အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Wednesday, July 14, 2010

ဦးရွှေအောင်၏ ဒေ၀ဒတ်

သံသရာတစ်လျှောက်လုံး ရှင်ဒေ၀ဒတ် လူကြမ်းဖြစ်ရခြင်း၌ ရှင်ဒေ၀ဒတ်၏ စရိုက်ဆိုး၊ ဥာဉ်ဆိုးလည်း ပါ၏..။ပတ်ဝန်းကျင်လည်းပါ၏..။ ရှင်ဒေ၀ဒတ်သည် မိမိနှင့် ယှဉ်လာသူတိုင်းအပေါ် ဦးခေါင်း တစ်လုံး မြင့်လို၏..။ဗိုလ်လုပ်လို၏..။ဤသည်မှာ ရှင်ဒေ၀ဒတ်၏ မာနဖြစ်၏..။မာန..ဟူသည် မြင်မြင်သမျှနှင့် ယှဉ်ပြိုင် လိုသောသဘောဖြစ်၏..။ယှဉ်ပြိုင်ရသောအခါ မိမိ၌ မရှိသောဂုဏ်ကို တကယ်ရှိသယောင် ပြုရ၏...။ ဤသဘောကို သာဌေယျဟု ခေါ်၏..။ထို့အပြင် မိမိ၌ တကယ်ရှိနေသော အပြစ်များ၊ အားနည်းချက်များကို လုံးဝမရှိလေဟန် ဖုံးကွယ်ရပြန်၏...။ဤသဘောကို မာယာဟုခေါ်၏...။
အမှန်အားဖြင့် ရှင်ဒေ၀ဒတ်သည် သံသရာတစ်လျှောက်လုံး လူကြမ်းဘ၀ဖြင့် ကျင်လည်ခဲ့ရသည်မှာ မာန၊သာဌေယျနှင့် မာယာတို့၏ ဖိစီးနှိပ်စက်မှုကို မတွန်းလှန်နိုင်သောကြောင့်ဖြစ်၏..။သံသရာတစ်လျှောက်လုံး ရှင်ဒေ၀ဒတ်ဝန်းကျင်ကို လေ့လာကြည့်ပါက များသောအားဖြင့် သူ့ပတ်ဝန်းကျင်သည် သူ့ကို လမ်းမှန်ကမ်းမှန်သို့ ရောက်အောင် ဆွဲဆောင်နိုင်သည့် ပရိသတ်မျိုးမဟုတ်ဘဲ..လူကြမ်းဘ၀သို့ရောက်အောင်သာ ပို့ဆောင်သည့် ပရိသတ်မျိုးသာဖြစ်၏..။အကယ်၍ သူ့ကို ယဉ်ကျေးလာအောင် ပြုပြင်နိုင်သည့် ပရိသတ်မျိုးကို တွေ့လျှင်လည်း ထိုပရိသတ်မျိုးကို သူက ရှောင်၏...။
ရှင်ဒေ၀ဒတ်၏ မူလပင်ကိုယ် စရိုက်ဆိုး၊ ဥာဉ်ဆိုး၊ ၀ါသနာဆိုးတို့အရ..သူသည် အမြဲတမ်း ဗိုလ်လုပ်ခြင်သူ ဖြစ်ရကား သူ့ကို ဗိုလ်တင်နိုင်မည့် ပရိသတ်မျိုးကို ရှာ၏...။ ထိုပရိသတ်မျိုးနှင့်သာ ပေါင်း၏..။ထိုပတ်ဝန်းကျင်မျိုးသာ သူပျော်မွေ့၏...။ သူသည် အနှစ်မရှိသော တော၌ ကြက်ဆူပင်ဖြစ်ရခြင်းကို ကျေနပ်သူဖြစ်၏....နောက်ဆုံး၌ အနှစ်မရှိသော ပတ်ဝန်းကျင်တို့ကြောင့် ရှင်ဒေ၀ဒတ်သည် ဘ၀ပျက်ခဲ့ရလေသည်....

No comments:

Post a Comment