အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Friday, August 13, 2010

ရွေးကောက်ပွဲ နိုဝင်ဘာ ၇ ရက်

(မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၀၀ မိနစ်)
ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မှာဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်သည်။

မြန်မာ့အသံမှတဆင့် ကော်မရှင်က ယနေ့ နံနက်က ထုတ်လွှင့်သွားရာတွင် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမှာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကိုလည်း ယခုလ ၁၆ ရက်နေ့ကစကာ သြဂုတ်လကုန်ထိ တင်သွင်းရမည် ဖြစ်ကြောင်း ပါရှိသည်။

အဖုံး

အဖုံးတရားနှစ်ပါးတွင် တစ်ပါးသော အဖုံးမှာ သိစရာအာရုံပိုင်း၌ "ဖုံး"ခြင်းဖြစ်၏...။ထိုအဖုံးဖြင့် သိစရာအာရုံပိုင်း ကို ဖုံးလိုက်သောအခါ သိစရာအာရုံကို အမှန်အတိုင်းမမြင်တော့။ဖေါက်လွဲဖေါက်ပြန်မြင်ရအောင်ပင် ဖုံးခြင်းဖြစ်၏..။အာရုံပိုင်းဆိုင်ရာအဖုံးကို ဥေယျာဝရဏ ဟုဆို၏...။
နောက်အဖုံးတစ်ခုမှာ သိတတ်သောဥာဏ်ပိုင်း၌ ဖုံးခြင်းဖြစ်၏...။ထိုအဖုံးဖြင့် သိတတ်သောဥာဏ်ပိုင်းကို ဖုံးလိုက်သောအခါ သိတတ်သောဥာဏ်သည် သိစရာအာရုံကို အမှန်အတိုင်းမသိတော့။ဖေါက်လွဲဖေါက်ပြန်သိလေ တော့၏...။အမှန်အားဖြင့် သိတတ်သောဥာဏ်ကို အမှန်အတိုင်းမသိဘဲ ဖေါက်လွဲဖေါက်ပြန်သိအောင် သိတတ်သော ဥာဏ်ပိုင်း၌ ဖုံးခြင်းဖြစ်၏...။ပါဠိဝေါဟာရအားဖြင့် သိတတ်သောဥာဏ်ပိုင်း၌ ဖုံးသော အဖုံးတရားကို ဥာဏာဝရဏဟု ဆို၏...။
သိစရာအာရုံပိုင်း၌ ဖုံးထားခြင်းဟူသည်မှာ ဘိလူးကို နတ်မင်းဝတ်စုံးဖြင့် ဖုံးထားခြင်းသဘောမျိုးဖြစ်၏...။ထိုကဲ့သို့ ဖုံးထားပါက ဘိလူးကို ဘိလူးအဖြစ်မမြင်ရတော့ဘဲ နတ်မင်းအဖြစ်သာမြင်ရတော့၏....။ဤသဘောမျိုးကို သိစရာအာရုံပိုင်း၌ ဖုံးခြင်းဟူ၍ဆိုရ၏...။
တစ်ဖန် မြင်းကို မျက်မှန်စိမ်းတပ်ဆင်ပေးထားပါက အရာရာတိုင်းကို အစိမ်းရောင်အဖြစ်သာသိလေ၏...။ဤသဘောမျိုးကို သိစိတ်ပိုင်း၌ ဖုံးခြင်းဟူ၍ဆိုရ၏....။
(ဦးရွှေအောင်)

Monday, August 9, 2010

မြတ်ဘုရားသည် နတ်ဘုရားမဟုတ်

မြတ်စွာဘုရားသည် နတ်ဘုရားတစ်ဆူမဟုတ်ပါ။ဤကြီးကျယ်သော ဆရာသမားကို နတ်ဘုရားတစ်ဆူအဖြစ် တင်မြှောက်ခြင်းလည်း မရှိပါ.သူသည် သူတပည့်များအား မိမိတို့၏ ကယ်တင်ခြင်း(သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်း)အတွက် မိမိတို့ကိုယ်ကို အားကိုးရန် အလေးအနက် တိုက်တွန်းတော်မူသည်..။အဘယ်ကြောင့်ဆိုသော်...စိတ်ညစ်ညမ်းခြင်းနှင့် ဖြူစင်ခြင်းတို့သည် မိမိအပေါ်တွင်သာ မူတည်သောကြောင့်တည်း...
ကယ်တင်ခြင်း (သို့မဟုတ်) ထပ်ကာထပ်ကာ ဖြစ်နေသော မွေးဖွားခြင်းနှင့် သေခြင်း သံသရာမှလွတ်မြောက်ခြင်း အတွက် သူတစ်ပါးတို့အား အားထားမှီခိုရခြင်းသည် အနုတ်လက္ခဏာဖြစ်၏..။သို့သော်...မိမိကိုယ်ကို အားထားမှီခို ခြင်းသည် အပေါင်းလက္ခဏာဖြစ်၏...။
သူတစ်ပါးတို့အား အားထားမှီခိုခြင်းသည် မိမိ၏ ကြိုးပမ်းမှုများကို စွန့်လွတ်လိုက်ခြင်းပင်ဖြစ်၏..။သို့ဖြစ်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ဥာဏ်ပညာ၏ အစဖြစ်သည်ဟူသော စကားရပ်သည် ဗုဒ္ဓ္ဓဘာသာဝင်အဖို့ အဓိပ္ပါယ်မရှိခြေ..။အဘယ်ကြောင့်ဆိုသော်....ဘယ်နေရာ၌မဆို ကြောက်ရွံ့မှုဖြစ်ပေါ်လာပါက မိုက်မဲသူ၌သာ ဖြစ်ပေါ်၏..ဥာဏ်ပညာရှိသူ၌ မဖြစ်ပေါ်ခြေ...
(သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ...မှ)
ှိ

Sunday, August 8, 2010

ဝေဇယန္တာဆရာတော်ဥုးမဟောသဓပဏ္ဍိတ(၀ါရှင်တန်)



အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် ဝေဇယန္တာဆရာတော် ဥုးမဟောသဓပဏ္ဍိတ..မကျန်းမမာဖြစ်နေသည်မှာ ငါးလနီးနီးရှိပါပြီ......ကြင်ကြင်နာနာဖြင့် မကျန်းမာနေသူအား စောင့်ရှောက်ခြင်းသည်..နာမကျန်းဖြစ်နေသူအတွက် လွန်စွာမှ တန်းဘိုးဖြတ်မရနိုင်သောအရာဖြစ်ပေသည်....။ချိုသာ နူးညံ့သောအားပေးစကားကို ကြားရသဖြင့်..နာမကျန်းသူအတွက် အားဆေးဖြစ်ရသည်ကို ကိုယ်တိုင်တွေ့ကြုံဘူးကြပေမည်..ကိုယ်၏ စောင့်ရှောက်ခြင်း နုတ်၏စောင်မခြင်းဖြင့် လုနာကို သက်သာရာရစေသည်...ရောဂါနှိပ်စက်သဖြင့် အားငယ်နေရသော လူမမာအတွက်..ကျွန်ုပ်တို့ ကူညီသင့်ကြပေသည်...ထိုကဲသို့ ပြုလုပ်ခြင်းသည်...စိတ်ကောင်းရှိသော သူတို့မှသာ လုပ်နိုင်ပေသည်..
ယခုအခါ သီတဂူဆရာတော်သည်..အမေရိကန်ရောက်ခိုက် လေဖြတ်ရောဂါခံစားနေရသော ဝေဇယန္တာဆရာတော်ဥုးမဟောသဓပဏ္ဍိတ...(၀ါရှင်တန်)အား...ကြင်ကြင်နာနာဂရုစိုက်နေပုံမှာ..
မြင်ရသူတိုင်းအတွက် ကြည်နူးစရာဖြစ်ရပေသည်..