အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Thursday, October 28, 2010

စကြာဝဠာရဲ့ ဇာတ်လမ်းအသစ်...


လူသားတို့ရဲ့ ဘ၀ကြမ္မာသည် မနားမနေ
နားလည်မှု အမြင်မှန်သိမှု ဘ၀ကြမ္မာထဲမှာ..ရက်လုပ်နေကြတယ်...
ဘာကြောင့်လဲဆိုတော့..သူဟာ
နားလည်မှု..အမြင်မှန်သိမှုကို
ကိုယ်တိုင်နားလည်ထားတဲ့အတွက်ကြောင့်ပါ....
တစ်နည်းအားဖြင့်ပြောရရင်...
နားလည်မှု အမြင်မှန်သိမှုတွေကို
ကိုယ်တိုင်သဘောပေါက် နားလည်ခြင်းဟာ
ဖြန့်ထားတဲ့ ဖွင့်ထားတဲ့ စွမ်းရည်တွေ
အစွမ်းသတ္တိတွေကို..ပြီးမြောက်စေ ဖြစ်ပေါ်စေပါတယ်...။
ဒါ့အပြင်...စကြာဝဠာအနန္တမှာရှိတဲ့
သတ္တ၀ါတွေအားလုံးရဲ့ အစွမ်းတွေ ပါဝါတွေကိုလည်း
ပြီးမြောက်စေ ဖြစ်ပေါ်စေပါတယ်...။
အမြင်မှန်သိမှုနှင့် လူသားတွေရဲ့ ထူးချွန်မှု
ဒီဝက်အူရစ်နှစ်ခုဟာ..စကြာဝဠာကြီးရဲ့
စိတ်ပိုင်းဆိုင်ရာ ကိုယ်တိုင်နားလည်မှုကို ဖြန့်ပေး ဖွင့်ပေးရာမှာ...
ဆွဲအားနှစ်ခုပဲဖြစ်ပါတယ်...။
ဒါဟာ စကြာဝဠာကြီးရဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ်ဖြစ်ပါတယ်...။
.သောမတ်ဘယ်ရီ(Thomas Berry) ကြိုတင်မျှော်မှန်းထား မျှော်လင့်ထား
အမှန်အဖြစ်ယူဆထားတဲ့ အကြောင်းအရာတစ်ခုပေါ့..
ဒီဇာတ်လမ်းမှာ...နားလည်မှု အမြင်မှန်သိမှုဟာ..
အဓိကကျတဲ့ ၀င်ရိုးလည်းဖြစ်တယ်..
နောက်ပြီး..လူသားတွေရဲ့ စိတ်ကူးယဉ်
ဒဏ္ဍာရီအဖြစ်လည်း မြင်နိုင်ပါတယ်...။
ကျွန်ုပ်တို့ရဲ့ ဘာသာစကားနှင့်ဆိုင်သော
ရသခံစားတတ်မှု.. တုံ့ပြန်တတ်မှု
စိတ်ကူးယဉ် ဒဏ္ဍာရီဟာ ရှေးဟောင်း အခြေအမြစ် ရှိပါတယ်..။
ဘာသာတရားအားလုံးဟာ ဒီစိတ်ကူးယဉ် ဒဏ္ဍာရီရဲ့
သရုပ်ဖေါ် ပြယုဂ်ကို ..ဖုံးကွယ်ထားတယ်...
ဘယ်သူမှ အဲဒါမရှိပဲ..မတည်ရှိနိုင်ပါဘူး...။
အီဂျစ်လို Zoroastrian လိုကဲ့သို့သော
ရှင်းရှင်းလင်းလင်း ပြောဆိုထားတဲ့ ရှေးဟောင်း ဘာသာရေးတွေမှာ..
အလင်းရောင်ရယ်..နေရယ်..မီးရယ်..ဒီသုံးမျိုးကို
အမြင့်မြတ်ဆုံးသော နတ်ဘုရားအဖြစ်..ရှိခိုးကြတယ်..။
တစ်ခါတစ်ရံ သူတို့ဟာ အချင်းချင်း
တစ်ယောက်နှင့်တစ်ယောက် ရောယှက်နေကြပါတယ်...။
ဝန်ခံချက်...Henryk Skolimowski ရေးသားသော A New Story of The Universe ဟူသော ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကို ဘာသာပြန်ဆိုပါသည်.. အရှင်နာဂ(ပုနေး)













No comments:

Post a Comment