 2, 2010

လမ်းစဉ်


God၏ တရားဥပဒေသည် အဆုံးအစမရှိသလို..မပြောင်းလဲနိုင်ပါဘူး။
တရားဥပဒေနှင့် ဘုရားသခင်သည် ခွဲခြား၍ မရနိုင်ပါဘူး..။
တရားဥပဒေဆိုတာ မရှိမဖြစ်အခြေအနေတစ်ခုဖြစ်ပါတယ်...။
မြတ်စွာဘုရားရှင်ဟာ God ကို မယုံဘူး
ကိုယ်ကျင့်တရားဥပဒေကိုသာ ရိုးသားစွာယုံတယ်.. ဆိုတဲ့...
အကြီးမားဆုံး အရှုပ်အထွေး..တစ်ခုဖြစ်လာခဲ့တယ်...။
နိဗ္ဗာန်ဆိုတဲ့စကားလုံးကို နားလည်မှုနဲ့ပတ်သက်ပြီး..
ရှုပ်ထွေးမှုတွေဖြစ်လာခဲ့ရတယ်...
နိဗ္ဗာန်ဆိုတာ..တကယ် သေခြာပေါက် ကွယ်ပျောက် တိမ်ကော မသွားပါဘူး...။
ကျွန်ုပ်နားလည်သလောက်ပြောရရင်...
နိဗ္ဗာန်မှာ ကျွန်ုပ်တို့အတွက် ကြောက်စရာ စိုးရိမ်စရာလည်း မရှိသလို..
အကျင့်ပျက် ဖေါက်ပြန် ချစားမှုတွေလည်းမရှိပါဘူး...။
အဲဒီလို အကျင့်တွေအားလုံး နိဗ္ဗာန်မှာ မျိုးတုန်းပျောက်ကွယ်သွားတယ်...
နိဗ္ဗာန်ဆိုတာ သချုင်္ိင်းကုန်း အုတ်ဂူတို့ရဲ့ အမည်းရောင်
ငြိမ်းချမ်းနယ်မြေနဲ့လည်း မတူပါဘူး....
နိဗ္ဗာန်ဟာ သက်ရှိ ငြိမ်းချမ်းနယ်မြေ သက်ရှိပျော်ရွှင်ရာလို့လည်း ဆိုနိုင်ပါတယ်...။
မြတ်ဗုဒ္ဓဂေါတမဟာ ဖန်ဆင်းရှင်အနိမ့်စားလေးကိုတောင်မှ
တန်းတူရည်တူ ဆက်ဆံဖို့
ကမ္ဘာကြီးကို သင်ကြားပြသခဲ့ပါတယ်...။
သူဟာ ကမ္ဘာမြေမှာ တွားသွားနေတဲ့ အရာအားလုံးရဲ့ ဘ၀တွေကို
သူ့ဘ၀ တန်းကြေးထားသလို အားလုံးကို တန်ကြေထားပါတယ်..သဘောထားပါတယ်...
လူသားတွေဟာ သာမန်ဖန်ဆင်းတည်ထောင် လုပ်ကိုင်တဲ့နေရာမှာ
ဆရာတစ်ဆူ ဘုရားတစ်ဆူပါပဲလို့..
ပြောဆိုဖို့ စိတ်ကြီးဝင်တဲ့ ယူဆချက်တွေ လက်ခံမှုတွေရှိနေပါတယ်...
အဲဒါနဲ့ပြောင်းပြန်ပင်..ဘ၀ရဲ့ အကြီးအမားဆုံးအရာတွေနဲ့ ပြည့်စုံပြီးတဲ့နောက်..
သူတို့ဟာ အနိမ့်ကျဆုံး တိရိစ္ဆာန်နိုင်ငံတော်ရဲ့ အုပ်ထိမ်းသူတွေဖြစ်ပါတယ်...
ပညာရှိသူတွေဟာ သူတို့ကိုယ်ပိုင်ဘ၀မှာ အမှန်တရားတွေနဲ့ပဲ နေထိုင်ကြပါတယ်...။
ကျွန်ုပ်ဟာ အာရှအလင်းရောင်စာအုပ်ထဲမှာပါတဲ့ ကောက်နုတ်ချက်စာသားကို
ချာတိတ်ဘ၀တုန်းက ဖတ်ခဲ့တယ်....။

ဝန်ခံချက်...M K Gandhi ရေးသားသော The Way Of The Buddha ဟူသော ဆောင်းပါး၏
တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည်...
အရှင်နာဂ(ပူနေး)

Wednesday, September 29, 2010

မေတ္တာတရားကို အခြေခံမဏ္ဍိုင်ပြုတဲ့ တော်လှန်ရေး

မေး....(ကျောင်းသား)
ကျွန်ုပ်တို့ဘ၀တွေမှာ ဘာသာတရားအပေါ် ယုံကြည်မှုရဲ့
အဓိက အရေးပါဆုံးက ဘာပါလဲ...
အတိုင်းအတာသုံးမျိုးကိုတော့ မသိနိုင်ပါဘူး...
စိတ်လှုပ်ရှားမှုရယ်..ခန္ဓာကိုယ်ကြီးနဲ့ စိတ်ရယ်..ကျန်းမာရေးနှင့်ညီညွတ်တဲ့ ပတ်ဝန်ကျင်း ..
အဲဒီသုံးမျိုးပေါ့...
ယနေ့ ကျွန်ုပ်တို့ဟာ စိတ်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်..။
အထူးသဖြင့် လူငယ်တွေပေါ့....
သူတို့ဟာ ရှုပ်ထွေးမှုတွေ ဖိအားတွေနဲ့ များစွာရင်ဆိုင်နေရပါတယ်...။
မေး.....(ပါလီမန်အဖွဲ့ဝင်)
ဖိအားတွေကို ဘယ်လိုရှောင်တိမ်းပြီး
စိတ်ဓာတ်ကျမှုတွေ စိတ်ပျက်အားငယ်မှုတွေကို
ဘယ်လိုတားဆီးကာကွယ်ရမလဲ..
ကလေး လူငယ် ချာတိတ်များမှာ စိတ်အားထက်သန်တက်ကြွမှုတွေနှင့်
ခွန်အားတွေများစွာရှိပါတယ်..။
သင်ဟာ တရားထိုင်ခြင်း သို့မဟုတ် ၀င်လေထွက်လေ သိမှတ်နေခြင်းဖြင့်
စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကိုရနိုင်ပါတယ်...။
သင့်ရဲ့ နှလုံးသားကို ပျော်ရွှင်မှုတွေနဲ့ ဖြည့်ထားပါ...။
ဒီတရားထိုင်ခြင်း ၀င်လေထွက်လေ သိမှတ်နေခြင်းဟာ
အကျင့်စာရိတ္တပျက်နေတာတွေ အရက်စွဲနေတာတွေ
ပညာရေးတစ်ပိုင်းတစ်စနဲ့ ထွက်လာတာတွေ လျော့ခြပေးဘို့အတွက် ကူညီပေးပါတယ်...
စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုဟာ ကျောင်းသားတွေအတွက် တိုးတက်ဖို့ ကူညီပေးပါတယ်...။
ပုံမှန်တရားထိုင်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကို ရယူနိုင်ပါတယ်..။
သိပ္ပံပညာနှင့် ဘာသာရေးဟာ အတူတကွလာပါတယ်..
သို့ပေမဲ့..ယနေ့သိပ္ပံပညာဟာ ဘ၀အရည်အသွေးတွေတိုးတက်စေဖို့
ဘာသာရေးစည်းမျည်းစည်းကမ်းတွေကို အသိအမှတ်ပြုနေရပါပြီ...။
မေး...အိုလံပစ်ရွေတံဆိပ်ဆုရှင် ဘဒါယူဂန်(Badar-Uugan)
အားကစားသမားတွေအတွက် ဘာသာရေးထံမှ ဘယ်လိုများ အကျိုးကျေးဇူးရနိုင်မလဲ...။
မင်းလို အားကစားသမားတွေအတွက် ခွန်အားတွေ အနားယူမှုတွေ
သတိတွေ ..အရမ်းကို လိုအပ်ပါတယ်...။
ဝင်လေ ထွက်လေ ဒိုင်နမစ်ဟာ သင်ရဲ့ ဇီဝတွင်းဖြစ်ပျက်မှုကို အကျိုးသက်ရောက်စေပါတယ်..။
သင့်ရဲ့စိတ်ကို အာရုံစိုက်လိုက်ခြင်းဟာလည်း သင့်ကို သတိတွေတိုးတက်အောင် ကူညီပါတယ်...
ဘာသာရေးယုံကြည်မှုဟာ သင့်ကို ပြောင်းလဲမှုဖြစ်အောင် လုပ်ပေးပါလိမ့်မယ်..
နောက်ပြီး..သင်ဟာ..သဘာဝတရားတွေနဲ့ စည်းချက် ရစ်သမ်ညီမျှစွာ နေထိုင်နိုင်ပါလိမ့်မယ်..။
(ကျောင်းဆရာ).....
စကားကြမ်းကြမ်းတမ်းတမ်း ပြောဆိုတဲ့သူတွေကို မသိခြင်းဟာ
အခက်အခဲလို့ သိရတယ်..သူတို့ဟာ ဆန့်ကျင်ပြီး စိတ်ခံစားချက်ကို ပွင့်လင်းစွာ ဖေါ်ထုတ်ကြပါတယ်..။
တစ်စုံတစ်ဦးက ဆန့်ကျင်ဘက် ပြောလာမည်ဆိုလျှင်..
အဲဒီပုဂ္ဂိုလ်ကို ပြန်မပြောပါနှင့်...။
နှင်းဆီပန်းမှာ ဆူးရှိတယ်ပဲ သဘောထား နားလည်ပေးလိုက်ပါ...။
ဘ၀ဆိုတာလဲ ပြဿနာပေါင်းများစွာရှိပါတယ်...။
ပြဿနာတွေကို ကျော်လွှားအောင်မြင်နိုင်ဖို့ ခွန်အားတွေရှိရမယ်..။
အတွင်းစွမ်းအားတွေကို ဖေါ်ထုတ်ပြီး..
ပြဿနာတွေ အခက်အခဲတွေကို အခွင့်အရေးတစ်ခုအဖြစ် သဘောထားပါ..။
ကျွန်ုပ်တို့မှာ ခွဲဝေထားတဲ့ စိတ်ပိုင်းဆိုင်ရာ အသိပညာတွေ
ဘာသာရေး ယုံကြည်မှုတွေ များလာလေ..
ကျွန်ုပ်တို့ကိုယ်မှာလည်း ပျော်ရွှင်ကြည်နူးမှုတွေ ပိုပျံ့နှံလာလေပါဘဲ...။
သင်ဟာ ဒေါသဖြစ်နေတဲ့သူနဲ့ သီးခံပြီး ဆက်ဆံလိုက်တဲ့အခါ..
ငြိမ်းချမ်းတဲ့အကျိုးတရားတွေ သင့်မှာဖြစ်လာပါလိမ့်မယ်...။
သင်ရဲ့ရည်ရွယ်ချက် သင့်ရဲ့စေတနာက
မတူကွဲပြားတဲ့ အကျိုးကျေးဇူးတွေကို ဆောင်ကျဉ်းလာပါလိမ့်မယ်..။
(ကျောင်းသား).....
တရားထိုင်နေတုန်း တကယ်အစစ်အမှန် ချမ်းသာကို ခံစားရပါတယ်..
အဲဒီခံစားမှုလေး အမြဲတည်နေအောင် ဘယ်လိုသေခြာအောင် လုပ်ရမလဲ...
ဆက်ပြီး တရားထိုင်ပါ...။တရားထိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို တွန်းအားပေးပါ...။
သစ်ပင်လေးကို အတော်ကြီးမားလာတဲ့အထိ ရေးလောင်းပေးသလိုပေါ့...။
ကမ္ဘာအနှံ့စီးပွားရေးကိုပြောဆိုတဲ့အခါ...
ကျွန်ုပ်တို့ရှိသင့်တာ လုပ်သင့်တာကတော့..ကမ္ဘာအနှံ့ပညာ အသိပညာရှိရမယ်...။
ကျွန်ုဟာ ခေတ်မှီတက္ကသိုလ်ကြီးတစ်ခုကို မွန်ဂိုလီးယားမှာ တည်ထောင်ခြင်တယ်..။
မွန်ဂိုလီးယားမှာ ရှေးဟောင်းယဉ်ကျေးမှုတွေကနေ အသိပညာတွေ ရရှိနိုင်တယ်....။
ရိုးရာအစဉ်အလာတွေကို ရှယ်ယာလုပ်နိုင်တယ်...
အရှေ့နဲ့ အနောက်ရဲ့ အကောင်းဆုံ အကျိုးကျေးဇူးတွေကို ရနိုင်ပါတယ်...။
ဝန်ခံချက်...Sri Sri Rabi Shankar ရေးသားသော..Revolution Based on Loveဟူသော
ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည်...
အရှင်နာဂ(ပူနေး)