အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Friday, July 23, 2010

သုံးပါးကျောင်းဆရာတော်၏ ဒါန


နယူးယောက် သုံးပါးကျောင်း ဆရာတော်သည် ဒါနဇ္ဈာသယ လွန်စွာအားကြီးတော်မူသည်..အမေရိကန်တွင် နေသော်ငြားလည်း မိမိ ငယ်ဆရာများကို မမေ့..ဆရာသမားကျေးဇူးကို လွန်စွာမှပင် သိတတ်သော ဆရာတော် တစ်ပါးဖြစ်လေသည်..မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ် ငယ်ဆရာ ၀ါဆိုဆရာတော်ဘုရားကြီးနှင့် မတ္တရာသူဌေး ဆရာတော်တို့အား အခါအခွင့်သင့်တိုင်း လှူလေ့ရှိသည်..
အမေရိကန်ကနေ လူကြုံကောင်းတိုင်း ဆေးဝါးပစ္စည်းများ န၀ကမ္မငွေကြေးများကို လှူကြုံဖြင့် နှစ်စဉ်နှစ်တိုင်း လှူလေ့ရှိပါသည်.. ကတညုတ ကတဝေဒီဂုဏ်နှင့် လွန်စွာမှ ပြည့်စုံသော ဆရာသမားတစ်ဦး ဖြစ်ပေသည်..ယခုလည်း မြန်မာပြည်သို့ ခေတ္တခဏ ပြန်လာခိုက်...နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသော ကျိုက်လတ် ပုဗ္ဗာရုံကျောင်းကို ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်က ပြုပြင်လှူဒါန်းလေသည်..
ထိုကျောင်းတော်ကြီး ပြုပြင်တည်ဆောက်ရန်အတွက် နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခ က မိဘနှစ်ပါးနှင့် သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီးကို အမှုးထားပြီး မြန်မာငွေကျပ် သိန်းနှစ်ဆယ်ကို ၀ါဆိုဆရာတော် ရှေ့မှောက်၌ လှူဒါန်းသွားပါသည်....
နယူးယောက် သုံးပါးကျောင်းဆရာတော် ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ သာသနာပြုနိုင်ပါစေကြောင်း ဆုမွန်းကောင်းတောင်းလိုက်ပါတယ်ဘုရား

No comments:

Post a Comment