

(၂၀၀၆-ခုနှစ် မတ်လ ၁၉-ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ မဟာစေတီတော်ကြီး၏ လိုဏ်ဂူတော်
အောက်တွင် ပထမဦးဆုံးအကြိမ် တစ်ရက် တရားစခန်းကို ကျင်းပခဲ့စဉ် ၀ိပဿနာယောဂီပေါင်း
၅၀၀၀-ခန့် စုပေါင်း တက်ရောက်ခဲ့ကြပါသည်. တရားစခန်းကို ဆရာကြီး ဦးဂိုအင်ကာနှင့်မာတာကြီး
တို့ တက်ရောက်၍ တရားပြသခဲ့ပါသည်..။ အောက်ပါ စာပိုဒ်များမှာ တရားစခန်းအပြီးတွင် ယောဂီများ
အား ဆရာကြီး ဟောကြားခဲ့သော တရားဒေသနာမှ ထုတ်နုတ်ချက်ဖြစ်ပါသည်...)
ကျွန်ုပ်သည် ဤသို့များပြားလှစွာသော ၀ိပဿနာ မိသားစု အစုအဝေးကြီးကို တွေ့ရသည့်အတွက်
အလွန်တရာမျှ စိတ်ချမ်းမြေ့ရပါသည်။ အနာဂတ်တွင် ဤမဟာလိုဏ်ဂူကြီးအတွင်း၌ လူပေါင်း
ထောင်ပေါင်းများစွာ အတူတကွ တရားအားထုတ်ကြပါလိမ့်မည်..။ဤအနာဂါတ်ကို ကျွန်ုပ်၏ ရှေ့၌
ရိပ်ခနဲမြင်တွေ့ရပါသည်..။ ဗုဒ္ဓမြတ်စွာဘုရားက "သမဂ္ဂါနံ တပေါ သုခေါ" -အတူတကွ စုပေါင်း
တရားအားထုတ်ခြင်းသည် စိတ်ချမ်းသာမှုကို ဖြစ်စေပါသည်ဟု ဟောကြားထားခဲ့ပါသည်...
ဤကမ္ဘာလုံးဆိုင်ရာ မဟာစေတီတော်ကြီးထံသို့ လာရောက်သည့်အခါတိုင်း အကျွန်ုပ်သည် စိတ်
ပျော်ရွှင် ချမ်းမြေ့ရပါသည်..။ဤမြေသည် တရားအားထုတ်ဖို့အတွက်သာဖြစ်ပါသည်..။ဓမ္မသား
တစ်ဦးက ဤတန်ဖိုးမဖြတ်နိုင်သော မြေကို လှုစဉ်အခါက၊ ဤမြေသည် ကမ္မဌာန်းမြေ ဖြစ်တယ်
ဆိုတာကို ကျွန်ုပ်စိတ်ထဲ၌ အသေအချာ အပြည့်အ၀ မဖြစ်ပေါ်ခဲ့ပါ...။
သို့သော် ဤနေရာသို့ ရောက်လာသည့်အခါတိုင်း ဤဖြူစင်သော မြေကွက်သည် ကမ္မဌာန်းအား
ထုတ်ရန် နေရာဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုသည် ပိုမိုကြီးထွားလာခဲ့ပါသည်..ဤအရပ်အနီး၌
သူတော်စင်များစွာတရားအားထုတ်ခဲ့ကြဘူးပါသည်..။ ဤနေရပ်သည် ကျွန်ုပ်တို့ အားလုံးကို စွဲ
ဆောင်ခဲ့ပါသည်..။ ဤနေရပ်၏ စွဲဆောင်မှုအားသည် ကြီးမားလှပါသည်...။
No comments:
Post a Comment