အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Wednesday, September 15, 2010

ဘုရားသခင်နှင့် ဇိုမို


သူ့အမည်က ဇိုမို..လူတော့မဟုတ်ဘူး ယုန်ကလေးပါ..သူက ခန္ဓာကိုယ်လဲ မကြီးဘူး..
အားလဲ သိပ်မသန်ပါဘူး..။
ကျွမ်းကျင်တယ်လို့တော့ နာမည်ကြီးတယ်..။သူ့ကိုယ်သူလဲ ပညာရှိတယ်လို့ ယုံကြည်တယ်..
တစ်ချိန် ဇိုမိုလေးဟာ ကောင်းကင်က ဘုရားသခင်ထံသွားဘို့ ဆုံးဖြတ်လိုက်တယ်..
ဘုရားသခင်က ယုန်ကလေးကိုပြောတယ်..
"ပင်လယ်ထဲက ငါးအကြီးကြီးရဲ့ အကြေးခွံရယ်..
ကြောက်စရာကောင်းတဲ့ နွားရိုင်းမကြီးရဲ့ နို့ရယ်...
ခွန်အားသန်တဲ့ ကျားသစ်ရဲ့ ..သွားတွေရယ် အဲဒါတွေကို ငါ့ထံ ယူပြလေ.."
"အဲလို..ယူပြနိုင်ရင်..ထိုက်ထိုက်တန်တန်..သင့်ကို ဆုချမယ်.."ဟု ပြောလေသည်...။
ယုန်ကလေး ဇိုမိုက ယုံကြည်မှုအပြည့်နဲ့..သဘောတူ လက်ခံလိုက်တယ်...။Align Center
အဲဒီနောက် ယုန်ကလေးဟာ ကမ်းခြေမှာ စည်ကို ကျယ်ကျယ်လောင်လောင် တီးလိုက်တယ်...။
စည်တီးသံဟာ ပင်လယ်ကမ်းခြေကနေ ကြားရသတဲ့..
ပင်လယ်ပြင်ထဲက ငါးကြီးဟာ စွဲမက်ဖွယ်ကောင်းတဲ့ စည်သံကို ကြားတာနဲ့ က တယ်..။..ကျွမ်းထိုးတယ်..
ယုန်ကလေး ဇိုမိုဟာ စည်ကို မြန်သထက် မြန်အောင် တီးတယ်..
ငါးကြီးဟာ က တာ မြန်လွန်းတဲ့အတွက် ကြေးခွံတွေဟာ တချွင်ချွင်နဲ့ ကျွတ်ကျကုန်တယ်..။ အတန်ကြာတော့..ငါးကြီးဟာ ရှက်ကိုးရှက်ကန်းဖြစ်ပြီ..
ပင်လယ်ပြင်ထဲ နောက်ပြန်ခုန်ပြီး ပျောက်ကွယ်သွားပါလေရော...
ယုန်ကလေး ဇိုမိုဟာ ငါးအကြေးခွံတွေကို ဆွဲယူပြီး ပြေးထွက် လာခဲ့တယ်..
တောထဲပြန်ရောက်တဲ့အခါ ယုန်ကလေးဇိုမိုဟာ ကြောက်စရာ နွားရိုင်းကြီး မြင်အောင်..
အုန်းပင်ပေါ် တက်ပြန်လေရော...
အုန်းပင်ပေါ် ရောက်တဲ့အခါ နွားရိုင်းကြီးကို စိတ်ဆိုးအောင် ဆွပေးတယ်..
"သင်လား..ခန္ဓာကိုယ်ကြီးတာ"
"အားသန်တယ်ဆိုတာက ..ဟုတ်ကော ဟုတ်ရဲ့လား"
"ဒီလို..အုံးပင်သေးသေးလေးကို..တိုက်ရဲလို့လား. လှဲချနိုင်လို့လား.."ဟု..
ဒေါသထွက်အောင် နောက်ပြောင်ပြောဆိုလေသည်..။
နွားရိုင်းမကြီး စိတ်တွေတိုပြီး အုန်းပင်ကိုတိုက်လေတော့ ဦးချိုဟာ အုန်းပင်မှာ စိုက်ဝင်နေလေရော...
အဲဒီအခါကျမှ ယုန်ကလေး ဇိုမိုဟာ အောက်ကိုဆင်းလာပြီး..
သူရဲ့ စည်ကို ထက်အောက်လှန်ပြီး. နွားနို့တွေကို ညှစ်ထည့်တယ်..။
နွားမကြီး အုန်းပင်ကနေ လွတ်မထွက်သွားခင်ပေါ့..။
နောက်တစ်ခါ ယုန်ကလေး ဇိုမိုဟာ တောင်ထိပ်ကို တက်ပြေးပြန်လေရော..
အဲဒီမှာ အားသန်တဲ့ ကျားသစ်နေထိုင်တယ်လေ..။
လမ်းတစ်လျှောက်မှာ ငါးအကြေးခွံတွေနဲ့ နွားနို့စက် အနည်းငယ် ဖြန်းထားခဲ့ပြီး..
..ယုန်ကလေးဟာ ပုန်းအောင်းနေသတဲ့...။
အသားနံ့နဲ့ နွားနို့နံ့ရလို့ ...ကျားသစ်ဟာ တောင်ပေါ်ကနေ ခြေလှမ်းကျဲကျဲနဲ့ ဆင်းလာခဲ့ပြီး..
ကျောက်တုံးတွေ ကျောက်ဆောင်တွေကို တိုက်ခိုက်သတဲ့..
အဲဒီမှာတင်..ကျားသစ်ဟာ သွားတွေကျွတ်ကုန်ပါလေရော..။
ယုန်ကလေးဇိုမိုဟာ သွားတွေကို ကောက်ယူပြီး...ကောင်းကင်မှာရှိတဲ့ ဘုရားသခင်ထံကို
မျှော်လင့်ချက်အပြည်နဲ့ သွားလေသည်..။
ဘုရားသခင်က ယုန်ကလေးကို ပြုံးပြီး..
"မင်း သိပ်တော်တယ်....မင်း သိပ်တော်တယ်"
"ဒါပေမဲ့ မင်း ..ပညာမရှိဘူး..ဦးနှောက်မရှိဘူး"
လောကကြီးမှာ တန်ကြေးရှိတဲ့ အရာသုံးမျိုးရှိတယ်..
သတ္တိရယ်..ခံစားတတ်မှုရယ်...နက်နက်နဲနဲ နားလည်မှုရယ်..အဲဒီသုံးမျိုးဘဲ..
"အိုယုံကလေး..""သင်ဟာ ..သတ္တိလည်း ရှိတယ်..""ခံစားမှုလည်းရှိတယ်"
"ဒါပေမဲ့ သင့်မှာ လုံးဝ နားလည်မှု မရှိဘူး"..
"ဒါကြောင့်မို့ သင်ဟာ နောက်တစ်ကြိမ် ငါးတွေ နွားတွေ ကျားသစ်တွေမြင်ရင်..
အမောင်..ယုံကလေး ..အမြန်ပြေးတာ ပိုကောင်းပါလိမ့်မယ်" ဟု
ဘုရားသခင်က ယုံကလေးကို ပြောလေသည်...။
လိမ္မာကျွမ်းကျင်မှုဟာ ခဏတစ်ဖြုတ်နဲ့ အကျိုးကျေးဇူးရလို့ စိတ်ကျေနပ်စရာပါ..
ပညာဥာဏ်ကတော့ ကျယ်ပြန်တဲ့ရှုထောင့်တွေကနေ လုပ်ဆောင်တယ်..
ပညာဥာဏ်ဆိုတာ မာနကြီးမှု စိတ်ကြီးဝင်မှုတွေပေါ်မှာ မတွေ့ရပါဘူး..
.ယုံကြည်မှုပေါ်မှာသာ ပညာဥာဏ်ကို တွေ့မြင်ရပါလိမ့်မယ်..
အတွေ့အကြုံတွေကနေ ပြန်လည်ဆန်းသစ်လေ့လာရမယ်..
ပညာဥာဏ်ဆိုတာ ဖြစ်နိုင်ခြေ အခွင့်အလမ်းအသစ်တွေကို လမ်းဖွင့်ပေးပါတယ်..
လိမ်မာကျွမ်းကျင်မှုက ကျွန်ုပ်တို့ကို စွမ်းအားတွေနဲ့ ပြည့်ဝစေအောင် လုပ်ပေးပါတယ်..
ကျွန်ုပ်တို့ဟာ နည်းပညာတွေနဲ့ ရှေ့သိုတက်နေရမယ်..
အဖွဲ့အစည်းတွေ မြို့တွေ နိုင်ငံတွေ တည်ထောင်နိုင်ရမယ်..
ဒီပုံပြင်လေးက ကျွန်ုပ်တို့ကို ဘာပြောလဲဆိုတော့..သူဟာ ပညာရှိသူပါ..
ဒါပေမဲ့ ရူးနှမ်းနှမ်း ပေါကြောင်ကြောင် အလုပ်တွေကို လုပ်တယ်..လို့ဆိုပါတယ်..
ပညာဥာဏ်ဆိုတာ အတွေးအခေါ် သက်သက်မဟုတ်ပါဘူး..
အဆင်အခြင်ဥာဏ်ရှေ့သွားပြုပြီး အသက်ရှင်နေထိုင်ရမယ်..
ကျွန်ုပ်တို့ရဲ့ တန်ဘိုးတွေ..ကျွနုပ်တို့ရဲ့ ဦးစားပေးကိစ္စတွေကို
ကောင်းကောင်း ရွေးချယ်ရပါမယ်..လက်ခံရမယ်..
ကျဆုံးမှုရှိပေမဲ့ ..အဲဒီအမှားထဲကနေ ပြန်လည် လေ့လာရမယ်..
ကျွနုပ်တို့လုပ်ဆောင်မှုကြောင့် ရည်ရွယ်ထားတဲ့ အကျိုးတွေ
မရည်ရွယ်ဘဲနဲ့ ဖြစ်တဲ့အကျိုးတွေအတွက် ကျွနုပ်တို့ကိုယ်တိုင်ဘဲ တာဝန်ယူနိုင်ရပါမယ်..။
လိမ်မာကျွမ်းကျင်မှုကို ပညာဥာဏ်တွေ ဗဟုသုတတွေ
သတင်းအချက်အလက်တွေနဲ့ တွဲစပ်လုပ်ကိုင်ရပါမည်..
ပညာဥာဏ်ဆိုတာ အမှန်တရားကိုဘဲ ရှုထောင့်မျိုးစုံကနေ ကြည့်ပြီး လက်ခံတယ်...
သင့်လျော်သလို လုပ်ကိုင်ဆောင်ရွက်ပါတယ်..
ဝန်ခံချက်..Marguerite Theophil ရေးသားသော Cleverness And Wisdom ဟူသော ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်...အရှင်နာဂ(ပုနေး)





No comments:

Post a Comment