အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Tuesday, September 14, 2010

အကောင်းမြင်ခံရသော မြူးဇစ်




အိန္ဒိယမြူးဇစ်များသည် အတွေးအခေါ်ကြွယ်ဝမှု တီးလုံးတွေ
တေးသားတွေ သာယာငြိမ်ညောင်းနာပျော်ဖွယ်ရှိမှု စည်းချက်မှန်ကန်တို့ကြောင့်
ကမ္ဘာတွင် ထင်ရှားကျော်ကြားသည်..။
စိတ်ပိုင်းဆိုင်ရာ ရှာဖွေသူတွေ..အနာဂါတ်ကို ကြိုတင်ဟောပြောသူတွေရဲ့
တင်ပြပုံကောင်းမွန်မှုကြောင့် အိန္ဒိယနိုင်ငံသည် ချီးမွမ်းအခံရသည်..။
စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေက စိတ်ပိုင်းဆိုင်ရာ ဆန့်ကျင်ဘက်နယ်ပယ်မှာ
ကျော်လွန်ပြီး စိတ်ကို ဦးဆောင်မှုဖြစ်စေပါတယ်..။
မြုံနေသော ဖန်းတီးနိုင်စွမ်း အစေ့တွေဟာ ကျွန်ုပ်တို့မှာ တည်ရှိနေပါတယ်..။
အိန္ဒိယရိုးရာ သီးချင်းများဟာ မရေမတွက်နိုင်သော လျို့ဝှက်နက်နဲသော အတွင်းစိတ်ကနေပြီး..စတင်ပေါ်ထွက်လာကတည်းက သီချင်းတွေဟာ နားထောင်လို့အလွန်ပင်ကောင်းပါတယ်...။
တခါက သျှရီအာနန္ဒမုတ္တိဆိုသူ..သီချင်းစတင်ရေးစပ်ပါတယ်..
သူဖန်တီးတဲ့ အနုပညာစမ်းချောင်းထဲမှာ စီးမြောရင်း..အနှောင့်အယှက်ပေါ်လာတယ်..
နောက်ဆုံးတော့ အမြင့်မြတ်ဆုံး..ဥာဏ်မမှီနိုင်သော စိတ်တွေနဲ့ အကန့်အသတ်မဲ့ သမုဒ္ဒရာထဲဆီ..
ပေါင်းစီး မျှောပါသွားပါတယ်...
အတွေးအခေါ်တွေ ဘာသာစကားတွေ အသံတွေ ရစ်သမ်တွေ
အားလုံးဟာ နက်ရှိုင်းလှပါတယ်..။
နှလုံးသားရဲ့ မေတ္တာရပ်ခံချက်အတိုင်း ၀တ္တုစတိုင်နဲ့ သီချင်းတွေကို ရေးဖွဲ့ပါတယ်..။
တစ်မူထူးခြားသော အရည်အသွေးတွေ ကမ္ဘာအနှံ့က စာသားတွေနဲ့ သီချင်းတွေကို ဝေေ၀ဆာဆာ ရေးဖွဲ့ပါတယ်..
ပရာဘာတဆမ်ဂီတ အမည်ရတဲ့ သီချင်းရေးဆရာကလဲ
တစ်ချိန်တည်းမှာဘဲ အစဉ်အလာအတိုင်း အများမိုးခါရေသောက်သလို
သူလဲ ဘီးနင်းထားတဲ့ချိုင့်ထဲမှာ ဆက်လက်လျှောက်လမ်းပါတယ်..။
ဘာဖြစ်လို့လဲဆိုတော့ သူလဲ...နံနက်ခင်းမိုးသောက် အရုဏ်တက်စတဲ့ အစဉ်အလာတွေကိုဘဲ
သီချင်း ရေးဖွဲ့လို့ဖြစ်ပါတယ်..။
လက်ရှိအချိန်ကတော့ ကျနော်တို့အတွက် အလွန်နက်နက်ခက်ခဲသော
ဘေးကြပ်နံကြပ် ချောက်ကမ်းပါးကြီးဆီ ရောက်ရှိလို့နေပါပြီ...
မရေမတွက်နိုင်လောက်အောင် များပြားသော ပြဿနာတွေကို
ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းပြီးနောက် လူတွေဟာ သူတို့ရဲ့ လမ်းစဉ်တွေကို ပျောက်ဆုံးကုန်ကြတယ်..အကျင့်စာရိတ္တတွေလဲ ပျက်စီးကုန်ကြတယ်..။
မျှော်လင့်ချက်ပျက်သုဉ်းမှုတွေ စိတ်ဓာတ်ကျဆင်းမှုတွေကလည်း
နေရာတကာပျံ့နှံ့လျှက်ရှိနေပါပြီ..။
"ကျွန်တော်ဟာ အကောင်းမြင်ဝါဒီတစ်ဦးပါ.."
"လူတိုင်း လူတိုင်း အကောင်းမြင်ဝါဒ ရှိသင့်ပါတယ်.."
"အရာရာတိုင်းကိုပေါ့.."
.."အသေးအဖွဲကိုပဲဖြစ်ဖြစ်..ကြီးကြီးမားမား ကိစ္စကိုဘဲဖြစ်ဖြစ်..အကောင်းမြင်သင့်ပါတယ်.."
"ကျနော်လဲ ခင်ဗျားတို့အတွက် မျှော်လင့်ချက်တွေနဲ့ သီချင်းတွေကို သီဆိုတယ်.."
'ဆက်လက်သီဆိုနေရအုံးမှာဘဲ"
"အားလုံး ပြည့်ဝဘို့ မျှော်လင့်ထားတဲ့သူတိုင်း သူရဲ့ပန်းတိုင်ကိုရောက်ဘို့ သေခြာပါတယ်.."လို့...သီချင်းရေးဆရာတစ်ယောက်က သူ့သားနဲ့ပတ်သက်ပြီး ပြောဆိုသွားပါတယ်
မျှော်လင့်ချက်ကုန်ဆုံးနေသူတွေ အကျင့်စာရိတ္တပျက်ပြားနေတဲ့ ဖျားနာသူတွေဟာ
သူတိုရဲ့ အမြင့်ဆုံး မျှော်လင့်ချက်တွေ ရရှိဘို့ ..
မျက်ရည်တွေ အပြုံးတွေနဲ့ ပြည့်လျှံနေတဲ့ ကမ္ဘာမြေကြီးဆီ ယူလာဘို့အတွက်
ကောင်းကင်ဘုံက လာတဲ့ မြူးဇစ်မြစ်ထဲမှာ..ကခုန်သီဆိုသင့်တယ်လို့...
အာနန္ဒမာဂအဖွဲ့ကြီးကို တည်ထောင်သူ သျှရီ အာနန္ဒမုတ္တိက ဆိုသွားပါတယ်..
လူတိုင်းလူတိုင်း အားလုံးနဲ့ အသည်းနှလုံးထဲကနေ ဆက်ဆံနေရတဲ့အတွက်
ဒီမြူးဇစ်မှတစ်ပါး တစ်ခြားမရှိပါဘူး..။
သံသယဆိုတဲ့ မဲမှောင်နေတဲ့ တိမ်တွေနဲ့ ယုံကြည်မှု နေရောင်တွေကို
ဖုံးကွယ်မထားသင့်ပါဘူး..။
ဒါဟာ ငါ့အတွက် လမ်းမဟုတ်ဘူးလားဆိုပြီး
ခရီးသွားတွေကလည်း ချီတုံချတုံဖြစ်နေကြတယ်....။
ထောင်ပေါင်းများစွာသော မေးခွန်းတွေ..သံသယမျှားတွေနဲ့
လူတွေဟာ..အဆက်မပြတ်ထုနှက်ခံနေရတယ်..
ဒီလိုမေးခွန်းအတွက် အဖြေကတော့ ပရာဘာတစမ်ဂိတအမည်ရတဲ့
သီချင်းတွေထဲမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်...။
ဒီသီချင်းတွေမှာ..စိတ်ပိုင်းဆိုင်ရာရှာဖွေသူတွေအတွက်
လမ်းညွှန်ချက်တွေနဲ့ ပြည့်နေပါတယ်..။





ဝန်ခံချက်..Acharya Nityasatyananda ရေးသားသော Musis of Optimism ဟူသော ဆောင်းပါးတစ်စိတ်တစ်ဒေသကို ဘာသာပြန်ပါသည်.... အရှင်နာဂ(ပုနေး)

No comments:

Post a Comment