အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Sunday, July 18, 2010

ပလာသ

ပြိုင်ဆိုင်ခြင်းကို ပလာသဟု ခေါ်သည်...။ပြိုင်ဆိုင်ခြင်းသဘောအရ ဆွေမျိုးခြင်းလည်း ပြိုင်၏..။ သူတစိမ်းနှင့်လည်း ပြိုင်၏..။မိတ်ဆွေအရင်းအချာနှင့်လည်း ပြိုင်၏..။ ထိုသို့ပြိုင်ရာတွင်.. ပေါ်ပေါ်ထင်ထင် ပြိုင်ခြင်းလည်းရှိ၏..။မသိ မသာတိုးတိုးတိတ်တိတ် ကျိတ်၍ ပြိုင်ခြင်းလည်းရှိ၏..။
စီးပွားရေးအရလည်းပြိုင်၏..။ပညာရေးအရလည်း ပြိုင်၏...။အုပ်ချုပ်ရေးအရလည်း ပြိုင်၏..။အခြားရေးရာများအရ လည်း ပြိုင်၏..။ဤသို့သော ပြိုင်ဆိုင်ခြင်းဟူသည် မကောင်းသောအကုသိုလ်တရားဖြစ်ကြောင်း သတိရှိမှ၊ဆင်ခြင်မှ၊ ပယ်ဖျက်ရန် ကြိုးစားမှသာ သိ၏..။သို့မဟုတ်ပါက မိမိသန္တာန်၌ ပြိုင်ဆိုင်ခြင်းသာ ရှိလေ၏...။
ပြိုင်ဆိုင်ခြင်းသဘောတရားအရ သူတစ်ပါးက မိမိထက် သာသွားမှာကို စိုးရိမ်၏..။မနာလိုဖြစ်၏..။မိမိထက် သာသွား မှာကို စိုးရိမ်ခြင်း၊မနာလိုခြင်းကို ဣဿာဟုခေါ်၏..။ ဣဿာအရ စီးပွားရေးနယ်ပယ်၌ဖြစ်လျှင် မိမိထက် စီးပွားရေး အရ သာကြောင်း တွေ့မြင်ရလျှင်ဖြစ်စေ၊ကြားသိရလျှင်ဖြစ်စေ မခံချိ မခံသာ ဖြစ်၏..။မျက်နှာပျက်၏..။
ပညာရေးနယ်ပယ်၌ဖြစ်လျှင် ပညာရေးအရ မိမိထက်သာကြောင်း၊တတ်ကြောင်း၊တော်ကြောင်း တွေ့မြင်ရလျှင်ဖြစ်စေ၊ အများချီးမွမ်းသံကို ကြားရလျှင်ဖြစ်စေ စိတ်ကသိကအောက်ဖြစ်၏..မျက်နှာပူ၏..။
အုပ်ချုပ်ရေးနယ်ပယ်၌ဖြစ်လျှင် အုပ်ချုပ်ရေးအရ မိမိထက်သာကြောင်း၊ လုပ်ရည်ကိုင်ရည်ရှိကြောင်း တွေ့မြင်ရလျှင်ဖြစ်စေ၊အများအသိအမှတ်ပြုသံကို ကြားရလျှင်ဖြစ်စေ၊ စိတ်မချမ်းမသာဖြစ်ရ၏။ ရှက်စိတ်ဝင်၏။
ဤသည်မှာ မနာလိုခြင်း ဣဿာ၏ သဘောဖြစ်၏..။ ယင်းဣဿာ၏ သဘောကို သတိ၊ ပညာ၊ ၀ီရိယတို့ဖြင့် ပယ်ဖျောက်အပ်၏....။
(ဘ၀အကျဉ်းသား..မှ)

No comments:

Post a Comment