အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Monday, July 26, 2010

မဆိုးနဲ့နော်

မဆိုးနဲ့နော်..သူ..ဆိုးရင်...ဒီက ဘယ်လိုလုပ်မလဲလို့..မနေတတ်ဘူး..ရင်ထဲမှာ... ၀မ်းနည်းတာတွေ.. စိတ်ဆင်း ရဲစရာတွေ..စိတ်ထဲ ကြာကြာသိမ်းမထားတတ်ဘူး..၀မ်းနည်းစရာတွေ ..စိတ်ဆင်းရဲစရာတွေ ရင်မှာအပြည့် သိမ်းထားရင်..ဒီစိတ်ကလေးက သနားစရာလေး ဖြစ်မှာပေါ့..စိတ်လေးမှာလဲ ခံစားတတ်တာပေါ့.. စိတ်ထဲခံစားရမှတော့ ..ဘယ်လို ကောင်းမလဲလို့..
ဤကား..မိမိကိုယ်ကို မိမိ စိတ်ကလေး..ကို သတိဖြင့် ထိမ်းကျောင်းရင်း ကလေးငယ်လေးပမာ ချော့မော့ ပြောပြ သတိပေးနေရလေသည်..မှန်လှပေသည်...
စိတ်ဆိုသည်မှာ..အပျော်အပါးတွေ ကြိုက်တတ်သမို့...ထိုအပျော်အပါးနောက်ကို..အကန့်အသတ်မရှိ လွှတ်ထား လေက.. သွားခြင်ရာကို သွားပြီး နောက်ဆုံး ပူပန်မှုတွေ ၀မ်းနည်းမှုတွေနဲ့ အဆုံးသတ်ရပေလိမ့်မည်...၀မ်းသာမှု ဖြစ်ရလည်း ထို ၀မ်းသာပျော်ရွှင်ကြည်နူးမှုသည် သတိလက်လွတ်ခြေက နောက်ဆုံးရင်ခွင်သည်.. ၀မ်းနည်း မှု ပူဆွေးမှုတို့ဖြင့် အဆုံးသတ်ရပေသည်...
ထိုကြောင့်..မိမိစိတ်ကလေးကို မိမိ..မဆိုးနဲ့နော်..သူ..ဟု သတိလေးမွေးကာ ထိမ်းကျောင်းရပေမည်...

No comments:

Post a Comment