အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Thursday, September 24, 2009

ကိုယ်နှင့်မကွာ သွားလေရာသယ်ယူဖတ်ရှုနိုင်မည့် ဒစ်ဂျစ်တယ်တိပိဋက



ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုမှ သာသနာပြုဘုန်းတော်ကြီးများနှင့်ဓမ္မကို လေ့လာသင်ယူဆည်းပူးနေသူများ အထောက်အကူဖြစ်စေရန်အတွက် ဒီဂျစ်တယ်နည်းပညာပစ္စည်းတစ်မျိုးဖြစ်သော အိတ်ဆောင်တိပိဋကနည်းပညာ ပစ္စည်းတစ်မျိုးကို ထုတ်လုပ်လိုက်ကြောင်းသိရသည်။
အဆိုပါအိတ်ဆောင်တိပိဋက၌ ၀ိနယ၊ သုတ္တန္တ၊ အဘိဓမ္မဟူသော ပိဋကအားဖြင့် (၃) ပုံ၊ ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ၊ အင်္ဂုတ္တရ၊ ခုဒ္ဒကဟူသော နိကာယ်အားဖြင့် (၅) ရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် (၈၄,၀၀၀) များပြားလှသော ပိဋကပါဠိတော်နှင့် ယင်း၏ ၃ ဆမျှရှိသောအဖွင့် အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု၊ ယောဇနစသည့် ကျမ်းဂန်အရပ်ရပ်ရှိပုဒ်ပါဠိများကို မြန်မာအက္ခရာရှိ မင်အက္ခရာများဖြင့် အလွယ်တကူရှာဖွေနိုင်ပါကြောင်းသိရသည်။ ထို့အပြင် ပါဠိဝေါဟာရပုဒ်များ အားလုံးပါဝင်ပြီး မြန်မာရဟန်းတော်များရေးသားပြုစုထားသည့် တိပိဋကပါဠိ- မြန်မာအဘိဓါန်ကြီး ဦးဟုတ်စိန်၏ ပါဠိ- မြန်မာအဘိဓါန်စသည့် အဘိဓါန်များပါဝင်သည့်စက်ဖြစ်ကြောင်းသိရသည်။
သိရှိလိုသည့်စာလုံးများကို အဘိဓါန်တွင်ရှာဖွေရာတွင် ရှာဖွေလိုသောစကားလုံးအား မြန်မာ roman စာလုံးဖြင့် အဘိဓါန်များတွင်ရှာဖွေနိုင်ပြီး၊ တွေ့ရှိချက်များအား တိပိဋကပါဠိမြန်မာအဘိဓါန်၊ ဦးဟုတ်စိန်အဘိဓါန်နှင့် ဓါတ် english တို့ကိုဖော်ပြပေးပြီး တိပိအဘိဓါန်အတွင်းရှိ စာအုပ်နှင့်စာမျက်နှာကိုဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရှာဖွေသည့်စာလုံးအဖြစ်စတင်သည့် သုတ်ခေါင်းစဉ်များကို ရှာဖွေပြီးတွေ့ရှိသည့် ဂါထာသုတ္တံတို့၏တည်နေရာ စာအုပ်အား စာမျက်နှာအားတိကျ စွာညွှန်းပြပြီး ဆဋ္ဌမ စာမျက်နှာအတိုင်းတွေ့ရှိသည့် မူလ၊ အဋ္ဌကဃာ၊ ဋီကာတို့တွင်ဖတ်ရှုနိုင်ပြီး ဖတ်ရှုနေစဉ်တွေ့မြင်ရသော ဝေါဟာရစာလုံးအားရွေးချယ်၍ အဘိဓါန်တွင် ဆက်လက်ရှာဖွေနိုင်မည်ဖြစ် ကြောင်းသိရသည်။ စာလုံးတွဲများ ကို အလိုအလျောက်ခွဲခြားပြသခြင်း၊ ဖြတ်တောက်ပြသခြင်းများကိုလည်း ပြုလုပ်ပေးကြောင်းသိရသည်။
ကျမ်းစာများကို ရှာဖွေဖတ်ရှုခြင်း၌ ဆဋ္ဌသံဃာယနာတင် ပုံနှိပ် မူပါဠိစာအုပ် ၁၅၉ အုပ်အား မူရင်း စာမျက်နှာအလိုက်မြန်မာပါဠိ roman pal တို့ဖြင့်လိုအပ်ရာစာမျက် နှာကို ဖတ်ရှုလေ့လာနိုင်ကြောင်းသိ သိရသည်။ တည်ပုဒ် (စာလုံး) များအားရှာဖွေရာတွင် ရှာဖွေလိုသည့်စာလုံးအား ပါဠိတော်အတွင်း မတူညီစွာတည်ရှိနေသော စာလုံး ၁ သန်းခန့်မှ ရွေးချယ်ပြီးစာအုပ် ၁၅၉ အုပ်အတွင်း မည်သည့်ကျမ်းတွင် မည်သည့်စာမျက်နှာပါရှိသည်ကို ရှာဖွေညွှန်းပြပေးပြီး အဆိုပါစာ မျက်နှာတွင် မည်သို့ပါရှိသည်ကို သိရှိရန်ဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။ တစ်နေရာထက် ပိုမိုတွေ့ရှိပါကလည်း ဆက်လက်ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားကြောင်းသိရသည်။ စာလုံးမတွေ့ရှိပါက ရှိသည့်စာလုံးများမှ အနီးစပ်ဆုံးရွေးချယ်နိုင်ရန် ဖော်ပြပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ဖတ်ရှုနေစဉ်မြန်မာ roman စာလုံးကိုပြောင်းလဲနိုင်မည်ဖြစ်သလို၊ ဖတ်နေသည့်စာမျက်နှာရှိ စာလုံးအားလုံးကို အ ဘိဓါန်တွင် ဆက်လက်ရှာဖွေနိုင်ကြောင်းသိရသည်။
အိတ်ဆောင်တိပိဋကစက်တွင် အခြားသောလုပ်ဆောင်နိုင်မှုများအနေဖြင့် MP3 နှင့်အသံဖိုင်များကို ဖွင့်နိုင်ခြင်းအသံသွင်းနိုင်ခြင်း၊ MP4 AVI နှင့် အခြားရုပ်ရှင်ဖိုင်များအား ကြည့်ရှုနိုင်ခြင်း၊ Microsoft office 2003, 2007 ၏ word, excel, powerpoint များကိုဖတ်ရှုခြင်း၊ တည်ဆောက်ခြင်းများကို ပြုလုပ်နိုင်ခြင်း၊ PDF ဖိုင်များကို ဖတ်ရှုနိုင်ခြင်း၊ လိပ်စာများမှတ်သားခြင်း၊ ရှာဖွေနိုင်ခြင်း၊ ပြက္ခဒိန်တွင်လုပ်ဆောင်ရန်များ မှတ်တမ်းတင်သတိပေးစေခြင်း၊ wifi ရှိသောနေရာတွင် အင်တာနက်အသုံးပြုနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်းသိရသည်။
Windows Mobile 6.1 OS ကိုအသုံးပြုထားသဖြင့် ဂဏန်းတွက်စက်၊ ဂိမ်းစသည်တို့နှင့်လိုအပ်သည်များကို ထပ်မံထည့်သွင်းသုံးစွဲနိုင်ခြင်းနှင့် USB 2.0 ကိုအသုံးပြု၍ PC (Windows/ Mac) တို့နှင့် ချိတ်ဆက်သုံးစွဲနိုင်ကြောင်း သိရသည်။ Bonous အနေဖြင့် မဟာဂန္တာရုံဆရာတော်ဘုရားကြီး၏ အခြေပြုပဋ္ဌာန်းတရားတော်အသံဖိုင် ၁၉ နာရီနှင့် pdf စာအုပ်ဖတ်ရှုရန်ထည့်သွင်းပေးထားသလို မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်မြန်မာ online dictionary ဖြစ်သော Omagai Dictionary ကိုလည်း ထည့်သွင်းပေးထားကြောင်းသိရသည်။
“အိတ်ဆောင်တိပိဋကစက်ကို Mandalay ICT Expo 2009 မှာ စတင်ရောင်းချပေးမှာဖြစ်ပါ တယ်။ စက်ရဲ့သတ်မှတ်ဈေးနှုန်းက နှစ်သိန်းတစ်သောင်းကျပ်ဖြစ်ပြီး ပြပွဲမှာ တစ်သိန်းကိုးသောင်းကိုးထောင်ကျပ်နဲ့ ရောင်းချပေးမှာပါ။ ရန်ကုန်အတွက်ကတော့ မစီစဉ်ရသေးပါဘူး။ Inforithm ကဖြန့်မယ့်ပုံရှိပါတယ်။ ဒီ pocket PC က windows mobile 6.1 ကိုသုံးထားပါတယ်။ စက်မှာအသုံးပြုထားတဲ့ CPU က RAM 9400 MHz ဖြစ်ပြီး memory က 128 MB နဲ့ Storage SD က 4GB ဖြစ်ပါတယ်။ WiFi ပါပြီး screen က ၂.၈ လက်မရှိပါတယ်။ USB 2.0 mini, mic, built in speaker တွေပါဝင်ပြီး အလေးချိန်ကတော့ 96g ဖြစ်ပါတယ်။ အရွယ်အစားမှာ ၉၇/၆၂/၁၇ mm ဖြစ်ပြီး ၉၀၀ က AH Battery ကိုအသုံးပြုထားပါတယ်” ဟု Alpha ကွန်ပျူတာ (မန္တလေး) မှတာဝန်ရှိသူ ဦးရဲမြတ်သူမှအင်တာနက်ဂျာနယ်သို့ပြောသည်။
ဝယ်ယူအသုံးပြုလိုသူများ စက်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသူများအနေဖြင့် အမှတ်-၂၀၆၊ ၈၅ လမ်း၊ ၃၉ လမ်းထောင့်၊ မန္တလေး၊ ဖုန်း-၀၂-၆၃၂၅၂ နှင့် ၇၃၃၉၅၊ ၀၉-၂၀၀၅၃၄၁ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

No comments:

Post a Comment