အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Monday, October 25, 2010

ငြိမ်းချမ်းရေး စွမ်းအား


ငြိမ်းချမ်းရေးဟာ အကြမ်းဖက်မှုတွေထက် ပိုပြီး
ခမ်းနားကြီးကျယ်ပါတယ်...။
အပြုသဘောဆောင်တဲ့ ရည်းမှန်းချက်တွေ
လုပ်ဆောင်ချက်တွေဟာ..
အေးချမ်းသာယာသော အဓိပ္ပါယ်တွေ..
ပြည့်စုံကြွယ်ဝမှုတွေကို ပြီးနိုင်ပါတယ်...။
အကြမ်းဖက်မှုတွေဟာ....
ပျက်စီးရာ ပျက်စီးကြောင်းတွေ...ဆုံးရှုံးမှုတွေ..
ချွတ်ခြုံကျစေမှုတွေ..ဒီလိုအကျိုးတရားတွေကိုပဲ ဖြစ်ထွန်းစေနိုင်ပါတယ်...
အိန္ဒိယနိုင်ငံဟာ ၁၈၅၇.ခုနှစ်က စတင်ပြီး
လွတ်လပ်ရေးအတွက်..ရုန်းကန်လှုပ်ရှား ကြိုးပမ်းခဲ့တယ်..။
အဲဒီအချိန်တုံးက ခေါင်းဆောင်တွေက လွတ်လပ်ရေုးကို
အကြမ်းဖက်နည်းလမ်းနဲ့ တောင်းဆိုခြင်ကြတယ်...။
ဒီလိုဦးတည်ချက်နဲ့ပဲ..၁၉၁၉..ခုနှစ်အထိ..လွတ်လပ်ရေးအတွက်
တိုက်ပွဲဝင်ကြတယ်...ဒါပေမဲ့
အဓိကရည်မှန်းချက် ပန်းတိုင်ကိုတော့ မရရှိခဲ့ပါဘူး...။
အဲဒီနောက်မှာတော့ မဟတ္တမဂန္ဒီဟာ..
၁၉၁၉..ခုနှစ်ကနေ စတင်ပြီး...လွတ်လပ်ရေးကြိုပမ်းဖို့..
အိန္ဒိယနိုင်ငံရေး လောကကို ၀င်ရောက်လာခဲ့ပါတယ်...။
အခြေအနေတွေကို လေ့လာပြီးတဲ့နောက်...
မဟ္တမဂန္ဒီဟာ..လုပ်ဆောင်ချက်တွေကို
ပြောင်းပြန်လှန်ဘို့ ဆုံးဖြတ်ခဲ့ပါတယ်...။
“လွတ်လပ်ရေးကြိုးပမ်းမှုကို ဆက်လက် လုပ်ဆောင်မယ်..”
“ဒါပေမဲ့ ...ငြိမ်းချမ်းသောနည်းဖြင့်သာ..လုပ်ဆောင်မယ်”ဆိုတဲ့အကြောင်းကို
ကြေငြာလိုက်ပါတယ်...။
အရင်ခေါင်းဆောင်တွေတုန်းက လွတ်လပ်ရေးအတွက်
ဗြိတိသျ ဥပဒေကို ဆန်ကျင့်ဘို့ ဗုံးကို အသုံးပြုခဲ့ကြတယ်..
သူ(မဟတ္တမဂန္ဒီ)ကတော့..လွတ်လပ်ရေးအတွက်
ငြိမ်းချမ်းရေး ဗုံးကို အသုံးပြုမယ်လို့ ကြေငြာလိုက်ပါတယ်..။
မဟ္တမဂန္ဒီရဲ့ ကြေငြာချက်ဟာ အနာဂါတ်ဖြစ်နိုင်ခြေကို ပြောင်းလဲခဲ့ပါတယ်..။
ဗြိတိသျှ အင်ပါယာ စက်ယန္တရားကြီး တစ်ခုလုံး တုန့်ဆိုင်း ရပ်တန့်သွားခဲ့ပါတယ်..
အဲဒီကြေငြာချက်ကြောင့် ဗြိတိသျှတွေဟာ အကြံအိုက်ကုန်တယ်...
ဗြိတိသျှလူမျိုးတစ်ဦးက အတွင်းဝန်ရုံးကို ကြေးနန်းစာတစ်စောင် ပို့ခဲ့ပါတယ်..
အကြမ်းမဖက်တဲ့ ကျားတစ်ကောင်ကို
ဘယ်လိုသတ်ရမယ်ဆိုတာကို..ညွန်ကြားပေးပါ..လို့ ရေးသားပေးပို့ခဲ့ပါတယ်..။
အကြမ်းဖက်နည်းလမ်းဟာ သင့်ရဲ့ ပြိုင်ဘက်က
ပြန်လည် အကြမ်းဖက်တုံ့ပြန်ဘို့အတွက်
အကျိုးအကြောင်းပြချက်တွေကို ပေးတယ်..
ဒါပေမဲ့ သင်ဟာ ငြိမ်းချမ်းရေးလမ်းစဉ်ကို လုပ်ဆောင်မယ်ဆိုလျှင်...
တစ်ခြားပါတီအတွက် သင့်ကို ဆန့်ကျင်ဘို့..
ဖိအားပေး အသုံးပြုဘို့ မြေနေရာ မရှိပါဘူး...။
ဒါဟာ မဟတ္တမဂန္ဒီရဲ့ ငြိမ်းချမ်းရေး လမ်းစဉ် လောဂျစ်(ယုတ္တိဗေဒ)ဖြစ်ပါတယ်...။
မကြာခင်မှာ အိန္ဒိယဟာ လွတ်လပ်ရေး ရခဲ့ပါတယ်...။
ဝန်ခံချက်.....Maulana Wahiduddin Khan ရေးသားသော
The Power of Peace ဟူသော ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကို
ဘာသာပြန်ဆိုပါသည်...
အရှင်နာဂ(ပုနေး)









No comments:

Post a Comment