အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Thursday, October 28, 2010

စကြာဝဠာရဲ့ ဇာတ်လမ်းအသစ်...


လူသားတို့ရဲ့ ဘ၀ကြမ္မာသည် မနားမနေ
နားလည်မှု အမြင်မှန်သိမှု ဘ၀ကြမ္မာထဲမှာ..ရက်လုပ်နေကြတယ်...
ဘာကြောင့်လဲဆိုတော့..သူဟာ
နားလည်မှု..အမြင်မှန်သိမှုကို
ကိုယ်တိုင်နားလည်ထားတဲ့အတွက်ကြောင့်ပါ....
တစ်နည်းအားဖြင့်ပြောရရင်...
နားလည်မှု အမြင်မှန်သိမှုတွေကို
ကိုယ်တိုင်သဘောပေါက် နားလည်ခြင်းဟာ
ဖြန့်ထားတဲ့ ဖွင့်ထားတဲ့ စွမ်းရည်တွေ
အစွမ်းသတ္တိတွေကို..ပြီးမြောက်စေ ဖြစ်ပေါ်စေပါတယ်...။
ဒါ့အပြင်...စကြာဝဠာအနန္တမှာရှိတဲ့
သတ္တ၀ါတွေအားလုံးရဲ့ အစွမ်းတွေ ပါဝါတွေကိုလည်း
ပြီးမြောက်စေ ဖြစ်ပေါ်စေပါတယ်...။
အမြင်မှန်သိမှုနှင့် လူသားတွေရဲ့ ထူးချွန်မှု
ဒီဝက်အူရစ်နှစ်ခုဟာ..စကြာဝဠာကြီးရဲ့
စိတ်ပိုင်းဆိုင်ရာ ကိုယ်တိုင်နားလည်မှုကို ဖြန့်ပေး ဖွင့်ပေးရာမှာ...
ဆွဲအားနှစ်ခုပဲဖြစ်ပါတယ်...။
ဒါဟာ စကြာဝဠာကြီးရဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ်ဖြစ်ပါတယ်...။
.သောမတ်ဘယ်ရီ(Thomas Berry) ကြိုတင်မျှော်မှန်းထား မျှော်လင့်ထား
အမှန်အဖြစ်ယူဆထားတဲ့ အကြောင်းအရာတစ်ခုပေါ့..
ဒီဇာတ်လမ်းမှာ...နားလည်မှု အမြင်မှန်သိမှုဟာ..
အဓိကကျတဲ့ ၀င်ရိုးလည်းဖြစ်တယ်..
နောက်ပြီး..လူသားတွေရဲ့ စိတ်ကူးယဉ်
ဒဏ္ဍာရီအဖြစ်လည်း မြင်နိုင်ပါတယ်...။
ကျွန်ုပ်တို့ရဲ့ ဘာသာစကားနှင့်ဆိုင်သော
ရသခံစားတတ်မှု.. တုံ့ပြန်တတ်မှု
စိတ်ကူးယဉ် ဒဏ္ဍာရီဟာ ရှေးဟောင်း အခြေအမြစ် ရှိပါတယ်..။
ဘာသာတရားအားလုံးဟာ ဒီစိတ်ကူးယဉ် ဒဏ္ဍာရီရဲ့
သရုပ်ဖေါ် ပြယုဂ်ကို ..ဖုံးကွယ်ထားတယ်...
ဘယ်သူမှ အဲဒါမရှိပဲ..မတည်ရှိနိုင်ပါဘူး...။
အီဂျစ်လို Zoroastrian လိုကဲ့သို့သော
ရှင်းရှင်းလင်းလင်း ပြောဆိုထားတဲ့ ရှေးဟောင်း ဘာသာရေးတွေမှာ..
အလင်းရောင်ရယ်..နေရယ်..မီးရယ်..ဒီသုံးမျိုးကို
အမြင့်မြတ်ဆုံးသော နတ်ဘုရားအဖြစ်..ရှိခိုးကြတယ်..။
တစ်ခါတစ်ရံ သူတို့ဟာ အချင်းချင်း
တစ်ယောက်နှင့်တစ်ယောက် ရောယှက်နေကြပါတယ်...။
ဝန်ခံချက်...Henryk Skolimowski ရေးသားသော A New Story of The Universe ဟူသော ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည်.. အရှင်နာဂ(ပုနေး)













Tuesday, October 26, 2010

ငြိမ်းချမ်းရေး စွမ်းအား(၂)


ဒီငြိမ်းချမ်းရေး ဖေါ်မြူလာကတော့ တစ်ဦးချင်းအနေနဲ့ရော
တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ပါ သက်ဆိုင်ပါတယ်...။
အကြမ်းဖက် နည်းလမ်းဟာ
ဘေးအန္တရာယ်များပြီး အတော်ကို အရဲစွန့်တဲ့
အရေးကိစ္စဖြစ်ပါတယ်...
ဆုံးရှုံးမှုတွေ နစ်နာမှုတွေ အသေအပျောက်တွေ
ဖြစ်ပေါ်စေမယ်ဆိုတာကတော့ အသေအခြာပါပဲ...။
အောင်မြင်မယ်ဆိုတဲ့ အကျိုးတရားကတော့
သံသယအပြည့်အ၀ ဖြစ်စရာပါပဲ...။
ငြိမ်းချမ်းရေး နည်းလမ်းကတော့ အန္တရာယ်မရှိတဲ့အပြင်
အောင်မြင်မှုအတွက်လည်း တာဝန်ခံချက် အာမခံချက်ရှိပါတယ်...။
ဘာကြောင့် ငြိမ်းချမ်းရေး လမ်းစဉ်ဟာ
လက်တွေ့အားဖြင့် ထိရောက် အရေးပါရသလဲ..
အကြောင်းကတော့ ငြိမ်းချမ်းရေး လမ်းစဉ်ဟာ..
လူတွေရဲ့ အသိတရား စိတ်ဓာတ်တွေကို
ရိုက်ခတ်မှုဖြစ်စေလို့ပါဘဲ...။
ဒါ့အပြင်..လူတွေရဲ့ အသိတရား တာဝန်ယူမှု
စိတ်ဓာတ်တွေ ရိုက်ခတ်မှုဖြစ်လာတဲ့အခါ...
ပတ်သက်နေတဲ့ လူတွေက
ရွေးစရာလမ်း မရှိတော့ပေမဲ့...
သင့်ကို အညံ့ခံ အရှုံးပေးပါလိမ့်မည်...။
အကြမ်းဖက်နည်းလမ်းကတော့..
တစ်ခြားပါတီ တစ်ခြားအဖွဲ့အစည်းတွေရဲ့ အတ္တမာနကို
အသက်သွင်း ခလုတ်နှိပ်ပါလိမ့်မည်....။
တစ်စုံတစ်ဦးရဲ့ အတ္တမာနတွေ ပါဝင်ပတ်သက်လာတဲ့အခါ..
အကျိုးတရားကတော့..မအောင်မြင်မှု ပျက်ပြားမှုဖြစ်ရတာပါပဲ...။
အကြမ်းဖက်မှုဟာ မလွဲဧကန် အကြမ်းဖက်မှုကို ပေါ်ပေါက်စေပါတယ်...။
ဒါကြောင့်မို့ အကြမ်းဖက်မှုဟာ..
ပြဿနာတွေကို ပိုမိုဆိုးရွာစေတယ်...။
တစ်ဦးခြင်းအနေနဲ့ရော..လူအဖွဲ့အစည်းအတွက်ပါ..
ဒါမှမဟုတ် နိုင်ငံအတွက်ရော ကမ္ဘာကြီးအတွက်ပါ
ဘယ်လိုပြဿနာမျိုးကိုမှ အကြမ်းဖက်နည်းလမ်းက မဖြေရှင်းပေးနိုင်ပါဘူး...
ငြိမ်းချမ်းရေး လမ်းစဉ်ဟာ သဘာဝတရားပဲဖြစ်ပါတယ်..။
ဒါဟာ ပြောင်းလဲ၍ မရသော ထာဝရတည်ရှိသောအရာပဲလေ..
ငြိမ်းချမ်းရေး လမ်းကို လျှောက်လမ်းရတဲ့အတွက်
သဘာဝတရားကို အမြဲကျေးဇူးတင်ပါတယ်..
ပြည့်စုံမှုတွေ ရှိတဲ့နေရာတိုင်းမှာ သဘာဝရဲ့
တည်ငြိမ်အေးချမ်းမှုတွေကို ကျွန်ုပ်တို့ မြင်တွေ့ရပါတယ်...။
သဘာဝတရားမှာ..နိုင်းယှဉ်၍မရသော လှုပ်ရှားသက်ဝင်မှုတွေ
တည်ရှိကောင်းတည်ရှိပါမယ်...။
ဒါပေမဲ့ အဲဒါက ပြဿနာတွေကို မဖန်းတီးနိုင်ပါဘူး...။
အကြောင်းကတော့ လုပ်ဆောင်မှုတိုင်းမှာ
စွဲစွဲမြဲမြဲ ငြိမ်းချမ်းမှုတွေ ရှိနေလို့ပါပဲ.....။
ငြိမ်းချမ်းရေး လမ်းစဉ်ဟာ သင့်ရဲ့ အချိန်တွေ စွမ်းအားတွေကို
ဖြုန်းတီးခြင်းကနေ ကာကွယ်စောင့်ရှောက်ပေးပါတယ်...။
ငြိမ်းချမ်းမှုတည်ရှိနေခြင်းဟာ အခြေအနေတွေကို
ပုံမှန်ပြန်ဖြစ်စေဖို့ ကူညီပါတယ်..
ဒါ့အပြင် အကြမ်းဖက်မှုတွေဟာ ဒေါသတွေ သီးမခံနိုင်မှုတွေကိုသာ
ဖြစ်ပေါ်စေတယ်..ငြိမ်းချမ်းရေးကတော့....
ချစ်ခြင်းတရားတွေ..ကရုဏာတရားတွေ..နောက်ပြီး..
စာနာရိုင်းပင်းမှုတွေကို ဖြစ်စေတယ်..နောက်ပီး...
အားပေးတယ်..မြှင့်တင်ပေးတယ်..ငြိမ်းချမ်းရေးကလေ...။
ငြိမ်းချမ်းရေးဟာ အကြီးမားဆုံးသော လူမှုရေး လုပ်ငန်းကောင်းကြီးတစ်ခုပါ..
ဘာကြောင့်လဲဆိုတော့......
လူတွေကြားထဲမှာ အပြုသဘောဆောင်မှု..
အကောင်းမြင်ယုံကြည်မှုကို.....စွဲမြဲအောင် သင်ကြားပေးလို့ဖြစ်ပါတယ်...။
ငြိမ်းချမ်းရေး ရှိတဲ့နေရာတိုင်းမှာ...တိုးတက်ဖွံဖြိုးမှုတွေ ရှိနိုင်ပါတယ်..
ဒါပေမဲ့...ငြိမ်းချမ်းသော ပတ်ဝန်းကျင်မရှိဘဲ..တိုးတက်ဖွံ့ဖြိုးမှု မရှိနိုင်ပါဘူး။
ကြယ်တွေ..ဂြိုဟ်တွေ..နောက်ပီး...သဘာဝတရားရဲ့..
အားလုံးသော လက္ခဏာသွင်ပြင်တွေ...ဒါတွေအားလုံးဟာ
လှုပ်ရှားတက်ကြွသော နေ့နဲ့ ညတွေမှာ ရှိကြတယ်..
ဒါပေမဲ့ ..သူတို့ဟာ
ငြိမ်းချမ်းရေး လမ်းစဉ်ထဲကနေ..ဘယ်တော့မှ
လမ်းလွဲမသွားဘူး..သွေဖည်မသွားဘူး...။
ငြိမ်းချမ်းရေးဟာ သဘာဝရဲ့ ယဉ်ကျေးမှု..ကမ္ဘာကြီးရဲ့ တရားဥပဒေ...
မြစ်တွေကလည်း ..ငြိမ်းချမ်းရေး သတင်းလွှာတွေ
သယ်ဆောင်ပြီး...စီးဆင်းနေကြတယ်...
တိုက်ခတ်နေသော လေတွေကလည်း ငြိမ်းချမ်းရေး သ၀ဏ်လွှာကို
နေ့ရောညပါ...သယ်ဆောင်သွားနေကြပြီလေ...
ဝန်ခံချက်...Maulana Wahiduddin Khan ရေးသားသော
The Power of Peace ဟူသော ဆောင်းပါး၏
တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည်...

အရှင်နာဂ(ပုနေး)






Monday, October 25, 2010

ငြိမ်းချမ်းရေး စွမ်းအား


ငြိမ်းချမ်းရေးဟာ အကြမ်းဖက်မှုတွေထက် ပိုပြီး
ခမ်းနားကြီးကျယ်ပါတယ်...။
အပြုသဘောဆောင်တဲ့ ရည်းမှန်းချက်တွေ
လုပ်ဆောင်ချက်တွေဟာ..
အေးချမ်းသာယာသော အဓိပ္ပါယ်တွေ..
ပြည့်စုံကြွယ်ဝမှုတွေကို ပြီးနိုင်ပါတယ်...။
အကြမ်းဖက်မှုတွေဟာ....
ပျက်စီးရာ ပျက်စီးကြောင်းတွေ...ဆုံးရှုံးမှုတွေ..
ချွတ်ခြုံကျစေမှုတွေ..ဒီလိုအကျိုးတရားတွေကိုပဲ ဖြစ်ထွန်းစေနိုင်ပါတယ်...
အိန္ဒိယနိုင်ငံဟာ ၁၈၅၇.ခုနှစ်က စတင်ပြီး
လွတ်လပ်ရေးအတွက်..ရုန်းကန်လှုပ်ရှား ကြိုးပမ်းခဲ့တယ်..။
အဲဒီအချိန်တုံးက ခေါင်းဆောင်တွေက လွတ်လပ်ရေုးကို
အကြမ်းဖက်နည်းလမ်းနဲ့ တောင်းဆိုခြင်ကြတယ်...။
ဒီလိုဦးတည်ချက်နဲ့ပဲ..၁၉၁၉..ခုနှစ်အထိ..လွတ်လပ်ရေးအတွက်
တိုက်ပွဲဝင်ကြတယ်...ဒါပေမဲ့
အဓိကရည်မှန်းချက် ပန်းတိုင်ကိုတော့ မရရှိခဲ့ပါဘူး...။
အဲဒီနောက်မှာတော့ မဟတ္တမဂန္ဒီဟာ..
၁၉၁၉..ခုနှစ်ကနေ စတင်ပြီး...လွတ်လပ်ရေးကြိုပမ်းဖို့..
အိန္ဒိယနိုင်ငံရေး လောကကို ၀င်ရောက်လာခဲ့ပါတယ်...။
အခြေအနေတွေကို လေ့လာပြီးတဲ့နောက်...
မဟ္တမဂန္ဒီဟာ..လုပ်ဆောင်ချက်တွေကို
ပြောင်းပြန်လှန်ဘို့ ဆုံးဖြတ်ခဲ့ပါတယ်...။
“လွတ်လပ်ရေးကြိုးပမ်းမှုကို ဆက်လက် လုပ်ဆောင်မယ်..”
“ဒါပေမဲ့ ...ငြိမ်းချမ်းသောနည်းဖြင့်သာ..လုပ်ဆောင်မယ်”ဆိုတဲ့အကြောင်းကို
ကြေငြာလိုက်ပါတယ်...။
အရင်ခေါင်းဆောင်တွေတုန်းက လွတ်လပ်ရေးအတွက်
ဗြိတိသျ ဥပဒေကို ဆန်ကျင့်ဘို့ ဗုံးကို အသုံးပြုခဲ့ကြတယ်..
သူ(မဟတ္တမဂန္ဒီ)ကတော့..လွတ်လပ်ရေးအတွက်
ငြိမ်းချမ်းရေး ဗုံးကို အသုံးပြုမယ်လို့ ကြေငြာလိုက်ပါတယ်..။
မဟ္တမဂန္ဒီရဲ့ ကြေငြာချက်ဟာ အနာဂါတ်ဖြစ်နိုင်ခြေကို ပြောင်းလဲခဲ့ပါတယ်..။
ဗြိတိသျှ အင်ပါယာ စက်ယန္တရားကြီး တစ်ခုလုံး တုန့်ဆိုင်း ရပ်တန့်သွားခဲ့ပါတယ်..
အဲဒီကြေငြာချက်ကြောင့် ဗြိတိသျှတွေဟာ အကြံအိုက်ကုန်တယ်...
ဗြိတိသျှလူမျိုးတစ်ဦးက အတွင်းဝန်ရုံးကို ကြေးနန်းစာတစ်စောင် ပို့ခဲ့ပါတယ်..
အကြမ်းမဖက်တဲ့ ကျားတစ်ကောင်ကို
ဘယ်လိုသတ်ရမယ်ဆိုတာကို..ညွန်ကြားပေးပါ..လို့ ရေးသားပေးပို့ခဲ့ပါတယ်..။
အကြမ်းဖက်နည်းလမ်းဟာ သင့်ရဲ့ ပြိုင်ဘက်က
ပြန်လည် အကြမ်းဖက်တုံ့ပြန်ဘို့အတွက်
အကျိုးအကြောင်းပြချက်တွေကို ပေးတယ်..
ဒါပေမဲ့ သင်ဟာ ငြိမ်းချမ်းရေးလမ်းစဉ်ကို လုပ်ဆောင်မယ်ဆိုလျှင်...
တစ်ခြားပါတီအတွက် သင့်ကို ဆန့်ကျင်ဘို့..
ဖိအားပေး အသုံးပြုဘို့ မြေနေရာ မရှိပါဘူး...။
ဒါဟာ မဟတ္တမဂန္ဒီရဲ့ ငြိမ်းချမ်းရေး လမ်းစဉ် လောဂျစ်(ယုတ္တိဗေဒ)ဖြစ်ပါတယ်...။
မကြာခင်မှာ အိန္ဒိယဟာ လွတ်လပ်ရေး ရခဲ့ပါတယ်...။
ဝန်ခံချက်.....Maulana Wahiduddin Khan ရေးသားသော
The Power of Peace ဟူသော ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကို
ဘာသာပြန်ဆိုပါသည်...
အရှင်နာဂ(ပုနေး)









Sunday, October 24, 2010

တွေးခေါ်မြှော်မြင်မှုနဲ့ ခံစားချက်


စိတ်နဲ့နှလုံးသားဟာ တစ်ခြားစီနေတယ်..တစ်ခုနှင့်တစ်ခု
သဘောထား ကွဲလွဲမှုရှိတယ်လို့ ကျွန်ုပ် အကြံပေးတယ်လို့ မဆိုလိုပါဘူး...။
ကျွန်ုပ်တို့ရဲ့ အသိဥာဏ်တွေ ၊ ကျွန်ုပ်တို့ရဲ့ ခံစားချက်တွေ တကယ်ကို
အတွင်းကျကျ ရစ်ပတ်နေတယ်လို့..ဆန့်ကျင်ဘက်အနေနဲ့ ပြောတာပါ...။
တွေးခေါ်မြှော်မြင်မှုဆိုတာ ကျွန်ုပ်တို့ ခံစားနေတာတွေကို
ဂုဏ်တက်စေရုံ ခံညားစေရုံသာမက..
အဲဒီအတွေးအခေါ်ကပဲ သေခြာအောင် ကူညီပါတယ်...
ခံစားချက်ရှိနေသူ..အဲဒီခံစားချက်မှာ
ကျွန်ုပ်တို့အတွက် လုပ်ပိုင်ခွင့်ရှိတာတွေကို
နောက်ဆုံးမှာ ဝေဖန်တယ်..တရားစီရင်တယ်..
စိတ်ထဲမှာရှိနေတာတွေက...
ကိုယ်ပိုင်ကျေနပ်မှု ..ကိုယ့်ကိုယ်ကို ယုံကြည်မှု..
ကျွန်ုပ်တို့ဟာ ဘာလဲဆိုတာကို သိတဲ့ ...
ကောင်းတဲ့စိတ်နဲ့တူတဲ့ ခံစားချက်မျိုးဖြစ်ပါတယ်...။
ဒါဟာ ကျွန်ုပ်တို့နဲ့ ပတ်သက်ပြီး ခံစားချက်ဖြစ်ပါတယ်...။
ကောင်းကောင်းနေထိုင်ရဘို့အတွက် ..
ကျွန်ုပ်တို့မှာ ရှိတဲ့ ခံစားချက်တွေ...
အလွန်အရေးပါတဲ့ တစ်ချို့အရာတွေကို..ကျွန်ုပ်တို့ဘ၀မှာ လိုခြင်သလောက်
ကျွန်ုပ်တို့ ရနေတယ်ဆိုတဲ့ ခံစားချက်တွေ..
ဒါတွေအားလုံးဟာ ကျွန်ုပ်တို့နဲ့ ပတ်သက်တဲ့ ခံစားချက်တွေဖြစ်ပါတယ်...။
ကိုယ်ပိုင်အတွေ့အကြုံကနေ..
ကိုယ့်ကိုယ်ကို ဘယ်လိုအားပေးရမယ်..
ဘယ်လို တက်ကြွနေအောင် လုပ်ရမယ်..
ဘယ်လို ပျော်ရွှင်အောင်လုပ်ရမယ်ဆိုတာကို
ကျွန်ုပ်တို့အားလုံး သိကြပါတယ်...။
ပျော်ရွှင်နေတဲ့အခါ...သင့်လျှော်တဲ့အတွေးအခေါ်တွေနဲ့..
တစ်စုံတစ်ဦးကို ပျော်ရွှင်အောင် ဖျောင်းဖျပေးမယ် ..
..ကိုယ့်ကိုယ်ကို ...ဒါမှမဟုတ်..သူတစ်ပါးကို..
ပျော်ရွင်ကြည်နူးအောင် လုပ်ပေးနေတဲ့အခါ...
အတွေးအခေါ် ideaအသစ်တွေ ပေါ်ပေါက်လာတတ်ပါတယ်...။
ဝန်ခံချက်..S.Cannavo ရေးသားသော
Reasoning and feeling ဟူသော ဆောင်းပါး၏
တစ်စိတ်
တစ်ဒေသကို ဘာသာပြန်ဆိုပါသည်...
အရှင်နာဂ(ပုနေး)