အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Monday, July 26, 2010

ငယ်ငယ်က ၀ါဆိုလပြည့်

ဝါဆိုလပြည့်လေ..၀ါဆိုလပြည့်မှာ အမှတ်တရလေးတွေ စဉ်းစားမိတယ်..ယနေ့ ကြီးလာမှ ပြည့်တဲ့ ၀ါဆို လပြည့်နဲ့..ငယ်ငယ်က ၀ါဆိုလပြည့် ဘာများ ကွာသလဲလို့ စဉ်းစားမိတယ်..ငယ်ငယ်က ၀ါဆိုလပြည့်က အရမ်း ရင်ခုန်တယ်..စိတ်လှုပ်ရှားတယ်...ရင်မောခဲ့ဘူးတယ်..ဒီလို ၀ါဆိုလပြည့်မျိုးမှာ..သူပေါ်လာမှာကို မျှော်မိပေမဲ့.. တွေ့ရ မြင်ရ ကြားရမှာလဲ ရင်ထဲ တစ်မျိုးကြောက်တယ်..သူ မပေါ်လာရင်လဲ စိတ်ထဲ နောက်ကျလိုက်တာ ဆိုပြီး ကျွဲမီးတိုမိတယ်..
ဟုတ်တယ်လေ...သူက ဘ၀အတွက် အရေးအကြီးဆုံးမို့လား..သူလာမှဖြစ်မှာ..သူမလာလို့မဖြစ်ဘူး..ညည အတော်နဲ့ အိပ်မရဘူး..သူ့ကို တွေးမိတိုင်း ပျော်ရွင်သလိုလဲ ခံစားရတယ်..၀မ်းနည်တာတွေလဲ ခံစား ရတယ်..သူအကြောင်း...သူငယ်ချင်းတွေနဲ့လဲ ပြောတယ်..သူငယ်ချင်းတွေကလဲ ..သူ့ကို လေးစားကြ မြတ်နိုး ကြတယ်...ကိုယ့်လို့ဘဲ သူငယ်ချင်းတွေက သူ့ကို မျှော်ကြတယ်...ဒါပေမဲ့...သူငယ်ချင်းတွေလဲ သူ့ကို ရင်ဆိုင်ရမှာ..ကြောက်ကြတယ်...သူနဲ့ ပတ်သက်ရင် အားလုံးက ရင်ခုန်တယ်..သူ မလာဘူးဆိုရင် ဖုန်းလေး ဆက်ဆက်ပြီး စုံစမ်းကြရတာလဲ ငယ်ငယ်က ၀ါဆိုလပြည့်ရဲ့ ခံစားမှုလေးပေါ့..
သူနဲ့တွေ့ပြီးရင် ..သူ့အကြောင်းသိပြီးရင် ..သူငယ်ချင်းတွေ တစ်စု လဘက်ရည်ဆိုင်မှာ ထိုင်ကြမယ်.. ပျော်ပျော်ပါးပါးကြီး နွဲကြမယ်..ပြောပြောပြီး ရင်ခုန်ကြရတာ အမောပေါ့...တစ်ချို့ဆို ရွာက အမေကိုတောင် သွားပြောမတဲ့...အမေပျော်ရအောင်...စိတ်ချမ်းသာရအောင်လို့ပေါ့..ကိုယ်က ..အမေတော့ ..သွားမတွေ့ပါဘူး.. (ရွာသွားစရာ ကားခမရှိလို့) သူနဲ့ ပတ်သက်ပြီး ..အမေ၀မ်းသာရအောင်..စာရေးပေးမယ်...အမေကလဲ ..သူ့ဆီကအကြောင်း ..သိရရင် စာလေးတော့ ရေးအုံးလို့..နွေရာသီ ရွာပြန်တုံးက အမေက မှာလိုက်တယ်..အင်း ..သူရယ်..မောလိုက်တာ..သူ့ဆီက..၀မ်းသာစရာလေး ကြားရပါစေလို့ဘဲ ဆုချွေရတော့မှာပေါ့.. သူ..... သိပ်သိပ်လွှမ်းမိုးတာဘဲ...
အင်း...ခုလိုတွေ ဆိုနေလို့...တစ်မျိုးမထင်ပါနဲ့...ငယ်ငယ်က အစိုးရစာမေးပွဲ ဂေဇက်က ဒီရက် ၀ါဆိုလပြည့် နားမှာထွက်တာလေ..အဲဒီဂေဇက်ကို ပြောတာပါ...အဲဒါကို ပြောတာပါ....ဟီ..ဟိ

No comments:

Post a Comment