
ဗုဒ္ဓမြတ်စွာဘုရားလက်ထက်တော်အခါက ဒါရုစီရအမည်ရှိသော ပရိဗိုဇ်တဦးသည် ဤနေရာ ပတ်ဝန်းကျင်၌ တရား အားထုတ်နေစဉ်၊သမ္မာသမ္ဗုဒ္ဓတစ်ပါး ပွင့်တော်မူသည်ကို ကြားသိရပါသည်..။ သဗ္ဗညုတရွှေညာဏ်တော်ကို ရရှိသည့် ပုဂ္ဂိုလ်အား ဖူးတွေ့လိုသော စိတ်ဆန္ဒ၊ သံသရာမှ ကျွတ်လွတ်မှုလမ်းစဉ်ကို သိလိုသော စိတ်ဆန္ဒ၊ ပြင်းပြ ခိုင်မာစွာဖြစ်ပေါ်လာသည့်အတွက် ဒါရုစိရသည် သာဝတ္တိပြည်သို့ရောက်အောင် မိုင်ပေါင်းတစ်ထောင်ကျော် ခရီးကို လမ်းလျှောက်၍ သွားခဲ့ပါသည်..။ ဗုဒ္ဓမြတ်စွာဘုရားနှင့် တွေ့ရှိခါ အကျွတ်တရားကို ရရှိပြီး ရဟန္တာဖြစ်ခဲ့ပါသည်..။
ဤအရပ်မှ နောက်ဖြစ်ရပ်တစ်ခုကတော့၊ပုဏ္ဏအမည်ရှိသော ကုန်သည်တစ်ဦးသည် သာဝတ္တိပြည်သို့ အလုပ်ကိစ္စ ဖြင့် သွားရောက်ခဲ့ရာမှာ ဗုဒ္ဓမြတ်စွာဘုရားနှင့် တွေ့ရှိခဲ့ပါသည်..။ ကုသိုလ်ကံကောင်းလှသည့်အတွက် ၀ိပဿနာ တရား ကျင့်စဉ်အားထုတ်နည်းကို ကျင့်ကြံအားထုတ်ခဲ့ရာ တရားလမ်းပေါ်မှာလျှင် မြန်စွာတိုးတက်ခဲ့ပါသည်..။
ကုန်ကူးလုပ်ငန်းဖြင့် ဆက်လက်အသက်မွေး ၀မ်းကြောင်းပြုနေစဉ် စိတ်ဆန္ဒဖြစ်ပေါ်လာတာကတော့ ဤအံ့သြဘွယ် ကောင်းလှသော..ဒုက္ခအပေါင်းမှ လွတ်မြောက်စေသော၊ သံသရာမှ လွတ်မြောက်စေသော၊ တရား ကမ္မဌာန်းနည်း နိဿယကို ငါ၏ ဇာတိမြို့ရွာ၌ မည်သူမျှ မသိကြပါဘူး။ ငါ၏ အရပ်သူ အရပ်သားများ ဤတရားကမ္မဌာန်းကို တတ်သိ အားထုတ်ကြလျှင် သူတို့လည်း ငါကဲ့သို့ အကျိုးကျေးဇူး ခံစားရပါလိမ့်မည်..။
No comments:
Post a Comment