အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Wednesday, September 23, 2009

တောင်ကိုရီးယားတွင် နိုင်ငံခြားသား ဧည့်သည်များကို လက်ဗွေရာ ရယူတော့မည်







လူဝင်မှုတင်းကြပ်ရန်နှင့် နိုင်ငံအတွင်းသို့ ၀င်ရောက်လာမည့် ရာဇ၀တ်မှု

များကို ထိန်းချုပ်ရန် ရည်ရွယ်၍ အရွယ်ရောက်ပြီးသူ နိုင်ငံခြားသားဧည့်သည်

များအား သက္ကရာဇ် ၂၀၁၂ ခုနှစ်တွင် လက်ဗွေရာများ ရယူတော့မည် ဖြစ်

ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားသည်။

ယင်း အစီအစဉ်နှင့် စပ်လျဉ်းသည့် မူကြမ်း တစ်စောင်အား လာမည့် လတွင်

တောင်ကိုရီးယား ပါလီမန်သို့ တင်ပြသွားမည်ဟု တရားရေးဝန်ကြီးဌာနကဆို

သည်။ တောင်ကိုရီးယားသို့ လာရောက် လည်ပတ်မည့် အသက် ၁၇ နှစ်အ

ထက် အရွယ်ရောက်ပြီးသူ အားလုံးသည် ၎င်းတို့၏ လက်ညှိုးဗွေရာနှင့် သက်

သေခံ ဓါတ်ပုံတို့ အထောက်အထားအဖြစ် တင်ပြရမည်ဖြစ်ပြီး သုံးလအထက်

နေထိုင်ရန် ရည်ရွယ်သည့် ဧည့်သည်များက ဓါတ်ပုံနှင့်အတူ လက်ဗွေရာများ

အားလုံးကို သက်ဆိုင်ရာသို့ မလွဲမသွေ တင်ပြရမည် ဖြစ်သည်။ နိုင်ငံတွင်းသို့

ဝင်ရောက်လာမည့် တရားမ၀င် ခိုးဝင်လာမှုများ၊ ရာဇ၀တ်မှုများနှင့် အကြမ်း

ဖက်မှုများကို တားဆီးရန် နိုင်ငံခြားသား ဧည့်သည်များ၏ ရုပ်ပိုင်း ဆိုင်ရာအ

ချက်အလက်များ အရေးကြီး လိုအပ်သည်ဟု တာဝန်ရှိသူ တစ်ဦးကဆိုသည်။

တောင်ကိုရီးယားသည် ၂၀၁၀-၂၀၁၂ အား “ကိုရီးယား ခရီးသွားနှစ်” အဖြစ်

ကြေငြာထားပြီး တစ်နှစ်လျှင် ပြည်ပခရီးသွားဧည့်သည် ၁၀ သန်းလာရောက်

မည်ဟု မျှော်မှန်းထားသည်။ (အေအက်ဖ်ပီ)

No comments:

Post a Comment