အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Tuesday, November 2, 2010

အလိုအလျှောက်ဖြစ်သော အချစ်


ဘာသာရေးနှင့် သက်ဆိုင်တဲ့သူတစ်ယောက်ဟာ
ရိုးရာ ထုံးတမ်းဓလေ့ကို ၀င်သွားတဲ့အခါ..
အဲဒါဟာ ဘယ်လိုမျှ ရိုးရာထုံးတမ်းဓလေ့မဟုတ်တော့ဘူး..။
သူ့ရဲ နှလုံးသားဟာ ရိုးရာထုံးတမ်းစဉ်လာထဲမှာပဲ ရှိတယ်..။
နောက်ပြီး..သူ့စကားလုံးတွေကလည်း..အတောင်ပံပဲ ရှိတယ်..
ရိုးရာထုံးတမ်းဓလေ့မှာ နှလုံးသား မရှိတဲ့အခါ..
အဲဒီရိုးရာ ထုံးတမ်းဓလေ့ကို ကျွန်ုပ်ကတော့ ဆန့်ကျင်ရမှာပဲ...။
မိုးဆက်..သူဟာ..တောတန်းတစ်ခုကို ဖြတ်သန်းသွားတုန်း...
သူဟာ ဆုတောင်းနေတဲ့ လူတစ်ယောက်ကို မြင်တယ်...။
နောက်ထပ်ဘယ်လိုမှ မသွားနိုင်တော့တဲ့ အဓိပ္ပါယ်မရှိတဲ့
အရာတွေကို ပြောပြီး...ဆုတောင်းနေတဲ့လူပေါ့...။
သူက ဆုတောင်းနေတဲ့လူကို ရပ်ခိုင်းလိုက်တယ်...။
သူပြောနေတာတွေက ဘုရားတရားကို မထီမဲ့မြင်ပြုရာရောက်နေတယ်..
စော်ကားနေရာ ရောက်တယ်...။
သူ..ပြောနေတာကတော့..
အို..ဘုရားသခင်...
သင်ဟာ တစ်ခါတစ်ရံ တစ်ယောက်တည်း
အထီးကျန်နေတယ်လို့ ခံစားရမယ်...။
သင့်ထံကိုလာပီး..ကျွန်ုပ်ဟာ အရိပ်လေး တစ်ခုလိုပဲ...
သင်နှင့်အတူ ...အမြဲ နေမယ်လေ...။
ကျွန်ုပ်ဟာ သင့်ကို..ကောင်းကောင်လည်း ရေချိုးပေးမယ်..
ကျွန်ုပ်ဟာ..သိုးထိန်းတစ်ယောက်ပါ...။
သင့်ခန္ဓာကိုယ်..သင့်ဆံပင်တွေထဲက
သန်းတွေကို ရှာပီး ဖယ်ပေးပါမယ်...။
သန်း...သန်း....ဟုတ်လား...
မိုးဆက်က သူ့နားကို သူပင် မယုံနိုင်ဘူး...
အသင်က ကျွန်ုပ်ဆံပင်တွေ ခန္ဓာကိုယ်တွေထဲက
ဘာကို ရှာပီး ဖယ်ပေးမယ်...
မိုးဆက်က သူ့စကားကို ရပ်ခိုင်းပြီး ပြောလိုက်တယ်...
နားထောင်ပါအုံး..နားထောင်ပါအုံး..
သင့် ဆုတောင်းနည်းက ဘာဆုတောင်းနည်းလဲ...
သင်က ဘာတွေ လုပ်နေတာလဲ...
ဘယ်သူကို ..အသင်က ပြောနေတာလဲ...
ဘုရားသခင်ရဲ့ ဆံပင်တွေမှာ..သန်း....သန်း...တွေ ...
ဟုတ်လား..
ဘုရားသခင်က ရေချိုးဘို့လဲ လိုအပ်တယ်..
ဟုတ်လား..
အသင်က ...ပြောတယ်...
ကျွန်ုပ်ခန္ဓာကိုယ်ကို ပွတ်တိုက်ပေးပြီး...
လုံးဝ သန့်ရှင်းစင်ကြယ်သွားအောင်..လုပ်ပေးမယ်ဆို...
ဒီလို တောက်တီးတောက်တဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို
ရပ်လိုက်ပါ.....
ဒါဟာ ဆုတောင်းခြင်း..ဘုရားရှိခိုးခြင်းမဟုတ်ဘူး...
သင်ဟာ ..ဘုရားသခင်ကို..
စိတ်အနှောင့်အယှက်ပေးတယ်...ပြစ်မှုကျူးလွန်တယ်...
မိုးဆက်ကို ကြည့်လိုက်ပါ...
မိုးဆက်က ဘုရားသခင် ခြေတော်ရင်းမှာ ခစားနေတယ်..
အိုး...ကျွန်ုပ်ဆောရီး..ပါ...
ကျွန်ုပ်ဟာ စာလည်း မတတ်ပါဘူး...
ဘာမှ မသိနားမလည်တဲ့ လူတစ်ယောက်ပါ...
ကျွန်ုပ် ဘယ်လို ဆုတောင်းရမယ်ဆိုတာကို ..မသိပါဘူး..
ကျေးဇူးပြုပြီး ကျွန်ုပ်ကို သင်ကြားပေးပါ...
အဲဒီနောက်မှာတော့
မိုးဆက်က သူ့ကို မှန်မှန်ကန်ကန်
ဆုတောင်းနည်းကို သင်ပေးတယ်...
သူဟာ ခုတော့ သိပ်ပျော်သွားပြီ...
ဘာဖြစ်လို့လဲ ဆိုတော့..
သူဟာ ခုတော့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်သွားပြီလေ...
သူ့ရဲ့ အတ္တ မာနတွေကို ခုတော့ မှုတ်ထုတ်နိုင်ပြီ..
အဲဒီချိန်မှာပဲ..မိုးဆက်က အဝေးကို ထွက်သွားလေပြီကော...
ဝန်ခံချက်...Talk: Osho ရေးသားသော A Spontaneous Love ဟူသော ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုသည်...။ အရှင်နာဂ(ပုနေး)