အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Wednesday, July 21, 2010

အထွတ်အထိပ်

စီးပွားရှာရာ၌လည်း အထွတ်အထိပ်ရောက်အောင် ရှာရ၏..။ပညာသင်ရာ၌လည်း အထွတ်အထိပ်ရောက်အောင် ကြိုးစားသင်ရ၏..။ရာထူးတက်အောင် ကြိုးစားရာ၌လည်း အထွတ်အထိပ်ရောက်အောင် ကြိုးစားရ၏..။ အခြား မည်သည့်လုပ်ငန်း၌မဆို အထွတ်အထိပ်ရောက်အောင် အားထုတ်ရ၏...။ို။
ထိုသို့ အထွတ်အထိပ်ရောက်အောင် ကြိုးစားခြင်း၊ အားထုတ်ခြင်းသည် မိမိအတွက် ယစ်မူးရန်မဟုတ်..။ မိမိအောက် က လူများကို ကယ်တင်ရန်ဖြစ်၏...။မိမိအောက်က လူများကို ကယ်တင်ရန် ဦးတယ်ချက်ဖြင့်သာ မိမိကိုယ်တိုင် အထွတ်အထိပ်ရောက်အောင် အားထုတ်ရ၏..။
အကျဉ်းအားဖြင့် ဆိုရလျှင် မိမိ၏ ဆောင်ရွက်ချက်ဟူသမျှသည် ဖောင်သဘောရှိရ၏..။ကမ်း..သဘော မရှိရ....မိမိအတွက် ဦးတည်ချက်မရှိရ..။ လောကအတွက် ဦးတည်ချက်ရှိရ၏..။ထိုသို့ လောကအတွက် ဦးတည်ချက် ရှိရသည့်အတိုင်း မိမိအတွက် သိမ်းပိုက်ခြင်း လောဘ၌ ရသကို ရှာရ၏..။ လောကအတွက် စွန့်လွတ်ခြင်း အလောဘ၌သာ ရသကို ရှာရ၏..။

No comments:

Post a Comment